×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 02 November 2021

What is teamwork?

What is teamwork?

ငယ်ငယ်ကရပ်ကွက်ထဲမှာ ကန်တဲ့ဘောလုံးပွဲလေးတစ်ပွဲကြည့်ဖြစ်တယ်။ "ငါတို့အားလုံး teamwork ရှိရင် ဘယ်အသင်း နဲ့ပဲတွေ့တွေ့နိုင်တယ်။ အရေးကြီးတာ teamwork ရှိဖို့ပဲ" သူရဲ့လူတွေကိုအော်ဟစ်ပြောကြားနေတဲ့ လူတစ်ယောက်ရဲ့စကားကိုသွားပြီးမှတ်မိနေတယ်။

 

အဲတုန်းကတော့ ကလေးဘဝဆိုတော့ လူကြီးပြောတဲ့ teamwork ကအနိုင် ရဖို့အဓိကလို့ အလွယ်မှတ်ထားလိုက်တယ်။ ဒါနဲ့ကိုယ်လည်းကျောင်းမှာ ဆရာလုပ်ချင်တော့ ဘာပဲကစားကစား၊ ဘာပဲလုပ်လုပ် teamwork, teamwork နဲ့ ပါးစပ်ကမချတော့ဘူး ။

 

တက္ကသိုလ်ကျောင်းသားဘဝရောက်လို့ သူငယ်ချင်းနဲ့ ဂိမ်းကစားတော့လည်း teamwork ကောင်းရင်နိုင်တယ်။ ထပ်ကြားရပြန်ရော။ ဒီလိုနဲ့အရွယ်ရောက်လာတော့ လုပ်ငန်းခွင်ဝင် ဘဝကြီးကိုဖြတ်သန်းလာရတယ်။ ငယ်ငယ်ကတည်းက နားဆွဲလာတဲ့ teamwork ကိုမရိုးအောင်ထပ်ကြားရပြန်တယ်။

 

(Teamwork နဲ့လုပ်၊Teamwork နဲ့လုပ်)အထက်လူကြီးတစ်ယောက်ဆီက ဒီစကားကို ကြားရပြန်တယ်။ လုပ်ငန်းခွင် teamwork က ငယ်ငယ်က ကြားဖူးတဲ့ teamwork ထက်ပိုပြီး အဓိပ္ပါယ်ရှိလာသလို၊ ပိုပြီးလေးနက် လာတယ်။

 

လုပ်ငန်းကြီးအောင်မြင်ဖို့အတွက်ပူးပေါင်းဆောင်ရွက်တာ၊ အားလုံးတက်ညီလက်ညီ အတူတကွပူးပေါင်းဆောင်ရွက်တာ ၊ဟန်ချက်ညီညီ တိုင်ပင်ညှိနှိုင်း လုပ်ကိုင်တာ စသည်ဖြင့် teamwork ကြီးကပိုပို အရေးပါလာတယ်။

 

ငယ်ငယ်ကကိုယ်သိတဲ့ teamwork ကအနိုင်ရဖို့ပဲမဟုတ်ဘူး ဆိုတာ လုပ်ငန်းခွင် အတွေ့အကြုံ ကနေသင်ယူရင်း တဖြေးဖြေးနားလည် သဘောပေါက် လာတယ်။

 

ဒါပေမယ့် လုပ်ငန်းခွင်အများစုမှာလိုက်နာကျင့်သုံးတဲ့ teamwork ကကျွန်တော်တို့တွေသိထားခဲ့တဲ့ (ပူးပေါင်းဆောင်ရွက်မှု၊တက်ညီလက်ညီ အတူတကွဆောင်ရွက်မူထက်)၊ငယ်ငယ်က ကြားဖူးတဲ့ teamwork တွေကို သာဦးတည်နေကြတယ်။

 

စည်းလုံးပူးပေါင်းဖို့ထက်၊ သူထက်ငါတော်တယ်၊ ငါသာတယ် အုပ်စုဖွဲ့ပြီး နေရာတစ်နေရာအတွက် အပိုင်သိမ်းအနိုင်ယူချင်တဲ့ teamwork တွေသာ ပိုဆန်လာတယ်။ ကိုယ်ကောင်းရင်ပြီးရော ။ တိုင်ပင်ဖေးမှု မှုမရှိ ရေရှည် မကြည့်ပဲ ရေတိုကောင်းစားဖို့ကိုသာ ဦးစားပေးလာကြတယ် ။

 

