Fashion Designer တစ်ယောက်ဖြစ်ဖို့
Fashion Designer ဆိုတာ အဝတ်အထည်၊ ပိတ်စအလှအပတွေကို ခေတ်နဲ့အညီလှပဆန်းသစ်အောင် တီထွင်ဖန်တီးသူတွေဖြစ်ကြပါတယ်။ အခြေခံအားဖြင့်ဆိုရင် ဒီဇိုင်နာတစ်ယောက်ဟာ သူတို့လိုချင်တဲ့ ဖက်ရှင်ပုံကို ပုံကြမ်းဆွဲပြီးပုံဖော်ကြရပါတယ်။ ဒီနောက်မှာတော့ ဘယ်လိုအနေအထားကို ပုံဖော်မလဲ၊ အရောင်တွေကို ဘယ်လိုရောစပ်မလဲ၊ ဘယ်ပိတ်စကို အသုံးပြုမလဲ ဆိုတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားကြရပါတော့တယ်။
ဖက်ရှင်ဒီဇိုင်နာ ဆိုတဲ့အလုပ်က အတတ်ပညာနဲ့ အနုပညာကို ပေါင်းစပ်ဖန်တီးရတဲ့အလုပ်တစ်ခုပါ။ ဒါကြောင့် သင့်ရဲ့ အနုပညာတွေကို ပြသချင်တယ်ဆိုရင် သင့်ရဲ့ အတတ်ပညာတွေကို အရင်ဖြည့်ထားဖို့လိုအပ်ပါတယ်။
အဆိုပါအတတ်ပညာတွေကတော့
1. ဒီဇိုင်းဆွဲခြင်း။
ဒီဇိုင်းဆွဲတဲ့နေရာမှာလည်း သာမန် လက်နဲ့ဒီဇိုင်းဆွဲတာရှိသလို Digital sketching တွေလည်းရှိပါတယ်။ အကယ်၍ သင်က ပိုကျယ်ပြန့်တဲ့ ဖက်ရှင်လမ်းကိုလျှောက်လှမ်းလိုသူဆိုရင် Digital Sketching ကိုပါ လေ့လာထားဖို့လိုအပ်ပါတယ်။
2. Pattern ချခြင်း။
ဖက်ရှင်ဒီဇိုင်နာတစ်ယောက်တတ်မြောက်ထားရမယ့် ပညာမှာ Pattern ချခြင်းလည်းပါဝင်ပါတယ်။ အဝတ်အထည်တစ်ခု လှလှပပနဲ့ ပုံထွက်လာဖို့အတွက် အလိုအပ်ဆုံးအချက်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ရဲ့ ကျွမ်းကျင်မှုကိုလည်း Pattern ချခြင်းပရိယာယ်က ဖော်ပြနေပါသေးတယ်။
3. စက်ချုပ်စွမ်းရည်။
နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ အခြေခံဖြစ်တဲ့စက်ချုပ်စွမ်းရည်ပါ။ အပေါ်ကအရည်အချင်းတွေတော့ ပြည့်စုံနေပါပြီ။ ဒါပေမဲ့ သင်က စက်ချုပ်တဲ့နေရာမှာ အတော်ဆုံးဖြစ်မနေသေးဘူးဆိုရင်တော့ သင်က ဖက်ရှင်ဒီဇိုင်နာကောင်းတစ်ယောက်မဖြစ်နိုင်သေးပါဘူး။ ဒါကြောင့် အခြေခံဖြစ်တဲ့ စက်ချုပ်ပညာမှာလည်း သင်ကျွမ်းကျင်ဖို့လိုအပ်ပါတယ်။
သင်က ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်လိုပါသလား။ ဒါဆို အောက်ပါ Link တွေကနေ သင်လိုအပ်တဲ့ အတတ်ပညာတွေကို သင်ပေးနိုင်တဲ့ ဆရာတွေကို အခမဲ့ သင့်စိတ်ကြိုက်ရှာဖွေလိုက်ပါ။
Fashion Design- https://www.sayar.com.mm/subjects/all-teachers/subject-251.html
Pattern Draft - https://www.sayar.com.mm/subjects/all-teachers/subject-364.html
Sewing Training - https://www.sayar.com.mm/subjects/all-teachers/subject-363.html
