×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Friday, 26 August 2022

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပထမနှစ်ကျောင်းသားများခေါ်ယူ

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပထမနှစ်ကျောင်းသားများခေါ်ယူ
.
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် (၄)နှစ်တာ သင်တန်းများဖြစ်သည့် -
(က) စီးပွားရေးသိပ္ပံဘွဲ့(စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ) - B.BSc(Accounting & Finance)
(ခ) စီးပွားရေးသိပ္ပံဘွဲ့(အသုံးချစာရင်းအင်းပညာ) - B.BSc(Applied Statistics)
(ဂ) စီးပွားရေးသိပ္ပံဘွဲ့(ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ) - B.BSc(Marketing Management)
(ဃ) စီးပွားရေးသိပ္ပံဘွဲ့(ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ) - B.BSc(Regional Development)
(င) စီးပွားရေးသိပ္ပံဘွဲ့(လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ) - B.BSc(Social Enterprise Management) . . . ဘာသာရပ်များအတွက် ပထမနှစ်ကျောင်းသားများ ခေါ်ယူနေပြီဖြစ်ပါတယ်။

 

 

CID

 

 

၂၀၂၂ ခုနှစ်မှာ မည်သည့်ဘာသာတွဲနှင့်မဆို အောင်မြင်တဲ့ ကျောင်းသူကျောင်းသားများ လျှောက်ထားနိုင်ပြီး တက္ကသိုလ်မှလက်ခံနိုင်သည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်အနည်းအများအလိုက် ရွေးချယ်ခေါ်ယူသွားမယ်လို့ သိရပါတယ်။

 

လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ -
(က) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မိတ္တူ(သို့မဟုတ်) အောင်မြင်ကြောင်း ထောက်ခံစာမူရင်း
(ခ) အမှတ်စာရင်းမူရင်း
(ဂ) ပတ်စပို့ဆိုဒ်ဓါတ်ပုံ(၄)ပုံ
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ . . . အစရှိသည်တို့ကို လျှောက်လွှာနဲ့အတူ ပူးတွဲတင်ပြပေးရမှာပဲဖြစ်ပါတယ်။


.
ဖောင်လက်ခံမည့်ရက် - 25.8.2022 - 30.9.2022
ဖောင်ဝယ်ယူရမည့်နေရာ - သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာန၊ ကျောင်းသားရေးရာဌာနခွဲ
Website - https://mcrd.gov.mm, www.ucms.edu.mm
Facebook - University of Co-operative and Management, Sagaing
Phone - 072-2023015

.

 

 Co op sagaing1

 

Co op sagaing2

 

Co op sagaing3

Read times Last modified on Friday, 26 August 2022 09:39
Rate this articles
(0 votes)