×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 13 October 2021

လျှာပုံပြင်

လျှာပုံပြင်

တစ်ခါက အာဖရိကတောတွင်းမှာရှိတဲ့ လူမျိုးစုခေါင်းဆောင်တစ်ယောက်ဟာ သူ့ရဲ့ ငယ်ကျွန်တစ်ယောက်ကို ခေါ်ပြီး ဒီလိုခိုင်းစေတယ်

"ငယ်ကျွန်ကြီး မြို့က အနီးဆုံးဈေးမှာ ငါ့အတွက် အကောင်းဆုံးအသားသွားဝယ်ချေ"

 

အဲဒီလိုနဲ့ ငယ်ကျွန်ဟာ ဈေးကိုထွက်ခွာသွားတယ်။ တခဏအကြာမှာတော့ သူဟာ တိရစ္ဆာန်တစ်ကောင်ရဲ့ လျှာကို ယူဆောင်ပြီးပြန်လာခဲ့တယ်။ အဲဒီလိုနဲ့နောက်တစ်နေ့မှာလည်း ခေါင်းဆောင်ကြီးဟာ တပည့်ကို ခေါ်ပြန်တယ်။

"ဟေ့ကောင် လျှာက တော်တော်စားကောင်းတာပဲကွ၊ ဒီတစ်ခါတော့ အညံ့ဆုံးအသားရှာဝယ်ခဲ့ချည်"

 

ငယ်ကျွန်ဟာ "ဟုတ်ကဲ့" ဆိုတဲ့စကားတစ်ခွန်းကိုသာပြောပြီး ထွက်ခွာသွားပြန်တယ်။ ဒီတစ်ကြိမ်မှာလည်း သူဟာ လျှာကိုသာ ဝယ်ယူလာခဲ့ပြန်တယ်။ အဲဒီအခါမှာတော့ ခေါင်းဆောင်ကြီးက ဒီလိုပြောတယ်

"ဟေ့ကောင် မင့်ဟာက အကောင်းဆုံးအသားကလဲ လျှာပဲ အဆိုးဆုံးအသားဝယ်ခဲ့ပါဆိုတော့လည်း ဒီလျှာပဲ မင်းငါကို ငတုံးများမှတ်နေလား" အဲဒီလို ခေါင်းဆောင်ရဲ့စကားကို ကြားတဲ့အခါ ငယ်ကျွန်က ဒီလိုပြန်ပြောတယ်။

 

"ခေါင်းဆောင်ကြီးခင်ဗျား။ လူတစ်ယောက်ဟာ လျှာကြောင့် တပါးသူတွေကို ပျော်ရွှင်စေပါတယ်။ အဲဒါကြောင့် လျှာဟာ အကောင်းဆုံးအသားပါပဲ။ အဲဒီလျှာကြောင့်ပဲ တဖက်လူကို ဝမ်းနည်းအားငယ်အောင်၊ စိတ်ဓါတ်ပျက်ပြားအောင် လုပ်လို့ရပါတယ်။ အဲဒါကြောင့် လျှာဟာ အဆိုးဆုံးသော အသားပါပဲ"

 

ကျွန်တော်တို့အားလုံးဟာလည်း လျှာနဲ့တင်စားတဲ့ နှုတ်ထွက်စကား တွေကို ပိုင်ဆိုင်ကြသူချည်းပဲဖြစ်တယ်။ လျှာကိုယ်စီ ပိုင်ဆိုင်ကြပေမယ့်လည်း တချို့တွေကတော့ အမုန်းတရား၊ လိမ်ညာခြင်း၊ အပုပ်ချခြင်း၊ ခြောက်လှန့်ခြင်း၊ ကြွားဝါခြင်း၊ ဆဲရေးခြင်း၊ မုသားပြောခြင်း၊ တလွဲအထင်ရောက်စေခြင်း၊ ကုန်းချောခြင်း စတဲ့ မကောင်းသောအရာတွေကိုသာ ပွင့်အံထွက်ကျလာလေ့ရှိကြတယ်။ တစ်နည်းအားဖြင့် မိမိစိတ်ရဲ့ သိမ်ဖျင်းခြင်းကို ဖော်ပြနေတဲ့ လျှာပိုင်ရှင်တွေပဲဖြစ်တယ်။

 

ဆန့်ကျင်ဘက်အားဖြင့် ကောင်းသောလျှာပိုင်ရှင်တွေဟာ လမ်းညွှန်ခြင်း၊ အားပေးခြင်း၊ နှုတ်အားဖြင့် စောင်မခြင်း၊ တစ်ပါးသူခွန်အားတက်ကြွဖွယ်စကားကိုသာ ပြောဆိုခြင်း၊ မှန်သောစကားကိုသာပြောခြင်း စတဲ့ ကောင်းသော နှုတ်ထွက်စကားတွေကို ပြောကြားကြပြန်တယ်။ သူတို့ရဲ့ စိတ်နေစိတ်ထားကိုလည်း သူတို့လျှာက ကိုယ်စားပြုကြပြန်တယ်။

 