Fashion Designer တစ္ေယာက္ျဖစ္ဖို႔
Fashion Designer ဆိုတာ အဝတ္အထည္၊ ပိတ္စအလွအပေတြကို ေခတ္နဲ႔အညီလွပဆန္းသစ္ေအာင္ တီထြင္ဖန္တီးသူေတြျဖစ္ၾကပါတယ္။ အေျခခံအားျဖင့္ဆိုရင္ ဒီဇိုင္နာတစ္ေယာက္ဟာ သူတို႔လိုခ်င္တဲ့ ဖက္ရွင္ပုံကို ပုံၾကမ္းဆြဲၿပီးပုံေဖာ္ၾကရပါတယ္။ ဒီေနာက္မွာေတာ့ ဘယ္လိုအေနအထားကို ပုံေဖာ္မလဲ၊ အေရာင္ေတြကို ဘယ္လိုေရာစပ္မလဲ၊ ဘယ္ပိတ္စကို အသုံးျပဳမလဲ ဆိုတဲ့အခ်က္ေတြကို ထည့္သြင္းစဥ္းစားၾကရပါေတာ့တယ္။
ဖက္ရွင္ဒီဇိုင္နာ ဆိုတဲ့အလုပ္က အတတ္ပညာနဲ႔ အႏုပညာကို ေပါင္းစပ္ဖန္တီးရတဲ့အလုပ္တစ္ခုပါ။ ဒါေၾကာင့္ သင့္ရဲ႕ အႏုပညာေတြကို ျပသခ်င္တယ္ဆိုရင္ သင့္ရဲ႕ အတတ္ပညာေတြကို အရင္ျဖည့္ထားဖို႔လိုအပ္ပါတယ္။
အဆိုပါအတတ္ပညာေတြကေတာ့
1. ဒီဇိုင္းဆြဲျခင္း။
ဒီဇိုင္းဆြဲတဲ့ေနရာမွာလည္း သာမန္ လက္နဲ႔ဒီဇိုင္းဆြဲတာရွိသလို Digital sketching ေတြလည္းရွိပါတယ္။ အကယ္၍ သင္က ပိုက်ယ္ျပန႔္တဲ့ ဖက္ရွင္လမ္းကိုေလွ်ာက္လွမ္းလိုသူဆိုရင္ Digital Sketching ကိုပါ ေလ့လာထားဖို႔လိုအပ္ပါတယ္။
2. Pattern ခ်ျခင္း။
ဖက္ရွင္ဒီဇိုင္နာတစ္ေယာက္တတ္ေျမာက္ထားရမယ့္ ပညာမွာ Pattern ခ်ျခင္းလည္းပါဝင္ပါတယ္။ အဝတ္အထည္တစ္ခု လွလွပပနဲ႔ ပုံထြက္လာဖို႔အတြက္ အလိုအပ္ဆုံးအခ်က္တစ္ခုျဖစ္ပါတယ္။ ဒါ့အျပင္ ဖက္ရွင္ဒီဇိုင္နာတစ္ေယာက္ရဲ႕ ကြၽမ္းက်င္မႈကိုလည္း Pattern ခ်ျခင္းပရိယာယ္က ေဖာ္ျပေနပါေသးတယ္။
3. စက္ခ်ဳပ္စြမ္းရည္။
ေနာက္ဆုံးနဲ႔ အေရးႀကီးဆုံးအခ်က္ကေတာ့ အေျခခံျဖစ္တဲ့စက္ခ်ဳပ္စြမ္းရည္ပါ။ အေပၚကအရည္အခ်င္းေတြေတာ့ ျပည့္စုံေနပါၿပီ။ ဒါေပမဲ့ သင္က စက္ခ်ဳပ္တဲ့ေနရာမွာ အေတာ္ဆုံးျဖစ္မေနေသးဘူးဆိုရင္ေတာ့ သင္က ဖက္ရွင္ဒီဇိုင္နာေကာင္းတစ္ေယာက္မျဖစ္ႏိုင္ေသးပါဘူး။ ဒါေၾကာင့္ အေျခခံျဖစ္တဲ့ စက္ခ်ဳပ္ပညာမွာလည္း သင္ကြၽမ္းက်င္ဖို႔လိုအပ္ပါတယ္။
သင္က ဖက္ရွင္ဒီဇိုင္နာတစ္ေယာက္ျဖစ္လိုပါသလား။ ဒါဆို ေအာက္ပါ Link ေတြကေန သင္လိုအပ္တဲ့ အတတ္ပညာေတြကို သင္ေပးႏိုင္တဲ့ ဆရာေတြကို အခမဲ့ သင့္စိတ္ႀကိဳက္ရွာေဖြလိုက္ပါ။
Fashion Design- https://www.sayar.com.mm/subjects/all-teachers/subject-251.html
Pattern Draft - https://www.sayar.com.mm/subjects/all-teachers/subject-364.html
Sewing Training - https://www.sayar.com.mm/subjects/all-teachers/subject-363.html