ဒီလိုနဲ့ လုပ်ငန်းခွင် အတွင်း ၊ အချင်းချင်းအဆင်မပြေမှု ၊ ပူးပေါင်းဆောင်ရွက်မှုတွေပျက်ပြားလာပြီး ဖေးမကူညီချင်တဲ့ teamwork စိတ်ဓာတ်တွေ နည်းပါးလာတာကို မြင်တွေ့လာရတယ် ။

 

လုပ်ငန်းရှေ့ဆက်ဖို့ကိုမစဉ်းစားပဲ တစ်ယောက်နဲ့တစ်ယောက်အနိုင်ယူတဲ့ teamwork၊ လုပ်ငန်ခွင်အတွင်း အနိုင်ယူချင်တဲ့ teamwork ဆန်ဆန်တွေသာ ကြီးစိုးများပြားလာတယ်။ စစ်မှန်တဲ့ teamwork ကြီးပျောက်ဆုံးလာတယ်။

 

တစ်ယောက်နဲ့တစ်ယောက် အနိုင်ယူချင်တဲ့ teamwork အကျိုးဆက်က လုပ်ငန်းခွင်စဝင်မယ့် တက်သစ်စလူငယ်တွေအတွက် မှားယွင်းတဲ့ အတုယူမှု တွေအပြင် ရှေ့ဆက်လျှောက်လှမ်းရမယ့် လုပ်ငန်းတွေအတွက် ထိခိုက်နစ်နာ မှုတွေကို အနည်းနဲ့အများသက်ရောက်မှုရှိလာနိုင်ပါတယ် ။

 

ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့နေရာလုအနိုင်ယူခြင်း teamwork ဆိုတဲ့ဝေါဟာရကနေ၊ လုပ်ငန်းတစ်ခုလုံးတိုးတက်စေမယ့် စစ်မှန်စည်းလုံးတဲ့ teamwork ကိုအတူတကွ ပူးတွဲလုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့လို တက်သစ်စလူငယ်တွေအတွက် စည်းလုံးခြင်းသည်အင်းအားတစ်ရပ်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ။

 

Credit : ခွန်နေ - Khun Nay - Khun Nay Tun Media

 

 

What is teamwork?

ငယ္ငယ္ကရပ္ကြက္ထဲမွာ ကန္တဲ့ေဘာလုံးပြဲေလးတစ္ပြဲၾကည့္ျဖစ္တယ္။ "ငါတို႔အားလုံး teamwork ရွိရင္ ဘယ္အသင္း နဲ႔ပဲေတြ႕ေတြ႕ႏိုင္တယ္။ အေရးႀကီးတာ teamwork ရွိဖို႔ပဲ" သူရဲ႕လူေတြကိုေအာ္ဟစ္ေျပာၾကားေနတဲ့ လူတစ္ေယာက္ရဲ႕စကားကိုသြားၿပီးမွတ္မိေနတယ္။

 

အဲတုန္းကေတာ့ ကေလးဘဝဆိုေတာ့ လူႀကီးေျပာတဲ့ teamwork ကအႏိုင္ ရဖို႔အဓိကလို႔ အလြယ္မွတ္ထားလိုက္တယ္။ ဒါနဲ႔ကိုယ္လည္းေက်ာင္းမွာ ဆရာလုပ္ခ်င္ေတာ့ ဘာပဲကစားကစား၊ ဘာပဲလုပ္လုပ္ teamwork, teamwork နဲ႔ ပါးစပ္ကမခ်ေတာ့ဘူး ။

 

တကၠသိုလ္ေက်ာင္းသားဘဝေရာက္လို႔ သူငယ္ခ်င္းနဲ႔ ဂိမ္းကစားေတာ့လည္း teamwork ေကာင္းရင္ႏိုင္တယ္။ ထပ္ၾကားရျပန္ေရာ။ ဒီလိုနဲ႔အ႐ြယ္ေရာက္လာေတာ့ လုပ္ငန္းခြင္ဝင္ ဘဝႀကီးကိုျဖတ္သန္းလာရတယ္။ ငယ္ငယ္ကတည္းက နားဆြဲလာတဲ့ teamwork ကိုမ႐ိုးေအာင္ထပ္ၾကားရျပန္တယ္။

 

(Teamwork နဲ႔လုပ္၊Teamwork နဲ႔လုပ္)အထက္လူႀကီးတစ္ေယာက္ဆီက ဒီစကားကို ၾကားရျပန္တယ္။ လုပ္ငန္းခြင္ teamwork က ငယ္ငယ္က ၾကားဖူးတဲ့ teamwork ထက္ပိုၿပီး အဓိပၸါယ္ရွိလာသလို၊ ပိုၿပီးေလးနက္ လာတယ္။

 

