×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 21 February 2020

"စာဖတ္တဲ့ အေလ့အက်င့္ေကာင္း ရေစဖို႔ နည္းလမ္း (၆) ခု"

"စာဖတ္တဲ့ အေလ့အက်င့္ေကာင္း ရေစဖို႔ နည္းလမ္း (၆) ခု" google.com

စာဖတ္တယ္ဆိုတာ ေကာင္းတဲ့ေလ့အက်င့္ တစ္ခုျဖစ္သလို အက်ိဳးေက်းဇူးမ်ားစြာလည္းရရွိေစပါတယ္။

ဒီအခ်က္ကိုေတာ့ ေထြေထြ ထူးထူး ေျပာစရာမလိုဘူးထင္ပါတယ္။ ဒါေၾကာင့္ စာဖတ္တဲ့ အေလ့အက်င့္ ေကာင္း ရရွိေအာင္ ျပဳလုပ္ႏိုင္မယ့္ နည္းလမ္းအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။


(၁) ရည္ရြယ္ခ်က္ထားပါ
စာဖတ္တဲ့ အေလ့အက်င့္ေကာင္းရဖို႕အတြက္ ပထမဆံုးလိုအပ္တဲ့ အခ်က္ကေတာ့ ရည္ရြယ္ခ်က္ထားဖို႕ပါပဲ။ ေျပာခ်င္တာကေတာ့ စာအုပ္အမ်ိဳးစားေပါငး္ မ်ားစြာရွိတဲ့ထဲက သင့္က ဘယ္လိုစာအုပ္ေတြ ဖတ္ရတာႏွစ္သက္တယ္၊ ဘယ္လိုစာအုပ္မ်ိဳးေတြက သင့္ကို အေထာက္အကူျဖစ္ေစလဲ ဆိုတာကုိပါ။ ဥပမာ..ရသစာေပ၊ ဗဟုသုတ၊ တက္က်မ္း၊ အသက္ေမြးဝမ္းေၾကာင္းအစရွိသျဖင့္ေပါ့။ ဒါေၾကာင့္ ကိုယ္ကဘယ္လိုစာ အုပ္ကို ဖတ္ရမယ္ဆိုတာကို ရည္ရြယ္ခ်က္ထားခိုင္းတာျဖစ္ပါတယ္။

 


(၂) တစ္လခ်င္းစီအတြက္ Book List တစ္ခုလုပ္ပါ
နံပါတ္ ၁ မွာေျပာခဲ့တဲ့ အတိုင္း သင့္အတြက္ ဖတ္ဖို႕ စာအုပ္ အမ်ိဳးအစားကို ရည္ရြယ္ခ်က္ထားျပီးျပီဆိုရင္ေတာ့ တစ္လ ခ်င္းစီ အတြက္ Book list ျပန္လုပ္ဖို႕လိုပါတယ္။ ဥပမာ သင္က ဗဟုသုတ စာေပ ကိုဖတ္မယ္လို႔ရည္ရြယ္ ထားရင္ စာအုပ္ေတြအေၾကာင္း နားလည္တဲ့ အသိမိတ္ေဆြ တစ္ေယာက္ေယာက္ စီမွာ အၾကံဥာဏ္ေတာင္းျပီး ဘယ္လိုစာအုပ္ေတြ ဖတ္သင့္လဲ ဆိုတာကို ေမးပါ။ ျပီးရင္ တစ္လစာ အတြက္ ဖတ္ရမယ့္ စာအုပ္ေတြကို list လုပ္ပါ။

 


(၃) ကိုယ္ႏွင့္မကြာ စာအုပ္တစ္အုပ္ေဆာင္ထားပါ
ဥပမာ ေျပာရရင္ ခရီးသြားတာပဲ ျဖစ္ျဖစ္၊ ေက်ာင္းသြားတာပဲ ျဖစ္ျဖစ္၊ အလုပ္သြားတာပဲျဖစ္ျဖစ္၊ အျပင္သြားတာပဲျဖစ္ျဖစ္ ေနာက္ဆံုးအိပ္ရာဝင္ရင္ေတာင္ စာအုပ္ေလးကိုေဆာင္ထားပါ။ အခ်ိန္ရရင္ ရသလို စာတစ္ပိုဒ္ ေလာက္ျဖစ္ျဖစ္ ရေအာင္ဖတ္ပါ။ စာအုပ္ေတြက အရမ္းဆြဲေဆာင္မႈရွိပါတယ္။ အရမ္းေကာင္းတဲ့ စာအုပ္ေတြဆို တစ္ပိုဒ္ ဖတ္ျပီး တာနဲ႕ ေနာက္ထပ္ ဖတ္ခ်င္ေလာက္ေအာင္ စိတ္ကိုဆြဲေဆာင္ပါတယ္။ ဒါေၾကာင့္ စာဖတ္တဲ့ အေလ့အက်င့္ေကာင္းရခ်င္ေတာ့ နည္းနည္း ခ်င္းစီက စလိုက္ပါ။ အခုမွစာ စဖတ္ျပီး စာေတြ အမ်ားၾကီးဖတ္လိုက္တမ်ိဳး မလုပ္လိုက္ပါနဲ႕။ ပထမဆံုးတစ္ေခါက္မွာတင္ သင့္အတြက္ အီသြား ပါလိမ့္မယ္။ ေနက္တစ္ျဖည္းျဖည္း မွ ကိုယ့္ရဲ႕ စာဖတ္ႏႈန္းကိုျမွင့္တင့္ပါ။

