×

Warning

JUser: :_load: Unable to load user with ID: 723


Student

Monday, 06 March 2017

စာမေးပွဲကြီး ဖြေတဲ့နေ့မှာ

စာမေးပွဲကြီး ဖြေတဲ့နေ့မှာ Google.com

တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး ဖြေဆိုဖို့အချိန်က အလွန်နီးကပ်နေပါပြီ။ အခုချိန်ဟာ ကျောင်းသား၊ ကျောင်းသူများလည်း စိတ်ပူ၊ စိတ်လှုပ်ရှားနေကြမှာ ဖြစ်ပါတယ်။

အနီးကပ်သင်ကြားခြင်း

စာမေးပွဲဖြေရတော့မယ့်အချိန်မှာ အနီးကပ်သင်ကြားခြင်းက ကောင်းကျိုးများစွာ မပေးနိုင်ပါဘူး။ ပုစ္ဆာအသစ်တွေ၊ ပုံစံအသစ်တွေ သင်ပေးခြင်းတွေလည်း မပြုသင့်ပါဘူး။ စာကို ကြေညက်အောင်သာ ပြန်လှန်လေ့ကျင့်စေသင့်ပါတယ်။

သင်ခန်းစာများ ပြီးဆုံးခြင်း

ကလေးတစ်ယောက်အတွက် တစ်နှစ်သင်ရမယ့် သင်ရိုးများကို ဒီဇင်ဘာလကတည်းက ပြီးခဲ့ပါပြီ။ ဇန်န၀ါရီလနဲ့ ဖေဖော်ဝါရီလနဲ့ မတ်လဆန်းထဲအထိ ပြန်လှန်လေ့ကျင့်ပြီးပါတယ်။ ဒီတော့ စာမေးပွဲဖြေမယ့်နေ့မှာ ထပ်ပြီး စာတွေကို လေ့ကျင့်ဖို့၊ သင်ပေးဖို့ တကယ်မလိုအပ်တော့ပါဘူး။ သင်ပြီးသားစာတွေကို ကြေညက်ဖို့ပဲ လိုပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ  Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

ကိုယ်ပိုင်လေ့လာချိန်ပေးရခြင်း

မိဘတွေဟာ သားသမီးများကို သိပ်ပြီး ထူးချွန်စေချင်ကြပါတယ်။ ထို့ကြောင့်လည်း နေ့မအား ညမအား သင်ပေးနေကြပါတယ်။ဆရာမျိုးစုံနဲ့ မနက် ၆ နာရီကနေ ည ၁၁ နာရီလောက်အထိ သင်ကြားစေကြပါတယ်။ အဲလိုလုပ်ခြင်းအားဖြင့် ကလေးရဲ့ကိုယ်ပိုင်လွတ်လပ်ချိန်ဆိုတာ လုံးဝပျောက်သွားပါတယ်။

ရှောင်ရန် ဆောင်ရန်များ

ဖြေဆိုမယ့်ညမှာ ပထမဦးစားပေးရွေးချယ်ပေးထားတဲ့ သင်ခန်းစာတွေကို ရအောင်ပြန်နွှေးရပါ့မယ်။ အချိန်ရသေးရင် ဒုတိယဦးစားပေးတွေကို ထပ်ပြီး နွှေးပါ။ ကျန်တဲ့သင်ခန်းစာကို များများဖတ်ထား မှတ်ထားလိုက်ပါ။ သင်ခန်းစာအသစ်တွေကို တိုးပြီး မကျက်မှတ်သင့်တော့ပါ။

စာတွေကို ပြန်ကြည့်ချိန်ဟာနံနက် ၆ နာရီဆိုရင် ရပ်နားသင့်ပါတယ်။ ၆ နာရီထိုးတာနဲ့ ရေချိုး၊ သန့်စင်ခန်းဝင်ပြီးတာနဲ့ နံနက်စာကို ၀၀လင်လင် စားသုံးပေးဖို့ လိုအပ်ပါတယ်။

စာမေးပွဲဖြေဆိုချိန်ဟာ နံနက် ၆ နာရီကနေ ၁၂ နာရီအထိ ၃ နာရီတိတိ ကြာမြင့်မှာ ဖြစ်ပါတယ်။

ကျောင်းသား၊ ကျောင်းသူတိုင်း လွဲမှားစွာ လုပ်နေတဲ့ အချက်တစ်ချက်မှာ နံနက်ကျောင်းသွားချိန် ၇ နာရီကနေ ၈ နာရီခွဲလောက်အတွင်းကို စာတွေ အပြန်ပြန် အလှန်လှန် ကြည့်နေကြခြင်း ဖြစ်ပါတယ်။

တကယ်တမ်း ဆန်းစစ်ကြည့်လိုက်ရင် အဲလို ပြုလုပ်ခြင်းဟာ ဘာစာမှမရပါဘူး၊ မှတ်လည်းမမှတ်မိနိုင်ပါဘူး။

ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ စိတ်ဝင်စားသော မည်သည့်ဘာသာရပ်များကိုမဆို သင်ကြားလိုပါက Sayar.com.mm တွင် ရှိသော ဆရာများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။

Source: kyae mone

Read times Last modified on Friday, 27 December 2019 15:41
Rate this articles
(2 votes)