×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Saturday, 25 May 2019

" ဘဝမှာ ဘယ်တော့မှ အပေါင်း အသင်း မလုပ်သင့်တဲ့ လူ (၅) မျိုး "

" ဘဝမှာ ဘယ်တော့မှ အပေါင်း အသင်း မလုပ်သင့်တဲ့ လူ (၅) မျိုး " Google.com

လူဆိုတာ အသိုင်းအဝိုင်းနဲ့ နေတတ်တဲ့ အမျိုးဖြစ်ပါတယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံမှုမရှိဘဲ လောကကြီးမှာ နေထိုင်ခဲ့ မလွယ်ပါဘူး။

ဒါကြောင့် လူတွေမှာ မိတ်ဆွေအပေါင်းအသင်း ရှိလာကြတာဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ဘ၀ရဲ့ ပျော်ရွှင်ခြင်း၊ မပျော်ရွှင် ခြင်းတွေက အဲဒီမိတ်ဆွေအပေါင်းအသင်းတွေနဲ့ သက်ဆိုင်နေတယ် ဆိုတာ သင်သတိထားမိခဲ့ပါရဲ့လား။ အပေါင်းအသင်းတွေဟာ သင့်ကို ရှေ့ကိုတွန်းပို့ပေးနိုင်သလို အပေါင်းအသင်းတွေကပဲ သင့်ကို ဆွဲချ နိုင်ပါတယ်။ အောက်ပါ အပေါင်းသင်းမျိုးတွေ သင့်မှာရှိနေရင်တော့ သတိထားပေါင်းသင်းသင့်ပါတယ်။


(၁) အပျော်အပါးမက်လွန်းသော အပေါင်းအသင်း

 

သူ့ ဘာသာ အပျော်အပါးမက်တာ ကိစ္စမရှိပါဘူး။ ဒါပေမဲ့  အပျော်အပါးကိစ္စကြီး အမြဲခေါ်နေတဲ့ အပေါင်းအသင်း သတိထားဖို့ လိုပါတယ်။ တစ်ခါတလေ သူတို့က ချမ်းသာ လို့ အမြဲအပျော်အပါးကိစ္စ လုပ်နိုင်တာလည်း ရှိတတ်ပါတယ်။ ကိုယ်က ဘဝမှာ ကြိုးစားဖို့ လိုနေသေးသူဆိုရင် ကိုယ့်အခြေအနေကို မေ့လို့ မရဘူး။ ကိုယ့်အခြေအနေကို ကိုယ်တိုင် မေ့သွားတာမျိုး မဖြစ်ပါစေ နဲ့။ တစ်နေ့ သင့်မှာ လက်တွဲရမယ့်သူ ရှိလာပြီး ဘဝလေး တည်
ဆောက်ဖို့ ရောက်လာတဲ့အချိန်မှာ ဘာမှ အဆင်သင့် ဖြစ်နေမှာ မဟုတ်ပါဘူး။ ဘယ်သူမှလည်း သင့်ကို အချိန်အကြာကြီး ထောက်ပံ့ ကြမှာ မဟုတ်ပါဘူး။ မိမိဘဝကို မိမိဘာသာ တည်ဆောက်ရမှာ ဖြစ်ပါတယ်။

 


(၂) အဆိုးမြင်လွန်းသော အပေါင်းအသင်း


နောက်ထပ် သတိထားသင့်တဲ့ အပေါင်းအသင်းကတော့ အမြဲတမ်း Negative မြင်တတ်တဲ့ အပေါင်းအသင်းမျိုးဖြစ်ပါတယ်။ မမြဲလိုလို တစ်ခုမဟုတ်တစ်ခု အပြစ်အမြဲမြင်နေတတ်ပါတယ်။ သူ့ဘဝမှာ အဆင်မပြေသမျှကို နေ့စဉ် ရင်ဖွင့်ပါလိမ့်မယ်။ တကယ့်တော့အဲ့လို လူမျိုးတွေက ဘယ်လောက်ပဲ ကောင်းတဲ့အရာဖြစ်ဖြစ် အဆိုးမြင်လေ့ရှိတတ်ကြပါတယ်။ အဲ့ဒီလို လူတွေဘေးမှာ အနေများရင် မွန်းလည်းမွန်းကျပ်သလို သူတို့ ရဲ့ အဆိုးမြင်စိတ်တွေလည်း ကူးစက်လာတတ်ပါတယ်။ အဆိုးမြင်တတ်တဲ့လူတွေနဲဝေးဝေးနေပါ.. သူတို့ က အဖြေရှိပြီးသားအရာတွေကိုတောင် ပြဿနာရှာတတ်ပါတယ်။

