Facebook နောက်ကွယ်မှ မက်ဇူကာဘက်နှင့် သူ၏လက်ရုံးများ
နည်းပညာလောက မှာ တိုးတက်ပြောင်းလဲလာတာနှင့်အမျှ Facebook ကို လူတိုင်းလိုလိုကအသုံးပြုလာကြပါတယ် ထိုသို့ အသုံးပြုတဲ့ အခါမှာ အကျိုးရှိတာတွေလဲ ဖြစ်ပွားသလို တခါတစ်လေမှာအချက်အလက်မရှိသတင်းအတုတွေပေါ်ပေါက်လာသလိုအခြားဆိုးရွားတဲ့ ကိစ္စ တွေ ပေါ်ပေါက်လာတာမျိုးလဲရှိပါတယ် ၂၀၁၈ လောက်မှာထိုကိစ္စရပ်တွေကို Facebook မှလုံး၀ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
တကယ်တန်းမှာ Facebook ရဲ့ ဖန်တီးရှင်က လူအများက မက်ဇူကာဘက်လို့သိထားပေမည့် တကယ်တန်းမှာ ဇူကာဘက်တစ်ယောက်ထဲ နဲ့ အရာရာကို မလုပ်နိုင်ပါဘူးသူ့မှာ အားကိုးအားထားရတယ့် လက်ရုံးတွေရှိပါတယ် ထိုသူတွေက သူတို့ ရဲ့ ဆိုင်ရာ တာဝန်တွေကို ယူပြီး Facebook ကြီးကို လည်ပတ်ကျပါတယ်။ယခုဖော်ပြပေးမှာကတော့ Facebook ကြီးကို ၂၀၂၀ မှာ ဦးဆောင် တာဝန်ထမ်းရွက်နေတဲ့ သူများပဲဖြစ်ပါတယ်။
၂၀၂၀ မှာ Facebook ကို တာဝန်ထမ်းဆောင်သူများထဲတွင် ပထမ ဦးဆုံး အရေးပါသူကတော့ Facebook ရဲ့ ဖန်တီးသူလည်း ဖြစ် CEO လည်းဖြစ်သူ Mark Zuckerberg ( မက်ဇူကာဘတ် ) ပါ။ဇူကာဘတ် ဟာ ၂၀၀၄ ခုနှစ် သူ ဟားဗတ်ကျောင်းသား ဘဝနဲ့ Facebook ကိုစတင်တည်ထောင်ကတည်းက တကယ့် Facebook နဲ့ ပတ်သက် အရေးကြီး ဆုံးဖြတ်ချက်ချရမယ့်ကိစ္စတွေသူကပဲ အမြဲ ဆုံးဖြတ်ချက်ချပါတယ်။
ဇူကာဘက်ဟာ Facebook အတွက်ဆို သူမှန်မယ်ထင်တဲ့ ဆုံးဖြတ်ချက်ကိုသာ ချပြီး သူ့ရဲ့ အသုံးပြုသူတွေနဲ့ သူ့ရဲ့ အုပ်ချုပ်မှု့ပိုင်းဆိုင်ရာ အရာရှိတွေရဲ့ ဆန္ဒကိုတောင် ငြင်းဆန် ဖယ်ချဖို့ကြောက်ရွံတဲ့သူ မဟုတ်ပါဘူး။၂၀၀၆ ကဖြစ်ခဲ့တဲ့ ကိစ္စကို ပြန်ကြည့်မယ်ဆို ဇူကာဘက်ဟာ ရာဟူးရဲ့ ၁ ဘီလီယံလောက် တန်ကြေးရှိတဲ့ ကမ်းလှမ်းမှု့တစ်ခုကို ငြင်းပယ်ခဲ့ပါတယ်။
၂၀၁၂ မှာ ဇူကာဘက်က သူ့ကို အပြိုင်ချမယ့် Instagram ကို ၁ ဘီလီယံ ဖြင့် ဝယ်ယူခဲ့ပါတယ် ထို့အပြင် ၁၉ ဘီလီယံနဲ့ WhatsApp ကို အရောင်းအဝယ် သဘောတူညီမှု့ ရှိခဲ့ပြီးသည့်အပြင် ၂ ဘီလီယံနှင့် Oculus ကို ၂၀၁၄ မှာ ဝယ်ယူခဲ့ပါတယ်။
၂၀၁၈ လောက်မှာ Facebook ပေါ်မှာ အမုန်းစကား ပျံပွားရေးတွေရှိလာခဲ့ပါတယ် ထိုအချင်းအရာကို ဇူကာဘက်မှသူ့ရဲ့ အုပ်ချုပ်မှု့ပိုင်းဆိုင်ရာ အရာရှိတွေကို ခေါ်ကာ သည်းသည်းမဲမဲ ပြောပြခဲ့ပါတယ် ပြောခဲ့တဲ့အကြောင်းအရာကတော့ Facebook မှာ like တွေရှိနေရမယ် သို့ပေမယ့် ထို Like တွေက နားလည်စရာဖြစ်နေရမယ်ဆိုတာပါပဲ။