Sayar Guice banner design 2 3


(၄) ဘယ္အခ်ိန္မွာ စာအုပ္ဖတ္သင့္လဲ ဆုိတာ ကိုယ့္ကိုယ္သိပါ
ေျပာခ်င္တာကေတာ့ သင့္အတြက္ ဘယ္အခ်ိန္က စာအုပ္ဖတ္ဖို႕ အသင့္ေတာ္ဆံုးလည္းဆိုတာ ကို သိဖိုကကိုေျပာတာပါ။ ဥပမာ အလုပ္ေၾကာင့္ပဲျဖစ္ျဖစ္၊ အိမ္ေၾကာင့္ပဲ ျဖစ္ျဖစ္၊ ကုိယ့္ရဲ႕ relationship ေၾကာင့္ပဲျဖစ္ျဖစ္ ေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စိတ္ညစ္တာမ်ိဳး၊ စိတ္ဖိစီးတာမ်ိဳး၊ စိတ္ဓာတ္က်တာမ်ိဳးေတြ ၾကံဳ လာရတာအခါ ကိုယ္တဲ့သင့္ေတာ္မယ့္ စာအုပ္တစ္အုပ္ ေကာက္ကိုင္လိုက္ ဖို႕ လိုအပ္တယ္လို႕ေျပာျခင္းျဖစ္ပါတယ္။

 


(၅) ဝါသနာတူ သူငယ္ခ်င္းေတြရွာပါ
စာအုပ္ဖတ္ရတာ ဝါသနာ ပါတဲ့ သူေတြနဲ႕ ကိုယ္ဖတ္ေနတဲ့ စာအုပ္အေၾကာင္းကိုေျပာျပတာမ်ဳိး၊ ဗဟုသုတေတြကို ျပန္လည္ေဝ မွ်တာမ်ိဳး ေတြကို ျပဳလုပ္ျခင္းဟာ သင့္ရဲ႕ စာအုပ္ေတြ အေပၚ စိတ္ဝင္စားမႈကို တိုးတက္ေစပါတယ္။ ေနာက္တနည္းကေတာ့ ကေလးေတြ ကို ပံုျပင္စာအုပ္ေတြ၊ ဗဟုသုတစာအုပ္ေတြကို ဖတ္ျပျခင္းျဖင့္လဲ စာအုပ္ဖတ္တဲ့ အေလ့အက်င့္ေကာင္းေတြ ကိုရရွိေစႏိုင္ပါတယ္။

 


(၆) တီဗီနဲ႔ အင္တာနက္သုံးတာေတြ ေလ်ာ့ပါ
ေနာက္ဆံုးတစ္ခ်က္ ကေတာ့ အရမ္းအေရးၾကီးတဲ့ အခ်က္ပါပဲ။ တကယ္လို႔ စာဖတ္ဖို႔ အခ်ိန္မရွိဘူးလို႔ထင္ေနရင္ တီဗီၾကည့္တာေတြ အင္တာနက္ေပၚ အခ်ိန္ျဖဳန္းတာေတြကို ေလ်ာ့ခ်ပါ။ ေျပာခ်င္တာကေတာ့ အရင္ က ပ်င္းရင္ အင္တာနက္ သံုး facebook ေလးပြတ္ေနမယ့္ အစား စာအုပ္ဖတ္ျခင္းကို အစားထိုးသြားဖို႕ကို ဆိုလိုျခင္းျဖစ္ပါတယ္။ အင္တာနက္၊ TV စတာေတြကို ေပးတဲ့ အခ်ိန္ေလ်ာ႔ခ်ျခင္း ဟာ သင့္အတြက္ အခ်ိန္ေတြ ပိုထြက္လာေစျပီး စာအုပ္ဖတ္ဖို႕အခ်ိန္ေတြ ရလာပါေစလိမ့္မယ္။
အခုေျပာျပေပးခဲ့တာေတြကေတာ့ စာအုပ္ဖတ္ဖို႕ အေလ့ အက်င့္ေကာင္းရေစဖုိ႕ အေထာက္အကူျဖစ္ေစမယ့္ နည္းလမ္းေလးေတြ ျဖစ္ပါတယ္။

