×

Warning

JUser: :_load: Unable to load user with ID: 723


Language

Wednesday, 15 February 2017

အင်္ဂလိပ်စကားပြော ချက်ချင်းလက်ငင်း တိုးတက်စေဖို့

အင်္ဂလိပ်စကားပြော ချက်ချင်းလက်ငင်း တိုးတက်စေဖို့ Google.com

အင်္ဂလိပ်စကားလုံးတွေ ဘယ်လောက် ကျက်ထားကျက်ထား၊ စကားပြောနဲ့ဆိုင်တဲ့ သဒ္ဒါတွေကို ဘယ်လောက်လေ့လာထားပါစေ တကယ်တမ်း ပြောဆိုရတဲ့အခါ ခေါင်းထဲကနေ ပြောစရာ စကားလုံးပျောက်သွားတာတွေ၊ သဒ္ဒါအမှားတွေ၊ အလွဲတွေ ဖြစ်နေတာ ကြုံကြမှာဖြစ်ပါတယ်။

စကားပြောအရှိန်ကို လျော့ချပါ။

အင်္ဂလိပ်ဘာသာစကားကို ကိုယ့်မိခင်ဘာသာစကားလို မွတ်နေအောင် ကျွမ်းကျင်စွာ ကိုင်တွယ်ပြောဆိုနိုင်စေရမယ်ဆိုတဲ့ မြင့်မားတဲ့သတ်မှတ်ချက်ထားမယ်ဆိုရင် လက်တွေ့ဆန်မှာ မဟုတ်ပါဘူး။

အင်္ဂလိပ်စာကို စတင်လေ့လာကတည်းက အမှားလုပ်မိမှာ၊ ပြောမိမှာကို မကြောက်ကြဖို့ ဆရာတွေက မကြာခဏ တိုက်တွန်းလေ့ရှိပါတယ်။ ကမ္ဘာကျော် စကားပြောကောင်းသူတွေလည်း သူတို့ဆိုလိုချင်တဲ့ အကြောင်းအရာများကို ဖြည်းဖြည်းမှန်မှန် ပြောလေ့ရှိပါတယ်။

မိမိအတွက် စဉ်းစားဖို့အချိန်ပေးပါ။

သင့်ကို နားထောင်နေတဲ့ ပရိသတ်က စိတ်မရှည်တော့ဘဲ သင်ပြောနေတဲ့ အကြောင်းအရာအပေါ် အာရုံးစိုးစိုက်မှု လျော့လာနေပြီလို့ ထင်မှတ်ပြီး ပြောစရာ မြန်မြန်ပြီးအောင် ခပ်သုတ်သုတ် အရှိန်တင်ပြီး မြန်မြန်ပြောဖို့ လုပ်တတ်ပါလိမ့်မယ်။ ပထမဆုံး ပြောလိုတာကတော့ ပရိသတ် စိတ်မရှည်တော့ဘူးဆိုတာ မျိုးက ဟုတ်ချင်မှ ဟုတ်မှာပါ။ ထို့ကြောင့် စိတ်ကို လျော့ထားပါ။ စကားပြောနေတုန်း မိမိအတွက် စဉ်းစားဖို့ အချိန်ပေးဖို့လုပ်တဲ့အခါ pause လို့ခေါ်တဲ့ စကားစကို ဖြတ်ပြီး ခဏတာ ငြိမ်သက်နေလိုက်ပြီး ပရိသတ်က ကိုယ်ပြောခဲ့တာကို digest လုပ်ကာ ခေါင်းထဲဝင်အောင် လုပ်ဖို့ အချိန်ပေးရင်း ကိုယ့်အတွက်လည်း ထပ်စဉ်းစားဖို့ အချိန်ရစေပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ  Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

စကားလုံးကျက်မှတ်ရင် စာကြောင်းပါ တွဲကျက်မှတ်ပါ။

စကားလုံးတစ်လုံးကို အဓိပ္ပာယ်ရှာဖွေ ကျက်မှတ်တဲ့အခါ ကိုယ်ကျက်မှတ်ထားတဲ့ စာကြောင်းကို ဘာမှ ထပ်ထည့်တာ ဖြုတ်တာတွေ လုပ်စရာမလိုဘဲ တိုက်ရိုက် သုံးစွဲနိုင်တဲ့ အခြေအနေမျိုးလည်း ရှိတတ်ပါတယ်။ လူအများစုကတော့ စကားလုံးတွေကို လေ့လာကျက်မှတ်တာတော့ လုပ်ပေမယ့် တကယ်တမ်း စာကြောင်းထဲမှာ ထည့်သုံးဖို့ ဘယ်လိုသုံးရမှန်းမသိတာမျိုး အများကြီး ရှိတတ်ပါတယ်။

စာကြောင်းနဲ့ တွဲဖက် လေ့လာကျက်မှတ်တဲ့ အကျိုးကျေးဇူးကတော့ ကိုယ်သုံးတဲ့ စာကြောင်းနဲ့ စကားလုံးတွေဟာ သဒ္ဒါအထားအသိုတွေ မှန်မှမှန်ရဲ့လားဆိုတဲ့ ပူပင်သောက ရောက်စရာမလိုတော့ပါဘူး။

နားထောင်တတ်အောင် သင်ယူပါ။

အင်္ဂလိပ်စကားကို လေ့ကျင့်တဲ့အခါ စကားပြောပုံကိုဘဲ အာရုံထားပြီး ပြောဆိုလေ့ကျင့်နေတာမို့လို့ အကြားစွမ်းရည်ကို မေ့လျော့နေတတ်ကြပါတယ်။ စကားပြောဆိုတာဟာ နားကနေကြားရတဲ့ အသံထွက် အမှန်ကို မှတ်သားပြီး ပြန်လည်တုပပြောဆိုရတာဖြစ်လို့ native speaker တွေ ပြောဆိုသံ၊ ပြောဆိုပုံတွေကို မဖြစ်မနေ နားထောင်လေ့ကျင့်ဖို့ လိုအပ်ပါတယ်။

English ရုပ်မြင်သံကြားအစီအစဉ်တွေ၊ ရုပ်ရှင်ဒရာမာတွေကြည့်တာ၊ audio book ခေါ် စာအုပ်နဲ့ နားထောင်တာတွေ လုပ်လို့ရပါတယ်။

ဒီတော့ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ စိတ်ဝင်စားသော မည်သည့်ဘာသာရပ်များကိုမဆို သင်ကြားလိုပါက Sayar.com.mm တွင် ရှိသော ဆရာများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။

Credit: myanmar-network.net

Read times Last modified on Friday, 27 December 2019 15:44
Rate this articles
(3 votes)