အဲ့ လိုပြောပြီးကတည်းက Facebook မှာ နိုင်ငံရေးဆိုင်ရာတွေ အမုန်းစကားရေးသာတဲ့ Page တွေ နဲ့ လူတွေကို အကောင့်တွေဖျက်ပြစ်တာပါ။ယခုလိုကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွားစဉ်မှာတောင် Facebook မှ ဝန်ထမ်းများကို နေအိမ်မှ နေ၍ အလုပ်လုပ်ခွင့်ပေးထားပါတယ်။
Sheryl Sandberg ( ရှရယ် ဆန့်ဘက်သ် ) COO
-------------------------------------------------------------
ဆန့်ဘက်သ် ဟာ Facebook ကို ၂၀၀၈ ခုနှစ်ကစတင်ပြီး Facebook မှာလုပ်ကိုင်ခဲ့သူဖြစ်ပြီး ဇူကာဘက်ရဲ့ အားအထားရဆုံး သူပါ။ဟားဗတ်ကျောင်းဆင်းဖြစ်ပြီးသူမဟာ ဇူကာဘက်ရဲ့ စီးပွားရေးဆိုင်ရာကိစ္စ တွေကို အမြဲတာဝန်ယူ ကိုင်တွယ်နေသူတစ်ဦးပါ သည့်ထက် Facebook ရဲ့ ကြော်ငြာ ပိုင်းဆိုင်ရာစီးပွားရေးနှင့် အခြားကိစ္စ ရပ်များကို အဓိက တာဝန်ယူဖြေရှင်းသူပါ။
ဆန့်ဘက်သ် က Facebook ကို Google မှရောက်လာသူဖြစ်ပြီး သူမက ဒုဥက္ကဌ ရာထူးဖြင့် အွန်လိုင်းအရောင်းနှင့် စီမံခန့်ခွဲရေးအပိုင်းတွေကို ကိုင်တွယ်ခဲ့တာပါ။ထို့အပြင် ဆန့်ဘက်သ် က Facebook ရဲ့ အမြတ်ငွေတွေတိုးလာဖို့ ကြော်ငြာပိုင်း စီးပွားရေးကို အသေအချာကိုင်တွယ်ခဲ့သူပါ။သူမ မရောက်ခင်က Facebook က ၂၀၀၇ မှာ အမြတ်ငွေ ၁၅၀ မီလီယံ ပဲရှိခဲ့ပြီး ၂၀၁၁ သူမရောက်လာချိန်မှာ Facebook က အမြတ်ငွေ ၃၇၀ ဘီလီယံ ထိတက်လာခဲ့ပါတယ်။
၂၀၁၃ မှာ သူမရဲ့ နာမည်ကလည်း Facebook နှင့် အတူတူ ကြီးထွားလာတာ Lean In: Women, Work, and the Will to Lead နာမည်ဖြင့် စာအုပ်တစ်အုပ်ထုတ်ဝေခဲ့ပါတယ်။အခုချိန်ထိ သူမဟာ လုပ်ဖော်ကိုင်ဖက်များရဲ့ ချီးမွမ်း ထောပနာ ပြုခြင်းကို ခံရတဲ့ သူတစ်ဦးပါ။ဇူကာဘက်ရဲ့ ယခုနောက်ပိုင်းငွေကြေးပိုင်းဆိုင်ရာ တိုးတက်မှု့တွေက ဆန့်ဘက်သ် ကြောင့်ရယ်လို့ လူအများက လက်ခံထားပါတယ်။
Mike Schroepfer ( မိုက် ဆတ်ခရိုဖာ ) နည်းပညာပိုင်းဆိုင်ရာ အမှုဆောင်ချုပ်
-------------------------------------------------------------------------------------------------
တကယ်တန်းမှာ ဇူကာဘက်ရဲ့ ဖေ့ဘုတ်နဲ့ ပတ်သက်တဲ့ စိတ်ကူးက အတော်လေးကောင်းပါတယ် ဒါကို နည်းပညာပိုင်းဆိုင်ရာမှာ အကောင်အထည်ဖော်ပေးသူကတော့ မိုက် ဆတ်ခရိုဖာ ပါပဲ။သူ့ကို လူတွေက ဆတ်ပ် လို့ ခေါ်ဝေါ်ကြတယ်အရမ်းကိုတော်တဲ့ နည်းပညာပိုင်းဆိုင်ရာ ပညာရှင်ဖြစ်သလို ခေါင်းဆောင်ကောင်းတစ်ယောက် သူ့ရဲ့ အဓိက တာဝန်က AI နည်းပညာကို ထိန်းချုပ်ပြီး ဖေ့ဘုတ်ကို တိုးတက်အောင်လုပ်ဆောင်ဖို့ပါ။
