×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Tuesday, 31 October 2017

အိပ်ယာမသိမ်းသင့်ဘူးလို့ သိပ္ပံပညာရှင်တွေပြောပြီ

အိပ်ယာမသိမ်းသင့်ဘူးလို့ သိပ္ပံပညာရှင်တွေပြောပြီ google.com

ငယ်ငယ်ကတည်းကမိဘတွေကတော့မနက်ထလာရင်အိပ်ယာသိမ်းဖို့အိပ်ယာတွေကိုသပ်သပ်ရပ်ရပ်ထားဖို့ပြောပေမဲ့ဒါဟာလုပ်သင့်တဲ့အရာတစ်ခုမဟုတ်ပါဘူး။






Credit; dagaung.com

[Unicode Version]

ငယ်ငယ်ကတည်းကမိဘတွွေကတော့မနက်ထလာရင်အိပ်ယာသိမ်းဖို့အိပ်ယာတွေကိုသပ်သပ်ရပ်ရပ်ထားဖို့ပြောပေမဲ့ဒါဟာလုပ်သင့်တဲ့အရာတစ်ခုမဟုတ်ပါဘူး။
Kingston University ကလေ့လာတွေ့ရှိချက်တွေအရ မနက်မှာ အိပ်ယာ သိမ်းလိုက်တာက တစ်ညလုံးပေါက်ဖွားထားတဲ့ပိုးမွှား လေးတွေကိုထွက်မရအောင် ပိတ်ပင်ထားသလိုဖြစ်နေပါတယ်။ ဒီ ပိုးမွှားတွေကြောင့်ပဲ ပန်းနာရင်ကျပ် နဲ့ အဲလားဂျစ်တွေဖြစ်လာရတယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။
ဒီပိုးကောင်လေးတွေကလူ့အရေပြားမှာကပ်ပါးကောင်တွေအဖြစ်နေတတ်တယ်စိုစွတ်တဲ့ပတ်ဝန်းကျင်ကိုသဘောကျကြတယ်ဒါကြောင့်ညအိပ်တဲ့အချိန်လူ့ခန္ဓာကိုယ်ကနွေးပြီးချွေးထွက်လာတဲ့အချိန်မှာသူ့တို့အပြေးအလွှားလာကပ်ပြီးလူတွေရဲ့အရေပြားကနေအာဟာရတွေသုံးဆောင်ကြတယ်။သူတို့စွန့်ပစ်လိုက်တဲ့ အညစ်အကြေးတွေက လူတွေကို ပန်းနာရင်ကျပ်ရောဂါတွေဖြစ်စေတယ်။

Recommended for you - Freelance တစ်ယောက်အတွက် လိုအပ်တဲ့အရည်အချင်းများ
မနက်ထတာနဲ့ အိပ်ယာ သိမ်းလိုက်တာက ပိုးမွှား တွေကို စိုစွတ်တဲ့ ဝန်းကျင် မှာနေခိုင်းထားသလိုဖြစ်နေတယ်။ အိပ်ယာ မသိမ်းတဲ့ခါကျတော့ ပိုးကောင်လေးတွေက လေ နဲ့ နေရောင်ခြည် ကိုထိတွေ့ရတယ်။အဲ့ဒီမှာခြောက်တွေ့မှုကိုထိရပြီး သေရော။
ဒါကြောင့် အိပ်ယာ မသိမ်းကြပါနဲ့လို့။ အိပ်ယာ သိမ်းဖို့တိုက်တွန်းနေတဲ့သူတွေရှိရင်လည်း ဒီအကြောင်းကိုသေချာပြောပြလိုက်ပါဦးလို့။
Credit; dagaung.com

Read times Last modified on Monday, 30 December 2019 15:32
Rate this articles
(3 votes)