×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Monday, 25 September 2017

စည္းကမ္းဆိုတာ လုိက္နာရမယ့္ အရာေတြကို ေျပာတာလား

စည္းကမ္းဆိုတာ လုိက္နာရမယ့္ အရာေတြကို ေျပာတာလား google.com

ငယ္ငယ္ကတည္းက ၾကားဖူးေနက်စကားေလးပါပဲ။ စည္းကမ္းရွိဖို႔လုိတယ္။ စည္းကမ္းရွိပါ။ ေက်ာင္းတက္ရင္လညး္ ဆရာ ဆရာမေတြက အျမဲတမ္းဆံုးမတတ္ၾကပါတယ္။ စည္းကမ္းလိုက္နာၾကပါ၊

စည္းကမ္း ရွိပါ။ ကားေပၚတက္ရင္လည္း ကားေပၚမွာ လမ္းေပၚမွာ ဆိုလည္း လမ္းေပၚမွာ စည္းကမ္းမဲ့ အမွိဳက္မပစ္ပါနဲ႕၊ ကြမ္းတံေတြးမေထြးပါနဲ႕၊ လူကူမ်ဥ္းၾကားမွကူးပါ စသျဖင့္ေပါ့ အမ်ားၾကီးပဲ သတ္မွတ္ထားတာေတြကုိ ေတြ႔ရမွာပါ။

ကြ်န္ေတာ္တို႔ စဥ္းစားၾကည့္ရေအာင္ စည္းကမ္းရွိဖို႔ စည္းကမ္းလိုက္နာဖို႔က တမင္တကာ က်င့္ယူမွ ရမယ့္ အက်င့္တစ္ခုလား။ ဘာေၾကာင့္အျမဲတမ္း ဒီလိုစာေတြ ေရးျပီးသတိေပးေနရတာလဲ။ ကြ်န္ေတာ္တို႔ဆီမွာ ကိုယ္ပိုင္အသိတစ္ခုမရွိလို႔ေပါ့ဗ်ာ…အဲလိုပဲ ကြ်န္ေတာ္ကေတာ့ ေတြးမိပါတယ္။ ကြ်န္ေတာ္တို႔တစ္ေယာက္ ခ်င္းဆီမွာသာ အမွိဳက္ဆိုရင္ အမွိဳက္ေတာင္းမွာ ပစ္ရမယ္၊ ကြမ္းတံေတြး ေထြးဖို႔ဆိုရင္လည္း ေနရာေလးေတြရွိပါတယ္။ ဆင္ျခင္မယ္ဆိုရင္ ဒီလိုမ်ိဳး စာေတြ ကပ္ျပီး သတိေပးစရာလိုမယ္ မထင္ပါဘူး။

Recommended for you - အရာရာဆံုးရွံဳးခဲ့မယ္ဆိုရင္ေတာင္ စိတ္ဓါတ္မဆံုးရွံဳးသေရြ႕ သင္မလဲေသးပါဘူး

တခါတေလမွာ လမ္းေပၚမွာ လူအမ်ားေသာက္သံုးနိုင္ဖို႔အတြက္ ေရလွဴထားတဲ့ေရအိုးေတြမွာေတာင္ ဘာမွ တန္ဖိုးမရွိတဲ့ ေသာက္ေရခြက္ကို ၾကိဳးနဲ႕ခ်ည္ထားရတုန္းဆိုတာ ကြ်န္ေတာ္တို႔လူမ်ိဳးမွာ ကိုယ္ပိုင္အသိရွိဖို႕ လိုအပ္ေနေသးတယ္ဆိုတာ ျပသေနတဲ့ အရာေတြပါပဲ။ ကိုယ္ပိုင္အသိဆိုတာ ဘယ္အခ်ိန္မွာ ဘာလုပ္သင့္တယ္ ဘာျဖစ္သင့္တယ္ဆိုတာကို ေဝဖန္ပိုင္းျခားသိျမင္ နိုင္ျခင္းကို ဆိုလိုပါတယ္။

ကြ်န္ေတာ္ေရာက္ဖူးတဲ့ျမိဳ႕ေလးတစ္ခုျဖစ္တဲ့ ထားဝယ္ျမိဳ႔ေလးကိုေတာ့ အရမ္းသေဘာက်ပါတယ္။ ျမိဳ႕ေပၚမွာေရာ ရြာေလးေတြမွာပါ အမွိဳက္ေတြ တစ္စက္မွမရွိပါဘူး။ အမွိုက္ေတာင္းေလးေတြ ထားထားျပီး တစ္ျမိဳ႕လံုးတက္ညီလက္ညီ စိတ္ထားေလးေတြ တူညီစြာနဲ႕ ကိုယ့္ရဲ႕ အိမ္ကေနတဆင့္ ျမိဳ႕ေတာ္ သန္႔ရွင္းသာယာဖို႔ အတြက္ ဝိုင္းဝန္းေဆာင္ရြက္ၾကတာေလးက ခ်စ္ဖုိ႔ေကာင္းျပီး ေလးစားအတုယူ သင့္ပါတယ္။ တစ္ေယာက္ေယာက္ကသာ ကိုယ္ပိုင္အသိေလးမရွိခဲ့ရင္ ရပ္ရြာကစျပီး ျမိဳ႕ေတာ္အထိ ေကာင္းမြန္တဲ့ ျမိဳ႕တစ္ျမိဳ႕ ျဖစ္လာမွာ မဟုတ္ပါဘူး။