ဒီ AI မှာ ပါဝင်တဲ့ အဓိက အရာက အချက်အလက်အကြောင်းအရာ မှားယွင်းနေတဲ့ အမုန်းစကားတွေကို ဖေ့ဘုတ်မှာ တစ်စုံတစ်ဦးတစ်ယောက်က တင်ထားပါက ပယ်ဖျက်ရှင်းထုတ်ဖို့ပါ။ထို့အပြင် သူဟာ ဖေ့ဘုတ်ရဲ့ ဦးနှောက် အလား ကွန်ပြူတာ ဖွံဖြိုးမှု့ စွမ်းရည်ကို လုပ်ဆောင်နေတဲ့ ကိုင်တွယ်နေတဲ့သူလည်းဖြစ်ပါတယ်။
Adam Mosseri ( အက်ဒန် မောက်စရိ ) Instagram ရဲ့ အမှု့ဆောင်ချုပ်
----------------------------------------------------------------------------------------
မောက်စရိဟာ Instagram ရဲ့ အကြီးဆုံး အုပ်ချုပ်မှု့ဆိုင်ရာ တာဝန်ရှိသူတစ်ယောက်ပါ။မောက်စရိ က ၂၀၀၈ ခုနှစ်က ဖေ့ဘုတ်မှာ ထုတ်ကုန် ဒီဇိုင်းနာ တစ်ဦးအဖြစ်လုပ်ခဲ့သူဖြစ်ပြီး သူဟာ ဇူကာဘက်နဲ့ အတော်လေး အနေနီးတဲ့ သူတစ်ယောက်ပါ။မောက်စရိ က လူကြီးပိုင်းနေရာ တော်တော်များများမှာ လုပ်ကိုင်ခဲ့သူဖြစ်ပြီး သူက အရင်က Facebook ရဲ့ ထုတ်ကုန်ပိုင်းဆိုင်ရာကို အမြဲအလေးထားခဲ့သူတစ်ဦးပါတဲ့။ထို့အပြင် ဖေ့ဘုတ်မှ သတင်းအမှားတွေကို ချေမှုန်းဖို့ အတွက် သူကပါ ထိုအုပ်စုမှာ ဒုတိယခေါင်းဆောင်အဖြစ်လုပ်ကိုင်နေတယ်သိရပါတယ်။
၂၀၁၈ အောက်တိုဘာလက မောက်စရိ ကို ဇူကာဘတ် မှ Instagram ကိုလုံးဝလက်လွဲခဲ့တာဖြစ်ပြီး ထို Instagram မှ ဒုတိယ တည်ထောင်သူတွေဖြစ်တဲ့ Kevin Systrom နဲ့ Mike Krieger တို့ ရုတ်တရက် မထွက်ခင် အချိန်ထိ မောက်စရိ ဟာ Facebook ရဲ့ လူတွေနဲ့ အထိအတွေ့အများဆုံး အမှု့ဆောင်အရာရှိ တစ်ဦးအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။သူဟာ Podcast နဲ့ Tweet တွေမှာ အပြင် Instagram မှာ တိုက်ရိုက် ဗီဒီယို ရိုက်ကူးပြီး လူတွေရဲ့ မေးခွန်းတွေကို စိတ်ရှည်ရှည်နဲ့ ဖြေလေ့ရှိပါတယ်။
Andrew Bosworth ( အန်ဒရှုး ဘော့စ်ဝသ် ) Facebook ကြော်ငြာ ဖန်တီးမှု့ အကြီးအကဲ
---------------------------------------------------------------------------------------------------------------
ဘော့စ်ဝသ် နဲ့ ဇူကာဘက်တို့ဟာ ဟားဗတ် တက္ကသိုလ်မှာတူတူ တက်လာကြတာပါ။သည့်အပြင် ၂၀၀၆ ထဲက Facebook မှာ သူက ရှိနှင့်နေခဲ့တာပါ။ ဘော့စ်ဝသ် ကို လူတွေက အလုပ်လုပ်ကိုင်ရာမှာ တိကျတဲ့ သူအဖြစ် လူသိများပါတယ်။ ဘော့စ်ဝသ် ဟာ ဖေ့ဘုတ်ရဲ့ ဆော့ဝဲလ်ပိုင်းဆိုင်ရာတွေမှာ တိုးတက်အောင်လုပ်ကိုင်သူဖြစ်သည့်အပြင် ဖေ့ဘုတ်ကြော်ငြာ ပိုင်းဆိုင်ရာ ကိုလည်း သူက အားတက်သရောလုပ်ကိုင်သူပါ သည့်ထက် အမြတ်ငွေ ၉၈ ရာခိုင်နှုန်းကို သူတို့ Team မှ ဖန်တီးပါသတဲ့။
