For login via Email, you will receive an Activation Email to your email account. For login via SMS, you will receive 6 digits login code SMS to your phone by Account Kit of Facebook.
Don't have account? Create your account,it takes less than a minute
Industry 4.0 တကယ်ရောက်တော့မှာလား
Science and Technology လို့ဆိုတဲ့ သိပ္ပံံနည်းပညာရဲ့ မကြုံစဖူး အံ့မခန်း အရှိန်အဟုန် ပြင်းစွာနဲ့ တိုးတက်လာမှုကြောင့် ကမ္ဘာကြီးကလည်း အထူးအမြန်နှုန်းနဲ့ကို ပြောင်းလဲနေပါတယ်။ ဖြစ်စဉ်အားလုံးက အဆိုးအကောင်း ဒွန်တွဲနေတာမို့ ဒီပြောင်းလဲမှုတွေနဲ့ ဆက်နွှယ်ပြီး လူသားတွေအတွက် ကောင်းကျိုး ဆိုးကျိုး အမျိုးမျိုးရှိတယ်။ အဆိုးတွေရှိတယ်ဆိုပေမဲ့ လူသားများအတွက် နှိုင်းဆမျှော်မှန်းလို့ မရလောက်အောင် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
နိစ္စဓူ၀ နေထိုင်သွားလာ စားသောက်လှုပ်ရှားမှုကစလို့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဆေးပညာနယ်ပယ်၊ လမ်းပန်းဆက်သွယ်ရေးနဲ့ နယ်ပယ်ကဏ္ဍအစုံမှာ လူပင်ပန်း သက်သာပြီး ကုန်ကျစရိတ် သက်သာစွာနဲ့ လွယ်ကူအဆင်ပြေလာကြတာ အထင်အရှားပါ။ ထို့အတူပဲ လူမှုဆက်ဆံရေး နယ်ပယ်မှာလည်းေ ခတ်ပေါ်နည်းပညာ ပစ္စည်းကိရိယာတွေနဲ့ အင်တာနက်ချိတ်ဆက်မှုတွေမှတစ်ဆင့် အိပ်မက် မျှပင် မမက်ဖူးတဲ့ ဆက်သွယ်မှု လမ်းကြောင်းတွေ ပျံ့နှံ့နေကြပါပြီ။
လူ့သမိုင်းကြောင်းကို ပြန်ကြည့်ရင် သိပ္ပံနည်းပညာ တိုးတက်မှုတိုင်းလိုလိုပင် လူသားတွေရဲ့ လူနေမှုအဆင့်အတန်းကို တစ်နည်းတစ်ဖုံ မြင့်မားစေတယ်ဆိုတဲ့ ဆက်စပ်မှုတွေကို တွေ့မြင်နိုင်တယ်။ ဘောဂဗေဒပညာရှင် Professor Robert Gordon ရဲ့ အဆိုအရ လူ့သမိုင်းအတွက် စက်မှုဆိုင်ရာ နည်းပညာတိုးတက်မှုနဲ့ပတ်သက်ပြီး ကာလအပိုင်း သုံးပိုင်း ခွဲခြားခဲ့တယ်။ ပထမစက်မှုတော်လှန်ရေး (First Industrial Revolution) 1750-1830၊ ဒုတိယစက်မှုတော်လှန်ရေး (Second Industrial Revolution) ၊ တတိယစက်မှုတော်လှန်ရေး (Third Industrial Revolution) 1960 မှ ယနေ့အထိ။
ယနေ့ခေတ် ညွှန်းဖော်ချက်တွေအရတော့ ၁၈ ရာစုနှစ်များဆီက ပေါ်ပေါက်လာတဲ့ စက်မှုတော်လှန်ရေးနဲ့အတူ Steam Power ဆိုတဲ့ ရေနွေးငွေ့အင်ဂျင်ပါဝါကို အသုံးပြုလာတဲ့ စက်မှုခေတ်ကာလအချိန်ကို Industry 1.0 အဖြစ် လည်းကောင်း၊ Electricity Power လျှပ်စစ်အားကို သုံးလာကြတဲ့ ဒုတိယစက်မှုတော်လှန်ရေး အချိန်ကာလကိုတော့ Industry 2.0 ၊ တစ်ဖန် Information Communication Technology (ICT) လို့ အတိုကောက်သိထားတဲ့ အချက်အလက် ဆက်သွယ်ရေးနည်းပညာနဲ့ တိုးတက်မှု အချိန်ကာလတစ်လျှောက် ယနေ့အထိကို Industry 3.0 ဟူ၍ လည်းကောင်း တင်စားခေါ်ဝေါ်ခဲ့ကြတယ်။
ပထမစက်မှုတော်လှန်ရေးနဲ့ဆက်နွှယ်ပြီး ကျောက်မီးသွေး၊ ရေနွေးငွေ့အင်ဂျင်ပါဝါများ အသုံးပြုကြတဲ့ စက်မှုခေတ်အစပိုင်း ခြေလှမ်းတွေကိုတော့ မီးရထားလမ်းတွေနဲ့ အထည်အလိပ်ပိုင်း ဆိုင်ရာ လုပ်ငန်းတွေမှာ ထူးခြားစွာ တိုးတက်ခဲ့တယ်။ ဒီနှောင်းပိုင်း 2.0 ကာလ အစပျိုးချိန်မှာ လျှပ်စစ်စွမ်းအား Electricity နဲ့အတူ Internal Combustion Engines ဆိုင်ရာ တိုးတက်မှုတွေ ဆက်လက်ထွက်ပေါ်လာပြီး လူသားတွေအတွက် ခေတ်မီဆက်သွယ်ရေးလမ်းကြောင်းတွေ၊ ဖျော်ဖြေမှုအပိုင်းတွေ၊ စွမ်းအင်ခေါ်တဲ့ Petroleum / hydrocarbon များနဲ့ ဓာတုပစ္စည်း (Chemicals) တွေ အသုံးပြုမှုအပိုင်း၌ အဆမတန် ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။
၁၉၆၀ ပြည့်နှစ်များမှ အစပြုလို့ ယနေ့အချိန်တိုင်အောင် အပါအဝင်လို့ လက်ခံထားတဲ့ Industry 3.0 ခေါ်တဲ့ တတိယစက်မှုတော်လှန်ရေးကတော့ Computing နဲ့ Telecommunications ဆိုင်ရာ နယ်ပယ်ထဲမှာ ထူးကဲစွာ တိုးတက်လာခြင်းပဲ ဖြစ်ပါတယ်။ ဆက်သွယ်ရေးလမ်းကြောင်းတွေ ချိတ်ဆက်ပြီး ကမ္ဘာကြီးက ပြားသွားပြီလို့တောင်ဆိုထားတာပဲ။ ကမ္ဘာ့ရွာကြီးမှာ လူသားတွေ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းမှာတင် မိုင်ပေါင်း ကုဋေကုဋာ ခရီးပေါက်နိုင်တယ်။ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ကမ္ဘာအနှံ့ မှလူတွေ ချိတ်ဆက်မိနေကြတယ်။
ပညာရှင် Professor R-Gordon ရဲ့ အဆိုအရ ယနေ့အထိ ဖြစ်ပြီးခဲ့တဲ့ စက်မှုတော်လှန်ရေးအားလုံးက လူသားတွေအတွက် သူ့နည်းသူ့ဟန်နဲ့ အကျိုးဖြစ်ထွန်းစေခဲ့တာ မှန်တယ်။ ဒီထဲကမှ စက်မှုတော်လှန်ရေးနံပါတ် (၂)က အကျိုးသက်ရောက်မှု အဖြစ်ဆုံးလို့ ဆိုထားပါတယ်။ နည်းပညာ ဆန်းသစ်တီထွင်မှုတွေကြောင့် စီးပွားရေးလုပ်ဆောင်ချက်များအပေါ်၊ လူတွေအပေါ် ဘယ်လိုနည်းနဲ့ အချိန်ဘယ်လောက်ကြာကြာ အကျိုးသက်ရောက် ရိုက်ခတ်မှုရှိတယ်ဆိုတာ သက်ဆိုင်ရာ ဖန်တီးတီထွင်မှု ပေါ်လာခြင်းကြောင့် ပြောင်းလဲသွားတဲ့အချိန်၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကုန်ထုတ်စွမ်းအားအပေါ် သက်ရောက်မှု စတဲ့ အချက်အလက်တွေပေါ် မူတည်တယ်။
Industry 2.0 မှ အစပျိုးခဲ့တဲ့ Electricity နဲ့ Internal Combustion Engines ရဲ့ အရှိန်အဟုန်စွမ်းအားတွေက နယ်ပယ်အသီးသီးမှာ လူသားတွေကို အကျိုးပြုခဲ့တယ်။ ဒီဆန်းသစ်တီထွင်မှုတွေကြောင့် လူ့အသုံးအဆောင်ပစ္စည်းတွေ၊ စက်ရုံအလုပ်ရုံလည်ပတ်မှုတွေ ဆက်နွှယ်တိုးတက်ပြောင်းလဲလာမှုက လူနေမှုအဆင့်အတန်းကိုလည်း အဆပေါင်းများစွာ မြှင့်တင်ပေးခဲ့တယ်လို့ ပြောပါတယ်။
Industry 2.0 နောက်ပိုင်းအချိန်တွေမှာ စွမ်းအင်အမျိုးမျိုး သုံးစွဲနိုင်ရေး ကြံဆတွေးတောတီထွင်လာမှုတွေ၊ ထုတ်လုပ်မှုစွမ်းရည်ပိုင်းမှာ မြင့်မားလာတာတွေ၊ အထူးသဖြင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဆိုင်ရာ တိုးတက်မှုများနဲ့အတူ ကူးသန်းရောင်းဝယ်ထုတ်လုပ်ရောင်းချရေး၊ ကုန်သွယ်ရေးပိုင်းတွေမှာပါ Delivery ကို စနစ်တကျ ထိန်းချုပ်ကွပ်ကဲမှု ရလာတယ်။ Flexibility ဆိုတဲ့ လျော့တင်း ညှိနှိုင်းချိန်ဆနိုင်တဲ့ အရည်အချင်းတွေလည်း ပေါ်လာတာကြောင့် စီးပွားရေးလုပ်ငန်းများအတွက် အထူးအကျိုးရှိစေခဲ့တယ်။
အထူးသဖြင့် ပို့ဆောင်ရေးကဏ္ဍမှာ လူသားတွေနဲ့ တိရစ္ဆာန်တွေအစား Internal Combustion Engines တွေက အဆပေါင်းများစွာ အသုံးတည့်လာတာကြောင့် လုပ်ငန်းတွေ အချိန်တိုအတွင်း ကုန်ကျစရိတ် သက်သာစွာနဲ့ ပြီးစီးနိုင်တယ်။ ပိုမိုထိရောက် အကျိုးရှိစွာ လည်ပတ်လာနိုင်တယ်ဆိုတာ တွေ့ကြရတယ်။ ဒီ Industrial 2.0 ရဲ့အကျိုးဆက်ကြောင့်ပဲ မော်တော်ယာဉ်တွေ ေ ပါ်လာတယ်။
Steel, Aluminum, Rubber ဆက်စပ်လုပ်ငန်းများ တိုးပွားပြီး Road System ဆိုတဲ့ လမ်းခရီးစဉ်လည်း တစ်လက်စတည်း စနစ်တကျ တိုးတက်လာတာ အမှန်။ အကြီးစား (Large Scale) လုပ်ငန်းကြီးများ ထွန်းကားကျယ်ပြန့်လာတဲ့အတွက် အလုပ်သမားတွေလည်း ထောင်သောင်းမက လစာအလုံအလောက်နဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖွင့်ပေးနိုင်ခဲ့တယ်။
လူသားတစ်ဦးချင်းရဲ့ နေထိုင်မှုပုံစံကလည်း အပြတ်အသတ် ကွာခြားသွားပြီ။ မိသားစု၊ အိမ်၊ အလုပ်ဌာန၊ မိလ္လာနှင့် အမှိုက်သရိုက် သန့်ရှင်းရေးကိစ္စမှအစ ပို့ဆောင်ရေး၊ ဖျော်ဖြေရေး၊ အိမ်သုံးပစ္စည်းကိရိယာအဆုံး အားလုံးက ချောမောအဆင်ပြေ လွယ်ကူသွားတယ်။ ဒီလိုအကြီးစား ပြောင်းလဲတိုးတက် ဖန်တီးမှုတွေကို သယ်လာပေးတဲ့ Industry 2.0 က သမိုင်းကြောင်းမှာ မကြုံစဖူး လူသားတွေရဲ့ နေထိုင်မှုပုံစံ အဆင့်အတန်းပြောင်းလဲတိုးတက်စေခဲ့တာ အမှန်ဖြစ်တယ်။
ယနေ့ခေတ်ကြီးမှာ ကြီးပြင်းကျင်လည်လှုပ်ရှားနေကြတဲ့ လူငယ်အများစုကတော့ Industry 3.0 ကို ပိုတန်ဖိုးကြီးတယ်၊ သက်ရောက်မှုပိုများတယ်လို့ ယူဆကြမှာပဲ။ တစ်နေ့နဲ့တစ်နေ့မတူရအောင်ကို တီထွင်ဆန်းသစ်မှု Gadgets မျိုးစုံန့ဲ ICT ခေတ်ကြီးမှာ လူဖြစ်ရတာ ကောင်းလိုက်တာလို့ ထင်ကြသူများလည်း ရှိမယ်။
သာမန်ခေတ်လူငယ်တွေ ဘာတွေ လုပ်နေကြလဲ ဆိုတာ ကြည့်ရုံနဲ့ကို သိနိုင်ပြီ။ စားပွဲပေါ်မှာ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေမယ်။ ဒစ်ဂျစ်တယ်ကေဘယ်လ်နဲ့ Channels စုံ ကြည့်နိုင်တဲ့ TV ကလည်း ဖွင့်ထားပြီး တစ်ချက်တစ်ချက် လှမ်းကြည့်မယ်။ ဒါမှမဟုတ်ရင်လည်း Wireless Network နဲ့ Internet ဆီ ချိတ်ထားတဲ့ Notebook သို့မဟုတ် Tablet က ပေါင်ပေါ် ဖွင့်တင်ထားမယ်။ တစ်လုံးထက် ပိုနိုင်တဲ့ Mobile ဖုန်းကလည်း လက်လှမ်းမီတဲ့နေရာမှ အရန်သင့်ပါပဲ။ ပြီးတော့ iPad ကနေ Musicလည်း ဖွင့်ထားဦးမယ်။ ၂၄ နာရီအချိန်ရဲ့ အတော်များများကို ဒီလိုအနေအထားနဲ့ ကုန်ဆုံးနေကြတယ်။
မဟုတ်ရင်လည်း ထိုင်လျက် TV ကြည့်တယ်။ Email လည်း စစ်လိုက်သေး။ Website တွေလည်း Surf လုပ်၊ Online Chatting လည်း မလွတ်စေရ။ခေတ်လူတွေ Industry 3.0 ခေတ်ကြီးမှာ Multitasking ကျွမ်းကျင်ကြတာ လက်ဖျားခါလောက်ပါရဲ့။
