×

Warning

JUser: :_load: Unable to load user with ID: 723


Language

Tuesday, 04 July 2017

အင်္ဂလိပ်စာ ဘာကြောင့် မတိုးတက်သေးတာလဲ???

အင်္ဂလိပ်စာ ဘာကြောင့် မတိုးတက်သေးတာလဲ??? Google.com

၁. Confidence ရှိပါ။

ဘယ်အရာပဲ လုပ်လုပ် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှ အောင်မြင်မှာပါ။ ယုံကြည်မှုမရှိပဲ ခက်ခဲတဲ့အရာတွေကို ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။

ဘာသာစကားတစ်ခုကို ကျွမ်းကျင်ချင်တယ်ဆိုရင်တော့ အချိန်ယူရပါတယ်။

၂. အလေးထားပါ။

ဘယ်လိုနေရာမျိုးမှာဖြစ်ဖြစ် အောင်မြင်ချင်ရင် အာရုံစိုက်ရပါတယ်။ သင်က ယုံကြည်မှုလေးတော့ရှိပါ။ အာရုံစူးစိုက်မှု မရှိရင်တော့ သင့် English စာ တိုးတက်လာဖို့ မလွယ်ပါဘူး။ သင်တန်းတစ်ခုသာတက်နေတာ အာရုံစူးစိုက်မှုမရှိရင် ဘာမှ အကျိုးမရှိပါဘူး။

READ - အင်္ဂလိပ်စကားပြော ချက်ချင်းလက်ငင်း တိုးတက်စေဖို့

၃. ရည်မှန်းချက်ရှိပါ။

ရည်မှန်းချက်မရှိတဲ့သူများဟာ ဘယ်တော့မှ အာရုံမစူးစိုက်နိုင်ပါဘူး။ English စာ သင်တန်းကို ရည်းစားရအောင်၊ အိမ်က စိတ်ချမ်းသာအောင် စသဖြင့် ရည်ရွယ်ချက်တွေနဲ့ တက်နေလို့ကတော့ ဘယ်တော့မှ တိုးတက်မှာ မဟုတ်ပါဘူး။

၎. Time-table တစ်ခုထားပါ။

သင့်မှာ အရင်က time-table မရှိဘူးဆိုရင် အခုစပြီး ဆွဲပါ။ တစ်နေ့တစ်နာရီပဲလေ့လာအုံး၊ သင့် English စာ တိုးတက်နိုင်ပါတယ်။ သင့်တစ်နေ့ကို တစ်နာရီလောက် အချိန်မပေးပဲနဲ့ သင့် English စာ အမြန်ဆုံး တိုးတက်ချင်တာကတော့ ရူးသွပ်လွန်းတယ်ပဲပြောပါရစေ။

၅. လေ့လာတတ်ပါစေ။

အကြာကြီးလေ့လာပြီးမှ မတိုးတက်ဖူးဆိုရင်တော့ သင် နည်းလမ်းမှားနေတာဖြစ်ပါတယ်။ ဘာသာစကားလေ့လာရင် ပါးနပ်ရပါတယ်။ ဘယ်ဟာ အရေးအကြီးဆုံးလဲ သိရပါတယ်။ သင် ဘာလို့ အဲဒီဘာသာစကားကို သင်တာလဲ ပြန်သုံးသပ်ပါ။ များသောအားဖြင့် communicate လုပ်ဖို့ သင်ယူကြတာပါ။ ထို့ကြောင့် speaking skill က အရေးကြီးဆုံးပါ။

၆. အင်တာနက်ကို အကျိုးရှိစွာ သုံးတတ်ပါစေ။

အင်တာနက်ကို အကျိုးရှိစွာ အသုံးပြုတတ်ရင်တော့ သင့် English စာ တိုးတက်တာ မြန်လာပါလိမ့်မယ်။ အသံဖိုင်တွေ အများကြီး download လုပ်လို့ ရပါတယ်။ ဗီဒီယိုတွေ ကြည့်လို့ရပါတယ်။

၇. စိတ်အားထက်သန်မှုရှိပါ။

စိတ်အားထက်သန်မှုမရှိတာကလည်း တော်တော်များများ ဖြစ်လေ့ရှိတဲ့ ပြဿနာပါပဲ။ လူငယ်တော်တော်များများက လေ့လာတာ နည်းနည်းကြာလို့ မတိုးတက်ရင် စိတ်ဓာတ်ကျလွယ်တတ်ကြပါတယ်။ ပြီးတော့စိတ်အားထက်သန်မှုက သင့်အတွက် တွန်းအားပါ။ စိတ်အားထက်သန်မှုမရှိတဲ့သူတွေက စိတ်ဓာတ်ကျလွယ်တတ်ပါတယ်။ စိတ်အားထက်သန်မှုက တွေ့ရမယ့် အခက်အခဲတွေထက် အများကြီးမှ သင်ဖြစ်ကျော်နိုင်မှာပါ။

၈. ပျော်စရာများနဲ့ လေ့လာပါ။

စာအုပ်ဖတ်မှ English စာ လေ့လာတာ မဟုတ်ပါဘူး။ Movies တွေ ကြည့်ပါ။ English Songs တွေ နားထောင်ပါ။ Jokes တွေ ဖတ်ပါ။ အများကြီး လုပ်စရာတွေရှိပါတယ်။

READ - အင်္ဂလိပ်စာကို အမြန်ဆုံး တိုးတက်စေမယ့် နည်းလမ်းလေးများ

Source: myanmar-network.net

Read times Last modified on Saturday, 28 December 2019 13:14
Rate this articles
(3 votes)