×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Wednesday, 16 June 2021

အားနာတယ်တဲ့လား.....

အားနာတယ်တဲ့လား.....

 

"အားမနာပါနဲ့"
"Please don't feel backwards."

အဲလိုဝါကျ အင်္ဂလိပ်စကားပြောမှာ မရှိပါဘူး။ အင်္ဂလိပ်စာ group တွေမှာ ဝါသနာရှင် ဆရာလေးတွေတချို့က share နေတာ ခဏခဏတွေ့နေရလို့။ comment တွေမှာလည်း ကျေးဇူးတင်ကြောင်းတွေ ရေးထားကြတော့ အမှားကို အမှန်ထင်ကုန်ကြမှာ စိုးရိမ်လို့ပါ။

 


ကိုယ့်အသက်အရွယ် အတွေ့အကြုံနဲ့ အသေးအဖွဲလေးတွေ လိုက်မပြောသင့်တာ သိပါတယ်။ ဒါပေမဲ့ Please don't feel backwards. လိုဝါကျ အလွတ်ကျက်ထားပြီး နိုင်ငံခြားသားနဲ့ပြောမိရင် တဖက်လူ နားလည်မှာမဟုတ်ဘူးဗျ။ သူက .. fall backward လို့ပြောတာလို့ထင်ပြီး အော်...မပူပါနဲ့ ငါကောင်းကောင်းရပ်နိုင်ပါတယ်...လို့များပြန်ပြောခဲ့ရင်....-:)

 

အားနာတယ်...ကို အင်္ဂလိပ်လို တိုက်ရိုက် ဘာသာပြန်လို့မရဘူး လို့ထင်ပါတယ်။ အားနာတယ် ဆိုတာ...ကိုယ်ဒါကို လုပ်လိုက်ရင် တဖက်သား စိတ်ဆိုးမလား...စိတ်အနှောင့်အယှက်ဖြစ်သွား မလားလို့ စိုးရိမ်ပူပန်မိတာ...ဆိုတော့

အားနာတယ်..ကို အင်္ဂလိပ်လို ဘယ်လိုပြောကြမလဲ....

 

Would you mind if I use your phone?
မင်းရဲ့ ဖုန်းကို ငါသုံးလို့ရမလား။
(ငါ သုံးရင် မင်း စိတ်အနှောင့်အယှက်ဖြစ်မလား။ အားနာတဲ့ ပုံစံ နဲ့မေးတာ)


ကိုယ်က Would you mind if....နဲ့စပြီး ပြောလိုက်ရင် အားနာပါးနာနဲ့ တောင်းဆိုတယ်ဆိုတာ သူတို့ စကားပြောတဲ့ culture မှာ နားလည်ပြီးသားပါ။

နောက်ပြီး...
I feel bad that....
I feel bad to...
I am/was afraid that....
I hesitate to....
I am/feel hesitant to...
I am/feel/was/felt reluctant to...
ဒါတွေအားလုံးကို "အားနာတယ်" လို့ပြောချင်ရင်သုံးပါ။


ဥပမာလေးတွေကြည့်ပါ။
I feel bad that I won't be able to come to your birthday party.
မင်းမွေးနေ့ ငါမလာနိုင်လို့ အားနာလိုက်တာ။

 

I feel bad to say 'no' to your offer.
မင်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းရတာ အားနာပါတယ်။

 

I am afraid that I won't be able to lend you the money.
မင်းကို ပိုက်ဆံမချေးနိုင်တာ အားနာလိုက်တာ။

 

Sometimes I am hesitant to ask for your help.
တခါတလေ မင်းရဲ့ အကူအညီတောင်းရမှာ အားနာတယ်။

 

I was reluctant to ask the teacher for extra help, knowing how busy he was.
သူအရမ်း အလုပ်များတယ်ဆိုတာကို သိလို့ ဆရာ့ကို အကူအညီတောင်းရမှာ အားနာနေခဲ့တာ။

 

ကိုယ်က သူများကို ..အားမနာပါနဲ့။ လုပ်ပါ...လို့ပြောချင်ရင် ..အသုံးအများဆုံးဖြစ်တဲ့ Please feel free. ကိုသုံးပါ။

Please feel free to....
Please don't hesitate to
Please don't hesitate to...if you...
Please feel free to use my phone.
ဖုန်းသုံးလို့ရတယ်။ အားမနာနဲ့။

 

Please don't hesitate to ask me for help.
အကူအညီလိုရင်တောင်းပါ။ အားမနာနဲ့။

 

Please don't hesitate to let me know if you need help.
အကူအညီလိုတာနဲ့ ပြောပါ။ အားမနာနဲ့။

 

*** Please don't feel backwards. လို့ ပြောလို့မရပါဘူး။

 

By Dr.Soe Than

 

 

အားနာတယ္တဲ့လား.....

"အားမနာပါနဲ႔"
"Please don't feel backwards."