အရင်ခေတ်က အများကြိုက် ကြိုးဖုန်းနဲ့ တယ်လီဂရမ်တွေက အလွန်ခေတ်နောက်ကျသွားပြီ။ ကြိုးမဲ့ Mobile, Smart Phone တွေက လူတိုင်းနီးပါးလိုလို သုံးစွဲနေကြတာပဲ။ iPhone ကို၂၀၀၇ ခုနှစ်မှာ စတင်မိတ်ဆက်တာပါ။ နည်းပညာတိုးတက်မှုကြောင့် ဖုန်းတစ်လုံးနဲ့ နည်းပညာအကျိုးဆက်တွေ အထူးခံစားနေကြပါပြီ။ ဖုန်းကိုသုံးပြီး ကင်မရာ၊ ကွန်ပျူတာ၊ TV ၊ သီချင်း နားထောင်မှု၊ Videogame၊ e-reader နဲ့ Internet ကို စိတ်ကြိုက်ခံစားနိုင်ကြတယ်။ ဖုန်းရှိနေရင် မိမိသဘောထား၊ ထင်မြင်ယူဆချက်တွေကိုလည်း မီဒီယာမှာတင်နိုင်၊ ပို့နိုင်၊ ဆွေးနွေးနိုင်တယ်။နေရာတိုင်း၊ အချိန်တိုင်းမှာ ဖုန်းပွတ်နေကြတာကြောင့် အကောင်းအဆိုးတွေလည်း ဝေဖန်ကြတာ များပြီ။
စက်မှုလုပ်ငန်းတွေ၊ စီးပွားရေးအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းမှာလည်း Industry 4.0 ဆိုတဲ့ ဦးတည်ရွေ့လျားမှုနဲ့အတူ အပြောင်းအလဲ တီထွင်ဆန်းသစ်မှုတွေရဲ့ သက်ရောက်ရိုက်ခတ်မှုကို ကြုံတွေ့နေရတယ်။ ICT နည်းပညာခြုံလွှမ်းခံနေရတဲ့ Industry 3.0 ခေတ်ကာလ အပါအဝင်ဖြစ်တဲ့ ယနေ့ ကမ္ဘာ့လူသားအားလုံးအတွက် Industry 4.0 မရောက်မီ ဖြစ်ပျက်ကြုံတွေ့နေရတဲ့ အခြေအနေက ဆုလာဘ်တစ်မျိုးလား၊ ကျိန်စာပေပဲလား (A Blessing or a Curse) ဆိုတာ ဖြေနိုင်ဖို့ တော်တော်လေးခက်မယ်။ ရာစုနှစ်တစ်ခုထက်တစ်ခု စိတ်ထဲမှာ တောင် မမျှော်မှန်းနိုင်တဲ့ သက်သာလွယ်ကူမှု အဆင့်က အဆင့်ခုန်ကျော် တိုးတက်ပြောင်းလဲလာတယ်ဆိုတဲ့ အချက်နဲ့ဆိုရင်တော့ ဆုလာဘ်လို့ ဆိုနိုင်မယ်။
သို့ပေမဲ့လည်း အချိန်မရွေး နေရာမရွေး Web ဆိုတာချည်းကို ဆက်သွယ်လို့ ရနေတာကြောင့် စိတ်အလိုကိုလိုက်ရင်းနဲ့ နည်းပညာလမ်းကြောင်း အဆက်အသွယ်တွေနောက် မနားတမ်း လိုက်ကြမယ်ဆိုရင်တော့ အေးချမ်းမှု၊ ငြိမ်းချမ်းမှုနဲ့အတူ မိသားစုအသိုင်းအဝိုင်းမှာ တန်ဖိုးထားရတဲ့ စံတန်ဖိုး သတ်မှတ်ချက်တွေ ပျောက်ပျက်ကုန်တာ အမှန်ပဲမို့ တစ်နည်းအားဖြင့် Curse လို့တောင်ဆိုနိုင်မလား မသိဘူး။
ပြီးတော့လည်း ကိန်းဂဏန်း သတင်းအချက်အလက်တွေ များလွန်းတာကြောင့် ယနေ့ လူတွေမှာ အချက်အလက်ပင်လယ်ပြင်မှာ နစ်မြုပ်နေပြီး အဓိပ္ပာယ်နဲ့ အသိÓဏ်ပညာ ဗဟုသုတတွေတော့ ငတ်မွတ်နေကြတယ်(Drowning in a Sea of information but starved for meaning and knowledge) လို့တောင် ပြောကြတယ်။
Industry 3.0 ကာလရဲ့ နောက်ပိုင်း နှစ်များမှာ နည်းပညာအသစ်အဆန်းတွေရဲ့ အရှိန်အဟုန်နဲ့ ကမ္ဘာတစ်ဝန်းလုံးအပေါ် သက်ဝင်ရိုက်ခတ်မှုကြောင့် Industry 4.0 စတုတ္ထ စက်မှုတော်လှန်ရေးများ ပေါ်ပေါက်လာမလားဆိုတဲ့ခန့်မှန်းချက်တွေက နေရာအနှံ့ ပေါ်လာတယ်။ နှစ်စဉ် ဆွစ်ဇာလန်နိုင်ငံ၊ Davos မှာ ကျင်းပမြဲဖြစ်သည့် 2016 World Economic Forum (WEF) ရဲ့ Theme အနေနဲ့ "Forth Industry Revolution" သတ်မှတ်ကျင်းပခဲ့ပါတယ်။
မကြာသေးမီနှစ်များအတွင်း အဆမတန် တိုးတက်လာတဲ့နည်းပညာများ၊ Artificial Intelligence (AI) လို့ အတိုကောက် သိကြတဲ့ ဉာဏ်ရည်တု နည်းပညာနဲ့ ဗှု ကို သုံးပြီး ကဏ္ဍမျိုးစုံမှာ အသုံးချမှုတွေ၊ IOT လို့ ခေါ်တဲ့ Internet of Things နဲ့အတူ Big Data လို့ သိကြတဲ့ အချက်အလက် ကိန်းဂဏန်းတွေ အဆမတန် ကြီးမားမှု စတဲ့ ဖြစ်ပျက်ပြောင်းလဲလာမှုတွေက Industry 4.0 ဆိုတဲ့ အချိန်ကိုများ သွားနေပြီလားလို့ အများတွေးထင်စရာ ဖြစ်ပါတယ်။
WEF ရဲ့ တည်ထောင်သူဖြစ်တဲ့ Professor Klaus Schwao က စတုတ္ထမြောက် စက်မှုတော်လှန်ရေး (Industry Revolution 4.0) သာ အမှန်ဖြစ်ပြီဆိုရင် ယခင်က ဖြစ်ခဲ့တဲ့ စက်မှုတော်လှန်ရေးကြီးများထက် အင်အားကြီးမားပြီး လူသားတွေအပေါ် သက်ဝင်ရိုက်ခတ်မှုကလည်း ပိုလိမ့်မယ်လို့ ဆိုတယ်။
နေ့စဉ် မီဒီယာတွေမှာ နည်းပညာတိုးတက်မှု ကိစ္စရပ်များကို အသစ်အဆန်း၊ တီထွင်မှုအမျိုးမျိုး နဲ့ နေရာအနှံ့ ကြားသိဖတ်ရှုနေရတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများက လူအများစု နားလည်ရ ခက်ခဲစေမယ့် နယ်ပယ်တွေ အများအပြားပါ။ စီးပွားရေးလုပ်ငန်း များရဲ့ ပြောင်းလဲမှုတွေ၊ ဉာဏ်ရည်တု AI နည်းပညာစနစ်ကို နယ်ပယ်အသီးသီးမှာ အသုံးချလာမှုတွေ၊ မောင်းသူမဲ့ ကားတွေ၊ ဒရုန်းတွေ၊ SG နဲ့ Cloud Computing ဆိုတာတွေ အားလုံးက Industry 4.0 အတွက် ရှေ့ပြေးလက္ခဏာတွေလို့ ယေဘုယျ ယူဆနိုင်မလား ဆိုတာကို သိပ္ပံပညာရှင် များကသာ အသိဆုံး ဖြစ်မှာပါ။
စဉ်းစားတွေးတော ဆင်ခြင်ဉာဏ်ရှိတဲ့ လူသားတွေအဖို့ နည်းပညာလမ်းကြောင်းမှ ပေါ်ထွက်လာနိုင်တဲ့ အဆိုးတွေ၊ Data Side ဘက်တွေကို အတတ်နိုင်ဆုံး ကြိုးစား ကာကွယ် တားဆီးသွားကြရမှာ ဖြစ်တယ်။ မမျှော်မှန်းနိုင်တဲ့မသေချာ မရေရာမှုတွေကြားမှ ဖြစ်လာဖွယ် ဆိုးကျိုးများကို လူသားအားလုံး ဝိုင်းဝန်းလက်တွဲ တားဆီးကာကွယ်ခြင်းဖြင့် အကောင်းဆုံး လူ့ဘောင်ကို တည်ဆောက်သွားနိုင်ကြမှာ ဖြစ်ပါတယ်။
Credit : အေးဖြူ
Ref: "No such tings at the fourth industrial revolution" - By Satyajit Das - Bangkok Post - Nov.30.2016
Industry 4.0 တကယ္ေရာက္ေတာ့မွာလား
Science and Technology လုိ႔ဆိုတဲ့ သိပံၸံနည္းပညာရဲ႕ မႀကဳံစဖူး အံ့မခန္း အရွိန္အဟုန္ ျပင္းစြာနဲ႔ တိုးတက္လာမႈေၾကာင့္ ကမၻာႀကီးကလည္း အထူးအျမန္ႏႈန္းနဲ႔ကုိ ေျပာင္းလဲေနပါတယ္။ ျဖစ္စဥ္အားလံုးက အဆုိးအေကာင္း ဒြန္တြဲေနတာမို႔ ဒီေျပာင္းလဲမႈေတြနဲ႔ ဆက္ႏႊယ္ၿပီး လူသားေတြအတြက္ ေကာင္းက်ဳိး ဆုိးက်ဳိး အမ်ဳိးမ်ဳိးရွိတယ္။ အဆုိးေတြရွိတယ္ဆုိေပမဲ့ လူသားမ်ားအတြက္ ႏႈိင္းဆေမွ်ာ္မွန္းလုိ႔ မရေလာက္ေအာင္ အက်ဳိးေက်းဇူးမ်ား ျဖစ္ထြန္းေစခဲ့တယ္ဆုိတာ ဘယ္သူမွ မျငင္းႏိုင္ပါဘူး။
နိစၥဓူ၀ ေနထုိင္သြားလာ စားေသာက္လႈပ္ရွားမႈကစလုိ႔ စီးပြားေရး၊ ပညာေရး၊ က်န္းမာေရး ေဆးပညာနယ္ပယ္၊ လမ္းပန္းဆက္သြယ္ေရးနဲ႔ နယ္ပယ္က႑အစံုမွာ လူပင္ပန္း သက္သာၿပီး ကုန္က်စရိတ္ သက္သာစြာနဲ႔ လြယ္ကူအဆင္ေျပလာၾကတာ အထင္အရွားပါ။ ထုိ႔အတူပဲ လူမႈဆက္ဆံေရး နယ္ပယ္မွာလည္းေ ခတ္ေပၚနည္းပညာ ပစၥည္းကိရိယာေတြနဲ႔ အင္တာနက္ခ်ိတ္ဆက္မႈေတြမွတစ္ဆင့္ အိပ္မက္ မွ်ပင္ မမက္ဖူးတဲ့ ဆက္သြယ္မႈ လမ္းေၾကာင္းေတြ ပ်ံ႕ႏွံ႔ေနၾကပါၿပီ။
လူ႔သမုိင္းေၾကာင္းကုိ ျပန္ၾကည့္ရင္ သိပၸံနည္းပညာ တိုးတက္မႈတုိင္းလုိလုိပင္ လူသားေတြရဲ႕ လူေနမႈအဆင့္အတန္းကုိ တစ္နည္းတစ္ဖံု ျမင့္မားေစတယ္ဆိုတဲ့ ဆက္စပ္မႈေတြကုိ ေတြ႕ျမင္ႏုိင္တယ္။ ေဘာဂေဗဒပညာရွင္ Professor Robert Gordon ရဲ႕ အဆုိအရ လူ႔သမုိင္းအတြက္ စက္မႈဆုိင္ရာ နည္းပညာတိုးတက္မႈနဲ႔ပတ္သက္ၿပီး ကာလအပုိင္း သံုးပုိင္း ခြဲျခားခဲ့တယ္။ ပထမစက္မႈေတာ္လွန္ေရး (First Industrial Revolution) 1750-1830၊ ဒုတိယစက္မႈေတာ္လွန္ေရး (Second Industrial Revolution) ၊ တတိယစက္မႈေတာ္လွန္ေရး (Third Industrial Revolution) 1960 မွ ယေန႔အထိ။
ယေန႔ေခတ္ ၫႊန္းေဖာ္ခ်က္ေတြအရေတာ့ ၁၈ ရာစုႏွစ္မ်ားဆီက ေပၚေပါက္လာတဲ့ စက္မႈေတာ္လွန္ေရးနဲ႔အတူ Steam Power ဆိုတဲ့ ေရေႏြးေငြ႕အင္ဂ်င္ပါ၀ါကုိ အသံုးျပဳလာတဲ့ စက္မႈေခတ္ကာလအခ်ိန္ကုိ Industry 1.0 အျဖစ္ လည္းေကာင္း၊ Electricity Power လွ်ပ္စစ္အားကုိ သံုးလာၾကတဲ့ ဒုတိယစက္မႈေတာ္လွန္ေရး အခ်ိန္ကာလကုိေတာ့ Industry 2.0 ၊ တစ္ဖန္ Information Communication Technology (ICT) လုိ႔ အတုိေကာက္သိထားတဲ့ အခ်က္အလက္ ဆက္သြယ္ေရးနည္းပညာနဲ႔ တုိးတက္မႈ အခ်ိန္ကာလတစ္ေလွ်ာက္ ယေန႔အထိကုိ Industry 3.0 ဟူ၍ လည္းေကာင္း တင္စားေခၚေ၀ၚခဲ့ၾကတယ္။
ပထမစက္မႈေတာ္လွန္ေရးနဲ႔ဆက္ႏႊယ္ၿပီး ေက်ာက္မီးေသြး၊ ေရေႏြးေငြ႕အင္ဂ်င္ပါ၀ါမ်ား အသံုးျပဳၾကတဲ့ စက္မႈေခတ္အစပုိင္း ေျခလွမ္းေတြကုိေတာ့ မီးရထားလမ္းေတြနဲ႔ အထည္အလိပ္ပုိင္း ဆုိင္ရာ လုပ္ငန္းေတြမွာ ထူးျခားစြာ တိုးတက္ခဲ့တယ္။ ဒီေႏွာင္းပုိင္း 2.0 ကာလ အစပ်ဳိးခ်ိန္မွာ လွ်ပ္စစ္စြမ္းအား Electricity နဲ႔အတူ Internal Combustion Engines ဆုိင္ရာ တုိးတက္မႈေတြ ဆက္လက္ထြက္ေပၚလာၿပီး လူသားေတြအတြက္ ေခတ္မီဆက္သြယ္ေရးလမ္းေၾကာင္းေတြ၊ ေဖ်ာ္ေျဖမႈအပုိင္းေတြ၊ စြမ္းအင္ေခၚတဲ့ Petroleum / hydrocarbon မ်ားနဲ႔ ဓာတုပစၥည္း (Chemicals) ေတြ အသံုးျပဳမႈအပုိင္း၌ အဆမတန္ ဖြံ႕ၿဖဳိးတုိးတက္လာခဲ့တယ္။
၁၉၆၀ ျပည့္ႏွစ္မ်ားမွ အစျပဳလုိ႔ ယေန႔အခ်ိန္တုိင္ေအာင္ အပါအ၀င္လုိ႔ လက္ခံထားတဲ့ Industry 3.0 ေခၚတဲ့ တတိယစက္မႈေတာ္လွန္ေရးကေတာ့ Computing နဲ႔ Telecommunications ဆုိင္ရာ နယ္ပယ္ထဲမွာ ထူးကဲစြာ တုိးတက္လာျခင္းပဲ ျဖစ္ပါတယ္။ ဆက္သြယ္ေရးလမ္းေၾကာင္းေတြ ခ်ိတ္ဆက္ၿပီး ကမၻာႀကီးက ျပားသြားၿပီလုိ႔ေတာင္ဆိုထားတာပဲ။ ကမၻာ့ရြာႀကီးမွာ လူသားေတြ စကၠန္႔ပုိင္း၊ မိနစ္ပုိင္းမွာတင္ မုိင္ေပါင္း ကုေဋကုဋာ ခရီးေပါက္ႏိုင္တယ္။ ခလုတ္တစ္ခ်က္ႏွိပ္႐ံုနဲ႔ ကမၻာအႏွ႔ံ မွလူေတြ ခ်ိတ္ဆက္မိေနၾကတယ္။
