×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 20 November 2019

"ျပီးျပည့္စံုတဲ့ CV Form ေရးသားရာတြင္ လိုအပ္သည့္ အခ်က္ (၉) ခ်က္"

"ျပီးျပည့္စံုတဲ့ CV Form ေရးသားရာတြင္ လိုအပ္သည့္ အခ်က္ (၉) ခ်က္" freepick

CV Form ဆိုတာတကယ္ေတာ့ကိုယ့္ရဲ႕ First Impression ပါ။

အလုပ္ေလွ်ာက္ရာမွာ ကိုယ့္ရဲ႕အေၾကာင္းကို ေလ့လာဖို႔လုပ္ငန္းရွင္ေတြရဲ႕ပထမဆုံးထင္ျမင္ခ်က္ျဖစ္တဲ့ CV Form ကိုျပည့္စုံၿပီး Professional ဆန္စြာ စနစ္တက်ေရးသားတတ္ဖို႔လိုပါတယ္။ CV Form ကိုၾကည့္ရႈေလ့လာၿပီးမွ သာႀကိဳက္မႀကိဳက္ဆုံးျဖတ္ၿပီး Interview ေနာက္တစ္ဆင့္အတြက္စဥ္းစားတာျဖစ္တဲ့အတြက္ အလုပ္ေလွ်ာက္ရာမွာ CV Form ဟာအလြန္ အေရးႀကီးပါတယ္။

ေဈးကြက္တြင္းအလြယ္တကူဝယ္ယူလို႔ရတဲ့ CV Form ေတြဟာတကယ္တမ္းေတာ့ အေၾကာင္းအရာေတြ ျပည့္စုံစြာမပါဝင္ပါဘူး။ အခ်က္အလက္ေတြျပည့္စုံမႈမရွိတဲ့ အတြက္ဘယ္လိုအခ်က္အလက္ေတြ စနစ္တက် ျဖည့္ဖို႔ ေရးဖို႔လိုအပ္လဲဆိုတာေဖာ္ျပေပးလိုက္ပါတယ္။

 

၁. ပထမဆုံးသတိထားရမွာက ဓာတ္ပုံပါ။ မေသမသပ္မဟုတ္ပဲ ေသေသခ်ာခ်ာ စနစ္တက်႐ိုက္ကူးထား တဲ့ပုံမ်ိဳးျဖစ္ရပါမယ္။

 

၂. ကိုယ့္ရဲ႕ Personal Details ကိုယ္ေရးအခ်က္လက္ကိုမွန္ကန္ျပည့္စုံစြာျဖည့္ေပးရပါမယ္။ နာမည္၊ မွတ္ပုံတင္၊ အသက္ စသျဖင့္အရင္ျပည့္စုံစြာျဖည့္ေပးရပါတယ္။

 

၃. ပညာအရည္အခ်င္းပါ။ ကိုယ္တတ္ေျမာက္ ၿပီးေျမာက္ထားတဲ့ ဘြဲ႕၊ဒီပလိုမာ၊သင္တန္းလက္မွတ္ စသျဖင့္ပါ။ ကိုယ္ဘြဲ႕ရရွိခဲ့တဲ့ အထူးျပဳဘာသာ၊ေအာင္ျမင္ခဲ့တဲ့တကၠသိုလ္ မည္သည့္ခုႏွစ္ကေန ဘယ္အခ်ိန္ထိတက္ေရာက္ခဲ့သလဲ စသျဖင့္ေဖာ္ျပေပးပါ။

 

၄. အလုပ္အေတြ႕အႀကဳံပါ။ အလုပ္အေတြ႕အႀကဳံရွိသူေတြက ကိုယ္လုပ္ခဲ့ဖူးတဲ့ Company နာမည္၊ ရာထူး၊လုပ္သက္စတတာေတြကို တိတိက်က်ေဖာ္ျပေပးပါ။ကိုယ့္ရဲ႕ အေတြ႕အႀကဳံကိုေရးသားရာမွာ ၆ လေအာက္အေတြ႕အႀကဳံ ဥပမာ ၁လ ၂လ စသျဖင့္ေရးသားျခင္းဟာ ကိုယ့္အေပၚယုံၾကည္မႈေလ်ာ့ နည္းေစပါတယ္။ Internship အလုပ္သင္ အေနနဲ႔ လုပ္ခဲ့ဖူးရင္ေတာ့ ထည့္သြင္းေရးသားလို႔ရပါတယ္။

 

