×

Warning

JUser: :_load: Unable to load user with ID: 81428


Book Review

Monday, 13 January 2020

"၂၀၂၀ မွာ ဖတ္သင့္တဲ႔စာအုပ္ (၇) အုပ္"

"၂၀၂၀ မွာ ဖတ္သင့္တဲ႔စာအုပ္ (၇) အုပ္" freepick

၂၀၂၀ မှာ ကျွန်တော်တို့တွေဟာ ကိုယ်စီ စိတ်ကူးအိမ်မက်တွေနဲ့ ပန်းတိုင်အသစ်တွေနဲ့ ချမှတ်ထားကြနေလောက်ပြီပေါ့။

အခုဖြိုးက ၂၀၂၀ မှာ ဖတ်သင့်တဲ့စာအုပ် (၇) အုပ်ကိုရွေးချယ်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။
ဒီစာအုပ် (၇) အုပ်ကတော့...


(1) ဖြစ်တည်ခြင်း Michelle Obama- ဝင်းငြိမ်း
နိုင်ငံတကာမှာ အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်တဲ့ ဖြိုးကိုယ်တိုင်အားကျအတုယူရတဲ့ Michelle Obama ရဲ့ Becoming ဆိုတဲ့ စာအုပ်လေးဟာ အိုဘားမားနဲ့ မီရှယ်အိုဘာမားတို့ရဲ့ဖြတ်သန်းလာခဲ့ကြတဲ့ ဘဝ အတွေ့အကြုံ၊ မီရှယ်အိုဘားမားရဲ့ ငယ်စဉ်ဘဝ ဖြတ်သန်းကြိုးစားလာခဲ့ပုံတွေကို ဖော်ပြထားတဲ့ စာအုပ်လေးပါ။ ဒါ့အပြင် စာအုပ်မှာ Relationship ဆက်ဆံရေးတစ်ခုကို ခိုင်မြဲအောင် ဘယ်လိုတည်ဆောက်ရမလဲ၊ ကိုယ်ကိုယ်တိုင်ကရော ကိုယ့်ရဲ့ ဖြစ်တည်မှုကို ဘယ်လိုရှာဖွေသင့်လဲ စတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေကို ဖော်ပြထားတဲ့ စာအုပ်ကောင်းလေးပဲဖြစ်ပါတယ်။ English version ဆိုလဲဖြိုးအရမ်းကြိုက်တဲ့စာအုပ်တစ်အုပ်ပါ!

 


(2) ဘာပဲဖြစ်ဖြစ် လှအောင်နေပါ၊ စာဖတ်ပါ - မေသင်္ကြန်ဟိန်း 
ဆရာမ မေင်္သကြန်ဟိန်းက ဖြိုးငယ်ငယ်ထဲက ဖတ်နေရတဲ့ စာရေးဆရာမတစ်ယောက်ပါ! 
ဒီစာအုပ်လေးကတော့ ဆရာမမေသင်္ကြန်ဟိန်းရဲ့ အသစ်ထွက်ရှိတဲ့ထားတဲ့ စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။ စာအုပ်ထဲက ဆရာမရဲ့ အမှာစာလေးအတိုင်း လူတိုင်းဟာ ကိုယ့်ကိုယ်ကိုသာမက ကိုယ့်ဘဝကိုပါ လှပအောင် ပြောင်းလဲနိုင်တဲ့သူများပဲဖြစ်ပါတယ်။ ကိုယ့်ဘဝကို ပြောင်းလဲနိုင်ဖို့ စိတ်နေစိတ်ထား၊ အတွေးအခေါ် ပြုစုပျိုးထောင်ပုံတွေကို ဆရာမကနေ ပြန်လည်မျှဝေပေးထားတဲ့ စာအုပ်လေးပဲဖြစ်ပါတယ်။

 


(3) ပျော်ရွှင်ခြင်း တံခါးပေါက် - မာရင်ရင်
လူတိုင်းဟာ ပျော်ရွှင်ခြင်းကို ရှာဖွေတတ်ကြပါတယ်။ ဟုတ်တယ်မလား? သောကတွေနဲ့ကြုံလာကြပြီဆိုရင် စိတ်ထွက်ပေါက်အနေနဲ့ တစ်ခုမဟုတ် တစ်ခုလုပ်တတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းက ပျော်ရွှင်မှုကို ရမယ်လို့ ထင်မှတ်တတ်ကြပါတယ်။ အခု ဒီစာအုပ်လေးကတော့ စိတ်ကို ဘယ်လိုထိန်းချုပ်မလဲ၊ စိတ်ပျော်ရွှင်အောင် စိတ်လွတ်လပ်မှုရလာစေဖို့ အတွက် အထောက်အကူပြုစေမယ့် စာအုပ်လေးပဲဖြစ်ပါတယ်။
စာအုပ်ဖတ်ပြီး ပိုပျော်နိုင်ပါစေလို့ ဖြိုးဆုတောင်းပေးတယ်။

