×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Sunday, 12 April 2020

ကလေးများ english စကားပြောစွမ်းရည်တိုးစေဖို့ ပြသသင့်တဲ့ ဇာတ်လမ်းတွဲလေး

သင်တို့ရဲ့ သားသမီးလေးတွေကို အင်္ဂလိပ်စာ တိုးတက်စေချင်ပါက ပြသသင့်တဲ့ ဇာတ်လမ်းတွဲကောင်းကောင်းလေးကို ညွှန်းပေးရရင်တော့ Young Sheldon ပါပဲ။

Young Sheldon ဟာ အောင်မြင်ကျော်ကြားတဲ့ The Bigbang Theory ရဲ့ Spin off ကားလေးဖြစ်ပြီး Sheldon ရဲ့ ငယ်ဘဝကိုပြန်ရိုက်ထားတာပါ။

 

ယခု Young Sheldon နေရာကသရုပ်ဆောင်တဲ့ ကလေးသရုပ်ဆောင်လေး Iain Armitage က Bigbang Theory ရဲ့ Sheldon နေရာမှာသရုပ်ဆောင်တဲ့ သရုပ်ဆောင် Jim Parsons လိုပဲ ချစ်စရာကောင်းပါတယ်။

 

Young Sheldon ဇာတ်လမ်းတွဲမှာ ဟာသဇာတ်ဝင်ခန်းတွေသာမက အတွေးအခေါ်ပိုင်းဆိုင်ရာလေးတွေ , ပေါင်းသင်းဆက်ဆံရေးဆိုင်ရာသိသင့်သိထိုက်တာတွေအပြင် မိသားစုအရေး , မောင်နှမ , ညီအကိုအရေးပါ Sheldon တို့မိသားစုကပြသသွားမှာပါ။

 

ဇာတ်လမ်းနောက်ခံစကားပြောသူကတော့ Jim Parsons ပဲဖြစ်ပြီး Sheldon ကသူ့ငယ်ဘဝကိုပြန်လည်ပြောပြတဲ့ပုံစံရိုက်ကူးထားပါတယ်။ဇာတ်လမ်းတွဲစစထုတ်လွင့်တဲ့ရက်က 2017 ခုနှစ် September 25 ရက်နေ့ကပါ။

 

ဒီ Young Sheldon ဇာတ်ကားလေးမှာ - Sheldon နေရာက Iain Armitage

 

Sheldon အဖေဖြစ်သူ George Cooper အဖြစ်
Lance Barber

 

အမေဖြစ်သူ Mary Cooper အဖြစ် Zoe Perry

 

အကိုဖြစ်သူ George Junior အဖြစ် Montana Jordan

 

အမွှာညီမဖြစ်သူ Missy Cooper အဖြစ် Raegan Revord

 

အဖွားဖြစ်သူ Meemaw နေရာက Annie Potts တို့ကအဓိကဇာတ်ဆောင်တွေအဖြစ်သရုပ်ဆောင်ထားပါတယ်။

 

ဇာတ်လမ်းကတော့ Sheldon ငယ်ဘဝ Spin off ဖြစ်တာကြောင့် 1989 မှာ ဇာတ်အိမ်တည်ပါတယ်။Sheldon ဟာ Gifted ကလေးတစ်ဦးပါ။

 

သူဟာ ၂ နှစ်သားလောက်က ပြောထားတဲ့စကားကိုက အစမှတ်မိနေတတ်သူဖြစ်ပြီး အရာရာ သူသိသူတတ်သူလေးပါ။

 

Sheldon ဟာ အခြားရွယ်တူကလေးတွေလို သာမန်မူလတန်းကျောင်းတတ်တဲ့ဉာဏ်ရည်မျိုးမဟုတ်ပဲ ကောလိပ်တက်တဲ့ အရွယ်ရဲ့ ဦးနှောက်မျိုးပိုင်ဆိုင်ထားတဲ့ အသက် ၉ နှစ်အရွယ်ကလေးတစ်ဦးပါ။

 

Sheldon မှာအပေါင်းအသင်းနည်းပါတယ်။စာဂျပိုးဖြစ်တဲ့အပြင် စကားပြောဂွကျသူလေးပါ။Sheldon အဖေက ကျောင်းက ဘောလုံးအသင်းနည်းပြဆရာပါ။

 

Sheldon မှာ စာမလိုက်နိုင်တဲ့ပေါတောတောနဲ့ ပေါင်းရသင်းရခက် ကောင်မလေးတွေသာစိတ်ဝင်စားတဲ့ အသက် ၃ / ၄ နှစ်လောက်ကွာတဲ့ အကိုတစ်ယောက်ရှိပါတယ်။

