×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Tuesday, 01 October 2019

"ဘဝမှာ သင်ကိုယ်တိုင်တည်ဆောက်ယူရမယ့်စိတ်ထားများ"

"ဘဝမှာ သင်ကိုယ်တိုင်တည်ဆောက်ယူရမယ့်စိတ်ထားများ" pexels

“I am the master of my fate; I am the captain of my soul.”

William Ernest Henley ကဗျာဆရာကြီးက ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်က ကိုယ်တိုင်ပဲဖြစ်ပြီး ကိုယ့်ဘဝရဲ့အနာဂတ်ကိုလည်း

ကိုယ်ပဲပိုင်တယ်လို့ ပြောထားပါတယ်။ ဘဝမှာ တခါတလေ ကိုယ့်ပယောဂကြောင့်မဟုတ်ဘဲ အခြားသူတွေကြောင့် ဒါမှမဟုတ် ကိုယ်တိုင်ပြုပြင်ပြောင်းလဲဖန်တီးပေးလို့မရတဲ့အခြေအနေမျိုးတွေကို ကြုံလာတတ်ပါတယ်။

လူရယ်လို့ဖြစ်လာတာနဲ့ အသက်ဝိဉာဉ်မချုပ်ငြိမ်းခင်ထိ အခက်အခဲဆိုတာ ရှိနေအုံးမှာပါပဲ။ အဲဒီလိုအခြေအနေမျိုးမှာ ထိုစာသားလေးကို ရွတ်ကြည့်လိုက်ပါ။ သင့်ရဲ့မသိစိတ်ထဲမှာကော၊

သိစိတ်ထဲမှာကော ခွန်အားတွေတိုးလာသလို ခံစားရပါလိမ့်မယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ဘဝကို ကိုယ်တိုင်ကလွဲပြီး ဘယ်သူကမှ မကူညီ မဖေးမနိုင်ပါဘူး။

အဲဒီ့အတွက် အခက်အခဲတွေနဲ့ကြုံလာတိုင်း တစုံတယောက်က လာပြီး ကူညီပေးမှာ ၊ ကယ်ဆယ်ပေးမှာကို ထိုင်စောင့်နေတာထက် ကိုယ့်ကိုကိုယ်ကယ်တင်ဖို့သာ ကြိုးစားသင့်ပါတယ်။

အဲဒါကြောင့် ဘဝမှာ သင်ကိုယ်တိုင်တည်ဆောက်ယူရမယ့်စိတ်ထားတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

၁) စိတ်ဓာတ်ကြံ့ခိုင်စေဖို့
ဘဝက နိမ့်လိုက်မြင့်လိုက်နဲ့မို့ မှန်ကင်းတလှည့်ထင်းတလှည့်ဖြစ်နေမှာပါပဲ။ သာတဲ့အခါရှိသလို နာတဲ့အခါလည်းရှိမှာပါပဲ။

ဘဝရဲ့တက်လိုက်ကျလိုက်ဒဏ်ကို ခံနိုင်ရည်ရှိဖို့က စိတ်ဓာတ်ကြံ့ခိုင်မှုရှိဖို့ အဓိက လိုအပ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်ခြင်းက ဘဝရဲ့အခက်အခဲပေါင်းစုံကို ကျော်ဖြတ်နိုင်ဖို့ အခြေခံဖြစ်သလို၊ အောင်မြင်ခြင်းရဲ့အခြေခံပါပဲ။

စိတ်ဓာတ်ပျော့ညံ့သူက မပြိုင်ခင်ရှုံးနှင့်သူပဲဖြစ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်ဖို့ကို အခြားသူများဆီက မျှော်လင့်နေလို့မရပါဘူး။

သင်ကိုယ်တိုင် တည်ဆောက်ယူရမှာဖြစ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုရှိတဲ့လူတစ်ယောက်က ဘဝမှာ ဘယ်လိုအခက်အခဲမျိုးကြုံပါစေ ပြန်လည်နလန်ထူပြီး ဘဝကို ရှေ့ဆက်နိုင်မှာပါ။