Accounting သင္ၾကားေပးေသာ Guide ဆရာ၊ ဆရာမမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-527.html

 

Unicode ဖြင့်ဖတ်ရန်
"စာဖတ်တဲ့ အလေ့အကျင့်ကောင်း ရစေဖို့ နည်းလမ်း (၆) ခု"
စာဖတ်တယ်ဆိုတာ ကောင်းတဲ့လေ့အကျင့် တစ်ခုဖြစ်သလို အကျိုးကျေးဇူးများစွာလည်းရရှိစေပါတယ်။ ဒီအချက်ကိုတော့ ထွေထွေ ထူးထူး ပြောစရာမလိုဘူးထင်ပါတယ်။ ဒါကြောင့် စာဖတ်တဲ့ အလေ့အကျင့် ကောင်း ရရှိအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။


(၁) ရည်ရွယ်ချက်ထားပါ
စာဖတ်တဲ့ အလေ့အကျင့်ကောင်းရဖို့အတွက် ပထမဆုံးလိုအပ်တဲ့ အချက်ကတော့ ရည်ရွယ်ချက်ထားဖို့ပါပဲ။ ပြောချင်တာကတော့ စာအုပ်အမျိုးစားပေါင်း များစွာရှိတဲ့ထဲက သင့်က ဘယ်လိုစာအုပ်တွေ ဖတ်ရတာနှစ်သက်တယ်၊ ဘယ်လိုစာအုပ်မျိုးတွေက သင့်ကို အထောက်အကူဖြစ်စေလဲ ဆိုတာကိုပါ။ ဥပမာ..ရသစာပေ၊ ဗဟုသုတ၊ တက်ကျမ်း၊ အသက်မွေးဝမ်းကြောင်းအစရှိသဖြင့်ပေါ့။ ဒါကြောင့် ကိုယ်ကဘယ်လိုစာ အုပ်ကို ဖတ်ရမယ်ဆိုတာကို ရည်ရွယ်ချက်ထားခိုင်းတာဖြစ်ပါတယ်။

 


(၂) တစ်လချင်းစီအတွက် Book List တစ်ခုလုပ်ပါ
နံပါတ် ၁ မှာပြောခဲ့တဲ့ အတိုင်း သင့်အတွက် ဖတ်ဖို့ စာအုပ် အမျိုးအစားကို ရည်ရွယ်ချက်ထားပြီးပြီဆိုရင်တော့ တစ်လ ချင်းစီ အတွက် Book list ပြန်လုပ်ဖို့လိုပါတယ်။ ဥပမာ သင်က ဗဟုသုတ စာပေ ကိုဖတ်မယ်လို့ရည်ရွယ် ထားရင် စာအုပ်တွေအကြောင်း နားလည်တဲ့ အသိမိတ်ဆွေ တစ်ယောက်ယောက် စီမှာ အကြံဉာဏ်တောင်းပြီး ဘယ်လိုစာအုပ်တွေ ဖတ်သင့်လဲ ဆိုတာကို မေးပါ။ ပြီးရင် တစ်လစာ အတွက် ဖတ်ရမယ့် စာအုပ်တွေကို list လုပ်ပါ။

 


(၃) ကိုယ်နှင့်မကွာ စာအုပ်တစ်အုပ်ဆောင်ထားပါ
ဥပမာ ပြောရရင် ခရီးသွားတာပဲ ဖြစ်ဖြစ်၊ ကျောင်းသွားတာပဲ ဖြစ်ဖြစ်၊ အလုပ်သွားတာပဲဖြစ်ဖြစ်၊ အပြင်သွားတာပဲဖြစ်ဖြစ် နောက်ဆုံးအိပ်ရာဝင်ရင်တောင် စာအုပ်လေးကိုဆောင်ထားပါ။ အချိန်ရရင် ရသလို စာတစ်ပိုဒ် လောက်ဖြစ်ဖြစ် ရအောင်ဖတ်ပါ။ စာအုပ်တွေက အရမ်းဆွဲဆောင်မှုရှိပါတယ်။ အရမ်းကောင်းတဲ့ စာအုပ်တွေဆို တစ်ပိုဒ် ဖတ်ပြီး တာနဲ့ နောက်ထပ် ဖတ်ချင်လောက်အောင် စိတ်ကိုဆွဲဆောင်ပါတယ်။ ဒါကြောင့် စာဖတ်တဲ့ အလေ့အကျင့်ကောင်းရချင်တော့ နည်းနည်း ချင်းစီက စလိုက်ပါ။ အခုမှစာ စဖတ်ပြီး စာတွေ အများကြီးဖတ်လိုက်တမျိုး မလုပ်လိုက်ပါနဲ့။ ပထမဆုံးတစ်ခေါက်မှာတင် သင့်အတွက် အီသွား ပါလိမ့်မယ်။ နေက်တစ်ဖြည်းဖြည်း မှ ကိုယ့်ရဲ့ စာဖတ်နှုန်းကိုမြှင့်တင့်ပါ။