ဇူကာဘက်က အစက ဘော့စ်ဝသ် ကို သူ့ရဲ့Hardware ပိုင်းဆိုင်ရာ အကြီးအကဲ အဖြစ် သြဂုတ်လ ၂၀၁၇ မှာ ခန့်အပ်ခဲ့ပါတယ်။သူဟာ ဖေ့ဘုတ် အပြင် Oculus ကိုပါ တွဲဖက်လုပ်ကိုင်နေရတဲ့သူပါ။အခုချိန် ဖေ့ဘုတ်ပေါ်မှာ သင်တို့ ခပ်ကြည်ကြည် ဗီဒီယို ဖုန်းတွေပြောနိုင်နေတာသူ့တို့ကြောင့်ဆိုရင်လည်းမမှားပါဘူး။အခြား ဆိုရှယ်မီဒီယာ တွေက ဘော့စ်ဝသ် ရဲ့ လုပ်ရည်ကိုင်ရည်ကို အတော်လေး ကြောက်ကြပါတယ်။
Fidji Simo ( ဖက်ဂျိ ဆီမို ) ဖေ့ဘုတ်ရဲ့ အမှု့ဆောင်ချုပ်
--------------------------------------------------------------------
ဖေ့ဘုတ်ရဲ့ ထိပ်သီးအမျိုးသမီးတွေထဲ တစ်ဦး ဖြစ်တဲ့ ဆန့်ဘက်သ် ကိုလူတိုင်းသိကြတယ်။သို့ပေမည့် ဖေ့ဘုတ်ရဲ့ သြဇာအာဏာအရှိဆုံးအမျိုးသမီးကိုတော့ လူတချို့လောက်ပဲသိတယ်။သူက သင်တို့အသုံးပြုနေတဲ့ အပြာရောင် အက်ပလီကေးရှင်းလေးဖြစ်တဲ့ ဖေ့ဘုတ်ရဲ့ အမှု့ဆောင်ချုပ်ပါပဲ။
ဆီမို က ၂၀၁၁ ခုနှစ်မှာ ဖေ့ဘုတ်မှာ ပရောဒက် မန်နေဂျာ တစ်ဦးအနေနဲ့ စတင်လုပ်ကိုင်ခဲ့သူဖြစ်ပြီး သူမဟာ အလုပ်ကြိုးစားတိကျသူဖြစ်လို့ရာထူးက လျင်မြန်စွာတက်သွားခဲ့သူပါ။သူမဟာ ဥရောပ စတိုင် စိတ်ကူးအတွေးရှိသူဖြစ်ပြီးသူမဟာ ဇူကာဘက်လို သတင်းများကို လျင်မြန်စွာ ကြားသိနိုင်တဲ့ အရည်အသွေးရှိနားပွင့်သူပင်ဖြစ်သည်။ယခုသူမလုပ်ကိုင်နေရတဲ့ တာဝန်မှာ ဇူကာဘက် ဖေ့ဘုတ်ကိုစတင် တည်ထောင်ခါစက လုပ်ကိုင်နေရသော တာဝန်ပင်ဖြစ်သည်။
Javier Olivan ( ဇာဗီးယား အိုလီဗန် ) တိုးတက်ထွန်းကားမှု့ ဒုတိယဥက္ကဌ
---------------------------------------------------------------------------------------------
ပြီးခဲ့တဲ့ ဧပြီလတွင် ဖေ့ဘုတ်မှ ၎င်းတို့ ရဲ့ အက်ပလီကေးရှင်းသည် လစဉ် လူတိုင်း ၊ အိမ်တိုင်း ၊ မိသားစုဝင်တိုင်း က သုံးစွဲသူများပြားကြောင်း သုံးစွဲသူ လူဦးရေ ဘီလီယံကျော်ရှိပြီဖြစ်ကြောင်း ကြေငြာခဲ့သည်။ထိုသို့ တိုးတက်ထွန်းကားမှု့ သည် လူသားမျိုးနွယ်ရဲ့ ရာဇဝင်တစ်လျောက် မည့်သည့် အရာမှ ထိုလောက်မထွန်းကားခဲ့ဖူးပါ တိုးတက်ထွန်းကား မှု့ တာဝန်ခံ ဇာဗီးယား အိုလီဗန် မပါခဲ့သော် ဖေ့ဘုတ်က ယခုလို တိုးတက်ထွန်းကားမည်မဟုတ်ပေ။
အိုလီဗန် သည်ခြုံးချုံစွာနေသော်လည်း လုပ်ငန်းပိုင်းဆိုင်ရာတွင် သူ့ဂုဏ်သတင်းကမွှေးပျံလျက်ရှိသည်။သူရဲ့ အလုပ်မှာ ခက်ခဲသည့်အလုပ်ဖြစ်ပြီး ဖေ့ဘုတ်ကို အသုံးပြုသူ အရေအတွက် များပြားလာအောင်လစဉ်လုပ်ဆောင်နေရသူပင်ဖြစ်သည်။ဇာဗီးယား အိုလီဗန် ကို Snapchat တို့လို ဆိုရှယ်မီဒီယာ များ မှ အလိုရှိသော်လည်း ဇူကာဘက်ကမှုထိုသို့အရည်အချင်းရှိသူတစ်ယောက်ကို လက်လွှတ်ခံလိမ့်မည်မဟုတ်ပေ။
