တခါတလေမှာ ကိုယ်တစ်ယောက်ထဲလုပ်တာထက် အဖွဲ့အစည်းနဲ့စုပေါင်းပြီးလုပ်မှ အောင်မြင်မှုရနိုင်မယ့် ကိစ္စတွေလည်း ရှိပါတယ်။
ကျောင်းမှာပဲဖြစ်ဖြစ် ရုံးမှာပဲဖြစ်ဖြစ်လူအမျာကြီးနဲ့ ပူးပေါင်းပြီးအလုပ်လုပ်ရပါတယ်။
ကျောင်းမှာဆိုရင်လည်း ကျောင်းနဲ့ပက်သက်တဲ့ အသင်းအဖွဲ့တွေ အများကြီးရှိပါတယ်။
ဒီလိုမျိုး အဖွဲ့အစည်းတွေထဲမှာ ကိုယ်ကိုယ်တိုင် ပါဝင်လာရတဲ့အခါ အခက်အခဲတွေလဲကြုံတွေ့ လာနိုင်သလို ကိုယ့်ဘဝတိုးတက်ဖို့အတွက် အထောက်အကူဖြစ်စေမယ့်အရာတွေကိုလည်း သင်ယူလေ့လာခွင့်ရပါတယ်။
အသင်းအဖွဲ့ဆိုတာက ရည်ရွယ်ချက်တူ ဝါသနာတူ လျှောက်လှမ်းချင်တဲ့အနာဂတ်ခရီးလမ်းချင်းတူတဲ့ လူ နှစ်ယောက်ကနေစပြီး လူအများကြီးပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပေါ့။
ဒါပေမယ့် ရည်ရွယ်ချက်တွေပေါ် မူတည်ပြီး ပုံစံလေးတွေကွဲသွားတာပေါ့။
ပရောဂျက်တစ်ခုလုပ်ရပြီ ဆိုတာနဲ့ သုံးရမယ့် အသုံးစရိတ် ရှာရမယ့် အချက်အလက်တွေ အဲတာတွေကစပြီး အသေးအဖွဲ အချက်အလေးတွေကအစ တစ်ယောက်ထဲအစအဆုံး မလုပ်နိုင်ပါဘူး။
လုပ်နိုင်မယ်ဆိုရင်တောင် အချိန်တွေ အကြာကြီးပေးနေရမှာဖြစ်တဲ့အတွက် အလုပ်မတွင် ကျယ်ပါဘူး။
ဒီအခါမှာ အဖွဲ့နဲ့ လုပ်ဖို့လိုအပ်လာပါတယ်။
Team Work နဲ့လုပ်မယ်ဆိုရင်ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ။
အသင်းအဖွဲ့နဲ့ အလုပ်လုပ်တဲ့အခါမှာ ပူးပေါင်းဆောင်ရွက်နိုင်မှုအားကောင်းလာပါတယ်။ အဖွဲ့ဝင်တွေက တစ်ယောက်နဲ့တစ်ယောက် မနာလိုတဲ့စိတ် ယှဉ်ပြိုင်လိုတဲ့စိတ်တွေမရှိတဲ့အတွက် တစ်ယောက်အခက်အခဲ ဖြစ်တာနဲ့ကူညီပေးဖို့ အဆင်သင့်ဖြစ်နေတာဟာလည်း ပူးပေါင်းမှုအားကောင်းတဲ့အချက် တွေပဲဖြစ်ပါတယ်။
လူတစ်ယောက်ထဲက အချိန်တိုင်းသစ်လွင်ဆန်းသစ်တဲ့ အကြံဥာဏ်တွေ ပြဿနာဖြေရှင်းဖို့နည်းလမ်းတွေ ကို မစဉ်းစားနိုင်ပါဘူး။ ဒါပေမယ့် အဖွဲ့အစည်းနဲ့ဆိုရင်တော့ တခြားအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ပြဿနာ အခက်အခဲတွေအတွက် အဖြေရှာရာမှာ ပိုမိုမြန်ဆန်ပြီး အကြံဥာဏ်တွေ အများကြီးရနိုင်ပါတယ်။
READ - လမ်းဆုံးကိုရောက်နေပြီလား???
အဖွဲ့အစည်းနဲ့အလုပ်လုပ်တာက ပေါင်းသင်းဆက်ဆံရေးကိုလည်း ကောင်းမွန်တိုးတက်လာစေပါတယ်။ ကုန်ကျစရိတ် လည်းသက်သာ စေပါတယ်။
ယုံကြည်မှုကတော့ အရေးကြီးဆုံးပါပဲ။ အလုပ်အတူတူလုပ်ရတဲ့အတွက် အဖွဲ့ဝင်တွေက တစ်ယောက်နဲ့ တစ်ယောက်ကူညီရိုင်းပင်းပြီး အလုပ်နဲ့ပက်သက်တဲ့အခက်အခဲတွေရော တခြားကိုယ်ရေးကိုယ်တာကိစ္စ တွေကိုပါ ကူညီဖြေရှင်းပေးရင်း ယုံကြည်မှုကို တည်ဆောက်ရမှာပါ။ ယုံကြည်မှုက အသင်းအဖွဲ့မှာပဲဖြစ်ဖြစ် တခြားဘယ်လို relation ကိုမဆို ရေရှည်တည်တံ့စေနိုင်ပြီး အောင်မြင်စေနိုင်မှာပါ။
ref; targetstudy