×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Wednesday, 02 October 2019

"သင့်ရဲ့စိတ်ကိုနိုးကြားတက်ကြွစေဖို့ မနက်မိုးလင်းတိုင်းဒီအမူအကျင့်လေးတွေလုပ်ကြည့်ပါ"

"သင့်ရဲ့စိတ်ကိုနိုးကြားတက်ကြွစေဖို့ မနက်မိုးလင်းတိုင်းဒီအမူအကျင့်လေးတွေလုပ်ကြည့်ပါ" freepick

<<< Unicode >>>

နေ့သစ်တစ်ခုကို စိတ်ရွှင်လန်းစွာ ဖြတ်သန်းနိုင်ဖို့ လိုက်နာရမယ့် မနက်ခင်း အလေ့အကျင့်ကောင်းလေးတွေဆိုတာ လူတိုင်းမှာ လိုအပ်ပါတယ်။

သင်လည်း ကြားဖူးမှာပါ။ ညဘက်က နောက်ကျမှ အိပ်ဖြစ်လို့ မနက်မှာ နောက်ကျမှ နိုးလာ၊ တစ်နေ့တာ အစမပြုခင်ကတည်းက လုပ်ငန်းဆောင်တာတွေ နောက်ကျ အဆင်မပြေဖြစ်၊

မနက်စာ လွတ်လို့ ကိုယ်အလေးချိန်တက်လာ၊ ကျန်းမာရေး ထိခိုက်လာ စတာတွေက မနက်နိုးရင် လုပ်ရမယ့် အလေ့အကျင့်ကောင်းတချို့ကို မမွေးမြူထားလို့ ဖြစ်ရတာပါ။

ဒါကြောင့် ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် မနက်ခင်းတိုင်း နိုးထတာနဲ့ လုပ်ဆောင်ရမယ့် အမူအကျင့် (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။


သင့်ရဲ့ အိပ်ယာ
အထွေအထူး အရေးမကြီးဘူး၊ မလိုအပ်ဘူးလို့ ထင်ရလောက်မယ့် အရာဖြစ်ပေမယ့် တစ်နေ့တာကို အောင်နိုင်သူလို တက်ကြွစွာ စတင်ဖို့က အိပ်ယာနိုးပြီးနောက်

ကိုယ့်အိပ်ယာကိုယ် သန့်ရှင်းသပ်ရပ်နေအောင် ပြင်ဖို့ ဖြစ်ပါတယ်။ ဒီလို ရိုးရှင်းတဲ့ တာဝန်လေးတစ်ခုကို

လုပ်ဆောင်လိုက်နိုင်တာက တစ်နေ့တာလုံး ဆက်လက်ဖြတ်သန်းရမယ့် အလုပ်တွေမှာ ပိုပြီး ယုံကြည်မှုရှိနေစေမှာဖြစ်တဲ့အတွက်ပါ။


ရေဓာတ်
မနက်အိပ်ယာနိုးနိုးချင်း သင့်ဝမ်းဗိုက်ထဲကို ဖြည့်ဆည်းဖို့က ရေတစ်ခွက်ဖြစ်ပါတယ်။

မနက်ခင်းမှာ အစာမရှိသေးတဲ့ ဝမ်းထဲကို ရေသောက်ချလိုက်တာက အကျိုးများစွာ ဖြစ်စေပါတယ်။

သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်လို့ အသားအရေကိုလည်း ကြည်လင်စေသလို

အူလမ်းကြောင်းကိုလည်း ရှင်းလင်းပေးတဲ့အတွက် ရောဂါများစွာကိုလည်း ကြိုတင်ကာကွယ်ထားစေပါတယ်။

 


စိတ်ထားမှု

မနက်ခင်းကို အကောင်းမြင်တဲ့စိတ်၊ တက်ကြွရွှင်လန်းနေတဲ့ စိတ်နဲ့ အစပြုရင် တစ်နေ့တာ ဆောင်ရွက်သမျှ အဆင်ပြေအောင်မြင်နိုင်ပါတယ်။

အားလပ်ရက်လိုမျိုး အချိန်ရတဲ့နေ့တွေဆို တရားထိုင်တာ၊ တရားနာတာ လုပ်ပေးသင့်ပြီး အလုပ်နဲ့ ကျောင်းရှိတဲ့ နေ့တွေမျိုးဆိုရင်တော့

ပျော်ရွှင်စရာအတွေးလေးတွေသာ ရွေးတွေးပေးတာမျိုး၊ နားကျပ်နဲ့ သံစဉ်အေးအေးလေး နားထောင်တာမျိုးတွေ၊ တရားနာတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

