×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Friday, 17 March 2017

အွန်လိုင်းမှ ပညာသင်ကြားခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ???

အွန်လိုင်းမှ ပညာသင်ကြားခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ??? Google.com

၁. လွယ်ကူသက်သာခြင်း

Online learning ဖြစ်တဲ့အတွက် smartphone နဲ့ ဖြစ်စေ၊ အိမ်မှာ Laptop ၊ ကွန်ပျူတာနဲ့ဖြစ်စေ ချိတ်ဆက်ပြီး အချိန်မရွေး ၊ နေရာမရွေး အင်တာနက်ချိတ်ဆက်ထားတဲ့ နေရာတိုင်းမှာ သင်ကြားနိုင်မှာဖြစ်ပါတယ်။

သီးသန့်အချိန်ပေးရတာမျိုး၊ သင်ကြားရေးစင်တာကို တကူးတကသွားပြီး သင်ရတာမျိုးလည်းမရှိတော့လို့ အတတ်ပညာတစ်ခုသင်ကြားဖို့ တကယ်ကို လွယ်ကူသက်သာတဲ့ နည်းလမ်းဖြစ်ပါတယ်။

၂. ပိုက်ဆံကုန်သက်သာခြင်း

ပညာကို ငွေပေးပြီး ၀ယ်ရတဲ့ခေတ်မှာ အွန်လိုင်းကနေ ပညာသင်ယူခြင်းဟာ ငွေကုန်ကြေးကျသက်သာစေတဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ကိုယ်လေ့လာနိုင်သလောက် သင်ခန်းစာတွေကို Download ရယူပြီး အချိန်မရွေး ပြန်လှန် လေ့ကျင့်နိုင်တာမျိုးပါ။

သင်တန်းတစ်ခုကို သိန်းဂဏန်းဝန်းကျင်ပေးနေရတဲ့အချိန် အွန်လိုင်းကနေ ငွေကုန်ကြေးကျ သက်သက်သာသာနဲ့ သင်ယူနိုင်ခြင်းဖြစ်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၃. အာရုံစိုက်နိုင်ခြင်း

သင်တန်းတက်တဲ့ လူငယ်အများစုဖြစ်လေ့ရှိတဲ့အရာကတော့ သင်တန်းကြေးပေးပြီး အတတ်ပညာကို ပြီးမြောက်အောင် မသင်နိုင်ခြင်းပါပဲ။

သူငယ်ချင်းအပေါင်းအသင်းကြောင့်သော်လည်းကောင်း၊ သင်တန်းကို အပျော်တက်သူတွေကြောင့် သော်လည်းကောင်း သင်တန်းမှာ သေချာအာရုံမစိုက်နိုင်ကြလို့ပါပဲ ဖြစ်ပါတယ်။

အွန်လိုင်းကနေသင်ရင်တော့ ဒီအားနည်းချက်တွေ မရှိတော့ပါဘူး။ ကိုယ်သင်တဲ့ဘာသာရပ်ကို တစိုက်မတ်မတ် အာရုံစိုက်သင်ကြားနိုင်မှာ ဖြစ်ပါတယ်။

၎. လွတ်လပ်ပြီး သက်တောင့်သက်သာရှိခြင်း

ပညာရေးစင်တာ သို့မဟုတ် စာသင်ခန်းမှာထိုင်ပြီး အတန်းဖော်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေရတာမျိုး၊ ဆရာစာရှင်းပြတာကို လွတ်လွတ်လပ်လပ်မေးခွင့်မရတာမျိုး စသဖြင့် စာသင်ခန်းရဲ့စည်းကမ်းတွေလည်းရှိတော့မှာ မဟုတ်ပါဘူး။

အိမ်မှာပဲ အွန်လိုင်းကနေ လေ့လာမယ်ဆိုရင်လည်း ထမင်းစားရင်း အိမ်အလုပ်တွေ လုပ်ရင်းကိုင်ရင်းဖြင့် လေ့လာသင်ယူနိုင်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: shwemom

Read times Last modified on Saturday, 28 December 2019 11:28
Rate this articles
(3 votes)