×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Wednesday, 04 March 2020

"ဒီ (၄)ခ်က္ကုိလုပ္ရင္ သင့္ရဲ႕ေခါင္းေဆာင္မႈအရည္အေသြး ျမင့္တက္လာပါလိမ့္မယ္"

"ဒီ (၄)ခ်က္ကုိလုပ္ရင္ သင့္ရဲ႕ေခါင္းေဆာင္မႈအရည္အေသြး ျမင့္တက္လာပါလိမ့္မယ္" freepick

ကိုယ့်ရဲ့ အလုပ်အကိုင်၊ ပညာရေး၊၊ ဝင်ငွေ စတာတွေကို ပိုပြီး တိုးတက်အောင် ကြိုးစားကြဖို့ ဘယ်သူမဆို ဆန္ဒရှိကြမှာပါ။

နှစ်ဟောင်းကို ထားခဲ့ပြီး နှစ်သစ်ဆီ ရောက်လာပြီလေ။ လုပ်ငန်းခွင်အသီးသီးရဲ့ ခေါင်းဆောင်နေရာမှာ လုပ်နေကြသူတွေအတွက်လည်း နှစ်သစ်မှာ ခေါင်းဆောင်မှု အရည်အသွေးတွေ ပိုပြီး မြင့်တက်လာဖို့ လိုအပ်နေပြီး ပိုပြီး မြင့်မားတဲ့နေရာကို တက်လှမ်းနိုင်ဖို့ ကြိုးစားကြမှာပါပဲ။ inc.com ရဲ့ ဆောင်းပါးတစ်ခုထဲမှာတော့ (၂၀၂၀)ခုနှစ်အတွင်းမှာ ခေါင်းဆောင်မှု အရည်အသွေးကို မြှင့်တင်ပေးနိုင်မယ့် အချက်(၄)ချက်အကြောင်း ဖော်ပြထားပြီး ဒါဟာ ခေါင်းဆောင်မှုအတွက် အထောက်အကူဖြစ်မယ့် အချက်တွေမို့လို့ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်။


(၁) သင့်ရဲ့စည်းကမ်းတွေကို သင်ပြန်ပြီးလေးစားပါ
ကိုယ်တိုင်ကတော့ ရုံးမှာ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုနေထိုင်ရမယ်လို့ စည်းကမ်းတွေ ထုတ်ထားပြီး အဲဒီစည်းကမ်းတွေကို ကိုယ်တိုင်မလိုက်နာဘူးဆိုရင် သင့်ရဲ့ခေါင်းဆောင်မှု အရည်အသွေးက သုည ဖြစ်သွားမှာပါ။ အများကြီး မဟုတ်ပါဘူး။ အဲဒီ စည်းကမ်းတွေကို တစ်ကြိမ်လောက်ပဲ ချိုးဖောက်မိလိုက်တာနဲ့ သင့်ရဲ့ လက်အောက်က ဝန်ထမ်းတွေကို ထိန်းချုပ်ရ ခက်သွားတော့မှာဖြစ်ပြီး သူတို့က သင့်ကို လေးစားမှု လျော့ကျသွားမှာပါ။

 


(၂) ဝန်ထမ်းတွေနဲ့ သင့်ရဲ့ကြားက ဆက်ဆံရေးကိုထိန်းသိမ်းပါ
သင့်ရဲ့ ရာထူးက မန်နေဂျာလောက်ဖြစ်နေပြီဆိုရင်ပဲ သင့်လက်အောက်မှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေကို စောင့်ကြည့်ရတဲ့ တာဝန်က တော်တော်ကြီးနေပါပြီ။ တချို့ဝန်ထမ်းတွေက အလုပ်လုပ်ချင်စိတ်ရှိပြီး တက်ကြွကြပေမယ့်၊ တချို့ကတော့ ပျင်းရိလေးလံနေကြပြီး စိတ်ပျက်စရာကောင်းသူတွေ ဖြစ်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သင့်အနေနဲ့ ကိုယ့်လက်အောက်မှာရှိတဲ့ ဝန်ထမ်းတွေရဲ့အကြောင်းကိုတော့ ကောင်းကောင်းသိထားဖို့ လိုမှာဖြစ်သလို ဝန်ထမ်းတွေနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်ရပါမယ်။ အဲဒီ ဆက်ဆံရေးထဲမှာ သင့်ရဲ့ဝန်ထမ်းတွေက သင့်ကိုလေးစားမှုတွေရှိမယ်၊ အထင်ကြီးမှုတွေ၊ အားကိုးမှုတွေရှိမယ်၊ သင်ကလည်း ဝန်ထမ်းတွေကို နွေးနွေးထွေးထွေးနဲ့ဆက်ဆံမယ်၊ ပညာတွေဝေမျှပေးမယ် စတာတွေ ရှိနေမယ်ဆိုရင် အဲဒီ ဆက်ဆံရေးကို အောင်မြင်တဲ့ ဆက်ဆံရေးလို့ ပြောလို့ရပါတယ်။

