ပိုက်ဆံချမ်းသာ လာတဲ့အခါ မှားလေ့မှားထရှိကြတဲ့ အမှားများ
၁။ ငွေပိုသုံးလာပြီး ချွေတာမူ အားနည်းလာမယ်
အရင်က ငွေကြေး မချမ်းသာလို့ ငွေကို နည်းနည်းလေး သုံးတတ်ပေမယ့် ချမ်းသာလာတဲ့ အခါမှာ ငွေကိုများများ သုံးလာပြီး ချွေတာမူ အားနည်းလာတဲ့ အမှားများ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ငွေပိုဝင်လာရင် ချွေတာပြီး စုဆောင်းပါ။
၂။ အလုပ်လုပ်တာ အားနည်းလာပြီး အပျော်အပါး ပိုများလာတတ်တယ်
ငွေကြေး ချမ်းသာ ကြွယ်ဝလာပြီဆိုတာနဲ့ အလုပ် လုပ်တဲ့အပိုင်းမှာ အရင်ကထက် အားနည်းလာတတ်ပါတယ်။ ချမ်းသာလာတဲ့ အတွက် မိတ်ဆွေအပေါင်းအသင်းကလည်း များလာတော့ အပျော်အပါးမှာ အချိန်ပိုသွားနိုင်ပါတယ်။ ဒါကြောင့် သတိထားပါ။
၃။ ချမ်းသာအောင် ကူညီပေးတဲ့ သူတွေကိုမေ့ပြီး မြှောက်ပင့်ပေးတဲ့ သူတွေနဲ့ သာယာတတ်တယ်
စည်းစိမ် ဥစ္စာတွေ ကြွယ်ဝလာပြီဆိုရင် မိမိကိုယ် လူတွေက မြှောက်ပင့်ပြီး ပေါင်းလာကြပါလိမ့်မယ်။ အဲဒီလို မြှောက်ပင့်သူတွေနဲ့ သာယာပြီး မိမိကိုယ် ချမ်းသာအောင် ကူညီသူများကိုတော့ မေ့နေတတ်ပါတယ်။ အဲဒီလို မဖြစ်စေပါနဲ့။
၄။ မလိုအပ်တဲ့ ပစ္စည်းတွေကို စိတ်ကျေနပ်ဖို့ အတွက် ဝယ်ဖြစ်တယ်
ပိုက်ဆံ မချမ်းသာတုန်းကတော့ ပစ္စည်းတစ်မျိုး ဝယ်မယ်ဆိုရင် တကယ်လိုအပ်ပြီး အသုံးတည့်တာတွေကိုပဲ ဝယ်ဖြစ်ခဲ့ပေမယ့် ချမ်းသာလာတဲ့ အခါမှာ နည်းနည်းလေး လိုအပ်တာနဲ့ ဝယ်ဖြစ်ခဲ့လိုက်တယ်။ နောက်ဆုံးတော့ အိမ်မှာ အမှိုက်တွေ ဖြစ်သွားခဲ့တာပေါ့။ ဒါကြောင့် သတိထားပါ။
၅။ ဘဝ မေ့ပြီး ဘဝင်မမြင့်စေနဲ့
မိမိရဲ့ အရင်တုန်း ဘဝကို မေ့နေတတ်တယ်။ ချမ်းသာလာပြီဆိုရင် အစစအရာရာ ပြောင်းလဲသွားလို့ ဘဝမေ့ပြီး ဘဝင် မြင့်လာတတ်တယ်။ ဒီအတွက်တော့ ဘဝမေ့ပြီး ဘဝင်မမြင့်ပါစေနဲ့။
ငွေကြေးချမ်းသာလာတဲ့အခါ
၁။ သာမာန်အိမ်တစ်လုံးဝယ်ပါ
Telmex ရဲ့ CEO ဖြစ်သူ Carlos Slim Helu ဟာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်ဖြစ်ပေမယ့် သူငယ်စဉ်ကတည်းက နှစ်ပေါင်း (၃၀)ကြာအောင် နေထိုင်ခဲ့တဲ့ အိပ်ခန်း (၆)ခုပါ အိမ်မှာပဲ နေထိုင်နေဆဲ ဖြစ်ပါတယ်။
၂။ ဈေးဝယ်တတ်ပါစေ။
လိုချင်တာတွေအတွက် ဈေးဝယ်တဲ့နေရာမှာ တန်ရာတန်ကြေးထက် ဈေးကြီးပေးပြီး မဝယ်မိအောင် ဂရုစိုက်ပါ။
၃။ အသုံးအစွဲ ဆင်ခြင်ပါ။