 

ကိုယ်လက်လှုပ်ရှား
မနက်နိုးတဲ့အခါ ပုံမှန်လုပ်သင့်တဲ့ အမူအကျင့်တွေထဲမှာ ကိုယ်လက်လှုပ်ရှား လုပ်ပေးဖို့လည်း ပါဝင်ပါတယ်။

အပြင်းအထန်မဟုတ်ရင်တောင် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေ လုပ်ပေးသင့်ပါတယ်။

အကျိုးကျေးဇူးတွေကတော့ ခန္ဓာကိုယ်တွင်း ဇီဝလည်ပတ်မှုကို မှန်ကန်စေတဲ့ အပြင် သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာမှာလည်း အားအင်ပိုရသွားစေပါတယ်။

 

မနက်စာ
လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ အရေးကြီးဆုံးကတော့ မနက်စာပါပဲ။ တစ်နေ့တာကို အားအင်ပြည့်စွာ စတင်နိုင်ဖို့ မနက်စာကို အာဟာရပြည့်ဝစွာ စားဖို့လည်း လိုပါတယ်။

တချို့အပြင်စာတွေမှာဆိုရင် အရောင်ဆိုးဆေးတွေ၊ မသန့်တဲ့ဆီ နောက်တစ်မျိုးခေါ်ရရင်တော့

ပြန်ကြော်ဆီတွေ ပါဝင်နေတဲ့အတွက် အာဟာရဓာတ် ပြည့်ပြည့်ဝဝမပေးနိုင်တဲ့အပြင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေပါ ဖြစ်စေတတ်ပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေမှာ ဓာတုပစ္စည်းတွေ တွင်တွင်ကျယ်ကျယ် သုံးစွဲလာခြင်းရဲ့ အကျိုးဆက်အနေနဲ့

နေ့စဉ်စားနေတဲ့ ထမင်းနဲ့ ဟင်းမှာတောင် အာဟာရဓာတ် လုံလောက်ပြည့်ဝစွာ မပါဝင်တာမျိုး ဖြစ်လာတတ်ပါတယ်။

ဒါ့ကြောင့်လည်း ပုံမှန်စားနေကျအစားအသောက်တွေကနေ အာဟာရပြည့်ဝစွာ ရရှိ မရှိဆိုတာ တွေးစရာတစ်ခုလို ဖြစ်လာပါတယ်။

အဲ့ဒီလို အာဟာရလိုအပ်ချက်လေးတွေ ပြီးပြည့်စုံအောင် ထပ်မံဖြည့်ဆည်းပေးဖို့ ထမင်းနဲ့ဟင်းအပြင် အိုဗာတင်းတစ်ခွက်သောက်ပြီး

ထပ်မံအားဖြည့်လို့ရတယ်ဆိုတဲ့ အချက်လေးကို အကြံပေးပါရစေ။ မုယောစပါးက ထုတ်ထားတဲ့ အိုဗာတင်း Malted Milk မှာ ခန္ဓာကိုယ်အတွက်

အဓိကလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၃ မျိုးနဲ့ ပရိုတင်းဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပြီး အိုဗာတင်းတစ်ခွက်မှာ

နွားနို့ ၂ ခွက်စာ ကယ်ဆီယမ်ဓာတ် ပါဝင်တဲ့အတွက် အာဟာရပြည့် နံနက်စာအတွက် အရွေးချယ်သင့်ဆုံး ဖြစ်ပါတယ်။

စာဖတ်ပရိသတ်အားလုံးပဲ မနက်ခင်းတိုင်းမှာ ရွှင်လန်းတက်ကြွစွာ နိုးထနိုင်ကြဖို့ ဒီအချက်လေးတွေ လုပ်ကြည့်လိုက်ပါနော်။

 

Sources : Shwemom

<<< Zawgyi >>>

သင့္ရဲဲ႕စိတ္ကိုနိုးျကားတက္ျကြေစဖို႕ မနက္မိုးလင္းတိုင္းဒီအမူအက်င့္ေလးေတြလုပ္ျကည့္ပါ 

ေန႔သစ္တစ္ခုကို စိတ္ရႊင္လန္းစြာ ျဖတ္သန္းႏုိင္ဖို႔ လိုက္နာရမယ့္ မနက္ခင္း အေလ့အက်င့္ေကာင္းေလးေတြဆိုတာ လူတုိင္းမွာ လုိအပ္ပါတယ္။