 

၂) ကိုယ့်ကိုကိုယ်လက်ခံတတ်ဖို့
အမြဲလို မကျေမနပ်ဖြစ်နေတတ်တဲ့လူတွေက ကိုယ့်ကိုကိုယ်မကျေမနပ်ဖြစ်နေတတ်တဲ့သူတွေများပါတယ်။ သူတို့မှာ ပိုင်ဆိုင်ထားသမျှ ၊ ရှိထားသမျှလေးတွေကို သူတို့မတင်းတိမ်သလို၊

အမြဲလို မရနိုင်တာတခုခုကို လိုချင်နေတဲ့သူတွေလည်းဖြစ်ပါတယ်။ အဲဒီလိုလူမျိုးက ကိုယ့်ကိုကိုယ်လက်မခံတတ်တဲ့သူတွေဖြစ်ပါတယ်။ ဥပမာ။

ကိုယ်ကအသားမည်းတယ်..ဒါပေမယ့် အသားဖြူတာလိုချင်တယ်၊ ကိုယ်က သွားခေါတယ်….ဒါပေမယ့် သွားလေးတွေစီတန်းနေချင်တာ၊ ကိုယ်က အရပ်ပုတယ်…..ဒါပေမယ့် ကိုယ်က အရပ်ရှည်ချင်တယ် စသဖြင့်ပေါ့။

ကိုယ်မရနိုင်တာဖြစ်ဖြစ်၊ မရထားတာဖြစ်ဖြစ် လိုချင်စိတ်ဖြစ်နေတဲ့အခါ ကိုယ့်မှာရှိနေတာကို လက်မခံနိုင်တော့ပါဘူး။

အဲဒီ့အခါမှာ မကျေမနပ်စဖြစ်တော့တာပါပဲ။ အဲဒီ့စိတ်က ကိုယ့်တိုင်ပြုပြင်ယူမှရမယ့်စိတ်ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်လက်ခံတတ်ဖို့က ကိုယ်ပဲကျင့်ယူမှရတာပါ ။ အခြားသူက လာပြီး လက်ခံတတ်အောင် ပြုပြင်ပေးလို့မရပါဘူး။

 

၃) အမှားတွေထဲက သင်ခန်းစာယူတတ်ဖို့
ဘဝမှာ လူတိုင်းအမှားမလုပ်ဖူးတဲ့သူမရှိပါဘူး။ အမှားနည်းအောင်နေထိုင်တဲ့သူရယ်၊ အမှားများတဲ့သူရယ်၊ အမှားတွေကို သင်ခန်းစာယူပြီး ပြုပြင်တတ်တဲ့သူရယ် စသဖြင့်ပေါ့။

အမှားနည်းအောင် နေထိုင်တတ်ဖို့က အမှားတွေထဲက သင်ခန်းစာယူတတ်မှဖြစ်တာပါ။ အမှားတွေလုပ်မိတယ်ဆိုပေမယ့် ကိုယ်မှားနေတဲ့အမှားကို ကိုယ်တိုင်တောင် မသိရင်၊

ဒါမှမဟုတ် ကိုယ်တိုင်မပြုပြင်ချင်ရင် အလားတူအမှားတွေချည်းဆက်ဖြစ်နေအုံးမှာပါပဲ။ အမှားကိုသိပြီး သင်ခန်းစာယူ၊ နောက်တစ်ခါမမှားအောင် ပြုပြင်လိုက်တဲ့အခါကျရင်တော့ အမှားက အမှန်ဖြစ်သွားပါတယ်။

အဲဒီ့လို ဖြစ်လာဖို့က ကိုယ်တိုင်ပဲ ပြုပြင်တည်ဆောက်ယူရမှာပါ။ ဘယ်သူကမှ လုပ်ကြံပေးလို့မရပါဘူး။

 