သင်ရဲ့ငွေကြေးကို ဘယ်အချိန်မှာ ဘယ်လိုသုံးစွဲမယ်ဆိုတာကို ဆင်ခြင်သုံးသပ်ပါ။ စရိတ်များလွန်းတဲ့ ဈေးဝယ်ထွက်တာတွေ၊ အကုန်အကျများလွန်းတဲ့ခရီးစဉ်တွေအတွက် မသုံးပါနဲ့။ လိုအပ်တာတွေအတွက်ကိုပဲ အာရုံစိုက်ပြီး စနစ်တကျသုံးစွဲပါ။ လိုချင်တာတွေမဝယ်ရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ လိုချင်တာထက် လိုအပ်တာကို ဦးစားပေးဖို့ ဆိုလိုတာပါ။
၄။ အကြွေးကင်းအောင်နေပါ။
ကြွေးမှီကင်းတဲ့သူဟာ သူဌေးတစ်ယောက်ပါပဲ။ ဒါကြောင့် ဖြစ်နိုင်သမျှ ကြွေးမှီကင်းရှင်းအောင်နေပါ။
၅။ လိုက်လျောညီထွေစွာနေထိုင်ပြီး ကျေနပ်ပျော်ရွှင်နိုင်ပါစေ။
လိုတာထက်ပိုမသုံးဘဲ ရောင့်ရဲတင်းတိမ်တတ်ဖို့ လိုပါတယ်။ ငွေရတိုင်းမသုံးမိအောင် ထိန်းနိုင်မယ်ဆိုရင် သင့်ပိုင်ဆိုင်မှုတွေက ပိုမိုတိုးပွားလာမှာဖြစ်ပါတယ်။
၆။ ဝင်ငွေထက်သုံးငွေ ပိုမများပါစေနဲ့။
တစ်လတစ်လကို ငွေတွေဝင်တယ်ဆိုတိုင်း အကုန်သုံးပစ်လို့ မရပါဘူး။ မလိုအပ်တာတွေ လျှောက်မသုံးဖို့ လိုပါတယ်။ အဓိကအနေနဲ့ ငွေရှာဖို့အတွက် ငွေကိုပြန်သုံးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။
Credit : Yoe Yar Lay, Kyaw Kyaw Khaing
ပိုက္ဆံခ်မ္းသာ လာတဲ့အခါ မွားေလ့မွားထရွိၾကတဲ့ အမွားမ်ား
၁။ ေငြပိုသုံးလာၿပီး ေခြၽတာမူ အားနည္းလာမယ္
အရင္က ေငြေၾကး မခ်မ္းသာလို႔ ေငြကို နည္းနည္းေလး သုံးတတ္ေပမယ့္ ခ်မ္းသာလာတဲ့ အခါမွာ ေငြကိုမ်ားမ်ား သုံးလာၿပီး ေခြၽတာမူ အားနည္းလာတဲ့ အမွားမ်ား ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ေငြပိုဝင္လာရင္ ေခြၽတာၿပီး စုေဆာင္းပါ။
၂။ အလုပ္လုပ္တာ အားနည္းလာၿပီး အေပ်ာ္အပါး ပိုမ်ားလာတတ္တယ္
ေငြေၾကး ခ်မ္းသာ ႂကြယ္ဝလာၿပီဆိုတာနဲ႔ အလုပ္ လုပ္တဲ့အပိုင္းမွာ အရင္ကထက္ အားနည္းလာတတ္ပါတယ္။ ခ်မ္းသာလာတဲ့ အတြက္ မိတ္ေဆြအေပါင္းအသင္းကလည္း မ်ားလာေတာ့ အေပ်ာ္အပါးမွာ အခ်ိန္ပိုသြားႏိုင္ပါတယ္။ ဒါေၾကာင့္ သတိထားပါ။
၃။ ခ်မ္းသာေအာင္ ကူညီေပးတဲ့ သူေတြကိုေမ့ၿပီး ေျမႇာက္ပင့္ေပးတဲ့ သူေတြနဲ႔ သာယာတတ္တယ္
စည္းစိမ္ ဥစၥာေတြ ႂကြယ္ဝလာၿပီဆိုရင္ မိမိကိုယ္ လူေတြက ေျမႇာက္ပင့္ၿပီး ေပါင္းလာၾကပါလိမ့္မယ္။ အဲဒီလို ေျမႇာက္ပင့္သူေတြနဲ႔ သာယာၿပီး မိမိကိုယ္ ခ်မ္းသာေအာင္ ကူညီသူမ်ားကိုေတာ့ ေမ့ေနတတ္ပါတယ္။ အဲဒီလို မျဖစ္ေစပါနဲ႔။