၅. ကိုယ့္ရဲ႕ Skills ကြၽမ္းက်င္မႈပါ။ကိုယ္ကြၽမ္းက်င္တဲ့အပိုင္းေတြပါ။ ကိုယ္ဟာ Customer Service မွာကြၽမ္း က်င္သူလား စာရင္းဇယားမွာကြၽမ္းက်င္တာလား ဒါမွမဟုတ္ Graphic ကိုကြၽမ္းက်င္သလား Typing ကိုကြၽမ္းကြၽမ္းက်င္က်င္ျမန္ျမန္ဆန္ဆန္႐ိုက္ႏိုင္သလားစသျဖင့္ပါ။

 

၆. ဘာသာစကားပါ။ ကိုယ္တတ္ေျမာက္ထားတဲ့ဘာသာစကား အဆင့္ Level ကိုေသခ်ာစြာေဖာ္ျပသင့္ပါတယ္။ Certificate ရွိ႐ုံနဲ႔ တကယ္တတ္ေျမာက္တယ္မဆိုလိုပါဘူး။ ကိုယ္တကယ္ လုပ္ငန္းခြင္မွာ အသုံးခ်ႏိုင္မဲ့ အဆင့္ Level ကိုေဖာ္ျပေပးတာပိုအဆင္ေျပပါလိမ့္မယ္။

 

၇. Career Objective ကိုယ့္ရဲ႕အလုပ္အတြက္ အသက္ေမြးမႈရည္မွန္းခ်က္ပါ။ မ်ားေသာအားျဖင့္ထည့္သြင္းမေရးသားက်ေပမဲ့ ထည့္သြင္းေရးသားေပးသင့္တဲ့အခ်က္ပါပဲ။ ကိုယ့္ရဲ႕ Skill နဲ႔ Ability ကိုလည္းေဖာ္ျပရာေရာက္ပီး ကိုယ္ရဲ႕အလုပ္အေပၚ ဘယ္ေလာက္အဆင့္ ဘယ္အတိုင္းအတာအထိ ကိုယ့္ရဲ႕ Career Goal ကိုေမွ်ာ္မွန္း ထားသလဲေဖာ္ျပထားတဲ့အတြက္ ကိုယ့္ရဲ႕ Image ကိုတက္ေစပါတယ္။

 

၈. ဆက္သြယ္ရမဲ့လိပ္စာပါ။ ကိုယ့္ရဲ႕ ဖုန္းနံပါတ္ Email၊ လိပ္စာ၊ အိမ္လိပ္စာ စတာေတြကို ျပန္လည္ဆက္သြယ္လို႔ရရန္ေသခ်ာျဖည့္စြက္ေပးသင့္ပါတယ္။

 

၉. CV Form ဟာ Up To Date ျဖစ္ေနရပါမယ္။ကိုယ္အလုပ္မေလွ်ာက္ခင္မွာေသခ်ာစီစစ္ေရးသားတာဟာအေကာင္းဆုံးပါ။ေရးၿပီးသား ၾကာျမင့္ေနတဲ့ CV ကိုအၿမဲမသုံးသင့္ပါဘူး။ သင့္ရဲ႕ကိုယ္ေရးအခ်က္အလက္ ပညာေရး အလုပ္အေတြ႕အႀကဳံစတာေတြဟာေျပာင္းလဲႏိုင္တဲ့အတြက္အၿမဲ Up To Date ျဖစ္ေနတဲ့ CV Formကိုေ႐ြးခ်ယ္ပါ။

- ဤWebsite တြင္ ေက်ာင္းပညာအေထာက္အကူျပဳဘာသာ၊ ႏိုင္ငံျခားဘာသာ၊ ဂီတ၊ ကြန္ပ်ဴတာ၊ ဒီဇိုင္းပညာ၊ အႏုပညာ၊သက္ေမြးဝမ္းေက်ာင္းမွဳပညာစသည့္ဘာသာရပ္အမ်ဳိးမ်ဳိးကိုအနီးကပ္သင္ျပေပးသည့္ ဆရာ/ဆရာမမ်ားကို လြယ္ကူ စြာ႐ွာေဖြႏိုင္ပါသည္။

- ႐ွာေဖြရာတြင္လည္း ၿမိဳ႕အလိုက္၊ ဘာသာရပ္အလိုက္ ႐ွာေဖြႏိုင္သည့္အျပင္ ဆရာ/ဆရာမမ်ား၏ဖုန္းနံပါတ္မ်ား၊ အီးေမးလ္လိပ္စာမ်ား၊ သင္ၾကားေပးသည့္ဘာသာရပ္အမ်ဳိးမ်ဳိး၊ အဆင့္အမ်ဳိးမ်ဳိးႏွင့္ အခေၾကးေငြအမ်ဳိးမ်ဳိး တုိ႔ကို လည္း ထည့္သြင္းေဖာ္ျပေပးထားပါသည္။

