စာဖတ်ကြပါစို့
အီရန်
အီရန်နိူင်ငံမှာ ၁၆ နှစ်အောက်ကလေးတစ်ယောက် ခိုးမှုပဲဖြစ်ဖြစ်၊ လုယက်မှုပဲဖြစ်ဖြစ် တစ်စုံတစ်ခု အမှားကျူးလွန်မိတဲ့အခါ ပြစ်မှုဟာ အရမ်းမကြီးကျယ်ဘူးဆိုရင် ပြစ်ဒဏ်ပေးလေ့ရှိတာကတော့... *** စာဖတ်ဒဏ် *** ပါပဲ။
အစိုးရကပေးတဲ့ စာအုပ်တွေကို ပြီးအောင် ဖတ်ပြီး မိမိရဲ့အတွေးအမြင်တွေ ထင်မြင်ယူဆချက် တွေကို တစ်ဖန်ပြန်လည် တင်ပြရသတဲ့။
ရိုးမေနီးယား
တကယ်လို့သင်ဟာ ရိုးမေနီးယားနိုင်ငံကို သွားလည်တဲ့သူဆိုရင် စာကြည့်တိုက် သို့မဟုတ် စာအုပ်ဆိုင်ထဲ ရောက်သွားသလားလို့ ထင်မှတ်မှားပြီး စကားကျယ်ကျယ်မပြောရဲ ဖြစ်နေပါလိမ့်မယ်။ . . . လူတိုင်း အာရုံစိုက်ပြီး စာဖတ်နေကြလို့ပါ။
ပြီးတော့ .. ဘက်စ်ကားစီးရင်း စာအုပ်ဖတ်နေရင် 'ကားခ အခမဲ့ပါ'တဲ့။
ဂျူး
ဂျူးလူမျိုး တစ်ယောက်ဟာ တစ်နှစ်ကို ပျမ်းမျှ စာအုပ်၆၄ အုပ် ဖတ်ကြပါတယ်။ သူတောင်းစားက အစ စာအုပ် လက်နဲ့မကွာတဲ့ လူမျိုးစုတွေပါ။
ဂျာမနီ
ဂျာမနီလူမျိုး ၅၀ % ဟာ ပုံမှန် စာအုပ် ဝယ်ဖတ်ကြပြီး ၃၀%က နေ့တိုင်း စာဖတ်သူတွေပါ။ မိသားစု တစ်စုတိုင်းမှာ ပျမ်းမျှ စာအုပ် အုပ်ရေ ၃၀၀ ခန့် စုဆောင်း ထားတတ်ကြပါသတဲ့။
ဂျပန်
သူတို့ကေတာ့ ကားစောင့်နေရင်းပဲ ဖြစ်ဖြစ်၊ ဘက်စ်ကားစီးရင်းပဲ ဖြစ်ဖြစ် ကလေးသူငယ်တွေက အစ စာဖတ်ရင်းအချိန်ကုန်ခံလေ့ ရှိကြပါတယ်။ ကမ္ဘာ့ စာအုပ် ရောင်းအားအကောင်းဆုံးနဲ့ စာဖတ်အား အကောင်းဆုံးနိုင်ငံဆိုလည်း မမှားပါဘူး။ စက်မှုသိပ္ပံတွေထွန်းကားတဲ့နိုင်ငံမှာ ကမ္ဘာ့စာဖတ်အား အကောင်းဆုံးဆိုတဲ့ ဂုဏ်ဟာ လူတိုင်းကိုမှင်သက်စေပါတယ်။
နောက်ပြီး စာအုပ်ဈေးနှုန်းတွေကလည်းအရမ်းမြင့်တတ်ကြပေမယ့် စာအုပ်ဆိုင်တွေမှာ အမြဲလိုလိုလူပြည့်နေတတ်ပြီး စာအုပ်ဝယ်ဖို့ တန်းစီ ရပ်စောင့်နေရတဲ့ လူမျိုးစုတွေပါ။
ကျွန်တော်တို့ မြန်မာလူမျိုးတွေ စာဖတ်အား အရမ်းနည်းနေကြပြီ။ * စာဖတ်ခြင်းဟာ အလွယ်ကူဆုံးခရီးသွားခြင်းပဲ။ * စာဖတ်ခြင်းဟာ .. အမြန်ဆုံး အတွေးအခေါ် ရင့်ကျက် စေခြင်းပဲ။
ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေ အားလုံး စာဖတ်ကြပါစို့ တိုက်တွန်းပါရစေ။
Credit - စာပေနှင့်ဘဝ
စာဖတ်ကြပါစို့
အီရန်
ရိုးမေနီးယား
ဂျူး
ဂျာမနီ
ဂျပန်
Credit - စာပေနှင့်ဘဝ