×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Monday, 30 March 2020

သင့္ကိုယ္သင္ ဘယ္ေတာ့မွမေျပာသင့္သည့္စကား (၆) ခြန္း

သင့္ကိုယ္သင္ ဘယ္ေတာ့မွမေျပာသင့္သည့္စကား (၆) ခြန္း google

တစ်ခါတစ်ရံမှာ လူတော်တော်များများဟာ ကိုယ်ကိုယ်တိုင် အမှားလုပ်မိတဲ့အခါမှာဖြစ်စေ၊ စိတ်ဓာတ်ကျနေတဲ့အခါဖြစ်စေ ကိုယ့်ကိုယ်ကို အပြစ်တင်တဲ့ စကားတွေပြောလေ့ရှိကြပါတယ်။

အဲ့လို အချိန်မျိုးတွေမှာ အတတ်နိုင်ဆုံး ဒီစကား(၆) ခွန်းကို သင့်ကိုယ်သင်မပြောဆိုသင့်ပါဘူး။

(၁) ငါ့ကိုငါအရမ်းမုန်းတာပဲ

သင်ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် သင့်ကိုယ်သင်မုန်းတဲ့ စကားကိုမပြောသင့်ပါဘူး။ အမုန်းဆိုတာ အတတ်နိုင်ဆုံး ရှောင်ရှားသင့်တဲ့ စကားလုံး ဖြစ်ပါတယ်။ သင်မပြောင်းလဲနိုင်တဲ့ အရာတစ်ခုအတွက် သင့်ကိုယ်သင်မုန်းနေခြင်းက မဖြစ်သင့်ပါဘူး။ ဘာလို့လည်းဆိုတော့ အဲ့ဒါကအရမ်းအန္တာရယ် ရှိလို့ပါ။ သင်ရဲ့ စိတ်ကိုအောက်ဆုံးထိဆွဲချတာ သင်ကိုယ်တိုင်မဖြစ်ပါစေနဲ့။


(၂) ငါအဲ့လောက်မတော်ပါဘူး

တကယ်လို့ သင့်ကိုယ်သင် မတော်ဘူးထင်ရင်တော့ သင်ဘာလို့ အဲ့လိုခံစားနေရလဲဆိုတာ ပြန်သုံးသပ်ဖို့ လိုပါပြီ။ သူငယ်ချင်း၊ မိဘတွေကပြောလို့လား၊ ပတ်ဝန်းကျင်ကပြောလို့လား။ အဲ့ဒါဆိုရင်တော့ အချိန်မှီပါသေးတယ်။ သူတို့ပြောတာတွေကို ယုံဖို့မလိုပါဘူး။ သင်လုပ်ဖို့ လိုတာက သူတို့မှားကြောင်း သက်သေပြဖို့ပါ။ သင့်ကိုစိတ်ဓာတ်ကျစေသူတွေနဲ့ အတတ်နိုင်ဆုံးရှောင်ပါ။ သင့်ကိုယ်သင်မတော်ဘူးလို့ဘယ်တော့မှ မတွေးပါနဲ့။ လောကကြီးမှာ သင့်လိုလူမျိုးနောက်တစ်ယောက် မရှိပါဘူး။


(၃) လောကကြီးမှာ ငါအထီးကျန်ဆန်ဆုံးပဲ

ဘယ်သူမှသင့်ကိုဂရုမစိုက်ဘူးလို့ထင်နေတာလား၊ တကယ်တော့ သင့်ကိုဂရုစိုက်တဲ့ သူတွေလောကကြီးမှာ အများကြီးရှိပါတယ်။ သင့်ရဲ့မိသားစု၊ သင့်ရဲ့ သူငယ်ချင်း စသည်ဖြင့်သင့်ကို ဂရုစိုက်သူတွေရှိပါတယ်။ အကယ်လို့ ကံမကောင်းစွာနဲ့ပဲ သင်သူတို့ကို မပိုင်ဆိုင်ရဘူးဆိုရင်လည်း သင်အထီးမကျန်သေးပါဘူး။ သင်လုပ်လို့ ရတာတွေရှိပါတယ်။ သင်သူငယ်ချင်းအသစ်တွေရှာ နိုင်တယ်။ လူတွေကိုကြင်နာနိုင်ပါတယ်။ ကြင်နာတတ်တဲ့ သူတစ်ယောက်ကဘယ်တော့မှ အထီးမကျန်ပါဘူး။ သူငယ်ချင်းအသစ်တွေရှာဖို့ စိတ်မဝင်စားရင်တောင်မှ မိဘမဲ့ကလေးကျောင်းတွေ၊ မျက်မမြင်ကျောင်းတွေ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးတွေ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ တွေမှာစေတနာ့ ဝန်ထမ်းလုပ်လို့ရပါတယ်။ သင့်ကိုယ်သင်ဘေးဖယ်ထားရင်တော့ ဘယ်တော့မှ လူတွေနဲ့ လိုက်လျောညီထွေ ဖြစ်လာမှာ မဟုတ်ပါဘူး။