David Fischer ( ဒေးဗစ် ဖစ်ရှာ ) အမြတ်ငွေ ဦးစီးဌာနမှုး
----------------------------------------------------------------------
Facebook သည်ကြော်ငြာ များကို ရည်မှန်းချက်ရှိရှိ လူတွေအပေါ် မြင်နိုင်စေရန် အဓိက ထားပြီးကြော်ငြာ ခြင်းဖြင့် ငွေကိုရှာသည်။ထိုတစ်ကမ္ဘာလုံးဆိုင်ရာ အမြတ်ငွေများကို ကြီးကြပ်သူမှာ ဖစ်ရှာ ပင်ဖြစ်သည်။
ဖစ်ရှာ သည် ဆန့်ဘက်သ် လိုပင် ဂူဂဲလ်မှ ဖေ့ဘုတ် ကိုရောက်လာသူပင်ဖြစ်သည်၊သူဟာ ဖေ့ဘုတ်ရဲ့ ကြော်ငြာ လုပ်ငန်းကို လုပ်ကိုင်နေပေမည့် လုံးဝလူသိမခံ ထင်ပေါ်ကြော်ကြားမှု့နှင့်ဝေးဝေးနေသူ ဖြစ်သည်။သူသည် လူတွေ တွေ့မြင်ထောပနာ ပြုခြင်းကို ခံမယ့်အစား ရလာဒ်ကို သာ အာရုံထားသူတစ်ဦးဖြစ်သည်။
Dave Wehner ( ဒေ့ ဝိုက်နာ ) ဘဏ္ဍာရေးအရာရှိချုပ်
-------------------------------------------------------------------
ဝိုက်နာ သည် ဖေ့ဘုတ် ရဲ့ သြဇာရှိသော အမှု့ဆောင်တစ်ဦးဖြစ်ပြီး ငွေကြေးပိုင်းဆိုင်ရာကို လိမ္မာ ပါးနပ်စွာချုပ်ကိုင်သည့် သူတစ်ဦးပင်ဖြစ်သည်။သူက ငွေကြေး ထိမ်းသိန်းမှု့ပိုင်းဆိုင်ရာကို တာဝန်ယူသူဖြစ်ပြီး ကုန်သင့်တာ ကုန် ၊ မကုန်သင့်တာ မကုန် ပဲ အသုံးပြုသင့်တဲ့ ငွေကို ထို Limit အတွင်း ( ထုတ်ထားငွေအတွင်း ) အသုံးပြုစေသူပင်ဖြစ်သည်။ဖေ့ဘုတ်တွင် ငွေကြေးပိုင်းကိစ္စ များ လစ်ဟာမှု့လုံးဝမရှိပေ ထို့အပြင် ၃ လတစ်ကြိမ်စာရင်းရှင်းတန်းလုပ်သည်။သူဟာ ဇူကာဘက် ၊ ဆန့်ဘက်သ် တို့နှင့်အတူ ၃ လချုပ်စာရင်းရှင်းတန်းကို ထုတ်ဖော်ပြောကြားသူဖြစ်သည်။
David Marcus ( ဒေးဗစ် မားကပ် ) Calibra ၏ အမှု့ဆောင်ချုပ်
-------------------------------------------------------------------------------
မားကပ် သည်လည်း ဖေ့ဘုတ်လုပ်ငန်းစုရဲ့ အရေး ပါအရာဝင်သော သူတစ်ဦးသာ ဖြစ်သည်။သူသည် PayPal ရဲ့ ဥက္ကဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ထိုသို့ ငွေလွဲငွေထုတ်ပိုင်းရဲ့ ဝါရင့်တစ်ဦးဖြစ်ပေမည့် ဖေ့ဘုတ်ရဲ့ မက်ဆင်ဂျာမှာ သူလုပ်ကိုင်ခဲ့သည်။မားကပ်သည် ၂၀၁၈ ခုနှစ် မှဖေ့ဘုတ်ရဲ့ ငွေကြေး ပိုင်းဆိုင်ရာ Digital Banking ကို လုပ်ကိုင်ခဲ့သူပင်ဖြစ်သည်။တကယ်တန်းမှာ ထို Calibra သည် ဖေ့ဘုတ်သုံးစွဲသူ အခြင်းခြင်းငွေထုတ် ၊ ငွေလွဲနိုင်ရန် ပြုလုပ်ထားသော Digital Banking တစ်ခုပင်ဖြစ်သည်။
Stan Chudnovsky ( စတန် ချက်နိုစခီ ) မက်ဆင်ဂျာ ၏ အမှု့ဆောင်ချုပ်