၄) ကိုယ်မထိန်းချုပ်နိုင်တဲ့ကိစ္စတွေမှာ အာရုံနှောက်မခံခြင်း
ဘဝမှာ ကျွန်တော်တို့က တစ်ယောက်ထဲ နေထိုင်လို့မဖြစ်နိုင်ပါဘူး။ အဲဒီ့အခါ ပတ်ဝန်ကျင်၊ အပေါင်းအသင်း၊ အခြားပတ်သက်ရာပတ်သက်ကြောင်းတွေအများကြီးရှိကြပါတယ်။

ဒါပေမယ့် အဲဒီလို ပတ်သက်ရာပတ်သက်ကြောင်းတွေ များလေလေ အာရုံနှောက်စရာတွေ များလေလေပါပဲ။

အဲဒီလို အာရုံနှောက်စရာတွေကို သိပြီး ရှောင်နိုင်ဖို့ကတော့ ကိုယ်တိုင်နားလည်ဖို့ပဲလိုပါတယ်။ ကိုယ်မထိန်းချုပ်နိုင်ဘူး ဒါမှမဟုတ် ကိုယ်ဝင်ပြုပြင်ပေးလို့မရဘူး

ဒါမှမဟုတ် ကိုယ်က ပြောရုံပြောလို့ပဲရမယ် ကာယကံရှင်ကိုယ်တိုင်က မလုပ်ယူဘူး စသဖြင့် မျိုးစုံအောင်ပါပဲ။ ကိုယ်တိုင် ပြုပြင်တည်ဆောက်ပေးလို့မရတဲ့ ကိုယ်ထိန်းချုပ်ပေးလို့မရတဲ့ကိစ္စမျိုးတွေကို သိဖို့ပဲဖြစ်ပါတယ်။

အဲဒီလို ကိုယ်မထိန်းချုပ်နိုင်တဲ့ကိစ္စတွေမှာ ကိုယ်က စိတ်ညစ်မခံဘဲ ကိုယ်တတ်နိုင်တာကိုသာ အာရုံစိုက်သင့်ပါတယ်။ အဲဒါကလည်း ကိုယ်တိုင်တည်ဆောက်ယူရမယ့် စိတ်ထားတစ်မျိုးပါပဲ။

 

၅) လက်ရှိကာလမှာပဲ အာရုံစိုက်ဖို့
စိတ်ဖိစီးမှုများတဲ့လူတွေက အတိတ်ထဲမှာနေထိုင်တဲ့သူ ဒါမှဟုတ် အနာဂတ်ကို ကြိုတွေးနေတဲ့သူတွေပဲဖြစ်ပါတယ်။ ထိုသူတွေက ထိုအချိန်ကာလနှစ်ခုမှာ နေထိုင်တာဖြစ်တဲ့အတွက်

ခုလက်ရှိအချိန်က ထိုကာလနှစ်ခုကိုတွေးနေတာနဲ့တင် အချိန်ပုပ်သွားပါတယ်။ အဲဒီ့တော့ ဒီနေ့မှာ ကောင်းကောင်းမရှင်သန်နိုင်တော့ပါဘူး ။ စိတ်ပိုင်းဆိုင်ရာအရလည်း ပူပန်သောကရောက်နေရပါတယ်။

အဲဒီလို စိတ်မျိုး ကိုယ်ဖြစ်နေတယ်ဆိုရင်တော့ ပြုပြင်ယူရမှာ ကိုယ်ကိုယ်တိုင်ပါပဲ။ အခြားဘယ်သူကမှ လာပြုပြင်ပေးလို့မရပါဘူး။

အဲဒီလိုအတွေးတွေ ဝင်ပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ် ပြန်သတိပေးပါ။ ခုလက်ရှိလုပ်နေတဲ့အလုပ်ကိုပဲ အကောင်းဆုံးလုပ်မယ်။ အဲဒါက ကိုယ့်အတွက် အကျိုးပိုရှိတယ်လို့ သတိပေးလိုက်ပါ။ အဲဒီ့စိတ်ကို ကျင့်ယူပေးပါ။