 


(4) သင့်ဘဝအတွက် အရေးကြီးဆုံးအရာ - မြတ်ငြိမ်း
ဘဝမှာ ဘယ်အရာက အရေးကြီးဆုံးဖြစ်မလဲ
လူတော်တော်များများက လက်ရှိ ကိုယ်အတွက် လိုအပ်နေတဲ့အရာကို အရေးကြီးဆုံးလို့ ဖြေမိကြပါလိမ့်မယ်၊ ဒါပေမဲ့ တကယ် အရေးကြီးတဲ့ အရာက ဘာဖြစ်မလဲ၊ ရွှေငွေလား၊ စည်းစိမ် ဥစ္စာတွေလား ဒီလို အရာတွေကို ဖြည့်ဆည်းဖို့ရော ဘာတွေလိုအပ်မလဲ စတဲ့ နည်းလမ်းကောင်းလေးတွေကို သုံးစွဲကြံဆနိုင်စေဖို့ ဒီစာအုပ်လေးက အထောက်အကူပြုစေမှာဖြစ်ပါတယ်။

 


(5) the one page marketing plan  - မိုးရှင်း

စီးပွားရေးကို အခုမှစပြီးလုပ်ကိုင်မယ့်သူတွေ စီးပွားရေးကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ မိမိရဲ့ ကုန်ပစ္စည်းကို Online သုံးပြီး ဘယ်လိုဖောက်မလဲ၊ Customer အသစ်တွေရဖို့ ဘယ်လို လုပ်ဆောင်သင့်လဲ၊ အများနဲ့မတူပဲ ပိုမိုထိရောက်တဲ့ Strategy တွေကို သုံးပြီး ဈေးကွက်ထဲရောက်အောင် ဘယ်လိုလုပ်ရမလဲ စတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်လေးတစ်အုပ်ဖြစ်တဲ့အတွက် Marketing ကို စိတ်ဝင်စားသူတိုင်း ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်ခုဖြစ်ပါတယ်။

 


(6) မြန်မာလူကျော် (၁၀၀) - မောင်ဇေယျာ
ဒီစာအုပ်လေးကတော့ ၂၀ ရာစု အတွင်းက ထင်ရှားကျော်ကြားခဲ့တဲ့ မြန်မာပြည်မှ ပုဂ္ဂိုလ် (၁၀၀) ကျော်တို့ရဲ့ အကြောင်းအရာစာအုပ်ပဲဖြစ်ပါတယ်။ သမိုင်းကို မမေ့သင့်သလဲ သမိုင်းထဲမှာ ထင်ရှားပါဝင်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေကိုလည်း မမေ့သင့်ပါဘူး။ ဒီစာအုပ်ကို ဖတ်ခြင်းကြောင့် တစ်ချိန်က မြန်မာပြည်မှာ ထင်ရှားခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ စာပေ၊ အနုပညာတို့မှာ ထွန်းပေါက်ခဲ့တဲ့ ပုဂ္ဂိုလ် (၁၀၀) တို့ရဲ့ အကြောင်းကို သိရှိနိုင်မှာဖြစ်ပါပြီး ကိုယ်တိုင်လဲ ပဲလိုသမိုင်းဝင်ထင်ရှားတဲ့လူဖြစ်အောင်ကြိုးစားဖို့ inspiration ယူပါ။ ဒါကြောင့် ဒီနေ့ ခေတ် လူငယ်တွေအနေနဲ့ လက်မလွတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဆို မမှားပါဘူး။

 