------------------------------------------------------------------------------------------
ပြီးခဲ့တဲ့ ၂၀၁၉ မှာ ဇူကာဘက်က စာလုံးပေါင်း ၃၀၀၀ ပါဝင်တဲ့ စာစုတစ်ခုကို ရေးသားခဲ့တယ် မက်စင်ဂျာ နဲ့ WhatsApp ကသာလျင် လူတွေ အချင်းချင်းပြောဆိုဆက်ဆံဖို့ နေရာတွေဖြစ်လာမယ်ဆိုတာကိုပေါ့။ထို့သို့ပြောသည့်အပြင် Instagram မှာလည်း စကားပြောဆိုနိုင်ကြောင်း သူက ရေးထားတာတွေ့ရတယ်။
ယခုဆိုရင်တော့ မက်ဆင်ဂျာ ပိုင်းကို သူက တာဝန်ယူထားခဲ့တာဖြစ်ပြီး သူက အရင်တုန်းက နာမည်ကြီး ဟက်ကာ တစ်ဦးပဲ ဖြစ်ပါတယ်။ယခုအခါမှာတော့ မက်ဆင်ဂျာ အသုံးပြုတဲ့ အခါမှာ အသုံးပြုသူတွေ အဆင်ပြေနိုင်ရန် သူက လုပ်ဆောင်ပေးနေရသူပဲဖြစ်ပါတယ်။
Will Cathcart ( ဝေလ် ကေ့ကပ် ) WhatsApp ရဲ့ အမှု့ဆောင်ချုပ်
----------------------------------------------------------------------------------
ကေ့ကပ် က ၂၀၁၀ ထဲက ဖေ့ဘုတ်မှာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူက ဖေ့ဘုတ်ရဲ့ ပထမ အစ ပရောဒက် မန်နေဂျာတွေထဲက တစ်ဦးပဲဖြစ်ပါတယ်။ကေ့ကပ် လူငယ်အမှု့ဆောင်ဝန်ထမ်းအသစ်များ အတွက် အတုယူသင့်တဲ့ သူတစ်ဦးဖြစ်ခဲ့ပါတယ်။သူဟာ မူလ WhatsApp ရဲ့ အမှု့ဆောင်ချုပ် Chris Daniels မတ်လ ၂၀၁၉ ထွက်ခွာသွားစဉ်ကတည်းက WhatsApp ရဲ့ အမှု့ဆောင်ချုပ် နေရာက တာဝန်ထမ်းဆောင်ခဲ့တာပါ။
Nick Clegg ( နစ် ကလေ့ ) အပြည်ပြည်ဆိုင်ရာဆက်ဆံမှု့ စိစစ်ကြီးကြပ်ရေး ဒုဥက္ကဌ
---------------------------------------------------------------------------------------------------------
နစ် ကလေ့ က ယခင်က ဗြိတိန်မှ ဝန်ကြီးချုပ်ဟောင်းကို ဖေ့ဘုတ်မှ ဌားထားတာပါ။သူကတကယ်တန်းမှာ ဥပဒေနဲ့ ဆိုင်ရာ မလွတ်ကင်းတဲ့ ကိစ္စ ရပ်တွေကို ဖေ့ဘုတ်ကနေ ဖယ်ရှားဖို့ စစ်ဆေးပေးနေရသူပါ။သူဟာ ရွေးကောက်ပွဲနီးရင် အင်မတန်မှ အလုပ်ရှုပ်သူပါ။
Joel Kaplan ( ဂျိုရဲလ် ကပ်ပလန် ) အပြည်ပြည်ဆိုင်ရာဥပဒေရေးရာ စိစစ်ကြီးကြပ်ရေး ဥက္ကဌ
-----------------------------------------------------------------------------------------------------------------------
ဂျိုရဲလ် ကပ်ပလန် ကဥပဒေရေးရာ ကိစ္စ ရပ်တွေနှင့်ပတ်သတ်လာရင် အတော်လေး ပေါက်ရောက်ခဲ့သူဖြစ်ပြီး လူတိုင်းက နိုင်ငံရေးပိုင်းမှာ ဂျိုရဲလ် ကပ်ပလန် ကို လက်မခံတဲ့သူရှားပါတယ်။သူဟာ ယခုဆိုရင် ဖေ့ဘုတ်မှာ ဥပဒေပိုင်းဆိုင်ရာ ခုံရုံးမှာ ဆုံးဖြတ်ချက်ချ ပေးရတဲ့သူပါ။သူဟာ ဆန့်ဘက်သ် နဲ့ အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်ပြီး သူတို့ နှစ်ဦးသားဟာ ဟားဗတ်တက်စဉ် တွဲခဲ့ကြသူတွေဖြစ်ပါတယ်။ဥပဒေရေးရာကိစ္စ ရပ်တွေမှာဆို ဂျိုရဲလ် ကပ်ပလန် ရဲ့ အဆုံးအဖြတ်ကို ဇူကာဘက်က အမြဲခံယူတယ်သိရပါတယ်။
