×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Tuesday, 23 July 2019

"မြန်မာအကြောင်းရေးထားသည့် အကောင်းဆုံးစာအုပ်သုံးအုပ်"

"မြန်မာအကြောင်းရေးထားသည့် အကောင်းဆုံးစာအုပ်သုံးအုပ်" google.com

ဗြိတိန်ဂါးဒီးယန်းသတင်း စာကြီး၏ ကမ္ဘာ့စာကြည့်တိုက်နှင့် စာပေခရီးအစီအစဉ်တွင် မြန်မာနိုင်ငံ နှင့်ပတ်သက်၍ ရေးသားဖော်ပြ ကြသည့်စာအုပ်များထဲမှ စာအုပ်သုံးအုပ်ကို အကောင်းဆုံး စာအုပ်များအဖြစ်ရွေးချယ်လိုက် သည်။

ထိုစာအုပ်သုံးအုပ်သည် မြန်မာနိုင်ငံ၏ဗြိတိသျှကိုလိုနီအုပ် ချုပ်ရေး၊ နိုင်ငံရေးအကျဉ်းသား ဘဝနှင့်လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းများကိုဖော်ကျူးထားသည့် စာအုပ်များဖြစ်သည်။ ထိုစာအုပ် များမှာ အိန္ဒိယစာရေးဆရာအမီ တာဂို့ရှ်၏ဖန်နန်းတော် (The Glass Palace)။ ကနေဒါစာရေး ဆရာကယ်ရင်ကော်နယ်လေ၏ အိမ်မြှောင်တိုက် (The LizardCage)နှင့်ဒေါက်တာ သန့်မြင့်ဦး၏ခြေရာပျောက်မြစ် (The Riverof lost footsteps)တို့ပင် ဖြစ် သည်။


(၁) အမီတာဂို့ရှ်၏ဖန်နန်းတော် (The Glass Palace)

412DS2BHP2L. SX302 BO1204203200

 

၁၈၈၅က မန္တလေးနေပြည် တော်ကို ဗြိတိသျှသိမ်းပိုက်ချိန် ကစပြီး အနှစ် ၁၀၀ ကျော်မြန်မာ၊ အိန္ဒိယနှင့် မာလာယာ(မာလာ ယု−ယခုမလေးရှား)တို့မှာဖြစ်ခဲ့ သည့် သမိုင်းနောက်ခံအဖြစ် အပျက်များကို အချစ်၊အလွမ်းများနှင့်အသက်ဝင်အောင်ပုံဖော်ထား သည့်ဝတ္ထုဇာတ်လမ်းဖြစ်သည်။

အသက် (၁၁)နှစ်အရွယ် မိဘမဲ့ လမ်းဘေးကလေးငယ် ရာဂ်ျကူးမားသည် မန္တလေးကို ဗြိတိသျှတွေတိုက်ခိုက်သိမ်းပိုက် တာကို ကိုယ်တိုင်ကြုံခဲ့ရသည်။ သူက ပစ္စည်းခိုးသူများနှင့် မန္တလေးနန်းတော်ကို လိုက်ဝင်စဉ်မှာ အသက်(၁၀)နှစ်အရွယ်အပျို တော်လေးဒေါ်လီနှင့်ခဏတာ ဆုံခဲ့ရပြီး စွဲလမ်းခဲ့ရလေသည်။ ဒေါ်လီက မြန်မာဘုရင်မိသားစုနှင့် အိန္ဒိယသို့လိုက်ပါသွားရသူဖြစ် သည်။ နှစ်များစွာကြာသောအခါ သစ်လုပ်ငန်းကနေ ကြီးပွားလာ သည့်ရာဂ်ျကူးမားက ဒေါ်လီကိုရှာ ပုံတော်ဖွင့်ခဲ့သည်။

ထိုဝတ္ထုတွင် ဒေသတွင်း နိုင်ငံရေးနှင့်လူမှုရေးပြဿနာ သောကများအကြား ရိုက်ခတ် ရုန်းကန်ခဲ့ရသော မိသားစုသုံးစုကို မျိုးဆက်သုံးခုအကြား ဆက်နွှယ် ပတ်သက်မှုများဖြင့် သွက်သွက် လက်လက်ကူးပြောင်းချိတ်ဆက် ပုံဖော်ထားသည်။

သည်ဝတ္ထုမှာ ဘုရင်စနစ်။ ကမ္ဘာစစ်ကြီးနှစ်ခု။ လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် မြန်မာစစ်အစိုးရ အကြောင်းကို ပုံဖော်ပြောပြထား သည်မှာ အထက်တန်းကျသိမ် မွေ့လှသည်။ ထို့အပြင်ဇာတ် ကောင်များကိုလည်း အပြင်မှာ တကယ်ဖြစ်နေသည်ဟုယုံကြည် ရအောင် စိတ်ဝင်စားစရာကောင်း အောင် စာရေးဆရာဂို့ရှ်ကပုံဖော် နိုင်ခဲ့သည်။