(7) ၂၀၂၀ Better Life Planner- ဖြိုးဖြိုးအောင် (food for your brain)
ဒီစာအုပ်လေးကတော့ ၂၀၂၀ အတွက် ပြင်ဆင်နေကြတဲ့ သူတွေအတွက် လုံးဝ လက်မလွတ်သင့်တဲ့ စာအုပ်ပဲဖြစ်ပါတယ်။ ဒီစာအုပ်လေးထဲမှာ 
တစ်နေ့တာအတွက် အရေးကြီးတဲ့ task တွေလတစ်လချင်းစီမှာ ချမှတ်ထားတဲ့ goals တွေကိုယ်ကြိုက်တဲ့ အချက်လေးတွေ၊ ကိုယ်ပြုပြင်ရမယ့် အမှားတွေအရေးကြီးတဲ့ အမှတ်တရတွေ
ရည်မှန်းချက်တွေ၊ အိမ်မက်တွေကို ကိုယ်တစ်ယောက်တည်း သိဖို့အတွက် ဒါမှမဟုတ် ရင်ဖွင့်ဖို့အတွက် ဒီစာအုပ်လေးထဲမှာ သိမ်းဆည်းထားလို့ ရနိုင်ပါတယ်။
ဒါတွေပဲလား? မဟုတ်ပါဘူး သင့်ရဲ့ ဘဝ ၂၀၂၀ မှာ ဒီထက်ပိုပြီး တိုးတက်လာစေဖို့အတွက်၊ ကိုယ်ရော စိတ်ပါ ကျန်းမာလာစေဖို့အတွက် အထောက်အကူဖြစ်စေမယ့် အချက်လေးတွေကိုလည်း လ တစ်လချင်းစီ မတူညီတဲ့ အပိုင်းလေးတွေနဲ့ အကြံပေးထားတာလေးတွေလည်း ပါဝင်ပါတယ်။

 

Credit : Phyo Phyo Aung (Food For Your Brain)

 

Zawgyi ျဖင့္ဖတ္ရန္

"၂၀၂၀ မွာ အဖတ္သင့္ဆံုးစာအုပ္ (၇) အုပ္"
၂၀၂၀ မွာ ကြၽန္ေတာ္တို႔ေတြဟာ ကိုယ္စီ စိတ္ကူးအိမ္မက္ေတြနဲ႔ ပန္းတိုင္အသစ္ေတြနဲ႔ ခ်မွတ္ထားၾကေနေလာက္ၿပီေပါ့။ အခုၿဖိဳးက ၂၀၂၀ မွာ ဖတ္သင့္တဲ့စာအုပ္ (၇) အုပ္ကိုေ႐ြးခ်ယ္ၿပီး ေျပာျပေပးသြားမွာျဖစ္ပါတယ္။
ဒီစာအုပ္ (၇) အုပ္ကေတာ့...


(1) ျဖစ္တည္ျခင္း Michelle Obama- ဝင္းၿငိမ္း
ႏိုင္ငံတကာမွာ အေရာင္းရဆုံး စာအုပ္တစ္အုပ္ျဖစ္တဲ့ ၿဖိဳးကိုယ္တိုင္အားက်အတုယူရတဲ့ Michelle Obama ရဲ႕ Becoming ဆိုတဲ့ စာအုပ္ေလးဟာ အိုဘားမားနဲ႔ မီရွယ္အိုဘာမားတို႔ရဲ႕ျဖတ္သန္းလာခဲ့ၾကတဲ့ ဘဝ အေတြ႕အႀကဳံ၊ မီရွယ္အိုဘားမားရဲ႕ ငယ္စဥ္ဘဝ ျဖတ္သန္းႀကိဳးစားလာခဲ့ပုံေတြကို ေဖာ္ျပထားတဲ့ စာအုပ္ေလးပါ။ ဒါ့အျပင္ စာအုပ္မွာ Relationship ဆက္ဆံေရးတစ္ခုကို ခိုင္ၿမဲေအာင္ ဘယ္လိုတည္ေဆာက္ရမလဲ၊ ကိုယ္ကိုယ္တိုင္ကေရာ ကိုယ့္ရဲ႕ ျဖစ္တည္မႈကို ဘယ္လိုရွာေဖြသင့္လဲ စတဲ့ စိတ္ဝင္စားစရာေကာင္းတဲ့ အေၾကာင္းအရာေလးေတြကို ေဖာ္ျပထားတဲ့ စာအုပ္ေကာင္းေလးပဲျဖစ္ပါတယ္။ English version ဆိုလဲၿဖိဳးအရမ္းႀကိဳက္တဲ့စာအုပ္တစ္အုပ္ပါ!