 

Sheldon မှာ အမွှာညီမ လေးတစ်ယောက်ရှိကာ Sheldon ကိုချစ်ရှာပေမဲ့ သိပ်အကြောမတည့်ကြပါဘူး။

 

Sheldon အမေ ကတော့ အိမ်မှာ သူတို့ အားလုံးရဲ့ ဝေယျာဝေစ္စတွေလုပ်ပေးရပြီး Sheldon ကိုနားလည်မူ့အပေးနိုင်ဆုံးသူတစ်ဦးပါ။

 

Sheldon အမေဘက်က အဖွားဖြစ်သူ Meemaw ကတော့ Sheldon တို့ အိမ်မျက်နှာချင်းဆိုင်အိမ်မှာနေပါတယ်သူမလဲ Sheldon တို့ကိုထိန်းကျောင်းသူကြီးပေါ့။

 

ဒါတွေကတော့ Main Character တွေပါ။Young Sheldon ဇာတ်လမ်းတွဲက မိသားစုနဲ့တင်မကပဲ သားသမီးတွေနဲ့ပါ အတူတူကြည့်သင့်ပါတယ်။

 

ရယ်လဲရယ်ရသလို အသိပညာလည်းပေးမဲ့ဇာတ်လမ်းဖြစ်ပြီး Young Sheldon ကြည့်ပြီးသွားရင်မိသားစုအချစ်ပိုမိုတိုးလာမယ်ထင်ပါတယ်။

 

Young Sheldon ထဲမှ အစမ်းကြည့်သင့်သောဇာတ်ဝင်ခန်း - https://youtu.be/UUe3KdKzrjQ

 

ကျေးဇူးတင်ပါတယ်ရှင်။နှစ်သစ်မှာမင်္ဂလာရှိတဲ့အချိန်လေးတွေပိုင်ဆိုင်ကြပါစေ။

 

Telstra TV Box Office

 

<<< Zawgyi >>> 

 

ကေလးမ်ား english စကားေျပာစြမ္းရည္တိုးေစဖို႔ ျပသသင့္တဲ့ ဇာတ္လမ္းတြဲေလး

-----------------

 

သင္တို႔ရဲ႕ သားသမီးေလးေတြကို အဂၤလိပ္စာ တိုးတက္ေစခ်င္ပါက ျပသသင့္တဲ့ ဇာတ္လမ္းတြဲေကာင္းေကာင္းေလးကို ၫႊန္းေပးရရင္ေတာ့ Young Sheldon ပါပဲ။

 

Young Sheldon ဟာ ေအာင္ျမင္ေက်ာ္ၾကားတဲ့ The Bigbang Theory ရဲ႕ Spin off ကားေလးျဖစ္ၿပီး Sheldon ရဲ႕ ငယ္ဘဝကိုျပန္႐ိုက္ထားတာပါ။

 

ယခု Young Sheldon ေနရာကသ႐ုပ္ေဆာင္တဲ့ ကေလးသ႐ုပ္ေဆာင္ေလး Iain Armitage က Bigbang Theory ရဲ႕ Sheldon ေနရာမွာသ႐ုပ္ေဆာင္တဲ့ သ႐ုပ္ေဆာင္ Jim Parsons လိုပဲ ခ်စ္စရာေကာင္းပါတယ္။

 

Young Sheldon ဇာတ္လမ္းတြဲမွာ ဟာသဇာတ္ဝင္ခန္းေတြသာမက အေတြးအေခၚပိုင္းဆိုင္ရာေလးေတြ , ေပါင္းသင္းဆက္ဆံေရးဆိုင္ရာသိသင့္သိထိုက္တာေတြအျပင္ မိသားစုအေရး , ေမာင္ႏွမ , ညီအကိုအေရးပါ Sheldon တို႔မိသားစုကျပသသြားမွာပါ။

 

ဇာတ္လမ္းေနာက္ခံစကားေျပာသူကေတာ့ Jim Parsons ပဲျဖစ္ၿပီး Sheldon ကသူ႔ငယ္ဘဝကိုျပန္လည္ေျပာျပတဲ့ပုံစံ႐ိုက္ကူးထားပါတယ္။ဇာတ္လမ္းတြဲစစထုတ္လြင့္တဲ့ရက္က 2017 ခုႏွစ္ September 25 ရက္ေန႔ကပါ။

 

ဒီ Young Sheldon ဇာတ္ကားေလးမွာ - Sheldon ေနရာက Iain Armitage

 