ပညာရွင္ Professor R-Gordon ရဲ႕ အဆိုအရ ယေန႔အထိ ျဖစ္ၿပီးခဲ့တဲ့ စက္မႈေတာ္လွန္ေရးအားလံုးက လူသားေတြအတြက္ သူ႔နည္းသူ႔ဟန္နဲ႔ အက်ဳိးျဖစ္ထြန္းေစခဲ့တာ မွန္တယ္။ ဒီထဲကမွ စက္မႈေတာ္လွန္ေရးနံပါတ္ (၂)က အက်ဳိးသက္ေရာက္မႈ အျဖစ္ဆံုးလုိ႔ ဆုိထားပါတယ္။ နည္းပညာ ဆန္းသစ္တီထြင္မႈေတြေၾကာင့္ စီးပြားေရးလုပ္ေဆာင္ခ်က္မ်ားအေပၚ၊ လူေတြအေပၚ ဘယ္လုိနည္းနဲ႔ အခ်ိန္ဘယ္ေလာက္ၾကာၾကာ အက်ဳိးသက္ေရာက္ ႐ုိက္ခတ္မႈရွိတယ္ဆုိတာ သက္ဆုိင္ရာ ဖန္တီးတီထြင္မႈ ေပၚလာျခင္းေၾကာင့္ ေျပာင္းလဲသြားတဲ့အခ်ိန္၊ ဖြံ႕ၿဖဳိးတိုးတက္မႈနဲ႔ ကုန္ထုတ္စြမ္းအားအေပၚ သက္ေရာက္မႈ စတဲ့ အခ်က္အလက္ေတြေပၚ မူတည္တယ္။
Industry 2.0 မွ အစပ်ဳိးခဲ့တဲ့ Electricity နဲ႔ Internal Combustion Engines ရဲ႕ အရွိန္အဟုန္စြမ္းအားေတြက နယ္ပယ္အသီးသီးမွာ လူသားေတြကုိ အက်ဳိးျပဳခဲ့တယ္။ ဒီဆန္းသစ္တီထြင္မႈေတြေၾကာင့္ လူ႔အသံုးအေဆာင္ပစၥည္းေတြ၊ စက္႐ံုအလုပ္႐ံုလည္ပတ္မႈေတြ ဆက္ႏႊယ္တိုးတက္ေျပာင္းလဲလာမႈက လူေနမႈအဆင့္အတန္းကုိလည္း အဆေပါင္းမ်ားစြာ ျမႇင့္တင္ေပးခဲ့တယ္လုိ႔ ေျပာပါတယ္။
Industry 2.0 ေနာက္ပုိင္းအခ်ိန္ေတြမွာ စြမ္းအင္အမ်ဳိးမ်ဳိး သံုးစြဲႏုိင္ေရး ႀကံဆေတြးေတာတီထြင္လာမႈေတြ၊ ထုတ္လုပ္မႈစြမ္းရည္ပုိင္းမွာ ျမင့္မားလာတာေတြ၊ အထူးသျဖင့္ သယ္ယူပုိ႔ေဆာင္ေရးလမ္းေၾကာင္းဆုိင္ရာ တုိးတက္မႈမ်ားနဲ႔အတူ ကူးသန္းေရာင္း၀ယ္ထုတ္လုပ္ေရာင္းခ်ေရး၊ ကုန္သြယ္ေရးပုိင္းေတြမွာပါ Delivery ကုိ စနစ္တက် ထိန္းခ်ဳပ္ကြပ္ကဲမႈ ရလာတယ္။ Flexibility ဆိုတဲ့ ေလ်ာ့တင္း ညိႇႏႈိင္းခ်ိန္ဆႏုိင္တဲ့ အရည္အခ်င္းေတြလညး္ ေပၚလာတာေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ားအတြက္ အထူးအက်ဳိးရွိေစခဲ့တယ္။
အထူးသျဖင့္ ပုိ႔ေဆာင္ေရးက႑မွာ လူသားေတြနဲ႔ တိရစၦာန္ေတြအစား Internal Combustion Engines ေတြက အဆေပါင္းမ်ားစြာ အသံုးတည့္လာတာေၾကာင့္ လုပ္ငန္းေတြ အခ်ိန္တိုအတြင္း ကုန္က်စရိတ္ သက္သာစြာနဲ႔ ၿပီးစီးႏုိင္တယ္။ ပုိမိုထိေရာက္ အက်ဳိးရွိစြာ လည္ပတ္လာႏုိင္တယ္ဆုိတာ ေတြ႕ၾကရတယ္။ ဒီ Industrial 2.0 ရဲ႕အက်ဳိးဆက္ေၾကာင့္ပဲ ေမာ္ေတာ္ယာဥ္ေတြ ေပၚလာတယ္။
Steel, Aluminum, Rubber ဆက္စပ္လုပ္ငန္းမ်ား တိုးပြားၿပီး Road System ဆုိတဲ့ လမ္းခရီးစဥ္လည္း တစ္လက္စတည္း စနစ္တက် တိုးတက္လာတာ အမွန္။ အႀကီးစား (Large Scale) လုပ္ငန္းႀကီးမ်ား ထြန္းကားက်ယ္ျပန္႔လာတဲ့အတြက္ အလုပ္သမားေတြလည္း ေထာင္ေသာင္းမက လစာအလံုအေလာက္နဲ႔ အလုပ္အကိုင္ အခြင့္အလမ္းမ်ား ဖြင့္ေပးႏုိင္ခဲ့တယ္။
လူသားတစ္ဦးခ်င္းရဲ႕ ေနထုိင္မႈပံုစံကလည္း အျပတ္အသတ္ ကြာျခားသြားၿပီ။ မိသားစု၊ အိမ္၊ အလုပ္ဌာန၊ မိလႅာႏွင့္ အမႈိက္သ႐ုိက္ သန္႔ရွင္းေရးကိစၥမွအစ ပုိ႔ေဆာင္ေရး၊ ေဖ်ာ္ေျဖေရး၊ အိမ္သံုးပစၥည္းကိရိယာအဆံုး အားလံုးက ေခ်ာေမာအဆင္ေျပ လြယ္ကူသြားတယ္။ ဒီလုိအႀကီးစား ေျပာင္းလဲတိုးတက္ ဖန္တီးမႈေတြကုိ သယ္လာေပးတဲ့ Industry 2.0 က သမိုင္းေၾကာင္းမွာ မႀကံဳစဖူး လူသားေတြရဲ႕ ေနထုိင္မႈပံုစံ အဆင့္အတန္းေျပာင္းလဲတိုးတက္ေစခဲ့တာ အမွန္ျဖစ္တယ္။
ယေန႔ေခတ္ႀကီးမွာ ႀကီးျပင္းက်င္လည္လႈပ္ရွားေနၾကတဲ့ လူငယ္အမ်ားစုကေတာ့ Industry 3.0 ကုိ ပိုတန္ဖုိးႀကီးတယ္၊ သက္ေရာက္မႈပုိမ်ားတယ္လုိ႔ ယူဆၾကမွာပဲ။ တစ္ေန႔နဲ႔တစ္ေန႔မတူရေအာင္ကုိ တီထြင္ဆန္းသစ္မႈ Gadgets မ်ဳိးစံုန ႔ဲ ICT ေခတ္ႀကီးမွာ လူျဖစ္ရတာ ေကာင္းလိုက္တာလုိ႔ ထင္ၾကသူမ်ားလည္း ရွိမယ္။
သာမန္ေခတ္လူငယ္ေတြ ဘာေတြ လုပ္ေနၾကလဲ ဆိုတာ ၾကည့္႐ံုနဲ႔ကုိ သိႏုိင္ၿပီ။ စားပြဲေပၚမွာ ကြန္ပ်ဴတာတစ္လံုးနဲ႔ အလုပ္႐ႈပ္ေနမယ္။ ဒစ္ဂ်စ္တယ္ေကဘယ္လ္နဲ႔ Channels စံု ၾကည့္ႏုိင္တဲ့ TV ကလည္း ဖြင့္ထားၿပီး တစ္ခ်က္တစ္ခ်က္ လွမ္းၾကည့္မယ္။ ဒါမွမဟုတ္ရင္လည္း Wireless Network နဲ႔ Internet ဆီ ခ်ိတ္ထားတဲ့ Notebook သုိ႔မဟုတ္ Tablet က ေပါင္ေပၚ ဖြင့္တင္ထားမယ္။ တစ္လံုးထက္ ပုိႏုိင္တဲ့ Mobile ဖုန္းကလည္း လက္လွမ္းမီတဲ့ေနရာမွ အရန္သင့္ပါပဲ။ ၿပီးေတာ့ iPad ကေန Musicလည္း ဖြင့္ထားဦးမယ္။ ၂၄ နာရီအခ်ိန္ရဲ႕ အေတာ္မ်ားမ်ားကုိ ဒီလုိအေနအထားနဲ႔ ကုန္ဆံုးေနၾကတယ္။
မဟုတ္ရင္လည္း ထုိင္လ်က္ TV ၾကည့္တယ္။ Email လည္း စစ္လုိက္ေသး။ Website ေတြလည္း Surf လုပ္၊ Online Chatting လည္း မလြတ္ေစရ။ေခတ္လူေတြ Industry 3.0 ေခတ္ႀကီးမွာ Multitasking ကြၽမ္းက်င္ၾကတာ လက္ဖ်ားခါေလာက္ပါရဲ႕။
အရင္ေခတ္က အမ်ားႀကဳိက္ ႀကဳိးဖုန္းနဲ႔ တယ္လီဂရမ္ေတြက အလြန္ေခတ္ေနာက္က်သြားၿပီ။ ႀကဳိးမဲ့ Mobile, Smart Phone ေတြက လူတုိင္းနီးပါးလိုလုိ သံုးစြဲေနၾကတာပဲ။ iPhone ကုိ၂၀၀၇ ခုႏွစ္မွာ စတင္မိတ္ဆက္တာပါ။ နည္းပညာတုိးတက္မႈေၾကာင့္ ဖုန္းတစ္လံုးနဲ႔ နည္းပညာအက်ဳိးဆက္ေတြ အထူးခံစားေနၾကပါၿပီ။ ဖုန္းကုိသံုးၿပီး ကင္မရာ၊ ကြန္ပ်ဴတာ၊ TV ၊ သီခ်င္း နားေထာင္မႈ၊ Videogame၊ e-reader နဲ႔ Internet ကုိ စိတ္ႀကဳိက္ခံစားႏုိင္ၾကတယ္။ ဖုန္းရွိေနရင္ မိမိသေဘာထား၊ ထင္ျမင္ယူဆခ်က္ေတြကုိလည္း မီဒီယာမွာတင္ႏုိင္၊ ပုိ႔ႏုိင္၊ ေဆြးေႏြးႏိုင္တယ္။ေနရာတိုင္း၊ အခ်ိန္တုိင္းမွာ ဖုန္းပြတ္ေနၾကတာေၾကာင့္ အေကာင္းအဆုိးေတြလည္း ေ၀ဖန္ၾကတာ မ်ားၿပီ။
စက္မႈလုပ္ငန္းေတြ၊ စီးပြားေရးအဖြဲ႕အစည္းေတြနဲ႔ လူပုဂၢဳိလ္တစ္ဦးခ်င္းမွာလည္း Industry 4.0 ဆိုတဲ့ ဦးတည္ေရြ႕လ်ားမႈနဲ႔အတူ အေျပာင္းအလဲ တီထြင္ဆန္းသစ္မႈေတြရဲ႕ သက္ေရာက္႐ုိက္ခတ္မႈကုိ ႀကဳံေတြ႕ေနရတယ္။
ICT နည္းပညာၿခဳံလႊမ္းခံေနရတဲ့ Industry 3.0 ေခတ္ကာလ အပါအ၀င္ျဖစ္တဲ့ ယေန႔ ကမၻာ့လူသားအားလံုးအတြက္ Industry 4.0 မေရာက္မီ ျဖစ္ပ်က္ႀကဳံေတြ႕ေနရတဲ့ အေျခအေနက ဆုလာဘ္တစ္မ်ဳိးလား၊ က်ိန္စာေပပဲလား (A Blessing or a Curse) ဆိုတာ ေျဖႏိုင္ဖုိ႔ ေတာ္ေတာ္ေလးခက္မယ္။ ရာစုႏွစ္တစ္ခုထက္တစ္ခု စိတ္ထဲမွာ ေတာင္ မေမွ်ာ္မွန္းႏုိင္တဲ့ သက္သာလြယ္ကူမႈ အဆင့္က အဆင့္ခုန္ေက်ာ္ တုိးတက္ေျပာင္းလဲလာတယ္ဆိုတဲ့ အခ်က္နဲ႔ဆိုရင္ေတာ့ ဆုလာဘ္လုိ႔ ဆုိႏုိင္မယ္။
သုိ႔ေပမဲ့လည္း အခ်ိန္မေရြး ေနရာမေရြး Web ဆုိတာခ်ည္းကုိ ဆက္သြယ္လုိ႔ ရေနတာေၾကာင့္ စိတ္အလုိကုိလုိက္ရင္းနဲ႔ နည္းပညာလမ္းေၾကာင္း အဆက္အသြယ္ေတြေနာက္ မနားတမ္း လုိက္ၾကမယ္ဆုိရင္ေတာ့ ေအးခ်မ္းမႈ၊ ၿငိမ္းခ်မ္းမႈနဲ႔အတူ မိသားစုအသုိင္းအ၀ုိင္းမွာ တန္ဖုိးထားရတဲ့ စံတန္ဖိုး သတ္မွတ္ခ်က္ေတြ ေပ်ာက္ပ်က္ကုန္တာ အမွန္ပဲမို႔ တစ္နည္းအားျဖင့္ Curse လုိ႔ေတာင္ဆုိႏိုင္မလား မသိဘူး။
ၿပီးေတာ့လည္း ကိန္းဂဏန္း သတင္းအခ်က္အလက္ေတြ မ်ားလြန္းတာေၾကာင့္ ယေန႔ လူေတြမွာ အခ်က္အလက္ပင္လယ္ျပင္မွာ နစ္ျမဳပ္ေနၿပီး အဓိပၸာယ္နဲ႔ အသိÓဏ္ပညာ ဗဟုသုတေတြေတာ့ ငတ္မြတ္ေနၾကတယ္(Drowning in a Sea of information but starved for meaning and knowledge) လုိ႔ေတာင္ ေျပာၾကတယ္။
Industry 3.0 ကာလရဲ႕ ေနာက္ပုိင္း ႏွစ္မ်ားမွာ နည္းပညာအသစ္အဆန္းေတြရဲ႕ အရွိန္အဟုန္နဲ႔ ကမၻာတစ္၀န္းလံုးအေပၚ သက္၀င္႐ုိက္ခတ္မႈေၾကာင့္ Industry 4.0 စတုတၳ စက္မႈေတာ္လွန္ေရးမ်ား ေပၚေပါက္လာမလားဆိုတဲ့ခန္႔မွန္းခ်က္ေတြက ေနရာအႏွံ႔ ေပၚလာတယ္။ ႏွစ္စဥ္ ဆြစ္ဇာလန္ႏုိင္ငံ၊ Davos မွာ က်င္းပၿမဲျဖစ္သည့္ 2016 World Economic Forum (WEF) ရဲ႕ Theme အေနနဲ႔ "Forth Industry Revolution" သတ္မွတ္က်င္းပခဲ့ပါတယ္။
မၾကာေသးမီႏွစ္မ်ားအတြင္း အဆမတန္ တိုးတက္လာတဲ့နည္းပညာမ်ား၊ Artificial Intelligence (AI) လို႔ အတုိေကာက္ သိၾကတဲ့ ဥာဏ္ရည္တု နည္းပညာနဲ႔ ဗႈ ကုိ သံုးၿပီး က႑မ်ဳိးစံုမွာ အသံုးခ်မႈေတြ၊ IOT လုိ႔ ေခၚတဲ့ Internet of Things နဲ႔အတူ Big Data လုိ႔ သိၾကတဲ့ အခ်က္အလက္ ကိန္းဂဏန္းေတြ အဆမတန္ ႀကီးမားမႈ စတဲ့ ျဖစ္ပ်က္ေျပာင္းလဲလာမႈေတြက Industry 4.0 ဆိုတဲ့ အခ်ိန္ကုိမ်ား သြားေနၿပီလားလို႔ အမ်ားေတြးထင္စရာ ျဖစ္ပါတယ္။
WEF ရဲ႕ တည္ေထာင္သူျဖစ္တဲ့ Professor Klaus Schwao က စတုတၳေျမာက္ စက္မႈေတာ္လွန္ေရး (Industry Revolution 4.0) သာ အမွန္ျဖစ္ၿပီဆိုရင္ ယခင္က ျဖစ္ခဲ့တဲ့ စက္မႈေတာ္လွန္ေရးႀကီးမ်ားထက္ အင္အားႀကီးမားၿပီး လူသားေတြအေပၚ သက္၀င္႐ုိက္ခတ္မႈကလည္း ပုိလိမ့္မယ္လုိ႔ ဆုိတယ္။
ေန႔စဥ္ မီဒီယာေတြမွာ နည္းပညာတိုးတက္မႈ ကိစၥရပ္မ်ားကုိ အသစ္အဆန္း၊ တီထြင္မႈအမ်ဳိးမ်ဳိး နဲ႔ ေနရာအႏွံ႔ ၾကားသိဖတ္႐ႈေနရတယ္။ ဖြံ႕ၿဖဳိးဆဲ ႏုိင္ငံမ်ားက လူအမ်ားစု နားလည္ရ ခက္ခဲေစမယ့္ နယ္ပယ္ေတြ အမ်ားအျပားပါ။ စီးပြားေရးလုပ္ငန္း မ်ားရဲ႕ ေျပာင္းလဲမႈေတြ၊ ဥာဏ္ရည္တု AI နည္းပညာစနစ္ကုိ နယ္ပယ္အသီးသီးမွာ အသံုးခ်လာမႈေတြ၊ ေမာင္းသူမဲ့ ကားေတြ၊ ဒ႐ုန္းေတြ၊ SG နဲ႔ Cloud Computing ဆုိတာေတြ အားလံုးက Industry 4.0 အတြက္ ေရွ႕ေျပးလကၡဏာေတြလုိ႔