ထိုဝတ္ထုမှာ မိသားစုဇာတ် လမ်းရှည်ကြီးတစ်ခုထက်ပိုကာ စာရေးဆရာသရုပ်ဖော်ပြထား သည်။ မြန်မာဘုရင်နန်းကျခဲ့တာ ကိုမျက်မြင်ကြုံတွေ့ရသည့် မြန် မာလူမျိုး၊ အိန္ဒိယလူမျိုးတွေ၏ အသံတွေကိုထည့်ပေးထားခဲ့ပြီး ဗြိတိသျှကိုလိုနီစနစ်၏ပုံရိပ်ကို လိမ္မာပါးနပ်စွာရှုတ်ချအပြစ်တင် ထားသည်။

စာရေးဆရာဂို့ရှ်သည် အဆို ပါစာအုပ်ကိုရေးသားရန် ငါးနှစ် ခန့်သုတေသနလုပ်ခဲ့ရသည်။ ဇာတ်လမ်းကိုမူ သူတို့မိသားစု၏ သမိုင်းနောက်ခံဇာတ်လမ်းကို အခြေခံရေးသားခဲ့သည်ဟုဆို သည်။ ထိုစာအုပ်ကို စာရေးဆရာ နေဝင်းမြင့်က ရေကန်သာကြာ တိုင်းအေးအမည်ဖြင့် မြန်မာဘာသာသို့ပြန်ဆိုထားသည်။

 

(၂) ကယ်ရင်ကော်နယ်လေ၏ အိမ် မြှောင်လှောင်တိုက်(The Lizard Cage)

478246

 

ကော်နယ်လေ၏ဝတ္ထုသည် လူ့ခွန်အားစိတ်ဓာတ်တက်ကြွ လာရေးအတွက် ယုံကြည်ချက် ကြောင့် အကျဉ်းခံနေရသူနိုင်ငံ ရေးသမားတစ်ယောက် အ ကြောင်းနှင့် မြန်မာပြည်က စစ်အစိုးရ၏ကြမ်းကြုတ်သည့် ရာဇဝတ်မှုတွေကို ပုံဖော်ရေးသား ခဲ့ခြင်းဖြစ်သည်။

ကျောင်းသားအရေးလှုပ်ရှား သူနှင့် နာမည်ကြီးဆန္ဒပြသူအဆို တော်တစ်ဦးဖြစ်သည့် တေဇ သည် ထောင်ထဲရှိ အခိုင်အခံ့ အကျဉ်းထားသည့်လှောင်တိုက် ဟုသိကြသည့်နေရာမှာ အကျဉ်း ချခံရသည်။ သူ့ကို ၁၉၈၈ ဒီမို ကရေစီအရေးတော်ပုံမှာ ဖမ်းဆီးခံရခြင်းဖြစ်ပြီး သူက ထောင်ဒဏ် အနှစ် ၂၀ အတွက် ခုနစ်နှစ်တာ ကျခံခဲ့ပြီးဖြစ်သည်။

ပင်ပန်းဆင်းရဲသည့်အကျဉ်း တိုက်မှာ ကျခံစဉ်အတွင်း တေဇ မှာ ငတ်မွတ်ဆာလောင်လွန်းလှ သဖြင့် အိမ်မြှောင်တွေကိုစားခဲ့ရ သည်။ ရက်စက်စွာရိုက်နှက်ခြင်း ခံခဲ့ရသည်။ သူက ဘုရား၊ တရား သာအာရုံပြုပြီးအဆိုပါရက်တွေ ကို သည်းခံကုန်လွန်ခဲ့ရသည်။

သက်ကြီးတန်းအကျဉ်း သမားချစ်နိုင်ကတော့ သူ့ကို ကရု ဏာသက်ပြီး မနှိပ်စက်လိုပေ။ သို့သော် လူချောအမည်ရှိသက် ငယ်တန်း အကျဉ်းကျတစ်ယောက်ကတော့ တေဇအပေါ်ကို နှိပ်စက်လေသည်။

ထို့အတူ ထိုအကျဉ်းတိုက်ထဲ မှာ ညီလေးအမည်ရှိ ထောင်ထဲ မှာမွေးလာခဲ့သည့်ကလေးတစ် ယောက်ရှိသည်။ ထိုကလေးမှာ ထောင်ကကြွက်တွေကိုသတ်ပြီး အကျဉ်းသားတွေကိုရောင်းချနေ သူဖြစ်သည်။ ထိုကလေးက တေဇကိုအစာပို့ပေးသူဖြစ်လာ သည်။

