×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 25 August 2022

သတင်းဆိုးတွေ ပြောတတ်စေဖို့

သတင်းဆိုးတွေ ပြောတတ်စေဖို့
.
လူ့ရယ်လို့ဖြစ်လာရင် ကြုံဆုံရတဲ့အချိန်ကာလတွေမှာ သတင်းကောင်း၊ သတင်းဆိုး ဆိုတာတွေက ဒွန်တွဲပြီး ရှိနေတတ်ကြပါတယ်။ ဒါပေမယ့်လည်း လူ့သဘာဝအရ ကောင်းတဲ့သတင်းကိုပြောချင်၊ ကြားချင်ပေမယ့် သတင်းဆိုးဆိုရင် မပြောချင်၊ မကြားချင်ကြတာ ဓမ္မတာပါပဲ။
.
သတင်းဆိုးနဲ့ပတ်သက်ပြီး ပြောစရာရှိလာတဲ့အခါ၊ ရှောင်လွှဲလို့မရတော့တဲ့အခါတွေမှာ လိမ္မာပါးနပ်စွာနဲ့ ကျွမ်းကျင်စွာပြောတတ်ဖို့၊ တစ်ဘက်သောနားထောင်သူ လက်ခံနိုင်စေဖို့အတွက် စကားပြောအတတ်ပညာ ကျွမ်းကျင်ဖို့ရာ လိုအပ်ပါတယ်။

.
ဒီလိုအကြောင်းအရာနဲ့ပတ်သက်ပြီး ဖတ်မှတ်လေ့လာဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဝေမျှလိုပါတယ်။

 

BI1


.
ဟိုးရှည်ရှည်တုန်းက ဘုရင်ကြီးတစ်ပါးက ထိတ်လန့်စရာအိပ်မက်တစ်ခုကိုမက်ပြီး အိပ်ယာက လန့်နိုးလာခဲ့တယ်။ အိပ်ရေးမဝတဲ့အပြင် ထိတ်လန့်စရာအိပ်မက်ကို စိတ်ထဲစွဲနေတာကြောင့် ဘုရင်ကြီးက ရွှေစိတ်တော် မရွှင်မလန်းနဲ့ ညီလာခံကို တက်ရောက်လာခဲ့တယ်။

ညီလာခံရောက်တော့ သူ့ရဲ့ ပုရောဟိတ်တွေကို သူ မြင်မက်ခဲ့တဲ့အိပ်မက်အကြောင်း ပြောပြပြီး အတိတ်နိမိတ် ဟောပေးဖို့ တောင်းဆိုခဲ့တယ်။

ပညာရှိ ပုရောဟိတ်တစ်ပါးက ဘုရင်ကြီးမြင်မက်တဲ့ အိပ်မက်ကို "အရှင်ဘုရား၊ အရှင်ဘုရားမြင်မက်တဲ့အိပ်မက်ရဲ့ အဓိပ္ပာယ်ကတော့ အရှင်မင်းကြီးရဲ့ ဆွေတော်မျိုးတော်တွေက အရင်ကံတော်ကုန်ပါလိမ့်မယ်။ အဲ့ဒီ့နောက်မှာမှ အရှင်မင်းကြီး ကံတော်ကုန်ရပါလိမ့်မယ်" လို့ လျှောက်တင်သတဲ့။

ဘုရင်ကြီးက စိတ်ဆိုးပြီး ပညာရှိပုရောဟိတ်ကြီးကို "ကြိမ်ဒဏ်တစ်ရာ အပြစ်ပေးစေ"ဆိုပြီး အပြစ်ပေးလိုက်သတဲ့။

နောက်ထပ် ပုရောဟိတ်ကြီးကတော့ "အရှင်မင်းကြီးဘုရား၊ အရှင်မင်းကြီးမြင်မက်တဲ့ အိပ်မက်ကို အဓိပ္ပာယ်ကောက်ရမယ်ဆိုရင်တော့ အရှင်မင်းကြီးက ဆွေတော်၊ မျိုးတော်တွေအကုန်ထဲမှာ သက်တော်အရှည်ဆုံးဖြစ်မယ်ဆိုတဲ့ အဓိပ္ပာယ်ပါဘုရား" . . . ဆိုပြီး လျှောက်တင်သတဲ့။

ဘုရားမင်းကြီးလည်း စိတ်ကျေနပ်မှုအပြည့်အဝနဲ့ စိတ်နှလုံးရွှင်လန်းပြီး အဲ့ဒီ့ ပညာရှိ ပုရောဟိတ်ကြီးကို စိန်၊ ရွှေ၊ ငွေတွေ ဆုချသတဲ့။
.
ဒီပုံပြင်လေးကိုကြည့်မယ်ဆိုရင် ဆိုလိုရင်းအဓိပ္ပာယ်အတူတူပေမယ့် လျှောက်တင်တဲ့ပုံစံမတူတာကြောင့် အပြစ်ပေးခံရတဲ့သူ၊ ဆုချီးမြှင့်ခံရသူဆိုပြီး ကွာခြားသွားတာကို တွေ့မြင်ရမှာပါ။
.
နှုတ်ချိုလျှိုတစ်ပါးဆိုတဲ့စကားအတိုင်း စကားကို နားဝင်ချိုအောင်ပြောဖို့နဲ့၊ အကယ်၍များ ပြောစရာသတင်းဆိုးတွေကြုံလာခဲ့ရင်လည်း ဘယ်လိုနားဝင်အောင်ပြောမလဲဆိုတဲ့ အတတ်ပညာကို လေ့လာကြဖို့ လိုပါတယ်။ အမှန်တရားကို နားဝင်ချိုအောင်ပြောလို့ရသလို၊ နားဝင်ဆိုးအောင်လည်း ပြောလို့ရပါတယ်။ မိမိရဲ့ပြောပုံပေါ်မှာပဲ မူတည်နေမှာပါ။
.
စကားပြောအတတ်ပညာကို ကျွမ်းကျင်တတ်မြောက်ခြင်းဟာ ဘဝအောင်မြင်မှုနဲ့ ဆက်စပ်နေတယ်ဆိုတာကို မောင်ငယ်၊ ညီမငယ်တို့ သတိပြုစေလိုပါတယ်။

Read times
Rate this articles
(0 votes)