Sayar Guice banner design 2 3


(၃) ခွဲခြားဆက်ဆံတာမျိုး မလုပ်မိပါစေနဲ့
သင့်အနေနဲ့ သင့်ရဲ့ လက်အောက်က ဝန်ထမ်းတွေအားလုံးကို တပြေးညီထဲ ဆက်ဆံတယ်လို့ လူအများက ထင်ကြပါစေ။ ဒီလိုမှမဟုတ်ပဲ နီးစပ်ရာလူတွေကို နေရာပေးတာမျိုး၊ သင်နဲ့ ခင်မင်တဲ့သူတွေကိုပဲ ရာထူးတိုး၊ လစာတိုးပေးတာမျိုးဆိုရင် တခြားဝန်ထမ်းတွေရဲ့ လုပ်နိုင်စွမ်းအားတွေကို သင် ချက်ချင်းပဲ ဆုံးရှုံးလိုက်ရမှာပါ။ ခွဲခြားဆက်ဆံတာမျိုးက လုပ်ငန်းခွင်တွေမှာ အဖြစ်များဆုံး ပြဿနာလို့ ပြောရပြီး သင်ကိုယ်တိုင်မဟုတ်ပဲ သင့်ရဲ့လက်အောက်က တဆင့်ခံအုပ်ချုပ်သူတွေမှာ ဒီလိုအဖြစ်မျိုးရှိနေရင်လည်း အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ လိုပါတယ်။

 


(၄) တွန်းအားပေးပါ
သင့်ရဲ့ ဝန်ထမ်းတွေကို သင် ဘယ်လောက်တွန်းအားပေးနေလဲ၊ ဘယ်လိုပုံစံနဲ့ တွန်းအားပေးနိုင်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး လုပ်ငန်းခွင် ရလဒ်က ပြောင်းလဲသွားပါသေးတယ်။ သင်က သင့်ရဲ့ဝန်ထမ်းတွေနဲ့အတူ ကိုယ်တိုင်ပါဝင်ပြီး ဆောင်ရွက်ပေးဖို့လိုသလို ဘေးကနေ တစ်ချိန်လုံးစောင့်ကြည့်ပြီး ကူညီပေးသူ ဖြစ်နေဖို့လည်း လိုပါတယ်။ ဒီလိုနည်းတွေနဲ့ တွန်းအားပေးနိုင်မှသာ သင်လိုချင်တဲ့ ရလဒ်မျိုးကို ရမှာဖြစ်ပြီး သင့်ရဲ့ ခေါင်းဆောင်မှု အရည်အသွေးကလည်း မြင့်တက်လာမှာပါ။

 

Human Resource Management သင်ကြားပေးသော Guide ဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-281.html

 

Sources : Shwemom

 

 