ေယဘုယ် ယူဆႏုိင္မလား ဆိုတာကုိ သိပၸံပညာရွင္ မ်ားကသာ အသိဆံုး ျဖစ္မွာပါ။
စဥ္းစားေတြးေတာ ဆင္ျခင္ဥာဏ္ရွိတဲ့ လူသားေတြအဖုိ႔ နည္းပညာလမ္းေၾကာင္းမွ ေပၚထြက္လာႏိုင္တဲ့ အဆုိးေတြ၊ Data Side ဘက္ေတြကုိ အတတ္ႏုိင္ဆံုး ႀကဳိးစား ကာကြယ္ တားဆီးသြားၾကရမွာ ျဖစ္တယ္။ မေမွ်ာ္မွန္းႏုိင္တဲ့မေသခ်ာ မေရရာမႈေတြၾကားမွ ျဖစ္လာဖြယ္ ဆုိးက်ဳိးမ်ားကုိ လူသားအားလံုး ၀ုိင္း၀န္းလက္တြဲ တားဆီးကာကြယ္ျခင္းျဖင့္ အေကာင္းဆံုး လူ႔ေဘာင္ကုိ တည္ေဆာက္သြားႏုိင္ၾကမွာ ျဖစ္ပါတယ္။
Credit : ေအးျဖဴ
Ref: "No such tings at the fourth industrial revolution" - By Satyajit Das - Bangkok Post - Nov.30.2016
ကျန်းမာရေးနှင့် မကိုက်ညီသဖြင့် ရှောင်ရှားသင့်သည့် အမူအကျင့်(၄၀)
1.Cutting carbs (ကစီဓာတ်များသော အစားအစာများကို ရှောင်ကျဉ်ခြင်း)
2.Drinking caffeine late in the day (နေ့လည်ပိုင်းတွင် ကော်ဖီသောက်ခြင်း)
3. Drinking too much alcohol (အရက်သေစာအလွန်အကျွံသောက်သုံးခြင်း)
4. Eating canned foods (အသင့်စား စည်သွပ်ဘူးများကို စားသုံးခြင်း)
5. Eating mostly meat (အသားများ အများအပြားစားသုံးခြင်း(အမျှင်ဓာတ်၊ အသားဓာတ်၊ ကဆီဓာတ် . . . အစရှိသဖြင့် မျှတအောင် စားသောက်မှုမပြုခြင်း)
6. Eating too much sodium (ဆား အလွန်အကျွံစားသုံးခြင်း)
7. Forgetting to call loved ones (ချစ်သူ၊ ခင်သူများနှင့် ဖုန်းပြောဆိုရန် မေ့လျော့ခြင်း)
8. Hating your body (မိမိကိုယ်ကို အလိုမကျခြင်း)
9. Ignoring symptoms (ကျန်းမာရေးနှင့်ပတ်သက်သည့် လက္ခဏာများကို လျစ်လျူရှုခြင်း)
10. Neglecting your skin (မိမိအရေပြား ကျန်းမာရေးကို ဂရုမစိုက်ခြင်း)
11. Never cooking at home (မိမိအိမ်တွင် ချက်ပြုတ်စားသုံးမှု မပြုခြင်း)
12. Never exercising (ကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်ရန် ပျက်ကွက်ခြင်း)
13.Not cleaning often enough (သန့်ရှင်းရေးမပြုလုပ်ခြင်း)
14. Not drinking enough water (ရေပမာဏ လုံလောက်အောင် သောက်သုံးမှုမပြုခြင်း)
15. Not flossing your teeth (သွားကျန်းမာရေးကို ဂရုမပြုခြင်း)
16. Not getting enough sleep (အိပ်ရေးဝအောင် အိပ်စက်မှုမပြုခြင်း)
17. Not making time for your hobbies (မိမိဝါသနာပါရာကို လေ့လာလိုက်စားမှု မပြုလုပ်ခြင်း၊ အချိန်မပေးခြင်း)
18. Not making time for yourself (မိမိအတွက် ကိုယ်ပိုင်ချိန် လုံလောက်စွာမရှိခြင်း)
19. Not managing stress (စိတ်ဖိစီးမှုကို မထိန်းချုပ်နိုင်ခြင်း)
20. Not protecting your bone health (အရိုးများ၏ကျန်းမာရေးကို ဂရုမပြုခြင်း)
21. Not protecting your hearing (မိမိ၏ အကြားအာရုံ ပျက်စီးစေမည့်အရာများကို ဂရုမပြု၊ မဆင်မခြင် သုံးစွဲခြင်း)
22. Not reading (စာမဖတ်ခြင်း)
23. Not saving money (ငွေမစုခြင်း)
24. Not stretching after exercise (လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် အကျောလျော့မှုမပြုလုပ်ခြင်း)
25. Not taking care of your mental health (မိမိ၏ စိတ်ကျန်းမာရေးကို ဂရုမစိုက်ခြင်း)
26. Not wearing sunscreen (Sunscreen အသုံးမပြုခြင်း၊ မလိမ်းခြယ်ခြင်း)
27. Relying on fast food (အသင့်စားအစားအစာများပေါ် မှီခိုနေခြင်း)
28. Relying on supplements (ဖြည့်စွက်စာ၊ ဖြည့်စွက်ဆေးဝါးများပေါ်တွင် မှီခိုနေခြင်း)
29. Sitting all day (တစ်နေကုန် ထိုင်ခြင်း၊ အညောင်းထိုင်ခြင်း)
30. Skimping on healthy fats (ကျန်းမာရေးနဲ့ညီညွတ်သော အဆီဓာတ် လျော့နည်းခြင်း၊ လုံလောက်စွာ မရရှိခြင်း)
31. Skimping on protein (ပရိုတင်းဓာတ် လုံလောက်စွာ မရရှိခြင်း)
32. Skipping breakfast (မနက်စာ မစားသုံးခြင်း)
33. Skipping doctor’s appointments (ဆရာဝန်နှင့်ချိန်းဆိုချက်များအား အလေးမထားခြင်း)
34. Smoking (ဆေးလိပ်သောက်သုံးခြင်း)
35. Staying in the wrong job (မိမိနဲ့ကိုက်ညီမှုမရှိသော လုပ်ငန်းခွင်တွင် လုပ်ကိုင်ရခြင်း)
36. Staying in toxic relationships (အဆင်မပြေသည့် ဆက်ဆံရေးတွင် နေထိုင်ခြင်း)
37. Staying indoors (ပြင်ပ ပတ်ဝန်းကျင်နှင့် အဆက်အသွယ်ပြတ်ခြင်း၊ အိမ်တွင်းမှာပဲနေထိုင်ခြင်း)
38. Using your phone before bed (အိပ်ရာမဝင်ခင် ဖုန်းအသုံးပြုခြင်း)
39. Wishing you were younger (မိမိ၏အသက်အရွယ်အား စိတ်မကျေနပ်ခြင်း။ အမြဲတမ်း အသက်ငယ်လိုခြင်း)
40. Yo-yo dieting (ကျန်းမာရေးနှင့်မညီညွတ်စွာ အစာလျော့ချခြင်း)
Ref : www.theactivetimes.com
က်န္းမာေရးႏွင့္ မကိုက္ညီသျဖင့္ ေရွာင္ရွားသင့္သည့္ အမူအက်င့္(၄၀)
1.Cutting carbs (ကစီဓာတ္မ်ားေသာ အစားအစာမ်ားကို ေရွာင္က်ဥ္ျခင္း)
2. Drinking caffeine late in the day (ေန႔လည္ပိုင္းတြင္ ေကာ္ဖီေသာက္ျခင္း)
3. Drinking too much alcohol (အရက္ေသစာအလြန္အကြၽံေသာက္သုံးျခင္း)
4. Eating canned foods (အသင့္စား စည္သြပ္ဘူးမ်ားကို စားသုံးျခင္း)
5. Eating mostly meat (အသားမ်ား အမ်ားအျပားစားသုံးျခင္း(အမွ်င္ဓာတ္၊ အသားဓာတ္၊ ကဆီဓာတ္ . . . အစရွိသျဖင့္ မွ်တေအာင္ စားေသာက္မႈမျပဳျခင္း)
6. Eating too much sodium (ဆား အလြန္အကြၽံစားသုံးျခင္း)
7. Forgetting to call loved ones (ခ်စ္သူ၊ ခင္သူမ်ားႏွင့္ ဖုန္းေျပာဆိုရန္ ေမ့ေလ်ာ့ျခင္း)
8. Hating your body (မိမိကိုယ္ကို အလိုမက်ျခင္း)
9. Ignoring symptoms (က်န္းမာေရးႏွင့္ပတ္သက္သည့္ လကၡဏာမ်ားကို လ်စ္လ်ဴရႈျခင္း)
10. Neglecting your skin (မိမိအေရျပား က်န္းမာေရးကို ဂ႐ုမစိုက္ျခင္း)
11. Never cooking at home (မိမိအိမ္တြင္ ခ်က္ျပဳတ္စားသုံးမႈ မျပဳျခင္း)
12. Never exercising (က်န္းမာေရးေလ့က်င့္ခန္းမ်ား ျပဳလုပ္ရန္ ပ်က္ကြက္ျခင္း)
13.Not cleaning often enough (သန႔္ရွင္းေရးမျပဳလုပ္ျခင္း)
14. Not drinking enough water (ေရပမာဏ လုံေလာက္ေအာင္ ေသာက္သုံးမႈမျပဳျခင္း)
15. Not flossing your teeth (သြားက်န္းမာေရးကို ဂ႐ုမျပဳျခင္း)
16. Not getting enough sleep (အိပ္ေရးဝေအာင္ အိပ္စက္မႈမျပဳျခင္း)
17. Not making time for your hobbies (မိမိဝါသနာပါရာကို ေလ့လာလိုက္စားမႈ မျပဳလုပ္ျခင္း၊ အခ်ိန္မေပးျခင္း)
18. Not making time for yourself (မိမိအတြက္ ကိုယ္ပိုင္ခ်ိန္ လုံေလာက္စြာမရွိျခင္း)
19. Not managing stress (စိတ္ဖိစီးမႈကို မထိန္းခ်ဳပ္ႏိုင္ျခင္း)
20. Not protecting your bone health (အ႐ိုးမ်ား၏က်န္းမာေရးကို ဂ႐ုမျပဳျခင္း)
21. Not protecting your hearing (မိမိ၏ အၾကားအာ႐ုံ ပ်က္စီးေစမည့္အရာမ်ားကို ဂ႐ုမျပဳ၊ မဆင္မျခင္ သုံးစြဲျခင္း)
22. Not reading (စာမဖတ္ျခင္း)
23. Not saving money (ေငြမစုျခင္း)
24. Not stretching after exercise (ေလ့က်င့္ခန္းျပဳလုပ္ၿပီးေနာက္ အေက်ာေလ်ာ့မႈမျပဳလုပ္ျခင္း)
25. Not taking care of your mental health (မိမိ၏ စိတ္က်န္းမာေရးကို ဂ႐ုမစိုက္ျခင္း)
26. Not wearing sunscreen (Sunscreen အသုံးမျပဳျခင္း၊ မလိမ္းျခယ္ျခင္း)
27. Relying on fast food (အသင့္စားအစားအစာမ်ားေပၚ မွီခိုေနျခင္း)
28. Relying on supplements (ျဖည့္စြက္စာ၊ ျဖည့္စြက္ေဆးဝါးမ်ားေပၚတြင္ မွီခိုေနျခင္း)
29. Sitting all day (တစ္ေနကုန္ ထိုင္ျခင္း၊ အေညာင္းထိုင္ျခင္း)
30. Skimping on healthy fats (က်န္းမာေရးနဲ႔ညီၫြတ္ေသာ အဆီဓာတ္ ေလ်ာ့နည္းျခင္း၊ လုံေလာက္စြာ မရရွိျခင္း)
31. Skimping on protein (ပ႐ိုတင္းဓာတ္ လုံေလာက္စြာ မရရွိျခင္း)
32. Skipping breakfast (မနက္စာ မစားသုံးျခင္း)
33. Skipping doctor’s appointments (ဆရာဝန္ႏွင့္ခ်ိန္းဆိုခ်က္မ်ားအား အေလးမထားျခင္း)
34. Smoking (ေဆးလိပ္ေသာက္သုံးျခင္း)
35. Staying in the wrong job (မိမိနဲ႔ကိုက္ညီမႈမရွိေသာ လုပ္ငန္းခြင္တြင္ လုပ္ကိုင္ရျခင္း)
36. Staying in toxic relationships (အဆင္မေျပသည့္ ဆက္ဆံေရးတြင္ ေနထိုင္ျခင္း)
37. Staying indoors (ျပင္ပ ပတ္ဝန္းက်င္ႏွင့္ အဆက္အသြယ္ျပတ္ျခင္း၊ အိမ္တြင္းမွာပဲေနထိုင္ျခင္း)
38. Using your phone before bed (အိပ္ရာမဝင္ခင္ ဖုန္းအသုံးျပဳျခင္း)
39. Wishing you were younger (မိမိ၏အသက္အ႐ြယ္အား စိတ္မေက်နပ္ျခင္း။ အၿမဲတမ္း အသက္ငယ္လိုျခင္း)
40. Yo-yo dieting (က်န္းမာေရးႏွင့္မညီၫြတ္စြာ အစာေလ်ာ့ခ်ျခင္း)
Ref : www.theactivetimes.com
