×

Warning

JUser: :_load: Unable to load user with ID: 723


Language

Tuesday, 28 March 2017

အင်္ဂလိပ်စာမှာ reading and vocabulary skill တွေကို တိုးတက်အောင် ဘယ်လိုလေ့လာမလဲ

အင်္ဂလိပ်စာမှာ reading and vocabulary skill တွေကို တိုးတက်အောင် ဘယ်လိုလေ့လာမလဲ Google.com

၁. တစ်ခုခုကို နေ့တိုင်းဖတ်ပါ။

ကလေးစာအုပ်၊ လွယ်ကူလေ့လာသော အင်္ဂလိပ်စာ ဖတ်စာအုပ်များ၊ သတင်းစာ၊ မဂ္ဂဇင်း၊ အင်တာနက်ဆိုက်၊ ၀တ္ထု တွေကို အင်္ဂလိပ်လို နေ့စဉ်ဖတ်နိုင်အောင် ကြိုးစားကြည့်ပါ။

၂. စိတ်ပါတာကိုပဲဖတ်ပါ

ကိုယ်စိတ်ပါတဲ့စာကို ဖတ်တာ ပိုကောင်းပါတယ်။ စိတ်မပါတဲ့၊ မဖတ်ချင်တဲ့ စာတွေကို အတင်းဖတ်နေရတာဟာ စိတ်ဖိစီးမှုကို ဖြစ်စေပါတယ်။ ထို့ကြောင့် မိမိစိတ်ပါဝင်စားမည့် စာများကိုသာ ရွေးချယ်ဖတ်ပေးပါ။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၃. ကိုယ်နဲ့ကိုက်ညီတဲ့ level ကိုပဲ ဖတ်ပါ။

ဖတ်လို့များများ နားလည်ရင် ကောင်းပါတယ်။ ခက်လွန်းတာတွေ ဖတ်နေရင် နားမလည်တော့ စိတ်ပျက်သွားလိမ့်မယ်။ အင်္ဂလိပ်စာမှာ level အလိုက်ခွဲထားသလို၊ level အလိုက်တက်တာပဲ ကောင်းတယ်။

၎. ဇာတ်လမ်းတွေဖတ်ရင် W ငါးလုံးကို ပြန်တွေးတတ်ရမယ်။

W ငါးလုံးဆိုတာက (Who, What, Where, When, Why) ဆိုတာကို ပြောတာ ဖြစ်ပါတယ်။ ဘယ်သူ့အကြောင်းကို ပြောနေတာလဲ။ ဘာတွေဖြစ်သွားသလဲ။ ဘာကြောင့်အဲဒီလို ဖြစ်သွားတာလဲ။ ဘယ်နေရာမှာ ဖြစ်သွားတာလဲ။ ဘယ်အချိန်မှာ ဖြစ်သွားတာလဲ စတာတွေကို ပြန်ပြီး သုံးသပ်နားလည် နိုင်ရမယ်။ ဒါတွေကို နားလည်ရင် ပြန်ပြောပြဖို့ သို့မဟုတ် ပြန်ဖြေဖို့ အများကြီးအထောက်အကူဖြစ်လိမ့်မယ်။

၅. အနားမှာ English-English Dictionary ကို ထားပါ။

ကိုယ့်ဘာသာစကားတွေနဲ့ ပြန်ဆိုထားတဲ့ dictionary တွေကို အားကိုးအားထားပြုရင် မှားတတ်ပါတယ်။ အင်္ဂလိပ်စာကို အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကလည်း ရှင်းပါပြီး နားလည်လွယ်တာကြောင့် အင်္ဂလိပ်ကို အင်္ဂလိပ်လိုရှင်းထားတဲ့ အဘိဓာန်ကိုပဲ သုံးသင့်ပါတယ်။ အင်တာနက်သုံးသူတွေဆိုရင် အွန်လိုင်း ပေါ်က အင်တာနက် dictionary တွေကို အသုံးပြုနိုင်ပါတယ်။

၆. ကိုယ်ပိုင် dictionary လေးတစ်ခု လုပ်ထားပါ။

- မှတ်စုစာအုပ်လေးတစ်အုပ် သီးခြားထားပါ။

- အက္ခရာစဉ်လိုက် စာမျက်နှာထိုးပြီး ဝေါဟာရတွေကို မှတ်ထားပါ။

- အသုံးများသော ပြောစကားတွေကို မှတ်ထားပါ။

- အသုံးများသော စာကြောင်းတွေ၊ ကိုယ်ကြိုက်တဲ့စာကြောင်းတွေ ရေးမှတ်ထားပါ။

- ညတိုင်း အိပ်ယာမ၀င်မီ တစ်ခေါက်လောက်ပြန်ဖတ်ကြည့်ပါ။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: htunaungphyoe-civil

Read times Last modified on Saturday, 28 December 2019 11:28
Rate this articles
(6 votes)