တေဇကိုပြစ်ဒဏ်သက် တမ်းတိုးအောင် ထောင်မှူးကြီးက အမှုဆင်သောအခါ တေဇနှင့် ထိုကလေးမှာ အန္တရာယ်နှင့်ကြုံ တွေ့ရပြီးဝတ္ထုက ကြောက်စရာ ရင်သိမ့်တုန်ဇာတ်လမ်းအဖြစ် ပုံစံ ပြောင်းသွားလေသည်။ စာရေး ဆရာကော်နယ်လေက ထောင် ထဲအကျဉ်းသမားဘဝကို မခြွင်း မချန်အကုန်အစင်ပြောပြခဲ့သည်။ သို့သော်လည်း တေဇနှင့်ကောင် လေးအကြားက ခိုင်မြဲသောကြိုး က ဇာတ်လမ်းကိုမျှော်လင့်ချက် များဖြင့် ပိုအားကောင်းစေသည်။

ကနေဒါစာရေးဆရာနှင့် ကဗျာဆရာကော်နယ်လေသည် မြန်မာပြည်သို့မကြာခဏသွား ရောက်ခဲ့ပြီး ထိုင်း−မြန်မာနယ်စပ်ရှိ မြန်မာပြည်မှထွက်ပြေးလာသူ များအကြားတွင်လည်း ၂နှစ်ခန့် နေထိုင်ခဲ့ပါသည်။

 

သန့်မြင့်ဦး၏ခြေရာပျောက်မြစ် (The River of Lost Footsteps)

81YOcyF 1L

စာရေးသူဒေါက်တာသန့် မြင့်ဦးက မြန်မာနိုင်ငံက တိုးတက် ပြောင်းလဲလာသောအတိတ် သမိုင်းကြောင်းနှင့် သူတို့မိသားစု ၏ဘဝအချို့ကို ထည့်သွင်းပုံဖော် ရေးသားထားသည်။ ထိုစာအုပ်မှာ မြန်မာနိုင်ငံ အခြေချတည်ထောင်ဖြစ်တည်လာပုံကို ပြန်ပြောင်းပြောထားသည်။ ဗြိတိသျှတွေက ၁၈၈၅ မှာတိုက်ခိုက်သိမ်းပိုက်ပုံကို ရှင်းပြထားသည်။

ဘုရင်စနစ်ဖျက်သိမ်းခံရ ပြီး မြန်မာလူမှုအဖွဲ့အစည်းမှာ လည်း အတင်းအကျပ်ပုံပြောင်း ခြင်းခံခဲ့ရသည်။ အိန္ဒိယ၏ လက်အောက်ခံအဖြစ် မြန်မာကို ဗြိတိသျှကကြေညာခဲ့သောအခါ အမျိုးသားဇာတိမာန်လည်းပိုအထိနာခဲ့ရသည်။

ဒုတိယကမ္ဘာစစ်ကြောင့် ပျက်စီးဆုံးရှုံးမှုအပြီး ၁၉၄၈ မှာလွတ်လပ်ရေးရခဲ့သည်။ သို့သော် လွတ်လပ်ရေးမရမီမှာ နိုင်ငံ့ခေါင်းဆောင်အချို့လုပ်ကြံခံခဲ့ရ သည်။ ထို့နောက် အရှည်ကြာ ဆုံးပြည်တွင်းစစ်ကြီးဖြစ်ပွားခဲ့ သည်။ ၁၉၆၂ မှာဦးနေဝင်းက စစ်အာဏာသိမ်းခဲ့ပြီးအပြင် ကမ္ဘာနှင့်အဆက်အသွယ်ဖြတ်ခဲ့ သည်။ မြန်မာအာဏာရှင်တွေ လက်ထဲမှာ ဆယ်စုနှစ်များစွာနေ ခဲ့ရသည်။

၁၉၈၈ မှာ ဒီမိုကရေစီအရေး တော်ပုံပေါ်ပေါက်ခဲ့ပြီး ဒေါ် အောင်ဆန်းစုကြည်က ဗိုလ်ချုပ်တွေကိုကျရှုံးစေမည့်သူအဖြစ် ပေါ်ပေါက်လာခဲ့သည်။ သို့ရာတွင် ယနေ့အထိ စစ်တပ်သာမြန်မာ မှာကြီးစိုးဆဲဖြစ်သည်။

စာရေးသူသမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးကို အမေရိ ကမှာ မြန်မာမိဘများက မွေးဖွား ခဲ့သည်။ သူ၏အဘိုးဖြစ်သူမှာ ၁၉၇၁ အထိ ကုလသမဂ္ဂအတွင်း ရေးမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဦးသန့်ဖြစ်ပါသည်။


(ဂါးဒီးယန်း သတင်းစာပါ The best books on Burma: start your reading here ကို ထားထား မြင့်ကဘာသာပြန်ဆိုသည်)

 

Source : 7 Day Daily

sayar.com.mm

Read times
Rate this articles
(0 votes)