Sheldon အေဖျဖစ္သူ George Cooper အျဖစ္ Lance Barber

 

အေမျဖစ္သူ Mary Cooper အျဖစ္ Zoe Perry

 

အကိုျဖစ္သူ George Junior အျဖစ္ Montana Jordan

 

အမႊာညီမျဖစ္သူ Missy Cooper အျဖစ္ Raegan Revord

 

အဖြားျဖစ္သူ Meemaw ေနရာက Annie Potts တို႔ကအဓိကဇာတ္ေဆာင္ေတြအျဖစ္သ႐ုပ္ေဆာင္ထားပါတယ္။

 

ဇာတ္လမ္းကေတာ့ Sheldon ငယ္ဘဝ Spin off ျဖစ္တာေၾကာင့္ 1989 မွာ ဇာတ္အိမ္တည္ပါတယ္။Sheldon ဟာ Gifted ကေလးတစ္ဦးပါ။

 

သူဟာ ၂ ႏွစ္သားေလာက္က ေျပာထားတဲ့စကားကိုက အစမွတ္မိေနတတ္သူျဖစ္ၿပီး အရာရာ သူသိသူတတ္သူေလးပါ။

 

Sheldon ဟာ အျခား႐ြယ္တူကေလးေတြလို သာမန္မူလတန္းေက်ာင္းတတ္တဲ့ဉာဏ္ရည္မ်ိဳးမဟုတ္ပဲ ေကာလိပ္တက္တဲ့ အ႐ြယ္ရဲ႕ ဦးေႏွာက္မ်ိဳးပိုင္ဆိုင္ထားတဲ့ အသက္ ၉ ႏွစ္အ႐ြယ္ကေလးတစ္ဦးပါ။

 

Sheldon မွာအေပါင္းအသင္းနည္းပါတယ္။စာဂ်ပိုးျဖစ္တဲ့အျပင္ စကားေျပာဂြက်သူေလးပါ။Sheldon အေဖက ေက်ာင္းက ေဘာလုံးအသင္းနည္းျပဆရာပါ။

 

Sheldon မွာ စာမလိုက္ႏိုင္တဲ့ေပါေတာေတာနဲ႔ ေပါင္းရသင္းရခက္ ေကာင္မေလးေတြသာစိတ္ဝင္စားတဲ့ အသက္ ၃ / ၄ ႏွစ္ေလာက္ကြာတဲ့ အကိုတစ္ေယာက္ရွိပါတယ္။

 

Sheldon မွာ အမႊာညီမ ေလးတစ္ေယာက္ရွိကာ Sheldon ကိုခ်စ္ရွာေပမဲ့ သိပ္အေၾကာမတည့္ၾကပါဘူး။

 

Sheldon အေမ ကေတာ့ အိမ္မွာ သူတို႔ အားလုံးရဲ႕ ေဝယ်ာေဝစၥေတြလုပ္ေပးရၿပီး Sheldon ကိုနားလည္မူ႔အေပးႏိုင္ဆုံးသူတစ္ဦးပါ။

 

Sheldon အေမဘက္က အဖြားျဖစ္သူ Meemaw ကေတာ့ Sheldon တို႔ အိမ္မ်က္ႏွာခ်င္းဆိုင္အိမ္မွာေနပါတယ္သူမလဲ Sheldon တို႔ကိုထိန္းေက်ာင္းသူႀကီးေပါ့။

ဒါေတြကေတာ့ Main Character ေတြပါ။

 

Young Sheldon ဇာတ္လမ္းတြဲက မိသားစုနဲ႔တင္မကပဲ သားသမီးေတြနဲ႔ပါ အတူတူၾကည့္သင့္ပါတယ္။

 

ရယ္လဲရယ္ရသလို အသိပညာလည္းေပးမဲ့ဇာတ္လမ္းျဖစ္ၿပီး Young Sheldon ၾကည့္ၿပီးသြားရင္မိသားစုအခ်စ္ပိုမိုတိုးလာမယ္ထင္ပါတယ္။

 

Young Sheldon ထဲမွ အစမ္းၾကည့္သင့္ေသာဇာတ္ဝင္ခန္း - https://youtu.be/UUe3KdKzrjQ

 

ေက်းဇူးတင္ပါတယ္ရွင္။ႏွစ္သစ္မွာမဂၤလာရွိတဲ့အခ်ိန္ေလးေတြပိုင္ဆိုင္ၾကပါေစ။

 

 

Read times Last modified on Friday, 10 July 2020 14:19
Rate this articles
(0 votes)