အဲဒီလို ကောင်းခြင်း/ဆိုးခြင်း အစွန်းနှစ်ပါးကို ပိုင်ဆိုင်တဲ့လျှာကနေ ပွင့်အံလာတဲ့ စကားတစ်ခွန်းကြောင့် အများသူငါ ကဲ့ရဲ့စရာ ဖြစ်ပေးလာသလို၊ အဲဒီလျှာကြောင့်ပဲ အများသူငါ ချီးမွမ်းဖွယ်ဖြစ်လာကြပြန်တယ်။ လျှာကြောင့် ဂုဏ်သိက္ခာ ကျဆင်းနိုင်သလို၊ အဲဒီလျှာကြောင့်ပဲ လူ့လောကအလည် ပွဲလည်တင့်နိုင်ပြန်တယ်။

 

" Words can hurt or heal. Be sure to taste your words before you spit them out. "

 

စကားလုံးတွေဟာ တစ်ဖက်သားကို ကုစားပေးနိုင်သလို၊ နာလည်း နာကျင်စေနိုင်တယ်။ မင်းပါးစပ်ထဲက စကားလုံးတွေ ထွေးမထုတ်ခင်သေချာအောင်အရသာခံကြည့်လိုက်ပါ။

 

ကျွန်တော်တို့ပြောသမျှနှုတ်ထွက်စကားတိုင်းဟာ နောက်ဆက်တွဲ အကျိုးဆက်တွေရှိနေတတ်ကြတယ်။ အဲဒီစကားလုံးတွေဟာ တစ်ဖက်သားရဲ့ဘဝကို စုတ်ပြတ်နိမ့်ကျ သွားစေနိုင်သလို ကိုယ့်စကားကြောင့် တစ်ဖက်လူရဲ့ ဘဝတစ်ခုလုံးကိုတောင် ပြောင်းလဲ မြှင့်တင်ပေးနိုင်တယ်လို့ ဆိုလိုတယ်။

 

ကျွန်တော်တို့တွေဟာ မိမိလျှာကို မိမိပြန်လည် ဆန်းစစ်ကြည့်ဖို့တော့ လိုနေသူများပဲဖြစ်တယ်။

 

 

 

လွ်ာပုံျပင္

တစ္ခါက အာဖရိကေတာတြင္းမွာရွိတဲ့ လူမ်ိဳးစုေခါင္းေဆာင္တစ္ေယာက္ဟာ သူ႔ရဲ႕ ငယ္ကြၽန္တစ္ေယာက္ကို ေခၚၿပီး ဒီလိုခိုင္းေစတယ္

"ငယ္ကြၽန္ႀကီး ၿမိဳ႕က အနီးဆုံးေဈးမွာ ငါ့အတြက္ အေကာင္းဆုံးအသားသြား၀ယ္ေခ်"

 

အဲဒီလိုနဲ႔ ငယ္ကြၽန္ဟာ ေဈးကိုထြက္ခြာသြားတယ္။ တခဏအၾကာမွာေတာ့ သူဟာ တိရစာၦန္တစ္ေကာင္ရဲ႕ လွ်ာကို ယူေဆာင္ၿပီးျပန္လာခဲ့တယ္။ အဲဒီလိုနဲ႔ေနာက္တစ္ေန႔မွာလည္း ေခါင္းေဆာင္ႀကီးဟာ တပည့္ကို ေခၚျပန္တယ္။

"ေဟ့ေကာင္ လွ်ာက ေတာ္ေတာ္စားေကာင္းတာပဲကြ၊ ဒီတစ္ခါေတာ့ အညံ့ဆုံးအသားရွာ၀ယ္ခဲ့ခ်ည္"

 

ငယ္ကြၽန္ဟာ "ဟုတ္ကဲ့" ဆိုတဲ့စကားတစ္ခြန္းကိုသာေျပာၿပီး ထြက္ခြာသြားျပန္တယ္။ ဒီတစ္ႀကိမ္မွာလည္း သူဟာ လွ်ာကိုသာ ၀ယ္ယူလာခဲ့ျပန္တယ္။ အဲဒီအခါမွာေတာ့ ေခါင္းေဆာင္ႀကီးက ဒီလိုေျပာတယ္

"ေဟ့ေကာင္ မင့္ဟာက အေကာင္းဆုံးအသားကလဲ လွ်ာပဲ အဆိုးဆုံးအသား၀ယ္ခဲ့ပါဆိုေတာ့လည္း ဒီလွ်ာပဲ မင္းငါကို ငတုံးမ်ားမွတ္ေနလား" အဲဒီလို ေခါင္းေဆာင္ရဲ႕စကားကို ၾကားတဲ့အခါ ငယ္ကြၽန္က ဒီလိုျပန္ေျပာတယ္။

 

