သင်္ချာကြောက်တယ်ဆိုရင် သင်္ချာကို ပထမဦးစားပေးအနေနဲ့ လေ့လာပါ။ နေ့စဉ် ပုံမှန်လေ့လာနည်းကို သုံးပါ။
၁. သင်္ချာနဲ့ ပက်သက်တဲ့ game တွေကို ကစားပေးပါ။
သင်္ချာဂိမ်းတွေ၊ ဥာဏ်စမ်းဂိမ်းတွေဟာ သင်္ချာကျွမ်းကျင်မှုကို နှိုးဆွပေးနိုင်သလို ကစားနေတဲ့အခါမှာလည်း သင်္ချာတွက်ရသလို ပျင်းစရာ၊ ကြောက်စရာမကောင်းဘဲ တက်ကြွပျော်ရွှင်မှုများကို ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။
၂. သင်္ချာတွက်မယ်ဆိုရင် ခြုံငုံပြီး စဉ်းစားပါ။
သင်္ချာကို တကုပ်ကုပ်တွက်၊ Formula တွေ တတွတ်တွတ်ကျက်ရတာ စိတ်ပျက်စရာ အရမ်းကောင်းပါတယ်၊ ဒါပေမယ့် ဒီ Formula တွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေ၊ ဘာကြောင့် ဒီလို Formula ဖြစ်လာရသလဲလို့ စဉ်းစားရင် ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်။
READ - ကျောင်းစာညံ့သူတွေက ဘ၀မှာ ပိုအောင်မြင်ကြတဲ့ အကြောင်းအရင်း (၄) မျိုး
၃. စာလေ့လာချိန်ကို သေချာဆွဲပါ။
သင်္ချာကြောက်တယ်ဆိုရင် သင်္ချာအတွက် အချိန်သက်သက်ပေးပါ။ သင်္ချာနဲ့ ပက်သက်ပြီး အိမ်စာတွေ၊ Assignment တွေ မရှိဘူးဆိုရင်တောင် တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်လောက် ပုံစံတူ ပုစ္ဆာတွေ တွက်တာမျိုး၊ မှတ်စုတွေ ပြန်ကြည့်တာမျိုး လုပ်ပေးပါ။ နေ့စဉ်လေ့လာပေးခြင်းဟာ သင်္ချာစွမ်းရည်ကို ပိုမိုမြင့်တက်စေပါတယ်။
၎. သင်ခန်းစာများကို ကြိုဖတ်ထားပါ။
နောက်လာမယ့် အတန်းမှာ သင်မယ့် Chapter ကို ကြိုဖတ်ထားခြင်းဟာ သင်္ချာမှ မဟုတ်၊ ဘယ်ဘာသာရပ် မဆို အလွန်ကောင်းတဲ့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။
၅. မေးခွန်းတွေ မေးပါ။
တွက်စာနဲ့ ပတ်သက်ပြီး နားမလည်တာတွေ၊ မေးခွန်းမေးစရာရှိတာတွေ၊ မရှင်းတာတွေကို မေးဖို့ ကြောက်မနေပါနဲ့။ ချက်ချင်းမေးဖို့ အဆင်မပြေရင်တောင် ကိုယ့်မေးခွန်းတွေကို ချရေးထားပြီး အတန်းအပြီးမှာ မေးလို့ရပါတယ်။
၆. အဆင့်တွေကို ချရေးထားတာမျိုးလုပ်ပါ။
သင်္ချာပုစ္ဆာတွေကို ဖြေရှင်းတဲ့ အခါမှာ ဦးနှောက်ထဲမှာပဲ တွက်ချက်ဖြေရှင်းလိုက်တာမျိုး မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် အဆင့်တိုင်းကို ချရေးထားပါ။
READ - စာသင်ခန်းအတွင်း အိပ်ငိုက်တတ်သော ကျောင်းသား၊ ကျောင်းသူတို့ လုပ်ဆောင်ရမယ့် နည်းလမ်းများ
Source: akhayar