Ime Archibong ( အစ်မီ အာချီဘောင်း ) ပစ္စည်းအသစ်လေ့လာရေး အမှု့ဆောင်ချုပ်
---------------------------------------------------------------------------------------------------------
အစ်မီ အာချီဘောင်း ဟာ ၂၀၁၀ ထဲက ဖေ့ဘုတ်ကို ရောက်ရှိလာသူဖြစ်ပြီး သူဟာ Facebook ရဲ့ ဘယ် Feature ကို မဆို ပထမဦးဆုံးလေ့လာစမ်းသပ်ရသူပါ။သူဟာ ယခင်ကတည်းက ဇူကာဘက်နှင့် နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်သိရပြီး ဇူကာဘက်နဲ့ အမြဲ ထပြေးတဲ့ အားကစားတူတူ လုပ်သူတစ်ဦးပါ။
Marne Levine ( မာနီ လယ်ဗိုင်း ) ဆက်ဆံရေးဆိုင်ရာ ဥက္ကဌ
------------------------------------------------------------------------------
မာနီ လယ်ဗိုင်း ဟာ ဖေ့ဘုတ်ရဲ့ တွဲဖက်လုပ်ကိုင်သူများစွာနဲ့ဆက်ဆံနေရသူတစ်ဦးပင်ဖြစ်ပါတယ်။သူမဟာ ၂၀၁၀ ထဲက ဖေ့ဘုတ်ကို ရောက်ရှိသူဖြစ်ပြီး သူမဟာ ဆန့်ဘက်သ် ရဲ့ အယုံအကြည်အားထားရဆုံးသူပါ။သူမဟာ ယခု ရာထူးတွင် မလုပ်ကိုင်စဉ် Instagram ရဲ့ COO အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
Noami Gleit ( နိုအာမီ ဂလစ် ) လူ့ကောင်းမှု့ ဒုဥက္ကဌ
---------------------------------------------------------------------
နိုအာမီ ဂလစ် လုပ်ဆောင်ရတဲ့ ကိစ္စရပ်တွေကတော့ အသုံးပြုသူတွေနဲ့ မွေးနေ့တွေ သည့်အပြင် အလှူ အတန်း ကိစ္စ ရပ်တွေကို ကြီးမှုးပြီး ထိုဌာနကို လုပ်ဆောင်ရပါတယ်။သူမဟာ ၂၀၀၅ ခုနှစ်ထဲက ဖေ့ဘုတ်ကိုရောက်ရှိခဲ့တာဖြစ်ပြီး အတော်လေး စိတ်ကောင်းစေတနာကောင်းရှိတယ်သိရပါတယ်။
<<< Zawgyi >>>
Facebook နောက်ကွယ်က မတ်ဇူကာဘက်နှင့် သူ၏အားကိုးအားထားရသောလက်ရုံးများ
-----------------------------------------------------------------------------------------------------------
ဇူကာဘက်ဟာ Facebook အတွက်ဆို သူမှန်မယ်ထင်တဲ့ ဆုံးဖြတ်ချက်ကိုသာ ချပြီး သူ့ရဲ့ အသုံးပြုသူတွေနဲ့ သူ့ရဲ့ အုပ်ချုပ်မှု့ပိုင်းဆိုင်ရာ အရာရှိတွေရဲ့ ဆန္ဒကိုတောင် ငြင်းဆန် ဖယ်ချဖို့ကြောက်ရွံတယ့်သူမဟုတ်ပါဘူး။၂၀၀၆ ကဖြစ်ခဲ့တဲ့ ကိစ္စကို ပြန်ကြည့်မယ်ဆို ဇူကာဘက်ဟာ ၁ ဘီလီယံလောက် တန်ကြေးရှိတဲ့ ကမ်းလှမ်းမှု့တစ်ခုကို ငြင်းပယ်ခဲ့ပါတယ်။