- ဝင္ေရာက္ရွာေဖြလိုပါက ဤလင့္ခ္ https://www.sayar.com.mm/subjects.html တြင္ အခမဲ့ဝင္ေရာက္ရွာေဖြႏိုင္ပါသည္။

 

 

UNICODE

"ပြီးပြည့်စုံတဲ့ CV Form ရေးသားရာတွင် လိုအပ်သည့် အချက် (၉) ချက်"
CV Form ဆိုတာတကယ်တော့ကိုယ့်ရဲ့ First Impression ပါ။အလုပ်လျှောက်ရာမှာ ကိုယ့်ရဲ့အကြောင်းကို လေ့လာဖို့လုပ်ငန်းရှင်တွေရဲ့ပထမဆုံးထင်မြင်ချက်ဖြစ်တဲ့ CV Form ကိုပြည့်စုံပြီး Professional ဆန်စွာ စနစ်တကျရေးသားတတ်ဖို့လိုပါတယ်။ CV Form ကိုကြည့်ရှုလေ့လာပြီးမှ သာကြိုက်မကြိုက်ဆုံးဖြတ်ပြီး Interview နောက်တစ်ဆင့်အတွက်စဉ်းစားတာဖြစ်တဲ့အတွက် အလုပ်လျှောက်ရာမှာ CV Form ဟာအလွန် အရေးကြီးပါတယ်။

ဈေးကွက်တွင်းအလွယ်တကူဝယ်ယူလို့ရတဲ့ CV Form တွေဟာတကယ်တမ်းတော့ အကြောင်းအရာတွေ ပြည့်စုံစွာမပါဝင်ပါဘူး။ အချက်အလက်တွေပြည့်စုံမှုမရှိတဲ့ အတွက်ဘယ်လိုအချက်အလက်တွေ စနစ်တကျ ဖြည့်ဖို့ ရေးဖို့လိုအပ်လဲဆိုတာဖော်ပြပေးလိုက်ပါတယ်။

 

၁. ပထမဆုံးသတိထားရမှာက ဓာတ်ပုံပါ။ မသေမသပ်မဟုတ်ပဲ သေသေချာချာ စနစ်တကျရိုက်ကူးထား တဲ့ပုံမျိုးဖြစ်ရပါမယ်။

 

၂. ကိုယ့်ရဲ့ Personal Details ကိုယ်ရေးအချက်လက်ကိုမှန်ကန်ပြည့်စုံစွာဖြည့်ပေးရပါမယ်။ နာမည်၊ မှတ်ပုံတင်၊ အသက် စသဖြင့်အရင်ပြည့်စုံစွာဖြည့်ပေးရပါတယ်။

 

၃. ပညာအရည်အချင်းပါ။ ကိုယ်တတ်မြောက် ပြီးမြောက်ထားတဲ့ ဘွဲ့၊ဒီပလိုမာ၊သင်တန်းလက်မှတ် စသဖြင့်ပါ။ ကိုယ်ဘွဲ့ရရှိခဲ့တဲ့ အထူးပြုဘာသာ၊အောင်မြင်ခဲ့တဲ့တက္ကသိုလ် မည်သည့်ခုနှစ်ကနေ ဘယ်အချိန်ထိတက်ရောက်ခဲ့သလဲ စသဖြင့်ဖော်ပြပေးပါ။

 

၄. အလုပ်အတွေ့အကြုံပါ။ အလုပ်အတွေ့အကြုံရှိသူတွေက ကိုယ်လုပ်ခဲ့ဖူးတဲ့ Company နာမည်၊ ရာထူး၊လုပ်သက်စတတာတွေကို တိတိကျကျဖော်ပြပေးပါ။ကိုယ့်ရဲ့ အတွေ့အကြုံကိုရေးသားရာမှာ ၆ လအောက်အတွေ့အကြုံ ဥပမာ ၁လ ၂လ စသဖြင့်ရေးသားခြင်းဟာ ကိုယ့်အပေါ်ယုံကြည်မှုလျော့ နည်းစေပါတယ်။ Internship အလုပ်သင် အနေနဲ့ လုပ်ခဲ့ဖူးရင်တော့ ထည့်သွင်းရေးသားလို့ရပါတယ်။

 