Sayar Guice banner design 2 3


(၄) ဘယ်အချိန်မှာ စာအုပ်ဖတ်သင့်လဲ ဆိုတာ ကိုယ့်ကိုယ်သိပါ
ပြောချင်တာကတော့ သင့်အတွက် ဘယ်အချိန်က စာအုပ်ဖတ်ဖို့ အသင့်တော်ဆုံးလည်းဆိုတာ ကို သိဖိုကကိုပြောတာပါ။ ဥပမာ အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ အိမ်ကြောင့်ပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ relationship ကြောင့်ပဲဖြစ်ဖြစ် ကြောင်းအမျိုးမျိုးကြောင့် စိတ်ညစ်တာမျိုး၊ စိတ်ဖိစီးတာမျိုး၊ စိတ်ဓာတ်ကျတာမျိုးတွေ ကြုံ လာရတာအခါ ကိုယ်တဲ့သင့်တော်မယ့် စာအုပ်တစ်အုပ် ကောက်ကိုင်လိုက် ဖို့ လိုအပ်တယ်လို့ပြောခြင်းဖြစ်ပါတယ်။

 


(၅) ဝါသနာတူ သူငယ်ချင်းတွေရှာပါ
စာအုပ်ဖတ်ရတာ ဝါသနာ ပါတဲ့ သူတွေနဲ့ ကိုယ်ဖတ်နေတဲ့ စာအုပ်အကြောင်းကိုပြောပြတာမျိုး၊ ဗဟုသုတတွေကို ပြန်လည်ဝေ မျှတာမျိုး တွေကို ပြုလုပ်ခြင်းဟာ သင့်ရဲ့ စာအုပ်တွေ အပေါ် စိတ်ဝင်စားမှုကို တိုးတက်စေပါတယ်။ နောက်တနည်းကတော့ ကလေးတွေ ကို ပုံပြင်စာအုပ်တွေ၊ ဗဟုသုတစာအုပ်တွေကို ဖတ်ပြခြင်းဖြင့်လဲ စာအုပ်ဖတ်တဲ့ အလေ့အကျင့်ကောင်းတွေ ကိုရရှိစေနိုင်ပါတယ်။

 


(၆) တီဗီနဲ့ အင်တာနက်သုံးတာတွေ လျော့ပါ
နောက်ဆုံးတစ်ချက် ကတော့ အရမ်းအရေးကြီးတဲ့ အချက်ပါပဲ။ တကယ်လို့ စာဖတ်ဖို့ အချိန်မရှိဘူးလို့ထင်နေရင် တီဗီကြည့်တာတွေ အင်တာနက်ပေါ် အချိန်ဖြုန်းတာတွေကို လျော့ချပါ။ ပြောချင်တာကတော့ အရင် က ပျင်းရင် အင်တာနက် သုံး facebook လေးပွတ်နေမယ့် အစား စာအုပ်ဖတ်ခြင်းကို အစားထိုးသွားဖို့ကို ဆိုလိုခြင်းဖြစ်ပါတယ်။ အင်တာနက်၊ TV စတာတွေကို ပေးတဲ့ အချိန်လျော့ချခြင်း ဟာ သင့်အတွက် အချိန်တွေ ပိုထွက်လာစေပြီး စာအုပ်ဖတ်ဖို့အချိန်တွေ ရလာပါစေလိမ့်မယ်။
အခုပြောပြပေးခဲ့တာတွေကတော့ စာအုပ်ဖတ်ဖို့ အလေ့ အကျင့်ကောင်းရစေဖို့ အထောက်အကူဖြစ်စေမယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်။

 

Accounting သင်ကြားပေးသော Guide ဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-527.html

 

sayar.com.mm

Read times
Rate this articles
(0 votes)