Britannica စွယ်စုံကျမ်းဆိုသည်မှာ
စွယ်စုံကျမ်း (Encyclopaedia) ကို နိုင်ငံအသီးသီးက မိမိတို့ဘာသာဖြင့် မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ လိုအပ်သော ဗဟသုတများကို တစ်ထိုင်တည်း၊ တစ်နေရာတည်းတွင် မိမိတို့သိလိုသော အကြောင်းအရာ၊ အတ္ထုပ္ပတ္တိစသည်တို့ကို ရှာဖွေကြည့်ရှုနိုင်စေရန် ရည်ရွယ်ပြီး ပြုစုဆောင်ရွက်ခဲ့ကြသည်။
စွယ်စုံကျမ်း၏အဓိပ္ပာယ်ကို Oxford Advanced Learner’s Dictionary တွင် အသိပညာ၊ ဗဟုသုတ နယ်ပယ်အားလုံးနှင့်သက်ဆိုင်သော အချက်အလက်များ၊ သီးခြားအကြောင်းအရာတစ်ခု၏ ကွဲပြားခြားနားသောနယ်ပယ်များမှ အချက်အလက်များကို (CD ROM သို့မဟုတ် Website တစ်ခုပေါ်တွင် အလားတူအချက်အလက်များကို စုစည်းထားခြင်း) အက္ခရာစဉ်အလိုက် ပြုစုထားသောစာအုပ် သို့မဟုတ် စာအုပ်တွဲများ (A book or set of books giving information about all areas of knowledge or about different areas of one particular subject, usually arranged in alphabetical order, a similar collection of information on a website or CD ROM)ဟု တွေ့ရသည်။
နိုင်ငံများစွာမှ အသီးသီးပြုစုထားသော စွယ်စုံကျမ်းများစွာအနက် မြငအညေညငခေ စွယ်စုံကျမ်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး အလွန်ရှေးကျကာ စွယ်စုံကျမ်းပြုစုခြင်းနှင့်ပတ်သက်၍ စံထားလောက်သော အဖိုးမဖြတ်နိုင်သည့် ကျမ်းကြီးတစ်ဆူ ဖြစ်သည်။
Britannica ဗြိတိသျှစွယ်စုံကျမ်းကြီးကို ၂၀၁၀ြ ပည့်နှစ်က ၁၅ ကြိမ်မြောက်အဖြစ် ထုတ်ဝေခဲ့ပြီး ၂၀၁၆ ခုနှစ်က ပြန်လည်ပုံနှိပ်ထုတ်ဝေခဲ့သည်။ ယင်းကျမ်းကြီးကို ပြုစုရာတွင် အချိန်ပြည့်တာဝန်ထမ်းဆောင်သည့် အယ်ဒီတာဝန်ထမ်းပေါင်း ၁၀၀ နှင့် သက်ဆိုင်ရာဘာသာရပ်၊ အကြောင်းအရာ အလိုက် ရေးသားပေးပို့သူ ၄၀၀၀ ကျော်ခန့်ရှိသည်။ A မှ Z အထိ ၃၂ တွဲရှိပြီး စာမျက်နှာပေါင်း ၃၂၆၄၀ ရှိသည်။ Britannica စွယ်စုံကျမ်းကြီးကို လွန်ခဲ့သော နှစ်ပေါင်း ၂၃၀ ကျော်ကတည်းက စတင်ထုတ်ေ၀ ခဲ့ခြင်း ဖြစ်သည်။ ပထမဆုံးစွယ်စုံကျမ်းကြီးကို ၁၇၆၈ ခုနှစ်မှ ၁၇၇၁ ခုနှစ်အထိ အတွဲ သုံးတွဲဖြင့် စကော့တလန်နိုင်ငံ၏မြို့တော် အဲ့ဒင်ဘာ့ဂျ်တွင် စတင်ထုတ်ဝေခဲ့သည်။
၁၈၀၁ ခုနှစ်မှ ၁၈၁၀ ပြည့်နှစ်အထိ အတွဲ ၂၀ ကို လေးကြိမ်မြောက်အဖြစ်လည်းကောင်း၊ ၁၈၇၅ ခုနှစ်မှ ၁၈၈၉ ခုနှစ်အထိကို ကိုးကြိမ်မြောက်အဖြစ်လည်းကောင်း၊ ၁၉၁၁ ခုနှစ်တွင် ၁၀ ကြိမ်မြောက်နှင့် ၂၀၁၀ ပြည့်နှစ်တွင် ၁၅ ကြိမ်မြောက်အဖြစ် အတွဲ ၃၂ တွဲ အသီးသီးထုတ်ေ၀ နိုင်ခဲ့သည်။
၁၅ ကြိမ်မြောက် ထုတ်ဝေသော စွယ်စုံကျမ်းကြီးမှစ၍ အပိုင်း သုံးပိုင်းဖြင့် ခွဲခြားထုတ်ဝေနိုင် ခဲ့ကြသည်။ Propaedia အပိုင်းသည် အပိုင်း (၁)၊ Micropaedia သည် အပိုင်း (၂)၊ Macropaedia သည် အပိုင်း (၃) ဟူ၍ ဖြစ်သည်။ Micropaedia တွင် အတွဲ ၁၂ တွဲရှိပြီး စကားလုံးရေ ၇၅၀ အောက်လျော့နည်းသော ဆောင်းပါးအတိုများ ဖြစ်သည်။ Macropaedia အပိုင်းတွင် အတွဲ ၁၇ တွဲရှိပြီး ဆောင်းပါးအရှည်များ ဖြစ်သည်။ Micropaedia သည် Macropaedia ၏ လမ်းညွှန်ဖြစ်ပြီး အချက်အလက်များကို အချိန်တိုအတွင်း လျင်မြန်စွာ ရှာဖွေနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ထို့ပြင် စာဖတ်သူများကိုလည်း ဆောင်းပါးများဖတ်ရာတွင် ပိုမိုစူးစမ်း၍ ဆက်လက်ရှာဖွေဖတ်ရှုရန်နှင့် တည်ပုဒ်၏ အကြောင်းအရာ၊ အတိမ်အနက်နှင့် Propaedia ၏ အဓိကအချက်အလက်များကို အားစိုက်လေ့လာရန် အကြံပြုထားသည်။
Britannica စွယ်စုံကျမ်းကို ၁၉၀၁ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံတွင် ပုံနှိပ်ခဲ့သော်လည်း ကျမ်း၏ စာလုံးပေါင်းသတ်ပုံကို British English ကိုသာ စံအဖြစ်ထား၍ ထုတ်ဝေခဲ့ကြသည်။ ဥပမာ- Colour သည် British English ဖြစ်ပြီး Color သည် American English ဖြစ်ရာတွင် Colour ကိုသာ စံအဖြစ်ထားသည်။ အလားတူ Encyclopaedia သည် British English ဖြစ်ပြီး Encyclopedia သည် American English ဖြစ်ရာ Encyclopaedia ကိုသာ စံအဖြစ် အသုံးပြုထားသည်။
သို့သော်လည်း အချို့ခြွင်းချက်စကားလုံးများတွင် American English ကိုသာ အသုံးပြုသည်။ ဥပမာ- Defence သည် British English ဖြစ်သော်လည်း American English ဖြစ်သည့် Defenseကိုသာအသုံးပြုသည်။ ၎င်းအပြင် Colour နှင့် Color ကဲ့သို့ အသုံးများသော စကားလုံးများကို Color : see Colour ဟု စာဖတ်သူများ ရှာဖွေဖတ်ရှုနိုင်ရန် မှတ်စုများ ထည့်ပေးထားသည်။ သာဓကအားဖြင့် မြန်မာစွယ်စုံကျမ်းကြီးတွင် ကစ္ဆပနဒီ။ ။ကုလားတန်မြစ်-ရှု ဟု ဖော်ပြထား သကဲ့သို့ ဖြစ်သည်။
Britannica စွယ်စုံကျမ်းကြီးတွင် Propaedia ၏ အဓိကရည်ရွယ်ချက်သည် လူသားအားလုံးနှင့် သက်ဆိုင်သည့် အသိပညာများကို အတွေ့အကြုံ ပညာရပ်များမှတစ်ဆင့် လိုအပ်သောအကြောင်းအရာ၊ သတင်းအချက်အလက်များ၊ ဖော်ပြချက်များ၊ စိတ်ကူးစိတ်သန်းသစ်များ ပိုမိုရင်းနှီး သိရှိသွား စေရန် ယုတ္တိကျကျ မူဘောင်ချထားပေးခြင်း ဖြစ်သည်။
Micropaedia နှင့် Macropaedia တွင် ပုံပေါင်း ၂၄၀၀၀ ခန့် ပါရှိသည်။ အက္ခရာစဉ်အညွှန်း အတွဲ ၂ တွင် ပုံ ၂၃၅၀ ခန့်ပါရှိပြီး တည်ပုဒ်ပေါင်း ၂၂၈၂၇၄ ပုဒ်ခန့် ပါဝင်သည်။ ယင်းတည်ပုဒ်များ၏အောက်မှ တည်ပုဒ်ခွဲပေါင်း ၄၇၄၆၇၅ ပုဒ်ခန့် ပါဝင်သည်။ ၂၀၀၄ ခုနှစ်တွင် CD/DVD ROM အတွက် ပညာရပ်ဆိုင်ရာ ထုတ်ဝေသူအသင်းမှ Distinguished Achievement Award ဆုကိုလည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် Top Ten Superbrands in the UK ဆုများအနက်မှ ဆုတစ်ဆုကိုလည်းကောင်း ရရှိခဲ့သည်။
Britannica စွယ်စုံကျမ်းထုတ်ဝေမှုကို ၁၇၈၆ ခုနှစ်မှ ယနေ့အထိ ခေတ်ငါးခေတ်ဖြင့် ခွဲခြားထားသည်ကိုလည်း တွေ့ရှိရသည်။ ပထမဆုံးထုတ်ဝေသည့် ၁၇၆၈ ခုနှစ်မှ ခြောက်ကြိမ်မြောက်ထုတ်ဝေသည့် ၁၈၂၆ ခုနှစ်အထိကို ခေတ်တစ်ခေတ်၊ ခုနစ်ကြိမ်မြောက်ထုတ်ဝေသည့် ၁၈၂၇ ခုနှစ်မှ ကိုးကြိမ်မြောက်ထုတ်ဝေသည့် ၁၉၀၁ ခုနှစ်အထိကိုေ ခတ်တစ်ခေတ်၊ ၁၀ ကြိမ်မြောက် ထုတ်ဝေသည့် ၁၉၀၁ ခုနှစ်မှ ၁၄ ကြိမ်မြောက် ထုတ်ဝေသည့် ၁၉၇၃ ခုနှစ်အထိကို ခေတ်တစ်ခေတ်၊ ၁၉၇၄ ခုနှစ် မှ ၁၉၉၄ ခုနှစ်အထိကို ခေတ်တစ်ခေတ်၊ ၁၉၉၄ ခုနှစ်မှ ယနေ့အထိကို ခေတ်တစ်ခေတ်ဟူ၍ ခွဲခြားထားသည်။
Britannica ၏ ၁၅ ကြိမ်မြောက် ထုတ်ဝေခြင်းကို ပုံစံသစ်ဖြင့် စတင်မိတ်ဆက်ခဲ့ပြီး ြMicropaedia? Macropaedia နှင့် Propaedia ဟူ၍ အပိုင်းသုံးပိုင်းဖြင့် ထုတ်ဝေခဲ့သည်။ ၁၉၉၄ ခုနှစ်မှ ယနေ့အထိသည် Digital Version ဖြင့် Optical Media နှင့် Onine တို့မှ ဖြန့်ချိနိုင်ခဲ့သည်။ Britannica စွယ်စုံကျမ်းကြီး၏ သမိုင်းတစ်လျှောက်ကိုကြည့်လျှင် ရည်ရွယ်ချက်နှစ်ခုဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ပထမရည်ရွယ်ချက်မှာ အကောင်းဆုံးအကိုးအကား ပြုနိုင်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ရန်နှင့် ဒုတိယရည်ရွယ်ချက်မှာ ပညာရပ်ဆိုင်ရာနယ်ပယ်တွင် အကောင်းဆုံး အထောက်အပံ့ပေးနိုင်ရန် ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် ဦးဆောင်ပြီး စာပေပညာရှင်များစွာဖြင့် မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲကို ၁၉၅၄ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ပြုစုထုတ်ဝေနိုင်ခဲ့သည်။ ယခုအခါ မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲကို ခေတ်မီအကြောင်းအရာ၊ အချက်အလက်များ ဖြည့်စွက်တည်းဖြတ်လျက် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရန် မြန်မာစာပေပညာရှင်ကြီးများ၊ ထွန်းဖောင်ဒေးရှင်းဘဏ်နှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်တို့ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။
အချုပ်အားဖြင့် Britannica စွယ်စုံကျမ်းအပါအဝင် ကမ္ဘာ့စွယ်စုံကျမ်းကြီးများ၊ မြန်မာ့စွယ်စုံကျမ်းကြီးများကို သုတေသနပြုလုပ်ရာတွင်လည်းကောင်း ၊ Reference အဖြစ်ဖြင့်လည်းကောင်း ဗဟုသုတဆိုင်ရာများကို ခြုံငုံသုံးသပ်မိစေရန် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ဖတ်ရှုလေ့လာနိုင်ကြစေရန် တိုက်တွန်းတင်ပြအပ်ပါသည်။
Credit : စိုးနိုင် (ကနီ)
Ref: https://en.Wikipedia.org/wiki/Encyclopaedia-Britannica
Britannica စြယ္စုံက်မ္းဆိုသည္မွာ
စြယ္စုံက်မ္း (Encyclopaedia) ကို ႏိုင္ငံအသီးသီးက မိမိတို႔ဘာသာျဖင့္ မိမိတို႔ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားလိုအပ္ေသာ ဗဟသုတမ်ားကို တစ္ထိုင္တည္း၊ တစ္ေနရာတည္းတြင္ မိမိတို႔သိလိုေသာ အေၾကာင္းအရာ၊ အတၳဳပၸတၱိစသည္တို႔ကို ရွာေဖြၾကည့္ရႈႏိုင္ေစရန္ ရည္႐ြယ္ၿပီး ျပဳစုေဆာင္႐ြက္ခဲ့ၾကသည္။