လုပ္ငန္းႀကီးေအာင္ျမင္ဖို႔အတြက္ပူးေပါင္းေဆာင္႐ြက္တာ၊ အားလုံးတက္ညီလက္ညီ အတူတကြပူးေပါင္းေဆာင္႐ြက္တာ ၊ဟန္ခ်က္ညီညီ တိုင္ပင္ညႇိႏႈိင္း လုပ္ကိုင္တာ စသည္ျဖင့္ teamwork ႀကီးကပိုပို အေရးပါလာတယ္။

 

ငယ္ငယ္ကကိုယ္သိတဲ့ teamwork ကအႏိုင္ရဖို႔ပဲမဟုတ္ဘူး ဆိုတာ လုပ္ငန္းခြင္ အေတြ႕အႀကဳံ ကေနသင္ယူရင္း တေျဖးေျဖးနားလည္ သေဘာေပါက္ လာတယ္။

 

ဒါေပမယ့္ လုပ္ငန္းခြင္အမ်ားစုမွာလိုက္နာက်င့္သုံးတဲ့ teamwork ကကြၽန္ေတာ္တို႔ေတြသိထားခဲ့တဲ့ (ပူးေပါင္းေဆာင္႐ြက္မႈ၊တက္ညီလက္ညီ အတူတကြေဆာင္႐ြက္မူထက္)၊ငယ္ငယ္က ၾကားဖူးတဲ့ teamwork ေတြကို သာဦးတည္ေနၾကတယ္။

 

စည္းလုံးပူးေပါင္းဖို႔ထက္၊ သူထက္ငါေတာ္တယ္၊ ငါသာတယ္ အုပ္စုဖြဲ႕ၿပီး ေနရာတစ္ေနရာအတြက္ အပိုင္သိမ္းအႏိုင္ယူခ်င္တဲ့ teamwork ေတြသာ ပိုဆန္လာတယ္။ ကိုယ္ေကာင္းရင္ၿပီးေရာ ။ တိုင္ပင္ေဖးမႈ မႈမရွိ ေရရွည္ မၾကည့္ပဲ ေရတိုေကာင္းစားဖို႔ကိုသာ ဦးစားေပးလာၾကတယ္ ။

 

ဒီလိုနဲ႔ လုပ္ငန္းခြင္ အတြင္း ၊ အခ်င္းခ်င္းအဆင္မေျပမႈ ၊ ပူးေပါင္းေဆာင္႐ြက္မႈေတြပ်က္ျပားလာၿပီး ေဖးမကူညီခ်င္တဲ့ teamwork စိတ္ဓာတ္ေတြ နည္းပါးလာတာကို ျမင္ေတြ႕လာရတယ္ ။

 

လုပ္ငန္းေရွ႕ဆက္ဖို႔ကိုမစဥ္းစားပဲ တစ္ေယာက္နဲ႔တစ္ေယာက္အႏိုင္ယူတဲ့ teamwork၊ လုပ္ငန္ခြင္အတြင္း အႏိုင္ယူခ်င္တဲ့ teamwork ဆန္ဆန္ေတြသာ ႀကီးစိုးမ်ားျပားလာတယ္။ စစ္မွန္တဲ့ teamwork ႀကီးေပ်ာက္ဆုံးလာတယ္။

 

တစ္ေယာက္နဲ႔တစ္ေယာက္ အႏိုင္ယူခ်င္တဲ့ teamwork အက်ိဳးဆက္က လုပ္ငန္းခြင္စဝင္မယ့္ တက္သစ္စလူငယ္ေတြအတြက္ မွားယြင္းတဲ့ အတုယူမႈ ေတြအျပင္ ေရွ႕ဆက္ေလွ်ာက္လွမ္းရမယ့္ လုပ္ငန္းေတြအတြက္ ထိခိုက္နစ္နာ မႈေတြကို အနည္းနဲ႔အမ်ားသက္ေရာက္မႈရွိလာႏိုင္ပါတယ္ ။

 

ဒါေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္၊ တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ေနရာလုအႏိုင္ယူျခင္း teamwork ဆိုတဲ့ေဝါဟာရကေန၊ လုပ္ငန္းတစ္ခုလုံးတိုးတက္ေစမယ့္ စစ္မွန္စည္းလုံးတဲ့ teamwork ကိုအတူတကြ ပူးတြဲလုပ္ေဆာင္မယ္ဆိုရင္ ကြၽန္ေတာ္တို႔လို တက္သစ္စလူငယ္ေတြအတြက္ စည္းလုံးျခင္းသည္အင္းအားတစ္ရပ္ျဖစ္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္ ။

 

Credit : ခြန္ေန - Khun Nay - Khun Nay Tun Media

 

Read times
Rate this articles
(0 votes)