Zawgyi ျဖင့္ဖတ္ရန္

"ဒီ (၄)ခ်က္ကုိလုပ္ရင္ သင့္ရဲ႕ေခါင္းေဆာင္မႈအရည္အေသြး ျမင့္တက္လာပါလိမ့္မယ္"
ကုိယ့္ရဲ႕ အလုပ္အကုိင္၊ ပညာေရး၊၊ ၀င္ေငြ စတာေတြကုိ ပုိၿပီး တုိးတက္ေအာင္ ႀကိဳးစားၾကဖုိ႔ ဘယ္သူမဆုိ ဆႏၵရွိၾကမွာပါ။ ႏွစ္ေဟာင္းကုိ ထားခဲ့ၿပီး ႏွစ္သစ္ဆီ ေရာက္လာၿပီေလ။ လုပ္ငန္းခြင္အသီးသီးရဲ႕ ေခါင္းေဆာင္ေနရာမွာ လုပ္ေနၾကသူေတြအတြက္လည္း ႏွစ္သစ္မွာ ေခါင္းေဆာင္မႈ အရည္အေသြးေတြ ပုိၿပီး ျမင့္တက္လာဖုိ႔ လုိအပ္ေနၿပီး ပိုၿပီး ျမင့္မားတဲ့ေနရာကုိ တက္လွမ္းႏုိင္ဖုိ႔ ႀကိဳးစားၾကမွာပါပဲ။ inc.com ရဲ႕ ေဆာင္းပါးတစ္ခုထဲမွာေတာ့ (၂၀၂၀)ခုႏွစ္အတြင္းမွာ ေခါင္းေဆာင္မႈ အရည္အေသြးကုိ ျမွင့္တင္ေပးႏုိင္မယ့္ အခ်က္(၄)ခ်က္အေၾကာင္း ေဖာ္ျပထားၿပီး ဒါဟာ ေခါင္းေဆာင္မႈအတြက္ အေထာက္အကူျဖစ္မယ့္ အခ်က္ေတြမုိ႔လုိ႔ ျပန္လည္ေဖာ္ျပေပးလုိက္ရပါတယ္ေနာ္။


(၁) သင့္ရဲ႕စည္းကမ္းေတြကုိ သင္ျပန္ၿပီးေလးစားပါ
ကုိယ္တုိင္ကေတာ့ ရုံးမွာ ဘယ္လုိလုပ္ရမယ္၊ ဘယ္လုိေနထုိင္ရမယ္လုိ႔ စည္းကမ္းေတြ ထုတ္ထားၿပီး အဲဒီစည္းကမ္းေတြကုိ ကုိယ္တုိင္မလုိက္နာဘူးဆုိရင္ သင့္ရဲ႕ေခါင္းေဆာင္မႈ အရည္အေသြးက သုည ျဖစ္သြားမွာပါ။ အမ်ားႀကီး မဟုတ္ပါဘူး။ အဲဒီ စည္းကမ္းေတြကုိ တစ္ႀကိမ္ေလာက္ပဲ ခ်ိဳးေဖာက္မိလုိက္တာနဲ႔ သင့္ရဲ႕ လက္ေအာက္က ၀န္ထမ္းေတြကုိ ထိန္းခ်ဳပ္ရ ခက္သြားေတာ့မွာျဖစ္ၿပီး သူတုိ႔က သင့္ကုိ ေလးစားမႈ ေလ်ာ့က်သြားမွာပါ။

 


(၂) ၀န္ထမ္းေတြနဲ႔ သင့္ရဲ႕ၾကားက ဆက္ဆံေရးကိုထိန္းသိမ္းပါ
သင့္ရဲ႕ ရာထူးက မန္ေနဂ်ာေလာက္ျဖစ္ေနၿပီဆုိရင္ပဲ သင့္လက္ေအာက္မွာ လုပ္ကုိင္ေနၾကတဲ့ ၀န္ထမ္းေတြကုိ ေစာင့္ၾကည့္ရတဲ့ တာ၀န္က ေတာ္ေတာ္ႀကီးေနပါၿပီ။ တခ်ိဳ႕၀န္ထမ္းေတြက အလုပ္လုပ္ခ်င္စိတ္ရွိၿပီး တက္ၾကြၾကေပမယ့္၊ တခ်ိဳ႕ကေတာ့ ပ်င္းရိေလးလံေနၾကၿပီး စိတ္ပ်က္စရာေကာင္းသူေတြ ျဖစ္မွာပါ။ ဘယ္လုိပဲျဖစ္ျဖစ္ သင့္အေနနဲ႔ ကုိယ့္လက္ေအာက္မွာရွိတဲ့ ၀န္ထမ္းေတြရဲ႕အေၾကာင္းကုိေတာ့ ေကာင္းေကာင္းသိထားဖုိ႔ လုိမွာျဖစ္သလုိ ၀န္ထမ္းေတြနဲ႔ ဆက္ဆံေရးတစ္ခု တည္ေဆာက္ထားႏုိင္ရပါမယ္။ အဲဒီ ဆက္ဆံေရးထဲမွာ သင့္ရဲ႕၀န္ထမ္းေတြက သင့္ကုိေလးစားမႈေတြရွိမယ္၊ အထင္ႀကီးမႈေတြ၊ အားကုိးမႈေတြရွိမယ္၊ သင္ကလည္း ၀န္ထမ္းေတြကုိ ေႏြးေႏြးေထြးေထြးနဲ႔ဆက္ဆံမယ္၊ ပညာေတြေ၀မွ်ေပးမယ္ စတာေတြ ရွိေနမယ္ဆုိရင္ အဲဒီ ဆက္ဆံေရးကုိ ေအာင္ျမင္တဲ့ ဆက္ဆံေရးလုိ႔ ေျပာလုိ႔ရပါတယ္။