 


(2) ဘာပဲျဖစ္ျဖစ္ လွေအာင္ေနပါ၊ စာဖတ္ပါ - ေမသၾကၤန္ဟိန္း 
ဆရာမ ေမသၤၾကန္ဟိန္းက ၿဖိဳးငယ္ငယ္ထဲက ဖတ္ေနရတဲ့ စာေရးဆရာမတစ္ေယာက္ပါ! 
ဒီစာအုပ္ေလးကေတာ့ ဆရာမေမသၾကၤန္ဟိန္းရဲ႕ အသစ္ထြက္ရွိတဲ့ထားတဲ့ စာအုပ္ေကာင္းေလးတစ္အုပ္ျဖစ္ပါတယ္။ စာအုပ္ထဲက ဆရာမရဲ႕ အမွာစာေလးအတိုင္း လူတိုင္းဟာ ကိုယ့္ကိုယ္ကိုသာမက ကိုယ့္ဘဝကိုပါ လွပေအာင္ ေျပာင္းလဲႏိုင္တဲ့သူမ်ားပဲျဖစ္ပါတယ္။ ကိုယ့္ဘဝကို ေျပာင္းလဲႏိုင္ဖို႔ စိတ္ေနစိတ္ထား၊ အေတြးအေခၚ ျပဳစုပ်ိဳးေထာင္ပုံေတြကို ဆရာမကေန ျပန္လည္မွ်ေဝေပးထားတဲ့ စာအုပ္ေလးပဲျဖစ္ပါတယ္။

 


(3) ေပ်ာ္႐ႊင္ျခင္း တံခါးေပါက္ - မာရင္ရင္
လူတိုင္းဟာ ေပ်ာ္႐ႊင္ျခင္းကို ရွာေဖြတတ္ၾကပါတယ္။ ဟုတ္တယ္မလား? ေသာကေတြနဲ႔ႀကဳံလာၾကၿပီဆိုရင္ စိတ္ထြက္ေပါက္အေနနဲ႔ တစ္ခုမဟုတ္ တစ္ခုလုပ္တတ္ၾကပါတယ္။ ဒီလိုလုပ္ျခင္းက ေပ်ာ္႐ႊင္မႈကို ရမယ္လို႔ ထင္မွတ္တတ္ၾကပါတယ္။ အခု ဒီစာအုပ္ေလးကေတာ့ စိတ္ကို ဘယ္လိုထိန္းခ်ဳပ္မလဲ၊ စိတ္ေပ်ာ္႐ႊင္ေအာင္ စိတ္လြတ္လပ္မႈရလာေစဖို႔ အတြက္ အေထာက္အကူျပဳေစမယ့္ စာအုပ္ေလးပဲျဖစ္ပါတယ္။
စာအုပ္ဖတ္ၿပီး ပိုေပ်ာ္ႏိုင္ပါေစလို႔ ၿဖိဳးဆုေတာင္းေပးတယ္။

 


(4) သင့္ဘဝအတြက္ အေရးႀကီးဆုံးအရာ - ျမတ္ၿငိမ္း
ဘဝမွာ ဘယ္အရာက အေရးႀကီးဆုံးျဖစ္မလဲ
လူေတာ္ေတာ္မ်ားမ်ားက လက္ရွိ ကိုယ္အတြက္ လိုအပ္ေနတဲ့အရာကို အေရးႀကီးဆုံးလို႔ ေျဖမိၾကပါလိမ့္မယ္၊ ဒါေပမဲ့ တကယ္ အေရးႀကီးတဲ့ အရာက ဘာျဖစ္မလဲ၊ ေ႐ႊေငြလား၊ စည္းစိမ္ ဥစၥာေတြလား ဒီလို အရာေတြကို ျဖည့္ဆည္းဖို႔ေရာ ဘာေတြလိုအပ္မလဲ စတဲ့ နည္းလမ္းေကာင္းေလးေတြကို သုံးစြဲႀကံဆႏိုင္ေစဖို႔ ဒီစာအုပ္ေလးက အေထာက္အကူျပဳေစမွာျဖစ္ပါတယ္။

 


(5) the one page marketing plan - မိုးရွင္း

စီးပြားေရးကို အခုမွစၿပီးလုပ္ကိုင္မယ့္သူေတြ စီးပြားေရးကို စိတ္ဝင္စားတဲ့သူေတြအေနနဲ႔ ဖတ္သင့္တဲ့ စာအုပ္ေကာင္းတစ္အုပ္ျဖစ္ပါတယ္။ မိမိရဲ႕ ကုန္ပစၥည္းကို Online သုံးၿပီး ဘယ္လိုေဖာက္မလဲ၊ Customer အသစ္ေတြရဖို႔ ဘယ္လို လုပ္ေဆာင္သင့္လဲ၊ အမ်ားနဲ႔မတူပဲ ပိုမိုထိေရာက္တဲ့ Strategy ေတြကို သုံးၿပီး ေစ်းကြက္ထဲေရာက္ေအာင္ ဘယ္လိုလုပ္ရမလဲ စတဲ့ စိတ္ဝင္စားစရာေကာင္းတဲ့ စာအုပ္ေလးတစ္အုပ္ျဖစ္တဲ့အတြက္ Marketing ကို စိတ္ဝင္စားသူတိုင္း ဖတ္သင့္တဲ့ စာအုပ္ေကာင္းတစ္ခုျဖစ္ပါတယ္။