(၄) ငါနဲ့ တန်တာပဲရတာပါလေ

တစ်စုံတစ်ရာကိုဆိုးဆိုးရွားရွားကြုံတိုင်း ဒါငါနဲ့တန်တာပဲဖြစ်မှာပါလို့ပြောလေ့ ရှိကြပါတယ်။ အဲ့ဒါက အရမ်းကိုမှားပါတယ်။ ဆိုးဆိုးရွားရွားကြုံတိုင်း သင့်ကိုယ်သင်အပြစ်တင်ဖို့ မလိုပါဘူး။ အချို့သော ပြဿနာတွေကို သင်တားဆီးလို့မရပါဘူး။ ဒါကြောင့် သင်အကောင်းဆုံးကြိုးစားနေသ၍ သင့်ကိုယ်သင် အပြစ်မတင်သင့်ပါဘူး။


(၅) ငါလုပ်နိုင်မှာ မဟုတ်ပါဘူး

ဒီအထင်အမြင်ကလည်း လူတော်တော်များများကို ဒုက္ခပေးပါတယ်။ လူအများစုက သူတို့ရဲ့စွမ်းဆောင်ရည်တွေကို အဲ့ဒီစကားကြောင့်ပဲ အကောင်အထည် မဖော်နိုင်ကြတာပါ။ ဒါကြောင့် သင့်မှာရည်မှန်းချက်ရှိရင် ဘယ်တော့မှ အဲ့လိုမတွေးပါနဲ့။ ရည်မှန်းချက်အောင်မြင်သည် မအောင်မြင်သည်ထက် သင့်ရည်မှန်းချက်ပေါ် သင်ယုံကြည်ဖို့ လိုပါတယ်။ သင်လုပ်နိုင်တယ်ဆိုတာ စိတ်ထဲအမြဲ စွဲထားပါ။ ကျရှုံးမှာကိုမကြောက်ပါနဲ့။ Thomas Edisonတာင် အကြိမ်ပေါင်းများစွာ ကြိုးစားပြီးမှ အောင်မြင်ခဲ့တာပါ။ သင်လုပ်နိုင်တယ်။ လုပ်ဖို့ပဲလိုတာပါ။


(၆) လောကကြီးမှာ ငါအညံ့ဆုံးလူသားဖြစ်မှာပါ

သင်အမှားလုပ်ပြီးတဲ့ အချိန်တိုင်း သင့်ကိုယ်သင် အပြစ်တင်မနေသင့်ပါဘူး။ သင်ဘာပဲမှားခဲ့မှားခဲ့ သင်သိထားရမှာက အဲ့ဒါအတိတ်ကပါ ပြန်ပြင်လို့ မရတော့ပါဘူး။ ဒါကြောင့်သင့်ကိုယ်သင် အပြစ်တင်နေလို့လဲ ဘာမှ မထူးပါဘူး။ အဲ့ဒီ အမှားကနေသင်ခန်းစာယူပါ။ လူတိုင်း လူတိုင်း မှားတတ်ပါတယ်။ ဒါပေမဲ့ မှားတိုင်း ညံ့တာတော့ မဟုတ်ပါဘူး။ အမှားကင်းတဲ့သူလို့ ဒီလောကကြီးမှာ မရှိပါဘူး။ ဒါကြောင့်သင်မညံ့ ပါဘူး။

(Zaw gyi)

90251442 832926683874316 4730726126572273664 n

 

 

register

သင့္ကိုယ္သင္ ဘယ္ေတာ့မွမေျပာသင့္သည့္စကား (၆) ခြန္း

တစ္ခါတစ္ရံမွာ လူေတာ္ေတာ္မ်ားမ်ားဟာ ကိုယ္ကိုယ္တိုင္ အမွားလုပ္မိတဲ့အခါမွာျဖစ္ေစ၊ စိတ္ဓာတ္က်ေနတဲ့အခါျဖစ္ေစ ကိုယ့္ကိုယ္ကို အျပစ္တင္တဲ့ စကားေတြေျပာေလ့ရွိၾကပါတယ္။ အဲ့လို အခ်ိန္မ်ိဳးေတြမွာ အတတ္ႏိုင္ဆံုး ဒီစကား(၆) ခြန္းကို သင့္ကိုယ္သင္မေျပာဆိုုသင့္ပါဘူး။