Recommended for you - ဘြဲ႔မရေပမယ့္လည္း ေအာင္ျမင္နိုင္ပါတယ္။

လူေတြရဲ႕စိတ္ကုိက အံ့ၾသဖို႔ေကာင္းပါတယ္။ မလုပ္ပါနဲ႕လို႔ တားျမစ္ထားတာကိုမွ လုပ္ခ်င္ၾကပါတယ္။ စည္းကမ္းလိုက္နာပါဆိုရင္ မလိုက္နာေတာ့ေရာ ဘာျဖစ္လဲ…ဒီလုိမ်ိဳး ေစာဒကတက္မိၾကပါတယ္။ မိဘေတြက မင္းတို႔ စာအုပ္ေတြကလည္း ပြေနတာပဲ စညး္ကမ္းရွိရွိ စနစ္တက်စီစီရီရီထားေလကြာ။ ဒီိလိုမ်ိဳး စည္းကမ္းတက်ရွိဖို႔ ဆံုးမတတ္ၾကပါတယ္။

စည္းကမ္းဆိုတာ မလုပ္ရမယ့္ အရာေတြကို ေျပာတာမဟုတ္ပါဘူး။ အားလံုးကသာ အမွိဳက္ေတာင္းထဲမွာပဲ အမွိဳက္ပစ္ၾကမယ္ဆိုရင္ အမွိဳက္ကို အမွိဳက္ေတာင္းထဲသို႔ ထည့္ပါ ဆိုတဲ့ စာသားေလးေတြ ကပ္ထားစရာ လိုပါေတာ့မလား။

ကြ်န္ေတာ္တို႔ တစ္ေယာက္ခ်င္းစီ ကုိယ္ပိုင္အသိေလးေတြနဲ႕ ကြ်န္ေတာ္တို႔ ပတ္ဝန္းက်င္ ကေနစျပီး တိုင္းျပည္နိုင္ငံအထိ လွပျပီး က်က္သေရရွိတဲ့ နိုင္ငံျဖစ္ေအာင္ ေဆာင္ရြက္ၾကရေအာင္။

စာဖတ္ပရိသတ္ေတြေရာ ဘယ္လုိျမင္ပါသလဲ အေတြးအျမင္ေလးေတြကို ေဝမွ်ေပးသြားပါအံုးခင္ဗ်ာ။

Scorpian

Unicode

ငယ်ငယ်ကတည်းက ကြားဖူးနေကျစကားလေးပါပဲ။ စည်းကမ်းရှိဖို့လိုတယ်။ စည်းကမ်းရှိပါ။ ကျောင်းတက်ရင်လညး် ဆရာ ဆရာမတွေက အမြဲတမ်းဆုံးမတတ်ကြပါတယ်။ စည်းကမ်းလိုက်နာကြပါ၊ စည်းကမ်း ရှိပါ။ ကားပေါ်တက်ရင်လည်း ကားပေါ်မှာ လမ်းပေါ်မှာ ဆိုလည်း လမ်းပေါ်မှာ စည်းကမ်းမဲ့ အမှိုက်မပစ်ပါနဲ့၊ ကွမ်းတံတွေးမထွေးပါနဲ့၊ လူကူမျဉ်းကြားမှကူးပါ စသဖြင့်ပေါ့ အများကြီးပဲ သတ်မှတ်ထားတာတွေကို တွေ့ရမှာပါ။


ကျွန်တော်တို့ စဉ်းစားကြည့်ရအောင် စည်းကမ်းရှိဖို့ စည်းကမ်းလိုက်နာဖို့က တမင်တကာ ကျင့်ယူမှ ရမယ့် အကျင့်တစ်ခုလား။ ဘာကြောင့်အမြဲတမ်း ဒီလိုစာတွေ ရေးပြီးသတိပေးနေရတာလဲ။ ကျွန်တော်တို့ဆီမှာ ကိုယ်ပိုင်အသိတစ်ခုမရှိလို့ပေါ့ဗျာ…အဲလိုပဲ ကျွန်တော်ကတော့ တွေးမိပါတယ်။ ကျွန်တော်တို့တစ်ယောက် ချင်းဆီမှာသာ အမှိုက်ဆိုရင် အမှိုက်တောင်းမှာ ပစ်ရမယ်၊ ကွမ်းတံတွေး ထွေးဖို့ဆိုရင်လည်း နေရာလေးတွေရှိပါတယ်။ ဆင်ခြင်မယ်ဆိုရင် ဒီလိုမျိုး စာတွေ ကပ်ပြီး သတိပေးစရာလိုမယ် မထင်ပါဘူး။

