×

Warning

JUser: :_load: Unable to load user with ID: 723


Success

Friday, 28 April 2017

အောင်မြင်လိုပါက စွန့်လွှတ်သင့်တဲ့ အကျင့်ဆိုးများ

အောင်မြင်လိုပါက စွန့်လွှတ်သင့်တဲ့ အကျင့်ဆိုးများ Google.com

အောင်မြင်ချင်ရင်ဒီအကျင့်ဆိုးတွေကို သတိထားပြီး ရှောင်ကျဉ်ဖို့လိုအပ်ပါတယ်။

၁. အချိန်ဆွဲခြင်း

အချိန်ဆွဲခြင်းဟာ ပုံမှန်လူတွေအတွက် ဖျောက်ဖို့ခက်တဲ့ အကျင့်ဆိုးတစ်ခုဖြစ်နေပါတယ်။ ပုံမှန်လူတွေဟာ ဒီနေ့အလုပ်ကို မနက်ဖြန်ရွှေ့၊ မနက်ဖြန်အလုပ်ကို နောက်တစ်ရက်ရွှေ့တတ်ကြပါတယ်။ အောင်မြင်
သူတွေကတော့ ဒီနေ့ပြီးရမယ့်အလုပ်ကို မနေ့ကတည်းက ပြီးအောင် ကြိုးစားတတ်ကြပါတယ်။

ထို့ကြောင့် အောင်မြင်ချင်ရင် လုပ်သင့်တဲ့ကိစ္စကို လုပ်သင့်တဲ့အချိန်မှာ လုပ်ပြီး အချိန်ဆွဲခြင်းဆိုတဲ့ အကျင့်ဆိုးကို ဖျောက်လိုက်ပါ။

၂. ဒွိဟစိတ် ဖြစ်ခြင်း

တစ်ခါတစ်ရံ ဒွိဟ ဖြစ်တာက ကိစ္စမရှိပေမယ့် အမြဲလိုလိုဒွိဟ ဖြစ်နေတယ်ဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ဒီလိုလူတွေဟာ ကိစ္စနှစ်ခုထဲက တစ်ခုကို ရွေးစရာရှိလျှင် ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုနဲ့  တွေးရင်း တွေးရင်းဖြင့် ဘယ်တစ်ခုမှ မလုပ်ဖြစ်တော့ပဲ အခွင့်အလမ်းကောင်းတွေကို ဆုံးရှုံးတတ်ပါတယ်။ တစ်ခုခုကို သေသေချာချာ စဉ်းစားပြီးတာနဲ့ တိတိကျကျ ရွေးချယ်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၃. အဆိုးမြင်စိတ်ရှိခြင်း 

အချိန်တိုင်းလိုလို စိတ်တိုဒေါသထွက်နေတတ်တဲ့ လူတစ်ချို့ကို သင်မြင်ဖူးမှာပါ။ ထိုသူတွေဟာ တစ်ခုခုဆိုရင် အဆိုးကိုပဲ မြင်နေတတ်လို့ဖြစ်ပါတယ်။ အဆိုးမြင်စိတ်ရှိခြင်းဟာ ပေါင်းသင်းဆက်ဆံရေးကို သာမက အောင်မြင်တိုးတက်ရေးကိုလည်း ဆုံးရှုံးစေတတ်ပါတယ်။ ထို့ကြောင့် တကယ်လို့ ကိုယ်ဟာ အဆိုးမြင်စိတ်ရှိတဲ့လူဆိုရင် အကောင်းမြင်စိတ်ရှိလာအောင် တဖြည်းဖြည်း ပြောင်းယူသင့်ပါတယ်။

၎. စိတ်ကူးကို စိတ်ကူးမှာပဲ ထားရှိခြင်း

ပုံမှန်လူတွေဟာ အတွေးများစွာ တွေးလေ့ရှိပြီး အတွေးတွေကို လက်တွေ့လုပ်ဆောင်လေ့ မရှိပါဘူး။ ဒါဟာ အောင်မြင်သူတွေနဲ့ ကြီးမားတဲ့ ကွာခြားချက်ပါပဲ။ အောင်မြင်သူတွေကတော့ အတွေးတစ်ခုနှစ်ခုပဲ တွေးလေ့ရှိပြီး ဒီအတွေးကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်လေ့ရှိပါတယ်။

၅. တိကျတဲ့လမ်းကြောင်း မရှိခြင်း

ဟိုလုပ်ငန်းဆိုလည်းသိ၊ ဒီလုပ်ငန်းဆိုလဲသိလေ့ရှိတဲ့ Generalist တော်တော်များများကို သင်တွေ့ဖူးမှာပါ။ သူတို့ဟာ အောင်မြင်လေ့မရှိကြပါဘူး။ အဓိက အကြောင်းအရင်းကတော့ သူတို့ဟာ လုပ်ငန်းတော်တော်များများကို ယေဘုယျ သိနေပေမယ့် လုပ်ငန်းတစ်ခုရဲ့တကယ့် specialist တွေနဲ့ တွေ့ရတဲ့အခါ ဘယ်လိုမှ မယှဉ်နိုင်ကြတော့တဲ့ အတွက် ဖြစ်ပါတယ်။

ကမ္ဘာ့တစ်ဝန်းက အောင်မြင်တဲ့လူတွေကို ကြည့်လိုက်မယ်ဆိုရင်လည်း ကျွမ်းကျင်တဲ့နယ်ပယ် တစ်ခုနှစ်ခုပေါ်မှာပဲ အောင်မြင်ကြတာကို တွေ့ရမှာပေါ့။

ထို့ကြောင့် အောင်မြင်ချင်တယ်ဆိုရင် အရာရာတိုင်းလုပ်ဖို့ မကြိုးစားသင့်ပဲ မိမိဝါသနာပါပြီး ကျွမ်းကျင်မယ်ထင်တဲ့ နယ်ပယ် တစ်ခုနှစ်ခုပေါ်မှာပဲ ဇောက်ချပြီး လျှောက်လှမ်း ကြပါလို့ အကြံပြုလိုက်ပါရစေ။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: Thutazone

Read times Last modified on Saturday, 28 December 2019 11:43
Rate this articles
(1 Vote)