 


(၃) သင့်ကို လို မှ သုံးတဲ့အပေါင်းအသင်း


ဒီလို အပေါင်းသင်းမျိုးကတော့ သင့်ဆီကို သူတို့ တစ်ခုခုလိုချင်မှ ပဲ ရောက်လာလေ့ရှိပါတယ်။ သင့်ကို မလို အပ်တော့ တဲ့ အချိန်ကျရင် သူတို့ ကြက်ပျောက်ငှက် ပျောက် ပျောက်သွားပါလိမ့်မယ်။ အဆင် မပြေချိန်ကျရင်တော့ သင့်ဆီပြန်လာပါလိမ့်မယ်။ ငွေးရေးကြေးရေး အဆင်မပြေမှ လာပေါင်းတဲ့ သူငယ်ချင်းမျိုးလဲရှိတတ်ပါသေးတယ်။ ဘဝမှာပျော် ရွှင်ချင် ရင် အားနာသင့်တဲ့  အရာတေါပဲ အားနာပြီး ပြတ်သားသင့်တဲ့ အခါ ပြတ်သားတတ်ဖို့ လို အပ်ပါတယ်။

 


(၄) ဟန်ဆောင်ကောင်းတဲ့ အပေါင်းအသင်း


ဒီအပေါင်းအသင်းက အရမ်းကြောက်ဖို့ ကောင်းပါတယ်။ သင့်ရဲ့ ရှေ့မှာတော့ ယုန်သူငယ်လေးလို ဖြူစင်တဲ့ပုံမျိုး ဖြစ်နေပါလိမ့်မယ်။ သင်ကတော့ အပီအပြင်ယုံလို့ပေါ့။ နောက်ကွယ်မှာတော့ သင် မကောင်းကြောင်းတွေပဲ ဖြစ်နေပါလိမ့်မယ်။ တစ်ခါတလေ သင့်ကို ကျိတ်ပြီး မုန်းနေတဲ့ အပေါင်းအသင်းမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုအပေါင်းအသင်းမျိုးတွေကို အထူးသတိထားပေါင်းဖို့ လိုအပ်ပါ တယ်။

 


(၅) တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ အပေါင်းအသင်း
ဒီအပေါင်းအသင်းမျိုးကတော့ သင့်ဘက်ကို လုံးဝတွေးပေးမှာ မဟုတ်ပါဘူး။ သူတို့အတွက်က လွဲပြီး အခြားအရာတွေ စိတ်မဝင် စားကြပါဘူး။ သူတို့ကောင်းဖို့ဆိုရင် သူများကိုလည်း ခြေချနင်းရမှာ မကြောက်သူတွေ ဖြစ်ပါတယ်။ ဒီလိုအပေါင်းအသင်းမျိုးကိုလည်း သတိထားပေါင်းသင်းသင့်ပါတယ်။

အပေါင်းအသင်းဟာ သင့်ဘဝပျော်ရွှင်မှုနဲ့  ပက်သက်နေတာမို့ အပေါင်းသင်း ထားရာမှာလည်းသတိပြု ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

 

စာရေးစရာ မိုးရှင်း (I.M.T) ရဲ့ လက်ဆောင်စာအုက်မှ ကောက်နှုတ်ရေးသားထားခြင်းဖြစ်ပါသည်။

Read times
Rate this articles
(0 votes)