Recommended for you - အရာရာဆုံးရှုံးခဲ့မယ်ဆိုရင်တောင် စိတ်ဓါတ်မဆုံးရှံုးသရွေ့ သင်မလဲသေးပါဘူး
တခါတလေမှာ လမ်းပေါ်မှာ လူအများသောက်သုံးနိုင်ဖို့အတွက် ရေလှူထားတဲ့ရေအိုးတွေမှာတောင် ဘာမှ တန်ဖိုးမရှိတဲ့ သောက်ရေခွက်ကို ကြိုးနဲ့ချည်ထားရတုန်းဆိုတာ ကျွန်တော်တို့လူမျိုးမှာ ကိုယ်ပိုင်အသိရှိဖို့ လိုအပ်နေသေးတယ်ဆိုတာ ပြသနေတဲ့ အရာတွေပါပဲ။ ကိုယ်ပိုင်အသိဆိုတာ ဘယ်အချိန်မှာ ဘာလုပ်သင့်တယ် ဘာဖြစ်သင့်တယ်ဆိုတာကို ဝေဖန်ပိုင်းခြားသိမြင် နိုင်ခြင်းကို ဆိုလိုပါတယ်။


ကျွန်တော်ရောက်ဖူးတဲ့မြို့လေးတစ်ခုဖြစ်တဲ့ ထားဝယ်မြို့လေးကိုတော့ အရမ်းသဘောကျပါတယ်။ မြို့ပေါ်မှာရော ရွာလေးတွေမှာပါ အမှိုက်တွေ တစ်စက်မှမရှိပါဘူး။ အမှိုက်တောင်းလေးတွေ ထားထားပြီး တစ်မြို့လုံးတက်ညီလက်ညီ စိတ်ထားလေးတွေ တူညီစွာနဲ့ ကိုယ့်ရဲ့ အိမ်ကနေတဆင့် မြို့တော် သန့်ရှင်းသာယာဖို့ အတွက် ဝိုင်းဝန်းဆောင်ရွက်ကြတာလေးက ချစ်ဖို့ကောင်းပြီး လေးစားအတုယူ သင့်ပါတယ်။ တစ်ယောက်ယောက်ကသာ ကိုယ်ပိုင်အသိလေးမရှိခဲ့ရင် ရပ်ရွာကစပြီး မြို့တော်အထိ ကောင်းမွန်တဲ့ မြို့တစ်မြို့ ဖြစ်လာမှာ မဟုတ်ပါဘူး။

Recommended for you - ဘွဲ့မရပေမယ့်လည်း အောင်မြင်နိုင်ပါတယ်။
လူတွေရဲ့စိတ်ကိုက အံ့သြဖို့ကောင်းပါတယ်။ မလုပ်ပါနဲ့လို့ တားမြစ်ထားတာကိုမှ လုပ်ချင်ကြပါတယ်။ စည်းကမ်းလိုက်နာပါဆိုရင် မလိုက်နာတော့ရော ဘာဖြစ်လဲ…ဒီလိုမျိုး စောဒကတက်မိကြပါတယ်။ မိဘတွေက မင်းတို့ စာအုပ်တွေကလည်း ပွနေတာပဲ စညး်ကမ်းရှိရှိ စနစ်တကျစီစီရီရီထားလေကွာ။ ဒီိလိုမျိုး စည်းကမ်းတကျရှိဖို့ ဆုံးမတတ်ကြပါတယ်။


စည်းကမ်းဆိုတာ မလုပ်ရမယ့် အရာတွေကို ပြောတာမဟုတ်ပါဘူး။ အားလုံးကသာ အမှိုက်တောင်းထဲမှာပဲ အမှိုက်ပစ်ကြမယ်ဆိုရင် အမှိုက်ကို အမှိုက်တောင်းထဲသို့ ထည့်ပါ ဆိုတဲ့ စာသားလေးတွေ ကပ်ထားစရာ လိုပါတော့မလား။


ကျွန်တော်တို့ တစ်ယောက်ချင်းစီ ကိုယ်ပိုင်အသိလေးတွေနဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင် ကနေစပြီး တိုင်းပြည်နိုင်ငံအထိ လှပပြီး ကျက်သရေရှိတဲ့ နိုင်ငံဖြစ်အောင် ဆောင်ရွက်ကြရအောင်။


စာဖတ်ပရိသတ်တွေရော ဘယ်လိုမြင်ပါသလဲ အတွေးအမြင်လေးတွေကို ဝေမျှပေးသွားပါအုံးခင်ဗျာ။

Scorpian

 

Read times Last modified on Monday, 30 December 2019 14:40
Rate this articles
(2 votes)