 


(6) ျမန္မာလူေက်ာ္ (၁၀၀) - ေမာင္ေဇယ်ာ
ဒီစာအုပ္ေလးကေတာ့ ၂၀ ရာစု အတြင္းက ထင္ရွားေက်ာ္ၾကားခဲ့တဲ့ ျမန္မာျပည္မွ ပုဂၢိဳလ္ (၁၀၀) ေက်ာ္တို႔ရဲ႕ အေၾကာင္းအရာစာအုပ္ပဲျဖစ္ပါတယ္။ သမိုင္းကို မေမ့သင့္သလဲ သမိုင္းထဲမွာ ထင္ရွားပါဝင္ခဲ့တဲ့ လူပုဂၢိဳလ္ေတြကိုလည္း မေမ့သင့္ပါဘူး။ ဒီစာအုပ္ကို ဖတ္ျခင္းေၾကာင့္ တစ္ခ်ိန္က ျမန္မာျပည္မွာ ထင္ရွားခဲ့တဲ့ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ ပညာေရး၊ စာေပ၊ အႏုပညာတို႔မွာ ထြန္းေပါက္ခဲ့တဲ့ ပုဂၢိဳလ္ (၁၀၀) တို႔ရဲ႕ အေၾကာင္းကို သိရွိႏိုင္မွာျဖစ္ပါၿပီး ကိုယ္တိုင္လဲ ပဲလိုသမိုင္းဝင္ထင္ရွားတဲ့လူျဖစ္ေအာင္ႀကိဳးစားဖို႔ inspiration ယူပါ။ ဒါေၾကာင့္ ဒီေန႔ ေခတ္ လူငယ္ေတြအေနနဲ႔ လက္မလြတ္သင့္တဲ့ စာအုပ္ေကာင္းတစ္အုပ္ဆို မမွားပါဘူး။

 


(7) ၂၀၂၀ Better Life Planner- ျဖိဳးျဖိဳးေအာင္ (food for your brain)
ဒီစာအုပ္ေလးကေတာ့ ၂၀၂၀ အတြက္ ျပင္ဆင္ေနၾကတဲ့ သူေတြအတြက္ လုံးဝ လက္မလြတ္သင့္တဲ့ စာအုပ္ပဲျဖစ္ပါတယ္။ ဒီစာအုပ္ေလးထဲမွာ 
တစ္ေန႔တာအတြက္ အေရးႀကီးတဲ့ task ေတြလတစ္လခ်င္းစီမွာ ခ်မွတ္ထားတဲ့ goals ေတြ ကိုယ္ႀကိဳက္တဲ့ အခ်က္ေလးေတြ၊ ကိုယ္ျပဳျပင္ရမယ့္ အမွားေတြအေရးႀကီးတဲ့ အမွတ္တရေတြ
ရည္မွန္းခ်က္ေတြ၊ အိမ္မက္ေတြကို ကိုယ္တစ္ေယာက္တည္း သိဖို႔အတြက္ ဒါမွမဟုတ္ ရင္ဖြင့္ဖို႔အတြက္ ဒီစာအုပ္ေလးထဲမွာ သိမ္းဆည္းထားလို႔ ရႏိုင္ပါတယ္။
ဒါေတြပဲလား? မဟုတ္ပါဘူး
သင့္ရဲ႕ ဘဝ ၂၀၂၀ မွာ ဒီထက္ပိုၿပီး တိုးတက္လာေစဖို႔အတြက္၊ ကိုယ္ေရာ စိတ္ပါ က်န္းမာလာေစဖို႔အတြက္ အေထာက္အကူျဖစ္ေစမယ့္ အခ်က္ေလးေတြကိုလည္း လ တစ္လခ်င္းစီ မတူညီတဲ့ အပိုင္းေလးေတြနဲ႔ အႀကံေပးထားတာေလးေတြလည္း ပါဝင္ပါတယ္။

 

Credit : Phyo Phyo Aung (food for Your brain)

Read times
Rate this articles
(3 votes)