သင်ယူမည့် ဘာသာရပ် နှင့် ရွေးချယ်လိုက်သည့် career လမ်းကြောင်းကို ရောက်ရှိရန် ကြိုစားအားထုတ်ရာတွင်
စိတ်အားထက်သန်မှု (Passion) ရှိရန် အလွန်အရေးကြီးသည်။ ကျွန်ုပ်တို့ဘဝတွင် အောင်မြင်သောဘဝများကို ပိုင်ဆိုင်နိုင်စေရန် မှန်ကန်သော တက္ကသိုလ်၊ ဘာသာရပ် ရွေးချယ်နိုင်ခြင်းသည် အရေးကြီးပါသည်။ မှန်ကန်သောရွေးချယ်မှုများကို မည်သို့လုပ်ဆောင်ရမည်နည်း။
၁။ ဘာကြောင့်ရွေးချယ်ရသလဲ။
သင်လေ့လာချင်သော major-ဘာသာရပ်နှင့် ဘာကြောင့် ရွေးချယ်သည် ဆိုသောအချက်ကို သိရှိရန်လိုအပ်ပါသည်။ သင်၏ကိုယ်ပိုင်အရည်အချင်းနှင့် ကျွမ်းကျင်မှုကို ဆန်းစစ်ပါ။ သွားမည့် career(လုပ်ငန်း) လမ်းကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ကြိုတင်စဉ်းစားပါ။ ထိုလမ်းကြောင်းကို ပိုမိုတိုးတက်ကောင်းမွန်နိုင်စေရန် လမ်းညွှန်ပေးနိုင်သော ဆရာ၊လုပ်ဖော်ကိုင်ဖက်များနှင့် တိုင်ပင်ဆွေးနွေးပါ။
၂။ သင်အမှန်တတယ်စိတ်ဝင်စားသော အရာကဘာလဲ။
သင်လေ့လာချင်သောဘာသာရပ်နှင့် သင်စိတ်ဝင်စားသောအရာကို သိရှိရန်လိုအပ်သည်။ ထိုမှသာ မိဘတို့၏ ဆန္ဒနှင့် မိမိဖြစ်ချင်သော career ကို ကွဲပြားစွာ သိရှိနိုင်မည်။ သင်ရွေးချယ်လိုက်သော လမ်းကြောင်းသည် အမှန်တကယ်လိုချင်သောပန်းတိုင်သို့ ရောက်နိုင်မည်လားဆိုသည်ကို မိမိကိုယ်ကို မေးခွန်းထုတ်ပါ။
၃။ အမှန်တကယ်စစ်ဆေးမှုပြုလုပ်ပါ။
သင်၏အိမ်မက်လမ်းကြောင်းကိုရှာဖွေတွေ့ရှိပြီဆိုလျှင် သင်တက်ရောက်ရမည့် တက္ကသိုလ်၊ ဘာသာရပ် နှင့် အထောက်အကူပြုသင်တန်းများအတွက် ကုန်ကျစရိတ်တို့ကို ပြင်ဆင်ထားရမည်။ လိုအပ်မည့်သင်တန်းများနှင့် ဘာသာစကားတို့ကို ကြိုတင်လေ့လာမှုပြုလုပ်ထားရမည်။
၎။ သင်ခန်းစာများကို အင်တာနက်ပေါ်တွင်လေ့လာပါ။
သင်လေ့လာသင်ယူနေသည့် ဘာသာရပ်နှင့် ပက်သက်ပြီး အင်တာနက်ပေါ်တွင် ကြိုတင်လေ့လာမှုများ ပြုလုပ်သင့်ပါသည်။