အဲလိုဝါက် အဂၤလိပ္စကားေျပာမွာ မရွိပါဘူး။ အဂၤလိပ္စာ group ေတြမွာ ဝါသနာရွင္ ဆရာေလးေတြတခ်ိဳ႕က share ေနတာ ခဏခဏေတြ႕ေနရလို႔။ comment ေတြမွာလည္း ေက်းဇူးတင္ေၾကာင္းေတြ ေရးထားၾကေတာ့ အမွားကို အမွန္ထင္ကုန္ၾကမွာ စိုးရိမ္လို႔ပါ။

 


ကိုယ့္အသက္အ႐ြယ္ အေတြ႕အႀကဳံနဲ႔ အေသးအဖြဲေလးေတြ လိုက္မေျပာသင့္တာ သိပါတယ္။ ဒါေပမဲ့ Please don't feel backwards. လိုဝါက် အလြတ္က်က္ထားၿပီး ႏိုင္ငံျခားသားနဲ႔ေျပာမိရင္ တဖက္လူ နားလည္မွာမဟုတ္ဘူးဗ်။ သူက .. fall backward လို႔ေျပာတာလို႔ထင္ၿပီး ေအာ္...မပူပါနဲ႔ ငါေကာင္းေကာင္းရပ္ႏိုင္ပါတယ္...လို႔မ်ားျပန္ေျပာခဲ့ရင္....-:)

 

အားနာတယ္...ကို အဂၤလိပ္လို တိုက္႐ိုက္ ဘာသာျပန္လို႔မရဘူး လို႔ထင္ပါတယ္။ အားနာတယ္ ဆိုတာ...ကိုယ္ဒါကို လုပ္လိုက္ရင္ တဖက္သား စိတ္ဆိုးမလား...စိတ္အေႏွာင့္အယွက္ျဖစ္သြား မလားလို႔ စိုးရိမ္ပူပန္မိတာ...ဆိုေတာ့

အားနာတယ္..ကို အဂၤလိပ္လို ဘယ္လိုေျပာၾကမလဲ....

 

Would you mind if I use your phone?

မင္းရဲ႕ ဖုန္းကို ငါသုံးလို႔ရမလား။
(ငါ သုံးရင္ မင္း စိတ္အေႏွာင့္အယွက္ျဖစ္မလား။ အားနာတဲ့ ပုံစံ နဲ႔ေမးတာ)

 


ကိုယ္က Would you mind if....နဲ႔စၿပီး ေျပာလိုက္ရင္ အားနာပါးနာနဲ႔ ေတာင္းဆိုတယ္ဆိုတာ သူတို႔ စကားေျပာတဲ့ culture မွာ နားလည္ၿပီးသားပါ။

 

ေနာက္ၿပီး...
I feel bad that....
I feel bad to...
I am/was afraid that....
I hesitate to....
I am/feel hesitant to...
I am/feel/was/felt reluctant to...
ဒါေတြအားလုံးကို "အားနာတယ္" လို႔ေျပာခ်င္ရင္သုံးပါ။


ဥပမာေလးေတြၾကည့္ပါ။
I feel bad that I won't be able to come to your birthday party.
မင္းေမြးေန႔ ငါမလာႏိုင္လို႔ အားနာလိုက္တာ။

 

I feel bad to say 'no' to your offer.
မင္းရဲ႕ ကမ္းလွမ္းခ်က္ကို ျငင္းရတာ အားနာပါတယ္။

 

I am afraid that I won't be able to lend you the money.
မင္းကို ပိုက္ဆံမေခ်းႏိုင္တာ အားနာလိုက္တာ။

 

Sometimes I am hesitant to ask for your help.
တခါတေလ မင္းရဲ႕ အကူအညီေတာင္းရမွာ အားနာတယ္။

 

I was reluctant to ask the teacher for extra help, knowing how busy he was.
သူအရမ္း အလုပ္မ်ားတယ္ဆိုတာကို သိလို႔ ဆရာ့ကို အကူအညီေတာင္းရမွာ အားနာေနခဲ့တာ။

 

ကိုယ္က သူမ်ားကို ..အားမနာပါနဲ႔။ လုပ္ပါ...လို႔ေျပာခ်င္ရင္ ..အသုံးအမ်ားဆုံးျဖစ္တဲ့ Please feel free. ကိုသုံးပါ။

Please feel free to....
Please don't hesitate to
Please don't hesitate to...if you...
Please feel free to use my phone.
ဖုန္းသုံးလို႔ရတယ္။ အားမနာနဲ႔။

 

Please don't hesitate to ask me for help.
အကူအညီလိုရင္ေတာင္းပါ။ အားမနာနဲ႔။

 

Please don't hesitate to let me know if you need help.
အကူအညီလိုတာနဲ႔ ေျပာပါ။ အားမနာနဲ႔။

 

*** Please don't feel backwards. လို႔ ေျပာလို႔မရပါဘူး။

By Dr.Soe Than

Read times Last modified on Tuesday, 29 June 2021 09:36
Rate this articles
(2 votes)