သင္လည္း ၾကားဖူးမွာပါ။ ညဘက္က ေနာက္က်မွ အိပ္ျဖစ္လို႔ မနက္မွာ ေနာက္က်မွ ႏုိးလာ၊ တစ္ေန႔တာ အစမျပဳခင္ကတည္းက လုပ္ငန္းေဆာင္တာေတြ ေနာက္က် အဆင္မေျပျဖစ္၊

မနက္စာ လြတ္လို႔ ကိုယ္အေလးခ်ိန္တက္လာ၊ က်န္းမာေရး ထိခိုက္လာ စတာေတြက မနက္ႏုိးရင္ လုပ္ရမယ့္ အေလ့အက်င့္ေကာင္းတခ်ိဳ႕ကို မေမြးျမဴထားလို႔ ျဖစ္ရတာပါ။

ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ပရိသတ္ေတြအတြက္ မနက္ခင္းတုိင္း ႏုိးထတာနဲ႔ လုပ္ေဆာင္ရမယ့္ အမူအက်င့္ (၅) မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။


သင့္ရဲ႕ အိပ္ယာ
အေထြအထူး အေရးမႀကီးဘူး၊ မလိုအပ္ဘူးလို႔ ထင္ရေလာက္မယ့္ အရာျဖစ္ေပမယ့္ တစ္ေန႔တာကို ေအာင္ႏုိင္သူလို တက္ၾကြစြာ စတင္ဖို႔က အိပ္ယာႏုိးၿပီးေနာက္

ကိုယ့္အိပ္ယာကိုယ္ သန္႔ရွင္းသပ္ရပ္ေနေအာင္ ျပင္ဖို႔ ျဖစ္ပါတယ္။ ဒီလို ႐ုိးရွင္းတဲ့ တာဝန္ေလးတစ္ခုကို

လုပ္ေဆာင္လိုက္ႏုိင္တာက တစ္ေန႔တာလံုး ဆက္လက္ျဖတ္သန္းရမယ့္ အလုပ္ေတြမွာ ပိုၿပီး ယံုၾကည္မႈရိွေနေစမွာျဖစ္တဲ့အတြက္ပါ။

 


ေရဓာတ္
မနက္အိပ္ယာႏုိးႏုိးခ်င္း သင့္ဝမ္းဗုိက္ထဲကို ျဖည့္ဆည္းဖို႔က ေရတစ္ခြက္ျဖစ္ပါတယ္။

မနက္ခင္းမွာ အစာမရိွေသးတဲ့ ဝမ္းထဲကို ေရေသာက္ခ်လုိက္တာက အက်ိဳးမ်ားစြာ ျဖစ္ေစပါတယ္။

ေသြးထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားပစ္ႏုိင္လို႔ အသားအေရကိုလည္း ၾကည္လင္ေစသလို

အူလမ္းေၾကာင္းကိုလည္း ရွင္းလင္းေပးတဲ့အတြက္ ေရာဂါမ်ားစြာကိုလည္း ႀကိဳတင္ကာကြယ္ထားေစပါတယ္။

 


စိတ္ထားမႈ

မနက္ခင္းကို အေကာင္းျမင္တဲ့စိတ္၊ တက္ၾကြရႊင္လန္းေနတဲ့ စိတ္နဲ႔ အစျပဳရင္ တစ္ေန႔တာ ေဆာင္ရြက္သမွ် အဆင္ေျပေအာင္ျမင္ႏုိင္ပါတယ္။

အားလပ္ရက္လိုမ်ိဳး အခ်ိန္ရတဲ့ေန႔ေတြဆို တရားထုိင္တာ၊ တရားနာတာ လုပ္ေပးသင့္ၿပီး အလုပ္နဲ႔ ေက်ာင္းရိွတဲ့ ေန႔ေတြမ်ိဳးဆိုရင္ေတာ့

ေပ်ာ္ရႊင္စရာအေတြးေလးေတြသာ ေရြးေတြးေပးတာမ်ိဳး၊ နားက်ပ္နဲ႔ သံစဥ္ေအးေအးေလး နားေထာင္တာမ်ိဳးေတြ၊ တရားနာတာမ်ိဳးေတြ လုပ္ေပးသင့္ပါတယ္။

 

ကိုယ္လက္လႈပ္ရွား
မနက္ႏုိးတဲ့အခါ ပံုမွန္လုပ္သင့္တဲ့ အမူအက်င့္ေတြထဲမွာ ကိုယ္လက္လႈပ္ရွား လုပ္ေပးဖို႔လည္း ပါဝင္ပါတယ္။