အထက်က စိတ်ထားတွေကတော့ သင်ကလွဲပြီး အခြားဘယ်သူကမှ လာပြုပြင်တည်ဆောက်ပေးလို့မရပါဘူး။ သင်ကိုယ်တိုင် ပြုပြင်ပြီး သင့်စိတ်ထားကို ပြောင်းလဲပါ။ အဲဒါမှ သင့်ဘဝက ငွေမချမ်းသာ၊ လူမချမ်းသာပေမယ့် ပျော်စရာဖြစ်လာပါလိမ့်မယ်။ ပိုပြီးလည်း စိတ်ညစ်စရာတွေ နည်းပါးလာပါလိမ့်မယ်။ လဲကျနေရင်တောင် ပြန်ထပြီး ရှေ့ဆက်လျှောက်ချင်စိတ်ဖြစ်လာပါလိမ့်မယ်။

သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့် https://bit.ly/2oToiC1 မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။

 

Bawa 101

<<< Zawgyi >>>

"ဘဝမွာ သင္ကိုယ္တိုင္တည္ေဆာက္ယူရမယ့္စိတ္ထားမ်ား"
“I am the master of my fate; I am the captain of my soul.” William Ernest Henley ကဗ်ာဆရာႀကီးက ကိုယ့္ဘဝရဲ႕ပဲ့ကိုင္ရွင္က ကိုယ္တိုင္ပဲျဖစ္ၿပီး ကိုယ့္ဘဝရဲ႕အနာဂတ္ကိုလည္း

ကိုယ္ပဲပိုင္တယ္လို႔ ေျပာထားပါတယ္။ ဘဝမွာ တခါတေလ ကိုယ့္ပေယာဂေၾကာင့္မဟုတ္ဘဲ အျခားသူေတြေၾကာင့္ ဒါမွမဟုတ္ ကိုယ္တိုင္ျပဳျပင္ေျပာင္းလဲဖန္တီးေပးလို႔မရတဲ့အေျခအေနမ်ိဳးေတြကို ႀကဳံလာတတ္ပါတယ္။

လူရယ္လို႔ျဖစ္လာတာနဲ႔ အသက္ဝိဉာဥ္မခ်ဳပ္ၿငိမ္းခင္ထိ အခက္အခဲဆိုတာ ရွိေနအုံးမွာပါပဲ။ အဲဒီလိုအေျခအေနမ်ိဳးမွာ ထိုစာသားေလးကို ႐ြတ္ၾကည့္လိုက္ပါ။ သင့္ရဲ႕မသိစိတ္ထဲမွာေကာ၊

သိစိတ္ထဲမွာေကာ ခြန္အားေတြတိုးလာသလို ခံစားရပါလိမ့္မယ္။ တကယ္ေတာ့ ကြၽန္ေတာ္တို႔ရဲ႕ဘဝကို ကိုယ္တိုင္ကလြဲၿပီး ဘယ္သူကမွ မကူညီ မေဖးမႏိုင္ပါဘူး။

အဲဒီ့အတြက္ အခက္အခဲေတြနဲ႔ႀကဳံလာတိုင္း တစုံတေယာက္က လာၿပီး ကူညီေပးမွာ ၊ ကယ္ဆယ္ေပးမွာကို ထိုင္ေစာင့္ေနတာထက္ ကိုယ့္ကိုကိုယ္ကယ္တင္ဖို႔သာ ႀကိဳးစားသင့္ပါတယ္။

အဲဒါေၾကာင့္ ဘဝမွာ သင္ကိုယ္တိုင္တည္ေဆာက္ယူရမယ့္စိတ္ထားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

 

၁) စိတ္ဓာတ္ႀကံ့ခိုင္ေစဖို႔
ဘဝက နိမ့္လိုက္ျမင့္လိုက္နဲ႔မို႔ မွန္ကင္းတလွည့္ထင္းတလွည့္ျဖစ္ေနမွာပါပဲ။ သာတဲ့အခါရွိသလို နာတဲ့အခါလည္းရွိမွာပါပဲ။