စြယ္စုံက်မ္း၏အဓိပၸာယ္ကို Oxford Advanced Learner’s Dictionary တြင္ အသိပညာ၊ ဗဟုသုတ နယ္ပယ္အားလုံးႏွင့္သက္ဆိုင္ေသာ အခ်က္အလက္မ်ား၊ သီးျခားအေၾကာင္းအရာတစ္ခု၏ ကြဲျပားျခားနားေသာနယ္ပယ္မ်ားမွ အခ်က္အလက္မ်ားကို (CD ROM သို႔မဟုတ္ Website တစ္ခုေပၚတြင္ အလားတူအခ်က္အလက္မ်ားကို စုစည္းထားျခင္း) အကၡရာစဥ္အလိုက္ ျပဳစုထားေသာစာအုပ္ သို႔မဟုတ္ စာအုပ္တြဲမ်ား (A book or set of books giving information about all areas of knowledge or about different areas of one particular subject, usually arranged in alphabetical order, a similar collection of information on a website or CD ROM)ဟု ေတြ႕ရသည္။
ႏိုင္ငံမ်ားစြာမွ အသီးသီးျပဳစုထားေသာ စြယ္စုံက်မ္းမ်ားစြာအနက္ ျမငအေညညငေခ စြယ္စုံက်မ္းသည္လည္း တစ္ခုအပါအဝင္ျဖစ္ၿပီး အလြန္ေရွးက်ကာ စြယ္စုံက်မ္းျပဳစုျခင္းႏွင့္ပတ္သက္၍ စံထားေလာက္ေသာ အဖိုးမျဖတ္ႏိုင္သည့္ က်မ္းႀကီးတစ္ဆူ ျဖစ္သည္။
Britannica ၿဗိတိသွ်စြယ္စုံက်မ္းႀကီးကို ၂၀၁၀ျ ပည့္ႏွစ္က ၁၅ ႀကိမ္ေျမာက္အျဖစ္ ထုတ္ေဝခဲ့ၿပီး ၂၀၁၆ ခုႏွစ္က ျပန္လည္ပုံႏွိပ္ထုတ္ေဝခဲ့သည္။ ယင္းက်မ္းႀကီးကို ျပဳစုရာတြင္ အခ်ိန္ျပည့္တာဝန္ထမ္းေဆာင္သည့္ အယ္ဒီတာဝန္ထမ္းေပါင္း ၁၀၀ ႏွင့္ သက္ဆိုင္ရာဘာသာရပ္၊ အေၾကာင္းအရာအလိုက္ ေရးသားေပးပို႔သူ ၄၀၀၀ ေက်ာ္ခန႔္ရွိသည္။ A မွ Z အထိ ၃၂ တြဲရွိၿပီး စာမ်က္ႏွာေပါင္း ၃၂၆၄၀ ရွိသည္။ Britannica စြယ္စုံက်မ္းႀကီးကို လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၃၀ ေက်ာ္ကတည္းက စတင္ထုတ္ေ၀ ခဲ့ျခင္း ျဖစ္သည္။ ပထမဆုံးစြယ္စုံက်မ္းႀကီးကို ၁၇၆၈ ခုႏွစ္မွ ၁၇၇၁ ခုႏွစ္အထိ အတြဲ သုံးတြဲျဖင့္ စေကာ့တလန္ႏိုင္ငံ၏ၿမိဳ႕ေတာ္ အဲ့ဒင္ဘာ့ဂ်္တြင္ စတင္ထုတ္ေဝခဲ့သည္။
၁၈၀၁ ခုႏွစ္မွ ၁၈၁၀ ျပည့္ႏွစ္အထိ အတြဲ ၂၀ ကို ေလးႀကိမ္ေျမာက္အျဖစ္လည္းေကာင္း၊ ၁၈၇၅ ခုႏွစ္မွ ၁၈၈၉ ခုႏွစ္အထိကို ကိုးႀကိမ္ေျမာက္အျဖစ္လည္းေကာင္း၊ ၁၉၁၁ ခုႏွစ္တြင္ ၁၀ ႀကိမ္ေျမာက္ႏွင့္ ၂၀၁၀ ျပည့္ႏွစ္တြင္ ၁၅ ႀကိမ္ေျမာက္အျဖစ္ အတြဲ ၃၂ တြဲ အသီးသီးထုတ္ေ၀ ႏိုင္ခဲ့သည္။
၁၅ ႀကိမ္ေျမာက္ ထုတ္ေဝေသာ စြယ္စုံက်မ္းႀကီးမွစ၍ အပိုင္း သုံးပိုင္းျဖင့္ ခြဲျခားထုတ္ေဝႏိုင္ခဲ့ၾကသည္။ Propaedia အပိုင္းသည္ အပိုင္း (၁)၊ Micropaedia သည္ အပိုင္း (၂)၊ Macropaedia သည္ အပိုင္း (၃) ဟူ၍ ျဖစ္သည္။ Micropaedia တြင္ အတြဲ ၁၂ တြဲရွိၿပီး စကားလုံးေရ ၇၅၀ ေအာက္ေလ်ာ့နည္းေသာ ေဆာင္းပါးအတိုမ်ား ျဖစ္သည္။ Macropaedia အပိုင္းတြင္ အတြဲ ၁၇ တြဲရွိၿပီး ေဆာင္းပါးအရွည္မ်ား ျဖစ္သည္။ Micropaedia သည္ Macropaedia ၏ လမ္းၫႊန္ျဖစ္ၿပီး အခ်က္အလက္မ်ားကို အခ်ိန္တိုအတြင္း လ်င္ျမန္စြာ ရွာေဖြႏိုင္ရန္ ရည္႐ြယ္ထားျခင္း ျဖစ္သည္။ ထို႔ျပင္ စာဖတ္သူမ်ားကိုလည္း ေဆာင္းပါးမ်ားဖတ္ရာတြင္ ပိုမိုစူးစမ္း၍ ဆက္လက္ရွာေဖြဖတ္ရႈရန္ႏွင့္ တည္ပုဒ္၏ အေၾကာင္းအရာ၊ အတိမ္အနက္ႏွင့္ Propaedia ၏ အဓိကအခ်က္အလက္မ်ားကို အားစိုက္ေလ့လာရန္ အႀကံျပဳထားသည္။
Britannica စြယ္စုံက်မ္းကို ၁၉၀၁ ခုႏွစ္ကတည္းက အေမရိကန္ႏိုင္ငံတြင္ ပုံႏွိပ္ခဲ့ေသာ္လည္း က်မ္း၏ စာလုံးေပါင္းသတ္ပုံကို British English ကိုသာ စံအျဖစ္ထား၍ ထုတ္ေဝခဲ့ၾကသည္။ ဥပမာ- Colour သည္ British English ျဖစ္ၿပီး Color သည္ American English ျဖစ္ရာတြင္ Colour ကိုသာ စံအျဖစ္ထားသည္။ အလားတူ Encyclopaedia သည္ British English ျဖစ္ၿပီး Encyclopedia သည္ American English ျဖစ္ရာ Encyclopaedia ကိုသာ စံအျဖစ္ အသုံးျပဳထားသည္။
သို႔ေသာ္လည္း အခ်ိဳ႕ႁခြင္းခ်က္စကားလုံးမ်ားတြင္ American English ကိုသာ အသုံးျပဳသည္။ ဥပမာ- Defence သည္ British English ျဖစ္ေသာ္လည္း American English ျဖစ္သည့္ Defenseကိုသာအသုံးျပဳသည္။ ၎အျပင္ Colour ႏွင့္ Color ကဲ့သို႔ အသုံးမ်ားေသာ စကားလုံးမ်ားကို Color : see Colour ဟု စာဖတ္သူမ်ား ရွာေဖြဖတ္ရႈႏိုင္ရန္ မွတ္စုမ်ား ထည့္ေပးထားသည္။ သာဓကအားျဖင့္ ျမန္မာစြယ္စုံက်မ္းႀကီးတြင္ ကစၦပနဒီ။ ။ကုလားတန္ျမစ္-ရႈ ဟု ေဖာ္ျပထား သကဲ့သို႔ ျဖစ္သည္။
Britannica စြယ္စုံက်မ္းႀကီးတြင္ Propaedia ၏ အဓိကရည္႐ြယ္ခ်က္သည္ လူသားအားလုံးႏွင့္ သက္ဆိုင္သည့္ အသိပညာမ်ားကို အေတြ႕အႀကဳံ ပညာရပ္မ်ားမွတစ္ဆင့္ လိုအပ္ေသာအေၾကာင္းအရာ၊ သတင္းအခ်က္အလက္မ်ား၊ ေဖာ္ျပခ်က္မ်ား၊ စိတ္ကူးစိတ္သန္းသစ္မ်ား ပိုမိုရင္းႏွီး သိရွိသြားေစရန္ ယုတၱိက်က် မူေဘာင္ခ်ထားေပးျခင္း ျဖစ္သည္။
Micropaedia ႏွင့္ Macropaedia တြင္ ပုံေပါင္း ၂၄၀၀၀ ခန႔္ ပါရွိသည္။ အကၡရာစဥ္အၫႊန္း အတြဲ ၂ တြင္ ပုံ ၂၃၅၀ ခန႔္ပါရွိၿပီး တည္ပုဒ္ေပါင္း ၂၂၈၂၇၄ ပုဒ္ခန႔္ ပါဝင္သည္။ ယင္းတည္ပုဒ္မ်ား၏ေအာက္မွ တည္ပုဒ္ခြဲေပါင္း ၄၇၄၆၇၅ ပုဒ္ခန႔္ ပါဝင္သည္။ ၂၀၀၄ ခုႏွစ္တြင္ CD/DVD ROM အတြက္ ပညာရပ္ဆိုင္ရာ ထုတ္ေဝသူအသင္းမွ Distinguished Achievement Award ဆုကိုလည္းေကာင္း၊ ၂၀၀၉ ခုႏွစ္တြင္ Top Ten Superbrands in the UK ဆုမ်ားအနက္မွ ဆုတစ္ဆုကိုလည္းေကာင္း ရရွိခဲ့သည္။
Britannica စြယ္စုံက်မ္းထုတ္ေဝမႈကို ၁၇၈၆ ခုႏွစ္မွ ယေန႔အထိ ေခတ္ငါးေခတ္ျဖင့္ ခြဲျခားထားသည္ကိုလည္း ေတြ႕ရွိရသည္။ ပထမဆုံးထုတ္ေဝသည့္ ၁၇၆၈ ခုႏွစ္မွ ေျခာက္ႀကိမ္ေျမာက္ထုတ္ေဝသည့္ ၁၈၂၆ ခုႏွစ္အထိကို ေခတ္တစ္ေခတ္၊ ခုနစ္ႀကိမ္ေျမာက္ထုတ္ေဝသည့္ ၁၈၂၇ ခုႏွစ္မွ ကိုးႀကိမ္ေျမာက္ထုတ္ေဝသည့္ ၁၉၀၁ ခုႏွစ္အထိကိုေ ခတ္တစ္ေခတ္၊ ၁၀ ႀကိမ္ေျမာက္ ထုတ္ေဝသည့္ ၁၉၀၁ ခုႏွစ္မွ ၁၄ ႀကိမ္ေျမာက္ ထုတ္ေဝသည့္ ၁၉၇၃ ခုႏွစ္အထိကို ေခတ္တစ္ေခတ္၊ ၁၉၇၄ ခုႏွစ္မွ ၁၉၉၄ ခုႏွစ္အထိကို ေခတ္တစ္ေခတ္၊ ၁၉၉၄ ခုႏွစ္မွ ယေန႔အထိကို ေခတ္တစ္ေခတ္ဟူ၍ ခြဲျခားထားသည္။
Britannica ၏ ၁၅ ႀကိမ္ေျမာက္ ထုတ္ေဝျခင္းကို ပုံစံသစ္ျဖင့္ စတင္မိတ္ဆက္ခဲ့ၿပီး ျMicropaedia? Macropaedia ႏွင့္ Propaedia ဟူ၍ အပိုင္းသုံးပိုင္းျဖင့္ ထုတ္ေဝခဲ့သည္။ ၁၉၉၄ ခုႏွစ္မွ ယေန႔အထိသည္ Digital Version ျဖင့္ Optical Media ႏွင့္ Onine တို႔မွ ျဖန႔္ခ်ိႏိုင္ခဲ့သည္။ Britannica စြယ္စုံက်မ္းႀကီး၏ သမိုင္းတစ္ေလွ်ာက္ကိုၾကည့္လွ်င္ ရည္႐ြယ္ခ်က္ႏွစ္ခုျဖင့္ ျပဳလုပ္ေဆာင္႐ြက္ခဲ့သည္ကို ေတြ႕ျမင္ရမည္ျဖစ္သည္။ ပထမရည္႐ြယ္ခ်က္မွာ အေကာင္းဆုံးအကိုးအကား ျပဳႏိုင္သည့္ စာအုပ္ေကာင္းတစ္အုပ္ျဖစ္ရန္ႏွင့္ ဒုတိယရည္႐ြယ္ခ်က္မွာ ပညာရပ္ဆိုင္ရာနယ္ပယ္တြင္ အေကာင္းဆုံး အေထာက္အပံ့ေပးႏိုင္ရန္ ျဖစ္သည္။
ျမန္မာႏိုင္ငံတြင္လည္း ျမန္မာႏိုင္ငံဘာသာျပန္စာေပအသင္းဥကၠ႒၊ ဝန္ႀကီးခ်ဳပ္ဦးႏုကိုယ္တိုင္ ဦးေဆာင္ၿပီး စာေပပညာရွင္မ်ားစြာျဖင့္ ျမန္မာ့စြယ္စုံက်မ္း ၁၅ တြဲကို ၁၉၅၄ ခုႏွစ္မွ ၁၉၇၇ ခုႏွစ္အထိ ျပဳစုထုတ္ေဝႏိုင္ခဲ့သည္။ ယခုအခါ ျမန္မာ့စြယ္စုံက်မ္း ၁၅ တြဲကို ေခတ္မီအေၾကာင္းအရာ၊ အခ်က္အလက္မ်ား ျဖည့္စြက္တည္းျဖတ္လ်က္ ျပန္လည္ပုံႏွိပ္ထုတ္ေဝႏိုင္ရန္ ျမန္မာစာေပပညာရွင္ႀကီးမ်ား၊ ထြန္းေဖာင္ေဒးရွင္းဘဏ္ႏွင့္ ျပန္ၾကားေရးဝန္ႀကီးဌာန၊ ပုံႏွိပ္ေရးႏွင့္ထုတ္ေဝေရးဦးစီးဌာန၊ စာေပဗိမာန္တို႔ပူးေပါင္း၍ ေဆာင္႐ြက္လ်က္ရွိသည္။
အခ်ဳပ္အားျဖင့္ Britannica စြယ္စုံက်မ္းအပါအဝင္ ကမာၻ႔စြယ္စုံက်မ္းႀကီးမ်ား၊ ျမန္မာ့စြယ္စုံက်မ္းႀကီးမ်ားကို သုေတသနျပဳလုပ္ရာတြင္လည္းေကာင္း ၊ Reference အျဖစ္ျဖင့္လည္းေကာင္း ဗဟုသုတဆိုင္ရာမ်ားကို ၿခဳံငုံသုံးသပ္မိေစရန္ ေကာင္းမြန္ေသာ ရည္႐ြယ္ခ်က္ျဖင့္ ဖတ္ရႈေလ့လာႏိုင္ၾကေစရန္ တိုက္တြန္းတင္ျပအပ္ပါသည္။
Credit : စိုးႏိုင္ (ကနီ)
သက်ရှည်ကျန်းမာ Blue Zones များ
ကမ္ဘာပေါ်မှာ အသက် ၁၀၀ ကျော် ရှိသူများ နေထိုင်လျက်ရှိတဲ့ နေရာများကို Dan Buettner ဆိုသူက အထူးလေ့လာခဲ့ပါတယ်။National Geographic Society အဖွဲ့ကြီးရဲ့ ကူညီမှုနဲ့ လေ့လာ နိုင်ခဲ့ကြောင်း သိရပါတယ်။ ယနေ့ ကမ္ဘာ့လူသားများကို အများဆုံးဒုက္ခပေးနေတဲ့ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ၊ စိတ်မကျန်းမာမှု စတဲ့ရောဂါများနဲ့ ဝေးကွာပြီး အသက်ရှည်ရှည် ကျန်းကျန်းမာမာ၊ ကိုယ်စိတ်ချမ်းသာစွာ နေထိုင်နိုင်ကြတဲ့ ဒေသများကို အပြာရောင်ဇုန် (Blue Zones) များလို့လည်း ခေါ်ဝေါ်ထားပါတယ်။ ကမ္ဘာ့မြေပုံပေါ်မှာ စာရေးမင်အပြာရောင်နဲ့ ဝိုင်းထားလေ့ရှိတာမို့ Blue Zones လို့ ခေါ်ကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့၂၀၀၀ ပြည့်နှစ် အစောပိုင်းက ကမ္ဘာ့သက်တမ်းရှည်ဒေသ လေးခုရှိကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။