သို့ပေမည့် ၂၀၁၂ မှာ ဇူကာဘက်က သူ့ကို အပြိုင်ချမယ့် Instagram ကို ၁ ဘီလီယံ ဖြင့် ဝယ်ယူခဲ့ပါတယ် ထို့အပြင် ၁၉ ဘီလီယံနဲ့ WhatsApp ကို အရောင်းအဝယ် သဘောတူညီမှု့ ရှိခဲ့ပြီးသည့်အပြင် ၂ ဘီလီယံနှင့် Oculus ကို ၂၀၁၄ မှာ ဝယ်ယူခဲ့ပါတယ်။
အဲ့ လိုပြောပြီးခင်ကတည်းက Facebook မှာ နိုင်ငံရေးဆိုင်ရာတွေ အမုန်းစကားရေးသာတဲ့ Page တွေ နဲ့ လူတွေကို အကောင့်တွေဖျက်ပြစ်တာပါ။ယခုလိုကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွားစဉ်မှာတောင် Facebook မှ အလုပ်သမားများကို နေအိမ်မှ နေ၍ အလုပ်လုပ်ခွင့်ပေးထားပါတယ်။
------------------------------------------------------------
Mike Schroepfer ( မိုက် ဆတ်ခရိုဖာ ) နည်းပညာပိုင်းဆိုင်ရာ အမှု့ဆောင်ချုပ်
----------------------------------------------------------------------------------------------
----------------------------------------------------------------------------------------
-------------------------------------------------------------------------------------------------------------
-------------------------------------------------------------------
-----------------------------------------------------------------------------------------
---------------------------------------------------------------------
----------------------------------------------------------------
------------------------------------------------------------------------------
------------------------------------------------------------------------------------------
----------------------------------------------------------------------------------
------------------------------------------------------------------------------------------------------
---------------------------------------------------------------------------------------------------------------
------------------------------------------------------------------------------------------------------
--------------------------------------------------------------------------
------------------------------------------------------------------
Ref : CNBC