ဘဝရဲ႕တက္လိုက္က်လိုက္ဒဏ္ကို ခံႏိုင္ရည္ရွိဖို႔က စိတ္ဓာတ္ႀကံ့ခိုင္မႈရွိဖို႔ အဓိက လိုအပ္ပါတယ္။ စိတ္ဓာတ္ႀကံ့ခိုင္ျခင္းက ဘဝရဲ႕အခက္အခဲေပါင္းစုံကို ေက်ာ္ျဖတ္ႏိုင္ဖို႔ အေျခခံျဖစ္သလို၊ ေအာင္ျမင္ျခင္းရဲ႕အေျခခံပါပဲ။

စိတ္ဓာတ္ေပ်ာ့ညံ့သူက မၿပိဳင္ခင္ရႈံးႏွင့္သူပဲျဖစ္ပါတယ္။ စိတ္ဓာတ္ႀကံ့ခိုင္ဖို႔ကို အျခားသူမ်ားဆီက ေမွ်ာ္လင့္ေနလို႔မရပါဘူး။

သင္ကိုယ္တိုင္ တည္ေဆာက္ယူရမွာျဖစ္ပါတယ္။ စိတ္ဓာတ္ႀကံ့ခိုင္မႈရွိတဲ့လူတစ္ေယာက္က ဘဝမွာ ဘယ္လိုအခက္အခဲမ်ိဳးႀကဳံပါေစ ျပန္လည္နလန္ထူၿပီး ဘဝကို ေရွ႕ဆက္ႏိုင္မွာပါ။

 

၂) ကိုယ့္ကိုကိုယ္လက္ခံတတ္ဖို႔
အၿမဲလို မေက်မနပ္ျဖစ္ေနတတ္တဲ့လူေတြက ကိုယ့္ကိုကိုယ္မေက်မနပ္ျဖစ္ေနတတ္တဲ့သူေတြမ်ားပါတယ္။ သူတို႔မွာ ပိုင္ဆိုင္ထားသမွ် ၊ ရွိထားသမွ်ေလးေတြကို သူတို႔မတင္းတိမ္သလို၊

အၿမဲလို မရႏိုင္တာတခုခုကို လိုခ်င္ေနတဲ့သူေတြလည္းျဖစ္ပါတယ္။ အဲဒီလိုလူမ်ိဳးက ကိုယ့္ကိုကိုယ္လက္မခံတတ္တဲ့သူေတြျဖစ္ပါတယ္။ ဥပမာ။

ကိုယ္ကအသားမည္းတယ္..ဒါေပမယ့္ အသားျဖဴတာလိုခ်င္တယ္၊ ကိုယ္က သြားေခါတယ္….ဒါေပမယ့္ သြားေလးေတြစီတန္းေနခ်င္တာ၊ ကိုယ္က အရပ္ပုတယ္…..ဒါေပမယ့္ ကိုယ္က အရပ္ရွည္ခ်င္တယ္ စသျဖင့္ေပါ့။

ကိုယ္မရႏိုင္တာျဖစ္ျဖစ္၊ မရထားတာျဖစ္ျဖစ္ လိုခ်င္စိတ္ျဖစ္ေနတဲ့အခါ ကိုယ့္မွာရွိေနတာကို လက္မခံႏိုင္ေတာ့ပါဘူး။

အဲဒီ့အခါမွာ မေက်မနပ္စျဖစ္ေတာ့တာပါပဲ။ အဲဒီ့စိတ္က ကိုယ့္တိုင္ျပဳျပင္ယူမွရမယ့္စိတ္ျဖစ္ပါတယ္။ ကိုယ့္ကိုကိုယ္လက္ခံတတ္ဖို႔က ကိုယ္ပဲက်င့္ယူမွရတာပါ ။ အျခားသူက လာၿပီး လက္ခံတတ္ေအာင္ ျပဳျပင္ေပးလို႔မရပါဘူး။

 