အျပင္းအထန္မဟုတ္ရင္ေတာင္ ေပါ့ေပါ့ပါးပါး ေလ့က်င့္ခန္းေတြ လုပ္ေပးသင့္ပါတယ္။

အက်ိဳးေက်းဇူးေတြကေတာ့ ခႏၶာကိုယ္တြင္း ဇီဝလည္ပတ္မႈကို မွန္ကန္ေစတဲ့ အျပင္ သင့္ရဲ႕ စိတ္ပိုင္းဆုိင္ရာ ႐ုပ္ပိုင္းဆုိင္ရာမွာလည္း အားအင္ပိုရသြားေစပါတယ္။

 

မနက္စာ
လူတစ္ေယာက္ရဲ႕ တစ္ေန႔တာမွာ အေရးႀကီးဆံုးကေတာ့ မနက္စာပါပဲ။ တစ္ေန႔တာကို အားအင္ျပည့္စြာ စတင္ႏုိင္ဖို႔ မနက္စာကို အာဟာရျပည့္ဝစြာ စားဖို႔လည္း လုိပါတယ္။

တခ်ဳိ႕အျပင္စာေတြမွာဆုိရင္ အေရာင္ဆုိးေဆးေတြ၊ မသန္႔တဲ့ဆီ ေနာက္တစ္မ်ဳိးေခၚရရင္ေတာ့

ျပန္ေၾကာ္ဆီေတြ ပါဝင္ေနတဲ့အတြက္ အာဟာရဓာတ္ ျပည့္ျပည့္ဝဝမေပးႏုိင္တဲ့အျပင္ က်န္းမာေရးအတြက္ ဆုိးက်ဳိးေတြပါ ျဖစ္ေစတတ္ပါတယ္။

ဒါ့အျပင္ စုိက္ပ်ဳိးေရး၊ ေမြးျမဴေရးလုပ္ငန္းေတြမွာ ဓာတုပစၥည္းေတြ တြင္တြင္က်ယ္က်ယ္ သုံးစြဲလာျခင္းရဲ႕ အက်ဳိးဆက္အေနနဲ႔

ေန႔စဥ္စားေနတ့ဲ ထမင္းနဲ႔ ဟင္းမွာေတာင္ အာဟာရဓာတ္ လုံေလာက္ျပည့္ဝစြာ မပါဝင္တာမ်ဳိး ျဖစ္လာတတ္ပါတယ္။

ဒါ့ေၾကာင့္လည္း ပံုမွန္စားေနက်အစားအေသာက္ေတြကေန အာဟာရျပည့္ဝစြာ ရရွိ မရွိဆိုတာ ေတြးစရာတစ္ခုလို ျဖစ္လာပါတယ္။

အဲ့ဒီလို အာဟာရလိုအပ္ခ်က္ေလးေတြ ၿပီးျပည့္စံုေအာင္ ထပ္မံျဖည့္ဆည္းေပးဖို႔ ထမင္းနဲ႔ဟင္းအျပင္ အိုဗာတင္းတစ္ခြက္ေသာက္ၿပီး

ထပ္မံအားျဖည့္လို႔ရတယ္ဆိုတဲ့ အခ်က္ေလးကို အႀကံေပးပါရေစ။ မုေယာစပါးက ထုတ္ထားတဲ့ အိုဗာတင္း Malted Milk မွာ ခႏၶာကိုယ္အတြက္

အဓိကလိုအပ္တဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ ၂၃ မ်ိဳးနဲ႔ ပ႐ုိတင္းဓာတ္တို႔ ၾကြယ္ဝစြာ ပါဝင္ၿပီး အိုဗာတင္းတစ္ခြက္မွာ

ႏြားႏုိ႔ ၂ ခြက္စာ ကယ္ဆီယမ္ဓာတ္ ပါဝင္တဲ့အတြက္ အာဟာရျပည့္ နံနက္စာအတြက္ အေရြးခ်ယ္သင့္ဆံုး ျဖစ္ပါတယ္။

စာဖတ္ပရိသတ္အားလံုးပဲ မနက္ခင္းတုိင္းမွာ ရႊင္လန္းတက္ၾကြစြာ ႏုိးထႏုိင္ၾကဖို႔ ဒီအခ်က္ေလးေတြ လုပ္ၾကည့္လိုက္ပါေနာ္။

 

sources  : Shwemom

sayar.com.mm

Read times
Rate this articles
(0 votes)