၁။ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းကို ကမ္ဘာကျော် သက်တမ်းရှည်ဒေသအဖြစ် လူသိများပါတယ်။ Hari Hachi Bu ခေါ် ရှေးပညာရှင်ကြီး ကွန်ဖြူးရှပ်စ်ရဲ့ "အစာအိမ်ရဲ့ ၈၀ ရာခိုင်နှုန်းကိုသာ ပြည့်အောင်စား၊ အသက်ရှည်မယ်" ဆိုတဲ့ သြဝါဒအတိုင်း လိုက်နာကြတာ ဖြစ်ပါတယ်။ နေ့စဉ် ကီလိုကယ်လိုရီ ၁ç၈၀၀ ကနေ ၁ç၉၀၀ ခန့်သာ စားသုံးကြပါတယ်။ အသက်ကြီးသူများရဲ့ Body Mass Index (BMI) ကိုယ်အလေးချိန်နဲ့ အရပ်အချိုးဟာ ၁၈ ဒသမ ၂၂ သာ ရှိကြပါတယ်။ အမေရိကန်နိုင်ငံ မှာဆို အသက် ၆၀ ကျော်များရဲ့BMI ဟာ ၂၆ - ၂၇ ရှိပါတယ်။
၂။ ပါကစ္စတန်နိုင်ငံမှာရှိတဲ့ ဟန်ဇာတောင် ကြားဒေသ (Hunza Valley) ဖြစ်ပါတယ်။ ဒေသခံအများစုဟာ အသက် ၉၀ အထိ ရောဂါဘယ မထွေပြားဘဲ နေနိုင်ကြတယ်။ သက်တမ်း ၁၂၀ နှစ်အထိ နေနိုင်ကြတယ်လို့ ပြောစမှတ် ပြုကြပါတယ်။ သူတို့ရဲ့ အဓိကအစားအစာကတော့ အစေ့အဆန်တွေ၊ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ကြပါတယ်။ ပင်လယ် ရေပြင် အထက်အမြင့် ၇,၉၉၉ ပေ (၂ç၄၃၈ မီတာ) အမြင့်မှာ တည်ရှိပါတယ်။
၃။ အီကွေဒေါနိုင်ငံမှာရှိတဲ့ ဗီလ်ကာဘမ်းဘား ဒေသ (Vilcabamba, Equator) ဖြစ်ပါတယ်။ ရှေးအင်ကာလူမျိုးများရဲ့ "ကစားကွင်း" လို့ အဓိပ္ပာယ်ရပါတယ်။ Mandango တောင်ကြီးကိုအိပ်ပျော်နေသော အင်ကာ(Sleeping Inca) လို့ ခေါ်ကြပါတယ်။ သဘာဝဘေးအန္တရာယ်တွေ ဖြစ်တဲ့ ငလျင်လှုပ်၊ မီးတောင်ပေါက်၊ လေပြင်းမုန်တိုင်းတိုက်ခြင်း စသည်တို့ ကင်းဝေးတယ်လို့ ဆိုကြပါတယ်။ ဒီဒေသမှာထွက်တဲ့ ရေက Mineral Water တဲ့။ သတ္တုဓာတ်တွေ သဘာဝအတိုင်း ပျော်ဝင်နေတဲ့ ရေပါ။ ဒေသခံတွေဟာ အသက် ၁၂၀ တိုင်အောင် ရှည်နိုင်ကြတယ်လို့ ဆိုစမှတ်ပြု ကြပါတယ်။
၄။ ယခင် ဆိုဗီယက်ယူနီယံမှာပါတဲ့ အက်ဗ်ခါးဇီးယားဒေသ (Abkhasia, Soviet Union) ဖြစ်ပါတယ်။ စစ်အေးကာလအတွင်းက ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး လူများနေထိုင်ရာ ဒေသဖြစ်ကြောင်း သိရပါတယ်။ လူအများစုတို့ဟာ အသက် ၉၀ နှစ်အထိ ကျန်းမာ ကြတယ်။ ဥရောပတိုက်မှာ ပလိပ်ရောဂါဆိုးကြီး (Plague) ဖြစ်ပွားစဉ်က ဒီဒေသကို လုံး၀ မကူးစက်ခဲ့ဘူးလို့ သိရပါတယ်။
အခုအခါမှာ သက်တမ်းရှည်ဒေသများကို အောက်ပါအတိုင်း တွေ့ရပါတယ်-
၁။ ဂရိနိုင်ငံက အီကာရီးယားကျွန်း (Ikaria, Greece)
၂။ အိုကီနာဝါကျွန်း၊ ဂျပန်နိုင်ငံ (Okinawa, Japan)
၃။ အိုဂလီယာစထရာဒေသ၊ ဆာဒီးနား၊ အီတလီနိုင်ငံ (Ogliastra Region, Italy)
၄။ လိုမာလင်ဒါ၊ ကာလီဖိုးနီးယား၊ အမေရိကန်ပြည်ထောင်စု (Loma Linda, California, USA)
၅။ နီကိုယာ ကျွန်းဆွယ်ဒေသ၊ ကော်စတာ ရီကာနိုင်ငံ (Nicoya Peninsula, Costa Rica) တို့ ဖြစ်ကြပါတယ်။
အီကာရီးယားကျွန်း၊ ဂရိနိုင်ငံ
အီကာရီးယားကျွန်းကလေးဟာ ဂရိနိုင်ငံပိုင်ဖြစ်ပြီး တူရကီနိုင်ငံ ကမ်းခြေနဲ့ ရှစ်မိုင်အကွာ အေဂျီယံပင်လယ်တွင်းမှာ ရှိပါတယ်။ ကျွန်းသူကျွန်းသားအများစုတို့ဟာ အသက်အလယ် အလတ်တန်းမှာ သေဆုံးမှုနဲ့ Dementia ခါ် မှတ်ဉာဏ်လျော့ပါးမှု အနည်းဆုံးဖြစ်ကြောင်း တွေ့ရပါတယ်။ သက်တမ်းကလည်း တော်တော်လေး ရှည်လျားကြပါတယ်။
သူတို့ရဲ့ အဓိကအစားအစာက မြေထဲပင်လယ်ဒေသ အစားအစာပုံစံဖြစ်ပြီး ဟင်းသီးဟင်းရွက် အသီးအနှံတွေ၊ သံလွင်ဆီများများ (ကောင်းတဲ့အဆီဓာတ်များ) တို့ ဖြစ်ကြပြီး နို့နဲ့ နို့ထွက်ပစ္စည်း၊ အသားတို့ကို အနည်းငယ်မျှသာ စားသုံးလေ့ရှိကြပါတယ်။ လူသုံးယောက်မှာ တစ်ယောက်နှုန်းတို့က အသက် ၉၀ ကျော် ရှိနေကြပြီး ကမ္ဘာပေါ်မှာ အသက် ၉၀ ကျော်အရွယ် အများဆုံးနေထိုင်တဲ့ ဒေသလည်း ဖြစ်ပါတယ်။ ကင်ဆာဖြစ်နှုန်း၂၀ ရာခိုင်နှုန်းကျော်၊ နှလုံးရောဂါနဲ့ သတိမေ့မှတ်ဉာဏ်လျော့ Dementia ဖြစ်နှုန်း ၅၀ ရာခိုင်နှုန်းကျော် လျော့နည်းတဲ့ ဒေသ ဖြစ်ကြောင်းလည်း သိရပါတယ်။
အိုကီနာဝါကျွန်း၊ ဂျပန်နိုင်ငံ
အိုကီနာဝါကျွန်းဟာ ဂျပန်ကျွန်းဆွယ်ရဲ့ အကြီးဆုံးကျွန်းတစ်ခုဖြစ်ပြီး အသက်ရာကျော် ရှည်ကြသူ အများဆုံး နေထိုင်ကြတဲ့ကျွန်း ဖြစ်ပါတယ်။ အသီးအနှံတွေ၊ မုန်လာဥ၊ ပဲပိစပ်၊ နနွင်း၊ ကြက်ဟင်းခါးသီး စသည်တို့ကို အဓိကစားသုံးကြ တယ်လို့ သိရပါတယ်။
ဆာဒီးနားတောင်တန်းဒေသ၊ အီတလီနိုင်ငံ
အီတလီနိုင်ငံရဲ့ ဆာဒီးနားတောင်တန်းဒေသ မှာရှိတဲ့ အိုဂလီယာစထရာဒေသမှာ အသက်ရာကျော် အမျိုးသားများစွာ နေထိုင်နေကြတာကို တွေ့ရပါတယ်။ အသက် ၆၅ နှစ်အောက် သေဆုံးမှုက တော်တော်နည်းပါးလှပါတယ်။ ဆီးချို၊ သွေးတိုး၊ ကင်ဆာရောဂါ ဖြစ်ပွားမှု နည်းပါးလှပါတယ်။ သူတို့ရဲ့ အစားအစာမှာ အသားဓာတ် တော်တော်နည်းပါးကြောင်း တွေ့ရပါတယ်။ ုနကူသ ခေါ် ရွာကလေးမှာ အသက်ရာကျော်သူ အမျိုးသား ၂၀ ဦးခန့် ၁၉၉၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ နေထိုင်ခဲ့ကြောင်း သိရပါတယ်။
လိုမာလင်ဒါ၊ ကာလီဖိုးနီးယားပြည်နယ်
အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားဒေသမှာ ရှိတဲ့ လိုမာလင်ဒါဒေသမှာ သတ္တမမြောက် ဥပုသ်အသင်းတော်ဝင် အများစုနေထိုင်ကြပြီး အမေရိကန်နိုင်ငံသားအများစုရဲ့ သက်တမ်းထက် ၁၀ နှစ်ကျော် ပိုအသက်ရှည်ကြကြောင်း တွေ့ရပါတယ်။ ကျမ်းစာလာအတိုင်း အစေ့အဆန်တွေ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များသာ စားသုံးကြ ကြောင်း သိရပါတယ်။
နီကိုယာကျွန်းဆွယ်ဒေသ၊ ကော်စတာရီကာနိုင်ငံ
နီကိုယာကျွန်းဆွယ်ဒေသ၊ ကော်စတာရီကာနိုင်ငံတွင် မိုင် ၈၀ ရှည်ပြီး မိုင် ၃၀ မျှ ရှည်လျားတဲ့ကမ်းခြေ ရှိပါတယ်။ အလယ်အလတ်တန်း အရွယ်များ သေဆုံးမှု အလွန်နည်းပါးပြီး ကမ္ဘာပေါ် မှာ အသက်ရာကျော်ရှည် အမျိူးသားများ ဒုတိယ အများဆုံး နေထိုင်ရာလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ အသက်ရှည်ရခြင်း လျှို့ဝှက်ချက်ကတော့ လူမှုရေးလုပ်ငန်းတွေ အလွန်လုပ်ကြတယ်။ စုပေါင်းဆောင်ရွက်မှုတွေ လုပ်ကြတယ်၊ ညီညွတ်ကြတယ်၊ ပျော်ပျော်နေတတ်ကြတယ်၊ တတ်နိုင်သလောက် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ကြတယ် ဆိုတာပါပဲ။
၁။ သွားလာကြတဲ့အခါ သဘာဝအတိုင်းသွားလေ့ရှိကြပါတယ်။ လမ်းလျှောက်မယ်၊ စက်ဘီးစီးမယ်၊ လှေစီး လှေလှော်မယ် စသည်ဖြင့် လုပ်လေ့ရှိကြပါတယ်။ ဥယျာဉ်စိုက်ကြတယ်၊ အိမ်အလုပ်တွေ လုပ်ကြပါတယ်။
၂။ နံနက်အိပ်ရာကနိုးတာနဲ့ အိုကီနာဝါ ကျွန်းသားတွေက Ikigai ၊ နီကိုယာသားတွေက Plan De Vida လို့ ဆိုကြတယ်။ နေ့သစ်တစ်နေ့ ရပြီဖြစ် လို့ သိပ်ပျော်ရွှင်တယ်၊ မင်္ဂလာပြည့်ဝလှတယ်လို့ ကောင်းစွာ နှလုံးသွင်းကြပါတယ်။ ဒီလိုလုပ်ခြင်းကြောင့် ခုနစ်နှစ်တာမျှ ပိုမိုအသက်ရှည်ကြောင်း သိရပါတယ်။
၃။ စိတ်ဖိစီးမှုတွေကို လျှော့ချကြတယ်။ သတ္တမမြောက် ဥပုသ်အသင်းတော်ဝင်တွေက ဘုရားသခင်ထံ ဝတ်ပြုဆုတောင်းကြတယ်။ အီကာရီးယမ်းသားတွေက နေ့လယ် ပိုအိပ်ကြတယ်။ ဆာဒီးနားသားတွေက ပျော်ပျော်ရွှင်ရွှင် အလုပ် ပိုလုပ်ကြကြောင်း သိရပါတယ်။
၄။ ၈၀ ရာခိုင်နှုန်း ျွကူန တဲ့။ သူတို့ရဲ့ဗိုက်ကိုအပြည့်မစားကြဘူး။ အစာအိမ်ရဲ့ ၈၀ ရာခိုင်နှုန်း ကိုပဲ ဖြည့်ပေးကြလေ့ရှိပါတယ်။ ညနေစာကို အနည်းဆုံးမျှသာ စားကြတာ တွေ့ရပါတယ်။
၅။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံတွေကို ကိုယ်တိုင်စိုက်ပျိုးက၊ စားသုံးကြပါတယ်။ အစေ့အဆန်တွေကို အဓိကစားသုံးကြပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို စားသုံးလေ့ ရှိကြပြီး အသားကို အနည်းငယ်မျှသာ စားလေ့ ရှိကြပါတယ်။
၆။ ဝိုင်ကို အသင့်အတင့် သောက်သုံးကြပါတယ်။ ပွဲလမ်းသဘင်များမှာ ဝိုင်းဖွဲ့ သောက်သုံးခြင်းဟာ အစဉ်အလာတစ်ခု ဖြစ်ပါတယ်။
၇။ ဘာသာတရားများအပေါ် လေးစားယုံကြည်ကြပြီး လိုက်နာကျင့်သုံးလေ့ရှိကြပါတယ်။ ဒီအလေ့အကျင့်ကြောင့် သက်တမ်း လေးနှစ်မှ ၁၄နှစ်အထိ အသက်ပိုရှည်ကြကြောင်း တွေ့ရပါတယ်။
၈။ မိသားစုကို အထူးချစ်ခင်ကြပြီး နွေးထွေးတဲ့ မိသားစုပုံသဏ္ဌာန်များ ပိုင်ဆိုင်လေ့ရှိကြပါတယ်။ မိဘ၊ အဘိုးအဘွား၊ သားသမီးမြေးမြစ်များ စုပေါင်းနေထိုင်လေ့ရှိကြပါတယ်။ ဒါဟာ အပြာရောင်ဇုန် (Blue Zones) ဒေသခံအများစုရဲ့ နှစ်သက်ဖွယ်စရိုက် ဖြစ်ပါတယ်။
၉။ ကလျာဏမိတ္တ မိတ်ဆွေကောင်းများရှိကြပြီး အချင်းချင်း ချစ်ခင်စည်းရုံးကြတယ်။ ကောင်းမွန်တဲ့ လူမှုရေးလုပ်ငန်းတွေ စုပေါင်း ဆောင်ရွက်လေ့ရှိကြပါတယ်။
ဒီအချက်တွေကို Power-9 လို့လည်း ခေါ်ကြ ပါတယ်။
Credit : ေဒါက်တာ မြင့်သန်း (ညောင်လေးပင်) - Ref : Blue Zone, Internet
သက္ရွည္က်န္းမာ Blue Zones မ်ား