၄။ မလိုအပ္တဲ့ ပစၥည္းေတြကို စိတ္ေက်နပ္ဖို႔ အတြက္ ဝယ္ျဖစ္တယ္
ပိုက္ဆံ မခ်မ္းသာတုန္းကေတာ့ ပစၥည္းတစ္မ်ိဳး ဝယ္မယ္ဆိုရင္ တကယ္လိုအပ္ၿပီး အသုံးတည့္တာေတြကိုပဲ ဝယ္ျဖစ္ခဲ့ေပမယ့္ ခ်မ္းသာလာတဲ့ အခါမွာ နည္းနည္းေလး လိုအပ္တာနဲ႔ ဝယ္ျဖစ္ခဲ့လိုက္တယ္။ ေနာက္ဆုံးေတာ့ အိမ္မွာ အမႈိက္ေတြ ျဖစ္သြားခဲ့တာေပါ့။ ဒါေၾကာင့္ သတိထားပါ။
၅။ ဘဝ ေမ့ၿပီး ဘဝင္မျမင့္ေစနဲ႔
မိမိရဲ႕ အရင္တုန္း ဘဝကို ေမ့ေနတတ္တယ္။ ခ်မ္းသာလာၿပီဆိုရင္ အစစအရာရာ ေျပာင္းလဲသြားလို႔ ဘဝေမ့ၿပီး ဘဝင္ ျမင့္လာတတ္တယ္။ ဒီအတြက္ေတာ့ ဘဝေမ့ၿပီး ဘဝင္မျမင့္ပါေစနဲ႔။
ေငြေၾကးခ်မ္းသာလာတဲ့အခါ
၁။ သာမာန္အိမ္တစ္လံုး၀ယ္ပါ
Telmex ရဲ႕ CEO ျဖစ္သူ Carlos Slim Helu ဟာ ကမၻာ့အခ်မ္းသာဆံုး စာရင္း၀င္ျဖစ္ေပမယ့္ သူငယ္စဥ္ကတည္းက ႏွစ္ေပါင္း (၃၀)ၾကာေအာင္ ေနထိုင္ခဲ့တဲ့ အိပ္ခန္း (၆)ခုပါ အိမ္မွာပဲ ေနထိုင္ေနဆဲ ျဖစ္ပါတယ္။
၂။ ေစ်း၀ယ္တတ္ပါေစ။
လိုခ်င္တာေတြအတြက္ ေစ်း၀ယ္တဲ့ေနရာမွာ တန္ရာတန္ေၾကးထက္ ေစ်းႀကီးေပးၿပီး မ၀ယ္မိေအာင္ ဂရုစိုက္ပါ။
၃။ အသံုးအစြဲ ဆင္ျခင္ပါ။
သင္ရဲ႕ေငြေၾကးကို ဘယ္အခ်ိန္မွာ ဘယ္လိုသံုးစြဲမယ္ဆိုတာကို ဆင္ျခင္သံုးသပ္ပါ။ စရိတ္မ်ားလြန္းတဲ့ ေစ်း၀ယ္ထြက္တာေတြ၊ အကုန္အက်မ်ားလြန္းတဲ့ခရီးစဥ္ေတြအတြက္ မသံုးပါနဲ႔။ လိုအပ္တာေတြအတြက္ကိုပဲ အာရံုစိုက္ၿပီး စနစ္တက်သံုးစြဲပါ။ လိုခ်င္တာေတြမ၀ယ္ရဘူးလို႔ ဆိုလိုတာမဟုတ္ပါဘူး။ လိုခ်င္တာထက္ လိုအပ္တာကို ဦးစားေပးဖို႔ ဆိုလိုတာပါ။
၄။ အေၾကြးကင္းေအာင္ေနပါ။
ေၾကြးမွီကင္းတဲ့သူဟာ သူေဌးတစ္ေယာက္ပါပဲ။ ဒါေၾကာင့္ ျဖစ္ႏိုင္သမွ် ေၾကြးမွီကင္းရွင္းေအာင္ေနပါ။
၅။ လိုက္ေလ်ာညီေထြစြာေနထိုင္ၿပီး ေက်နပ္ေပ်ာ္ရႊင္ႏိုင္ပါေစ။
လိုတာထက္ပိုမသံုးဘဲ ေရာင့္ရဲတင္းတိမ္တတ္ဖို႔ လိုပါတယ္။ ေငြရတိုင္းမသံုးမိေအာင္ ထိန္းႏိုင္မယ္ဆို၇င္ သင့္ပိုင္ဆိုင္မႈေတြက ပိုမိုတိုးပြားလာမွာျဖစ္ပါတယ္။
၆။ ၀င္ေငြထက္သံုးေငြ ပိုမမ်ားပါေစနဲ႔။
တစ္လတစ္လကို ေငြေတြ၀င္တယ္ဆိုတိုင္း အကုန္သံုးပစ္လို႔ မရပါဘူး။ မလိုအပ္တာေတြ ေလွ်ာက္မသံုးဖို႔ လိုပါတယ္။ အဓိကအေနနဲ႔ ေငြရွာဖို႔အတြက္ ေငြကိုျပန္သံုးမယ္ဆိုရင္ေတာ့ အေကာင္းဆံုးေပါ့။
Credit : Yoe Yar Lay, Kyaw Kyaw Khaing