Sayar Guice banner design 2 3


(၃) ခြဲျခားဆက္ဆံတာမ်ိဳး မလုပ္မိပါေစနဲ႔
သင့္အေနနဲ႔ သင့္ရဲ႕ လက္ေအာက္က ၀န္ထမ္းေတြအားလုံးကုိ တေျပးညီထဲ ဆက္ဆံတယ္လုိ႔ လူအမ်ားက ထင္ၾကပါေစ။ ဒီလုိမွမဟုတ္ပဲ နီးစပ္ရာလူေတြကုိ ေနရာေပးတာမ်ိဳး၊ သင္နဲ႔ ခင္မင္တဲ့သူေတြကုိပဲ ရာထူးတုိး၊ လစာတုိးေပးတာမ်ိဳးဆုိရင္ တျခား၀န္ထမ္းေတြရဲ႕ လုပ္ႏုိင္စြမ္းအားေတြကုိ သင္ ခ်က္ခ်င္းပဲ ဆုံးရႈံးလုိက္ရမွာပါ။ ခြဲျခားဆက္ဆံတာမ်ိဳးက လုပ္ငန္းခြင္ေတြမွာ အျဖစ္မ်ားဆုံး ျပႆနာလုိ႔ ေျပာရၿပီး သင္ကုိယ္တုိင္မဟုတ္ပဲ သင့္ရဲ႕လက္ေအာက္က တဆင့္ခံအုပ္ခ်ဳပ္သူေတြမွာ ဒီလုိအျဖစ္မ်ိဳးရွိေနရင္လည္း အျမန္ဆုံး ေျဖရွင္းႏုိင္ဖုိ႔ လုိပါတယ္။

 


(၄) တြန္းအားေပးပါ
သင့္ရဲ႕ ၀န္ထမ္းေတြကုိ သင္ ဘယ္ေလာက္တြန္းအားေပးေနလဲ၊ ဘယ္လုိပုံစံနဲ႔ တြန္းအားေပးႏုိင္သလဲဆုိတဲ့ အေပၚမွာ မူတည္ၿပီး လုပ္ငန္းခြင္ ရလဒ္က ေျပာင္းလဲသြားပါေသးတယ္။ သင္က သင့္ရဲ႕၀န္ထမ္းေတြနဲ႔အတူ ကုိယ္တုိင္ပါ၀င္ၿပီး ေဆာင္ရြက္ေပးဖုိ႔လုိသလုိ ေဘးကေန တစ္ခ်ိန္လုံးေစာင့္ၾကည့္ၿပီး ကူညီေပးသူ ျဖစ္ေနဖုိ႔လည္း လုိပါတယ္။ ဒီလုိနည္းေတြနဲ႔ တြန္းအားေပးႏိုင္မွသာ သင္လုိခ်င္တဲ့ ရလဒ္မ်ိဳးကုိ ရမွာျဖစ္ၿပီး သင့္ရဲ႕ ေခါင္းေဆာင္မႈ အရည္အေသြးကလည္း ျမင့္တက္လာမွာပါ။

Human Resource Management သင္ၾကားေပးေသာ Guide ဆရာ၊ ဆရာမမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-281.html

 

 

Sources : Shwemom

Read times
Rate this articles
(0 votes)