ကမာၻေပၚမွာ အသက္ ၁၀၀ ေက်ာ္ ရွိသူမ်ား ေနထိုင္လ်က္ရွိတဲ့ ေနရာမ်ားကို Dan Buettner ဆိုသူက အထူးေလ့လာခဲ့ပါတယ္။National Geographic Society အဖြဲ႕ႀကီးရဲ႕ ကူညီမႈနဲ႔ ေလ့လာ ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။ ယေန႔ ကမာၻ႔လူသားမ်ားကို အမ်ားဆုံးဒုကၡေပးေနတဲ့ ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလုံး၊ ကင္ဆာ၊ စိတ္မက်န္းမာမႈ စတဲ့ေရာဂါမ်ားနဲ႔ ေဝးကြာၿပီး အသက္ရွည္ရွည္ က်န္းက်န္းမာမာ၊ ကိုယ္စိတ္ခ်မ္းသာစြာ ေနထိုင္ႏိုင္ၾကတဲ့ ေဒသမ်ားကို အျပာေရာင္ဇုန္ (Blue Zones) မ်ားလို႔လည္း ေခၚေဝၚထားပါတယ္။ ကမာၻ႔ေျမပုံေပၚမွာ စာေရးမင္အျပာေရာင္နဲ႔ ဝိုင္းထားေလ့ရွိတာမို႔ Blue Zones လို႔ ေခၚေၾကာင္း သိရပါတယ္။ လြန္ခဲ့တဲ့၂၀၀၀ ျပည့္ႏွစ္ အေစာပိုင္းက ကမာၻ႔သက္တမ္းရွည္ေဒသ ေလးခုရွိေၾကာင္း ေလ့လာေတြ႕ရွိခဲ့ၾကပါတယ္။
၁။ ဂ်ပန္ႏိုင္ငံ အိုကီနာဝါကြၽန္းကို ကမာၻေက်ာ္ သက္တမ္းရွည္ေဒသအျဖစ္ လူသိမ်ားပါတယ္။ Hari Hachi Bu ေခၚ ေရွးပညာရွင္ႀကီး ကြန္ျဖဴးရွပ္စ္ရဲ႕ "အစာအိမ္ရဲ႕ ၈၀ ရာခိုင္ႏႈန္းကိုသာ ျပည့္ေအာင္စား၊ အသက္ရွည္မယ္" ဆိုတဲ့ ၾသဝါဒအတိုင္း လိုက္နာၾကတာ ျဖစ္ပါတယ္။ ေန႔စဥ္ ကီလိုကယ္လိုရီ ၁ç၈၀၀ ကေန ၁ç၉၀၀ ခန႔္သာ စားသုံးၾကပါတယ္။ အသက္ႀကီးသူမ်ားရဲ႕ Body Mass Index (BMI) ကိုယ္အေလးခ်ိန္နဲ႔ အရပ္အခ်ိဳးဟာ ၁၈ ဒသမ ၂၂ သာ ရွိၾကပါတယ္။ အေမရိကန္ႏိုင္ငံ မွာဆို အသက္ ၆၀ ေက်ာ္မ်ားရဲ႕BMI ဟာ ၂၆ - ၂၇ ရွိပါတယ္။
၂။ ပါကစၥတန္ႏိုင္ငံမွာရွိတဲ့ ဟန္ဇာေတာင္ ၾကားေဒသ (Hunza Valley) ျဖစ္ပါတယ္။ ေဒသခံအမ်ားစုဟာ အသက္ ၉၀ အထိ ေရာဂါဘယ မေထြျပားဘဲ ေနႏိုင္ၾကတယ္။ သက္တမ္း ၁၂၀ ႏွစ္အထိ ေနႏိုင္ၾကတယ္လို႔ ေျပာစမွတ္ ျပဳၾကပါတယ္။ သူတို႔ရဲ႕ အဓိကအစားအစာကေတာ့ အေစ့အဆန္ေတြ၊ အသီးအႏွံေတြနဲ႔ ဟင္းသီးဟင္း႐ြက္ေတြပဲ ျဖစ္ၾကပါတယ္။ ပင္လယ္ ေရျပင္ အထက္အျမင့္ ၇,၉၉၉ ေပ (၂ç၄၃၈ မီတာ) အျမင့္မွာ တည္ရွိပါတယ္။
၃။ အီေကြေဒါႏိုင္ငံမွာရွိတဲ့ ဗီလ္ကာဘမ္းဘား ေဒသ (Vilcabamba, Equator) ျဖစ္ပါတယ္။ ေရွးအင္ကာလူမ်ိဳးမ်ားရဲ႕ "ကစားကြင္း" လို႔ အဓိပၸာယ္ရပါတယ္။ Mandango ေတာင္ႀကီးကိုအိပ္ေပ်ာ္ေနေသာ အင္ကာ(Sleeping Inca) လို႔ ေခၚၾကပါတယ္။ သဘာဝေဘးအႏၲရာယ္ေတြ ျဖစ္တဲ့ ငလ်င္လႈပ္၊ မီးေတာင္ေပါက္၊ ေလျပင္းမုန္တိုင္းတိုက္ျခင္း စသည္တို႔ ကင္းေဝးတယ္လို႔ ဆိုၾကပါတယ္။ ဒီေဒသမွာထြက္တဲ့ ေရက Mineral Water တဲ့။ သတၱဳဓာတ္ေတြ သဘာဝအတိုင္း ေပ်ာ္ဝင္ေနတဲ့ ေရပါ။ ေဒသခံေတြဟာ အသက္ ၁၂၀ တိုင္ေအာင္ ရွည္ႏိုင္ၾကတယ္လို႔ ဆိုစမွတ္ျပဳ ၾကပါတယ္။
၄။ ယခင္ ဆိုဗီယက္ယူနီယံမွာပါတဲ့ အက္ဗ္ခါးဇီးယားေဒသ (Abkhasia, Soviet Union) ျဖစ္ပါတယ္။ စစ္ေအးကာလအတြင္းက ကမာၻေပၚမွာ သက္တမ္းအရွည္ဆုံး လူမ်ားေနထိုင္ရာ ေဒသျဖစ္ေၾကာင္း သိရပါတယ္။ လူအမ်ားစုတို႔ဟာ အသက္ ၉၀ ႏွစ္အထိ က်န္းမာ ၾကတယ္။ ဥေရာပတိုက္မွာ ပလိပ္ေရာဂါဆိုးႀကီး (Plague) ျဖစ္ပြားစဥ္က ဒီေဒသကို လုံး၀ မကူးစက္ခဲ့ဘူးလို႔ သိရပါတယ္။
အခုအခါမွာ သက္တမ္းရွည္ေဒသမ်ားကို ေအာက္ပါအတိုင္း ေတြ႕ရပါတယ္-
၁။ ဂရိႏိုင္ငံက အီကာရီးယားကြၽန္း (Ikaria, Greece)
၂။ အိုကီနာဝါကြၽန္း၊ ဂ်ပန္ႏိုင္ငံ (Okinawa, Japan)
၃။ အိုဂလီယာစထရာေဒသ၊ ဆာဒီးနား၊ အီတလီႏိုင္ငံ (Ogliastra Region, Italy)
၄။ လိုမာလင္ဒါ၊ ကာလီဖိုးနီးယား၊ အေမရိကန္ျပည္ေထာင္စု (Loma Linda, California, USA)
၅။ နီကိုယာ ကြၽန္းဆြယ္ေဒသ၊ ေကာ္စတာ ရီကာႏိုင္ငံ (Nicoya Peninsula, Costa Rica) တို႔ ျဖစ္ၾကပါတယ္။
အီကာရီးယားကြၽန္း၊ ဂရိႏိုင္ငံ
အီကာရီးယားကြၽန္းကေလးဟာ ဂရိႏိုင္ငံပိုင္ျဖစ္ၿပီး တူရကီႏိုင္ငံ ကမ္းေျခနဲ႔ ရွစ္မိုင္အကြာ ေအဂ်ီယံပင္လယ္တြင္းမွာ ရွိပါတယ္။ ကြၽန္းသူကြၽန္းသားအမ်ားစုတို႔ဟာ အသက္အလယ္ အလတ္တန္းမွာ ေသဆုံးမႈနဲ႔ Dementia ခၚ မွတ္ဥာဏ္ေလ်ာ့ပါးမႈ အနည္းဆုံးျဖစ္ေၾကာင္း ေတြ႕ရပါတယ္။ သက္တမ္းကလည္း ေတာ္ေတာ္ေလး ရွည္လ်ားၾကပါတယ္။
သူတို႔ရဲ႕ အဓိကအစားအစာက ေျမထဲပင္လယ္ေဒသ အစားအစာပုံစံျဖစ္ၿပီး ဟင္းသီးဟင္း႐ြက္ အသီးအႏွံေတြ၊ သံလြင္ဆီမ်ားမ်ား (ေကာင္းတဲ့အဆီဓာတ္မ်ား) တို႔ ျဖစ္ၾကၿပီး ႏို႔နဲ႔ ႏို႔ထြက္ပစၥည္း၊ အသားတို႔ကို အနည္းငယ္မွ်သာ စားသုံးေလ့ရွိၾကပါတယ္။ လူသုံးေယာက္မွာ တစ္ေယာက္ႏႈန္းတို႔က အသက္ ၉၀ ေက်ာ္ ရွိေနၾကၿပီး ကမာၻေပၚမွာ အသက္ ၉၀ ေက်ာ္အ႐ြယ္ အမ်ားဆုံးေနထိုင္တဲ့ ေဒသလည္း ျဖစ္ပါတယ္။
ကင္ဆာျဖစ္ႏႈန္း၂၀ ရာခိုင္ႏႈန္းေက်ာ္၊ ႏွလုံးေရာဂါနဲ႔ သတိေမ့မွတ္ဥာဏ္ေလ်ာ့ Dementia ျဖစ္ႏႈန္း ၅၀ ရာခိုင္ႏႈန္းေက်ာ္ ေလ်ာ့နည္းတဲ့ ေဒသ ျဖစ္ေၾကာင္းလည္း သိရပါတယ္။
အိုကီနာဝါကြၽန္း၊ ဂ်ပန္ႏိုင္ငံ
အိုကီနာဝါကြၽန္းဟာ ဂ်ပန္ကြၽန္းဆြယ္ရဲ႕ အႀကီးဆုံးကြၽန္းတစ္ခုျဖစ္ၿပီး အသက္ရာေက်ာ္ ရွည္ၾကသူ အမ်ားဆုံး ေနထိုင္ၾကတဲ့ကြၽန္း ျဖစ္ပါတယ္။ အသီးအႏွံေတြ၊ မုန္လာဥ၊ ပဲပိစပ္၊ နႏြင္း၊ ၾကက္ဟင္းခါးသီး စသည္တို႔ကို အဓိကစားသုံးၾက တယ္လို႔ သိရပါတယ္။
ဆာဒီးနားေတာင္တန္းေဒသ၊ အီတလီႏိုင္ငံ
အီတလီႏိုင္ငံရဲ႕ ဆာဒီးနားေတာင္တန္းေဒသ မွာရွိတဲ့ အိုဂလီယာစထရာေဒသမွာ အသက္ရာေက်ာ္ အမ်ိဳးသားမ်ားစြာ ေနထိုင္ေနၾကတာကို ေတြ႕ရပါတယ္။ အသက္ ၆၅ ႏွစ္ေအာက္ ေသဆုံးမႈက ေတာ္ေတာ္နည္းပါးလွပါတယ္။ ဆီးခ်ိဳ၊ ေသြးတိုး၊ ကင္ဆာေရာဂါ ျဖစ္ပြားမႈ နည္းပါးလွပါတယ္။ သူတို႔ရဲ႕ အစားအစာမွာ အသားဓာတ္ ေတာ္ေတာ္နည္းပါးေၾကာင္း ေတြ႕ရပါတယ္။ ုနကူသ ေခၚ ႐ြာကေလးမွာ အသက္ရာေက်ာ္သူ အမ်ိဳးသား ၂၀ ဦးခန႔္ ၁၉၉၆ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အထိ ေနထိုင္ခဲ့ေၾကာင္း သိရပါတယ္။
လိုမာလင္ဒါ၊ ကာလီဖိုးနီးယားျပည္နယ္
အေမရိကန္ႏိုင္ငံ ကာလီဖိုးနီးယားေဒသမွာ ရွိတဲ့ လိုမာလင္ဒါေဒသမွာ သတၱမေျမာက္ ဥပုသ္အသင္းေတာ္ဝင္ အမ်ားစုေနထိုင္ၾကၿပီး အေမရိကန္ႏိုင္ငံသားအမ်ားစုရဲ႕ သက္တမ္းထက္ ၁၀ ႏွစ္ေက်ာ္ ပိုအသက္ရွည္ၾကေၾကာင္း ေတြ႕ရပါတယ္။ က်မ္းစာလာအတိုင္း အေစ့အဆန္ေတြ၊ သစ္သီးနဲ႔ ဟင္းသီးဟင္း႐ြက္မ်ားသာ စားသုံးၾက ေၾကာင္း သိရပါတယ္။
နီကိုယာကြၽန္းဆြယ္ေဒသ၊ ေကာ္စတာရီကာႏိုင္ငံ
နီကိုယာကြၽန္းဆြယ္ေဒသ၊ ေကာ္စတာရီကာႏိုင္ငံတြင္ မိုင္ ၈၀ ရွည္ၿပီး မိုင္ ၃၀ မွ် ရွည္လ်ားတဲ့ကမ္းေျခ ရွိပါတယ္။ အလယ္အလတ္တန္း အ႐ြယ္မ်ား ေသဆုံးမႈ အလြန္နည္းပါးၿပီး ကမာၻေပၚ မွာ အသက္ရာေက်ာ္ရွည္ အမ်ိဴးသားမ်ား ဒုတိယ အမ်ားဆုံး ေနထိုင္ရာလည္း ျဖစ္ပါတယ္။ သူတို႔ရဲ႕ အသက္ရွည္ရျခင္း လွ်ိဳ႕ဝွက္ခ်က္ကေတာ့ လူမႈေရးလုပ္ငန္းေတြ အလြန္လုပ္ၾကတယ္။ စုေပါင္းေဆာင္႐ြက္မႈေတြ လုပ္ၾကတယ္၊ ညီၫြတ္ၾကတယ္၊ ေပ်ာ္ေပ်ာ္ေနတတ္ၾကတယ္၊ တတ္ႏိုင္သေလာက္ ကိုယ္လက္လႈပ္ရွားမႈေတြ လုပ္ၾကတယ္ ဆိုတာပါပဲ။
၁။ သြားလာၾကတဲ့အခါ သဘာဝအတိုင္းသြားေလ့ရွိၾကပါတယ္။ လမ္းေလွ်ာက္မယ္၊ စက္ဘီးစီးမယ္၊ ေလွစီး ေလွေလွာ္မယ္ စသည္ျဖင့္ လုပ္ေလ့ရွိၾကပါတယ္။ ဥယ်ာဥ္စိုက္ၾကတယ္၊ အိမ္အလုပ္ေတြ လုပ္ၾကပါတယ္။
၂။ နံနက္အိပ္ရာကႏိုးတာနဲ႔ အိုကီနာဝါ ကြၽန္းသားေတြက Ikigai ၊ နီကိုယာသားေတြက Plan De Vida လို႔ ဆိုၾကတယ္။ ေန႔သစ္တစ္ေန႔ ရၿပီျဖစ္ လို႔ သိပ္ေပ်ာ္႐ႊင္တယ္၊ မဂၤလာျပည့္ဝလွတယ္လို႔ ေကာင္းစြာ ႏွလုံးသြင္းၾကပါတယ္။ ဒီလိုလုပ္ျခင္းေၾကာင့္ ခုနစ္ႏွစ္တာမွ် ပိုမိုအသက္ရွည္ေၾကာင္း သိရပါတယ္။
၃။ စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ၾကတယ္။ သတၱမေျမာက္ ဥပုသ္အသင္းေတာ္ဝင္ေတြက ဘုရားသခင္ထံ ဝတ္ျပဳဆုေတာင္းၾကတယ္။ အီကာရီးယမ္းသားေတြက ေန႔လယ္ ပိုအိပ္ၾကတယ္။ ဆာဒီးနားသားေတြက ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ အလုပ္ ပိုလုပ္ၾကေၾကာင္း သိရပါတယ္။
၄။ ၈၀ ရာခိုင္ႏႈန္း ြၽကူန တဲ့။ သူတို႔ရဲ႕ဗိုက္ကိုအျပည့္မစားၾကဘူး။ အစာအိမ္ရဲ႕ ၈၀ ရာခိုင္ႏႈန္း ကိုပဲ ျဖည့္ေပးၾကေလ့ရွိပါတယ္။ ညေနစာကို အနည္းဆုံးမွ်သာ စားၾကတာ ေတြ႕ရပါတယ္။
၅။ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အသီးအႏွံေတြကို ကိုယ္တိုင္စိုက္ပ်ိဳးက၊ စားသုံးၾကပါတယ္။ အေစ့အဆန္ေတြကို အဓိကစားသုံးၾကပါတယ္။ ဟင္းသီးဟင္း႐ြက္၊ သစ္သီးဝလံေတြကို စားသုံးေလ့ ရွိၾကၿပီး အသားကို အနည္းငယ္မွ်သာ စားေလ့ ရွိၾကပါတယ္။
၆။ ဝိုင္ကို အသင့္အတင့္ ေသာက္သုံးၾကပါတယ္။ ပြဲလမ္းသဘင္မ်ားမွာ ဝိုင္းဖြဲ႕ ေသာက္သုံးျခင္းဟာ အစဥ္အလာတစ္ခု ျဖစ္ပါတယ္။
၇။ ဘာသာတရားမ်ားအေပၚ ေလးစားယုံၾကည္ၾကၿပီး လိုက္နာက်င့္သုံးေလ့ရွိၾကပါတယ္။ ဒီအေလ့အက်င့္ေၾကာင့္ သက္တမ္း ေလးႏွစ္မွ ၁၄ႏွစ္အထိ အသက္ပိုရွည္ၾကေၾကာင္း ေတြ႕ရပါတယ္။
၈။ မိသားစုကို အထူးခ်စ္ခင္ၾကၿပီး ေႏြးေထြးတဲ့ မိသားစုပုံသဏၭာန္မ်ား ပိုင္ဆိုင္ေလ့ရွိၾကပါတယ္။ မိဘ၊ အဘိုးအဘြား၊ သားသမီးေျမးျမစ္မ်ား စုေပါင္းေနထိုင္ေလ့ရွိၾကပါတယ္။ ဒါဟာ အျပာေရာင္ဇုန္ (Blue Zones) ေဒသခံအမ်ားစုရဲ႕ ႏွစ္သက္ဖြယ္စ႐ိုက္ ျဖစ္ပါတယ္။
၉။ ကလ်ာဏမိတၱ မိတ္ေဆြေကာင္းမ်ားရွိၾကၿပီး အခ်င္းခ်င္း ခ်စ္ခင္စည္း႐ုံးၾကတယ္။ ေကာင္းမြန္တဲ့ လူမႈေရးလုပ္ငန္းေတြ စုေပါင္း ေဆာင္႐ြက္ေလ့ရွိၾကပါတယ္။
ဒီအခ်က္ေတြကို Power-9 လို႔လည္း ေခၚၾက ပါတယ္။
Credit : ေဒါက္တာ ျမင့္သန္း (ေညာင္ေလးပင္) - Ref : Blue Zone, Internet
Read More |