၅. ကိုယ့်ရဲ့ Skills ကျွမ်းကျင်မှုပါ။ကိုယ်ကျွမ်းကျင်တဲ့အပိုင်းတွေပါ။ ကိုယ်ဟာ Customer Service မှာကျွမ်း ကျင်သူလား စာရင်းဇယားမှာကျွမ်းကျင်တာလား ဒါမှမဟုတ် Graphic ကိုကျွမ်းကျင်သလား Typing ကိုကျွမ်းကျွမ်းကျင်ကျင်မြန်မြန်ဆန်ဆန်ရိုက်နိုင်သလားစသဖြင့်ပါ။

 

၆. ဘာသာစကားပါ။ ကိုယ်တတ်မြောက်ထားတဲ့ဘာသာစကား အဆင့် Level ကိုသေချာစွာဖော်ပြသင့်ပါတယ်။ Certificate ရှိရုံနဲ့ တကယ်တတ်မြောက်တယ်မဆိုလိုပါဘူး။ ကိုယ်တကယ် လုပ်ငန်းခွင်မှာ အသုံးချနိုင်မဲ့ အဆင့် Level ကိုဖော်ပြပေးတာပိုအဆင်ပြေပါလိမ့်မယ်။

 

၇. Career Objective ကိုယ့်ရဲ့အလုပ်အတွက် အသက်မွေးမှုရည်မှန်းချက်ပါ။ များသောအားဖြင့်ထည့်သွင်းမရေးသားကျပေမဲ့ ထည့်သွင်းရေးသားပေးသင့်တဲ့အချက်ပါပဲ။ ကိုယ့်ရဲ့ Skill နဲ့ Ability ကိုလည်းဖော်ပြရာရောက်ပီး ကိုယ်ရဲ့အလုပ်အပေါ် ဘယ်လောက်အဆင့် ဘယ်အတိုင်းအတာအထိ ကိုယ့်ရဲ့ Career Goal ကိုမျှော်မှန်း ထားသလဲဖော်ပြထားတဲ့အတွက် ကိုယ့်ရဲ့ Image ကိုတက်စေပါတယ်။

 

၈. ဆက်သွယ်ရမဲ့လိပ်စာပါ။ ကိုယ့်ရဲ့ ဖုန်းနံပါတ် Email၊ လိပ်စာ၊ အိမ်လိပ်စာ စတာတွေကို ပြန်လည်ဆက်သွယ်လို့ရရန်သေချာဖြည့်စွက်ပေးသင့်ပါတယ်။

 

၉. CV Form ဟာ Up To Date ဖြစ်နေရပါမယ်။ကိုယ်အလုပ်မလျှောက်ခင်မှာသေချာစီစစ်ရေးသားတာဟာအကောင်းဆုံးပါ။ရေးပြီးသား ကြာမြင့်နေတဲ့ CV ကိုအမြဲမသုံးသင့်ပါဘူး။ သင့်ရဲ့ကိုယ်ရေးအချက်အလက် ပညာရေး အလုပ်အတွေ့အကြုံစတာတွေဟာပြောင်းလဲနိုင်တဲ့အတွက်အမြဲ Up To Date ဖြစ်နေတဲ့ CV Formကိုရွေးချယ်ပါ။

- ဤWebsite တွင် ကျောင်းပညာအထောက်အကူပြုဘာသာ၊ နိုင်ငံခြားဘာသာ၊ ဂီတ၊ ကွန်ပျူတာ၊ ဒီဇိုင်းပညာ၊ အနုပညာ၊သက်မွေးဝမ်းကျောင်းမှုပညာစသည့်ဘာသာရပ်အမျိုးမျိုးကိုအနီးကပ်သင်ပြပေးသည့် ဆရာ/ဆရာမများကို လွယ်ကူ စွာရှာဖွေနိုင်ပါသည်။

- ရှာဖွေရာတွင်လည်း မြို့အလိုက်၊ ဘာသာရပ်အလိုက် ရှာဖွေနိုင်သည့်အပြင် ဆရာ/ဆရာမများ၏ဖုန်းနံပါတ်များ၊ အီးမေးလ်လိပ်စာများ၊ သင်ကြားပေးသည့်ဘာသာရပ်အမျိုးမျိုး၊ အဆင့်အမျိုးမျိုးနှင့် အခကြေးငွေအမျိုးမျိုး တို့ကို လည်း ထည့်သွင်းဖော်ပြပေးထားပါသည်။

- ဝင်ရောက်ရှာဖွေလိုပါက ဤလင့်ခ် https://www.sayar.com.mm/subjects.html တွင် အခမဲ့ဝင်ရောက်ရှာဖွေနိုင်ပါသည်။

 

sayar.com.mm

SEOM Myanamr (Ref – monsterworldwide)

 

Read times Last modified on Wednesday, 08 January 2020 17:37
Rate this articles
(0 votes)