၃) အမွားေတြထဲက သင္ခန္းစာယူတတ္ဖို႔
ဘဝမွာ လူတိုင္းအမွားမလုပ္ဖူးတဲ့သူမရွိပါဘူး။ အမွားနည္းေအာင္ေနထိုင္တဲ့သူရယ္၊ အမွားမ်ားတဲ့သူရယ္၊ အမွားေတြကို သင္ခန္းစာယူၿပီး ျပဳျပင္တတ္တဲ့သူရယ္ စသျဖင့္ေပါ့။

အမွားနည္းေအာင္ ေနထိုင္တတ္ဖို႔က အမွားေတြထဲက သင္ခန္းစာယူတတ္မွျဖစ္တာပါ။ အမွားေတြလုပ္မိတယ္ဆိုေပမယ့္ ကိုယ္မွားေနတဲ့အမွားကို ကိုယ္တိုင္ေတာင္ မသိရင္၊

ဒါမွမဟုတ္ ကိုယ္တိုင္မျပဳျပင္ခ်င္ရင္ အလားတူအမွားေတြခ်ည္းဆက္ျဖစ္ေနအုံးမွာပါပဲ။ အမွားကိုသိၿပီး သင္ခန္းစာယူ၊ ေနာက္တစ္ခါမမွားေအာင္ ျပဳျပင္လိုက္တဲ့အခါက်ရင္ေတာ့ အမွားက အမွန္ျဖစ္သြားပါတယ္။

အဲဒီ့လို ျဖစ္လာဖို႔က ကိုယ္တိုင္ပဲ ျပဳျပင္တည္ေဆာက္ယူရမွာပါ။ ဘယ္သူကမွ လုပ္ႀကံေပးလို႔မရပါဘူး။

 

၄) ကိုယ္မထိန္းခ်ဳပ္ႏိုင္တဲ့ကိစၥေတြမွာ အာ႐ုံေႏွာက္မခံျခင္း
ဘဝမွာ ကြၽန္ေတာ္တို႔က တစ္ေယာက္ထဲ ေနထိုင္လို႔မျဖစ္ႏိုင္ပါဘူး။ အဲဒီ့အခါ ပတ္ဝန္က်င္၊ အေပါင္းအသင္း၊ အျခားပတ္သက္ရာပတ္သက္ေၾကာင္းေတြအမ်ားႀကီးရွိၾကပါတယ္။

ဒါေပမယ့္ အဲဒီလို ပတ္သက္ရာပတ္သက္ေၾကာင္းေတြ မ်ားေလေလ အာ႐ုံေႏွာက္စရာေတြ မ်ားေလေလပါပဲ။

အဲဒီလို အာ႐ုံေႏွာက္စရာေတြကို သိၿပီး ေရွာင္ႏိုင္ဖို႔ကေတာ့ ကိုယ္တိုင္နားလည္ဖို႔ပဲလိုပါတယ္။ ကိုယ္မထိန္းခ်ဳပ္ႏိုင္ဘူး ဒါမွမဟုတ္ ကိုယ္ဝင္ျပဳျပင္ေပးလို႔မရဘူး

ဒါမွမဟုတ္ ကိုယ္က ေျပာ႐ုံေျပာလို႔ပဲရမယ္ ကာယကံရွင္ကိုယ္တိုင္က မလုပ္ယူဘူး စသျဖင့္ မ်ိဳးစုံေအာင္ပါပဲ။ ကိုယ္တိုင္ ျပဳျပင္တည္ေဆာက္ေပးလို႔မရတဲ့ ကိုယ္ထိန္းခ်ဳပ္ေပးလို႔မရတဲ့ကိစၥမ်ိဳးေတြကို သိဖို႔ပဲျဖစ္ပါတယ္။

အဲဒီလို ကိုယ္မထိန္းခ်ဳပ္ႏိုင္တဲ့ကိစၥေတြမွာ ကိုယ္က စိတ္ညစ္မခံဘဲ ကိုယ္တတ္ႏိုင္တာကိုသာ အာ႐ုံစိုက္သင့္ပါတယ္။ အဲဒါကလည္း ကိုယ္တိုင္တည္ေဆာက္ယူရမယ့္ စိတ္ထားတစ္မ်ိဳးပါပဲ။