"ေခါင္းေဆာင္ႀကီးခင္ဗ်ား။ လူတစ္ေယာက္ဟာ လွ်ာေၾကာင့္ တပါးသူေတြကို ေပ်ာ္႐ႊင္ေစပါတယ္။ အဲဒါေၾကာင့္ လွ်ာဟာ အေကာင္းဆုံးအသားပါပဲ။ အဲဒီလွ်ာေၾကာင့္ပဲ တဖက္လူကို ၀မ္းနည္းအားငယ္ေအာင္၊ စိတ္ဓါတ္ပ်က္ျပားေအာင္ လုပ္လို႔ရပါတယ္။ အဲဒါေၾကာင့္ လွ်ာဟာ အဆိုးဆုံးေသာ အသားပါပဲ"

 

ကြၽန္ေတာ္တို႔အားလုံးဟာလည္း လွ်ာနဲ႔တင္စားတဲ့ ႏႈတ္ထြက္စကား ေတြကို ပိုင္ဆိုင္ၾကသူခ်ည္းပဲျဖစ္တယ္။ လွ်ာကိုယ္စီ ပိုင္ဆိုင္ၾကေပမယ့္လည္း တခ်ိဳ႕ေတြကေတာ့ အမုန္းတရား၊ လိမ္ညာျခင္း၊ အပုပ္ခ်ျခင္း၊ ေျခာက္လွန႔္ျခင္း၊ ႂကြားဝါျခင္း၊ ဆဲေရးျခင္း၊ မုသားေျပာျခင္း၊ တလြဲအထင္ေရာက္ေစျခင္း၊ ကုန္းေခ်ာျခင္း စတဲ့ မေကာင္းေသာအရာေတြကိုသာ ပြင့္အံထြက္က်လာေလ့ရွိၾကတယ္။ တစ္နည္းအားျဖင့္ မိမိစိတ္ရဲ႕ သိမ္ဖ်င္းျခင္းကို ေဖာ္ျပေနတဲ့ လွ်ာပိုင္ရွင္ေတြပဲျဖစ္တယ္။

ဆန႔္က်င္ဘက္အားျဖင့္ ေကာင္းေသာလွ်ာပိုင္ရွင္ေတြဟာ လမ္းၫႊန္ျခင္း၊ အားေပးျခင္း၊ ႏႈတ္အားျဖင့္ ေစာင္မျခင္း၊ တစ္ပါးသူခြန္အားတက္ႂကြဖြယ္စကားကိုသာ ေျပာဆိုျခင္း၊ မွန္ေသာစကားကိုသာေျပာျခင္း စတဲ့ ေကာင္းေသာ ႏႈတ္ထြက္စကားေတြကို ေျပာၾကားၾကျပန္တယ္။ သူတို႔ရဲ႕ စိတ္ေနစိတ္ထားကိုလည္း သူတို႔လွ်ာက ကိုယ္စားျပဳၾကျပန္တယ္။

 

အဲဒီလို ေကာင္းျခင္း/ဆိုးျခင္း အစြန္းႏွစ္ပါးကို ပိုင္ဆိုင္တဲ့လွ်ာကေန ပြင့္အံလာတဲ့ စကားတစ္ခြန္းေၾကာင့္ အမ်ားသူငါ ကဲ့ရဲ႕စရာ ျဖစ္ေပးလာသလို၊ အဲဒီလွ်ာေၾကာင့္ပဲ အမ်ားသူငါ ခ်ီးမြမ္းဖြယ္ျဖစ္လာၾကျပန္တယ္။ လွ်ာေၾကာင့္ ဂုဏ္သိကၡာ က်ဆင္းႏိုင္သလို၊ အဲဒီလွ်ာေၾကာင့္ပဲ လူ႔ေလာကအလည္ ပြဲလည္တင့္ႏိုင္ျပန္တယ္။

 

" Words can hurt or heal. Be sure to taste your words before you spit them out. "

 

စကားလုံးေတြဟာ တစ္ဖက္သားကို ကုစားေပးႏိုင္သလို၊ နာလည္း နာက်င္ေစႏိုင္တယ္။ မင္းပါးစပ္ထဲက စကားလုံးေတြ ေထြးမထုတ္ခင္ ေသခ်ာေအာင္အရသာခံၾကည့္လိုက္ပါ။

 

ကြၽန္ေတာ္တို႔ေျပာသမွ်ႏႈတ္ထြက္စကားတိုင္းဟာ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြရွိေနတတ္ၾကတယ္။ အဲဒီစကားလုံးေတြဟာ တစ္ဖက္သားရဲ႕ဘ၀ကို စုတ္ျပတ္နိမ့္က် သြားေစႏိုင္သလို ကိုယ့္စကားေၾကာင့္ တစ္ဖက္လူရဲ႕ ဘ၀တစ္ခုလုံးကိုေတာင္ ေျပာင္းလဲ ျမႇင့္တင္ေပးႏိုင္တယ္လို႔ ဆိုလိုတယ္။

 

ကြၽန္ေတာ္တို႔ေတြဟာ မိမိလွ်ာကို မိမိျပန္လည္ ဆန္းစစ္ၾကည့္ဖို႔ေတာ့ လိုေနသူမ်ားပဲျဖစ္တယ္။

 

Credit : Original Writer

Read times Last modified on Wednesday, 13 October 2021 09:02
Rate this articles
(1 Vote)