(၁) ငါ့ကိုငါအရမ္းမုန္းတာပဲ

သင္ဘယ္လို အေျခအေနမ်ိဳးပဲျဖစ္ျဖစ္ သင့္ကိုယ္သင္မုန္းတဲ့ စကားကိုမေျပာသင့္ပါဘူး။ အမုန္းဆိုတာ အတတ္ႏိုင္ဆံုး ေရွာင္ရွားသင့္တဲ့ စကားလံုး ျဖစ္ပါတယ္။ သင္မေျပာင္းလဲႏိုင္တဲ့ အရာတစ္ခုအတြက္ သင့္ကိုယ္သင္မုန္းေနျခင္းက မျဖစ္သင့္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ အဲ့ဒါကအရမ္းအႏၱာရယ္ ရွိလို့ပါ။ သင္ရဲ႔ စိတ္ကိုေအာက္ဆံုးထိဆြဲခ်တာ သင္ကိုယ္တိုင္မျဖစ္ပါေစနဲ့။


(၂) ငါအဲ့ေလာက္မေတာ္ပါဘူး

တကယ္လို႔ သင့္ကိုယ္သင္ မေတာ္ဘူးထင္ရင္ေတာ့ သင္ဘာလို႔ အဲ့လိုခံစားေနရလဲဆိုတာ ျပန္သံုးသပ္ဖို႔ လိုပါျပီ။ သူငယ္ခ်င္း၊ မိဘေတြကေျပာလို႔လား၊ ပတ္၀န္းက်င္ကေျပာလို႔လား။ အဲ့ဒါဆိုရင္ေတာ့ အခ်ိန္မွီပါေသးတယ္။ သူတို႔ေျပာတာေတြကို ယံုဖို႔မလုိပါဘူး။ သင္လုပ္ဖို႔ လိုတာက သူတို႔မွားေၾကာင္း သက္ေသျပဖို႔ပါ။ သင့္ကိုစိတ္ဓာတ္က်ေစသူေတြနဲ့ အတတ္ႏိုင္ဆံုးေရွာင္ပါ။ သင့္ကိုယ္သင္မေတာ္ဘူးလို့ဘယ္ေတာ့မွ မေတြးပါနဲ့။ ေလာကၾကီးမွာ သင့္လိုလူမ်ိဳးေနာက္တစ္ေယာက္ မရွိပါဘူး။


(၃) ေလာကၾကီးမွာ ငါအထီးက်န္ဆန္ဆံုးပဲ

ဘယ္သူမွသင့္ကိုဂရုမစိုက္ဘူးလို႔ထင္ေနတာလား၊ တကယ္ေတာ့ သင့္ကိုဂရုစိုက္တဲ့ သူေတြေလာကၾကီးမွာ အမ်ားၾကီးရွိပါတယ္။ သင့္ရဲ့မိသားစု၊ သင့္ရဲ႔ သူငယ္ခ်င္း စသည္ျဖင့္သင့္ကို ဂရုစိုက္သူေတြရွိပါတယ္။ အကယ္လို့ ကံမေကာင္းစြာနဲ့ပဲ သင္သူတို႔ကို မပိုင္ဆိုင္ရဘူးဆိုရင္လည္း သင္အထီးမက်န္ေသးပါဘူး။ သင္လုပ္လို႔ ရတာေတြရွိပါတယ္။ သင္သူငယ္ခ်င္းအသစ္ေတြရွာ ႏိုင္တယ္။ လူေတြကိုၾကင္နာႏိုင္ပါတယ္။ ၾကင္နာတတ္တဲ့ သူတစ္ေယာက္ကဘယ္ေတာ့မွ အထီးမက်န္ပါဘူး။ သူငယ္ခ်င္းအသစ္ေတြရွာဖို႔ စိတ္မ၀င္စားရင္ေတာင္မွ မိဘမဲ့ကေလးေက်ာင္းေတြ၊ မ်က္မျမင္ေက်ာင္းေတြ၊ သက္ၾကီးရြယ္အို ေစာင့္ေရွာက္ေရးေတြ၊ လူမႈကယ္ဆယ္ေရးအဖြဲ႔ ေတြမွာေစတနာ႔ ၀န္ထမ္းလုပ္လို႔ရပါတယ္။ သင့္ကိုယ္သင္ေဘးဖယ္ထားရင္ေတာ့ ဘယ္ေတာ့မွ လူေတြနဲ႔ လိုက္ေလ်ာညီေထြ ျဖစ္လာမွာ မဟုတ္ပါဘူး။