 

၅) လက္ရွိကာလမွာပဲ အာ႐ုံစိုက္ဖို႔
စိတ္ဖိစီးမႈမ်ားတဲ့လူေတြက အတိတ္ထဲမွာေနထိုင္တဲ့သူ ဒါမွဟုတ္ အနာဂတ္ကို ႀကိဳေတြးေနတဲ့သူေတြပဲျဖစ္ပါတယ္။ ထိုသူေတြက ထိုအခ်ိန္ကာလႏွစ္ခုမွာ ေနထိုင္တာျဖစ္တဲ့အတြက္

ခုလက္ရွိအခ်ိန္က ထိုကာလႏွစ္ခုကိုေတြးေနတာနဲ႔တင္ အခ်ိန္ပုပ္သြားပါတယ္။ အဲဒီ့ေတာ့ ဒီေန႔မွာ ေကာင္းေကာင္းမရွင္သန္ႏိုင္ေတာ့ပါဘူး ။ စိတ္ပိုင္းဆိုင္ရာအရလည္း ပူပန္ေသာကေရာက္ေနရပါတယ္။

အဲဒီလို စိတ္မ်ိဳး ကိုယ္ျဖစ္ေနတယ္ဆိုရင္ေတာ့ ျပဳျပင္ယူရမွာ ကိုယ္ကိုယ္တိုင္ပါပဲ။ အျခားဘယ္သူကမွ လာျပဳျပင္ေပးလို႔မရပါဘူး။

အဲဒီလိုအေတြးေတြ ဝင္ၿပီဆိုတာနဲ႔ ကိုယ့္ကိုကိုယ္ ျပန္သတိေပးပါ။ ခုလက္ရွိလုပ္ေနတဲ့အလုပ္ကိုပဲ အေကာင္းဆုံးလုပ္မယ္။ အဲဒါက ကိုယ့္အတြက္ အက်ိဳးပိုရွိတယ္လို႔ သတိေပးလိုက္ပါ။ အဲဒီ့စိတ္ကို က်င့္ယူေပးပါ။

အထက္က စိတ္ထားေတြကေတာ့ သင္ကလြဲၿပီး အျခားဘယ္သူကမွ လာျပဳျပင္တည္ေဆာက္ေပးလို႔မရပါဘူး။ သင္ကိုယ္တိုင္ ျပဳျပင္ၿပီး သင့္စိတ္ထားကို ေျပာင္းလဲပါ။ အဲဒါမွ သင့္ဘဝက ေငြမခ်မ္းသာ၊ လူမခ်မ္းသာေပမယ့္ ေပ်ာ္စရာျဖစ္လာပါလိမ့္မယ္။ ပိုၿပီးလည္း စိတ္ညစ္စရာေတြ နည္းပါးလာပါလိမ့္မယ္။ လဲက်ေနရင္ေတာင္ ျပန္ထၿပီး ေရွ႕ဆက္ေလွ်ာက္ခ်င္စိတ္ျဖစ္လာပါလိမ့္မယ္။


သင့္ရဲ ့အရည္အခ်င္းေတြကို ျမွင့္တင္ခ်င္တယ္ ဆိုရင္ေတာ့ မွာရွိတဲ့ sayar.com.mm ဆရာ၊ ဆရာမမ်ားႏွင့္ဆက္သြယ္လိုက္ပါ။
ဤလင့္ https://bit.ly/2oToiC1 မွာ ဘာသာရပ္ေပါင္းစံု သင္ေပးေသာ ဆရာ၊ ဆရာမမ်ား ကို အခမဲ့ ဝင္ေရာက္ရ်ာေဖြႏိုင္ပါသည္

 

Sources : Bawa 101

sayar.com.mm

Read times
Rate this articles
(0 votes)