(၄) ငါနဲ႔ တန္တာပဲရတာပါေလ

တစ္စံုတစ္ရာကိုဆိုးဆိုးရြားရြားၾကံဳတိုင္း ဒါငါနဲ႔တန္တာပဲျဖစ္မွာပါလို႔ေျပာေလ့ ရွိၾကပါတယ္။ အဲ့ဒါက အရမ္းကိုမွားပါတယ္။ ဆိုးဆိုးရြားရြားၾကံဳတိုင္း သင့္ကိုယ္သင္အျပစ္တင္ဖို႔ မလိုပါဘူး။ အခ်ိဳ႔ေသာ ျပႆနာေတြကို သင္တားဆီးလို႔မရပါဘူး။ ဒါေၾကာင့္ သင္အေကာင္းဆံုးၾကိဳးစားေနသ၍ သင့္ကိုယ္သင္ အျပစ္မတင္သင့္ပါဘူး။


(၅) ငါလုပ္ႏိုင္မွာ မဟုတ္ပါဘူး

ဒီအထင္အျမင္ကလည္း လူေတာ္ေတာ္မ်ားမ်ားကို ဒုကၡေပးပါတယ္။ လူအမ်ားစုက သူတို႔ရဲ႔စြမ္းေဆာင္ရည္ေတြကို အဲ့ဒီစကားေၾကာင့္ပဲ အေကာင္အထည္ မေဖာ္ႏိုင္ၾကတာပါ။ ဒါေၾကာင့္ သင့္မွာရည္မွန္းခ်က္ရွိရင္ ဘယ္ေတာ့မွ အဲ့လိုမေတြးပါနဲ့။ ရည္မွန္းခ်က္ေအာင္ျမင္သည္ မေအာင္ျမင္သည္ထက္ သင့္ရည္မွန္းခ်က္ေပၚ သင္ယံုၾကည္ဖို႔ လုိပါတယ္။ သင္လုပ္ႏိုင္တယ္ဆိုတာ စိတ္ထဲအျမဲ စြဲထားပါ။ က်ရႈံးမွာကိုမေၾကာက္ပါနဲ့။ Thomas Edisonတာင္ အၾကိမ္ေပါင္းမ်ားစြာ ၾကိဳးစားျပီးမွ ေအာင္ျမင္ခဲ့တာပါ။ သင္လုပ္ႏိုင္တယ္။ လုပ္ဖို႔ပဲလိုတာပါ။


(၆) ေလာကၾကီးမွာ ငါအညံ့ဆံုးလူသားျဖစ္မွာပါ

သင္အမွားလုပ္ျပီးတဲ့ အခ်ိန္တိုင္း သင့္ကိုယ္သင္ အျပစ္တင္မေနသင့္ပါဘူး။ သင္ဘာပဲမွားခဲ့မွားခဲ့ သင္သိထားရမွာက အဲ့ဒါအတိတ္ကပါ ျပန္ျပင္လို႔ မရေတာ့ပါဘူး။ ဒါေၾကာင့္သင့္ကိုယ္သင္ အျပစ္တင္ေနလို႔လဲ ဘာမွ မထူးပါဘူး။ အဲ့ဒီ အမွားကေနသင္ခန္းစာယူပါ။ လူတိုင္း လူတိုင္း မွားတတ္ပါတယ္။ ဒါေပမဲ့ မွားတိုင္း ညံ့တာေတာ့ မဟုတ္ပါဘူး။ အမွားကင္းတဲ့သူလို႔ ဒီေလာကၾကီးမွာ မရွိပါဘူး။ ဒါေၾကာင့္သင္မည့ံ ပါဘူး။

 

Recommended for you : ပိတ်ရက်လေးတွေကိုအိမ်မှာအကျိုးရှိရှိ ကုန်ဆုံးစေဖို့ လုပ်ပေးသင့်သည့်နည်းလမ်းကောင်းလေးများ

 

သူစိတ္ဓာတ္က်တိုင္းဖတ္ဖို႔ (မိုးရွင္း)

 https://www.sayar.com.mm/

Read times Last modified on Tuesday, 31 March 2020 15:14
Rate this articles
(1 Vote)