×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 08 November 2019

"ယေန႔ကမာၻေပၚမွာ ေအာင္ျမင္ေက်ာ္ၾကားေနသူတို႔ ေန႔စဥ္ျပဳလုပ္ေလ့ရွိတဲ့ အ႐ိုးရွင္းဆုံးအရာမ်ား"

"ယေန႔ကမာၻေပၚမွာ ေအာင္ျမင္ေက်ာ္ၾကားေနသူတို႔ ေန႔စဥ္ျပဳလုပ္ေလ့ရွိတဲ့ အ႐ိုးရွင္းဆုံးအရာမ်ား" google

ေလာကမွာ လူႏွစ္မ်ိဳးႏွစ္စားရွိပါတယ္။ အခုလိုေျပာလို႔ ဘာကြာလို႔လဲ ေျခႏွစ္ေခ်ာင္း၊ လက္ႏွစ္ေခ်ာင္း၊ ေခါင္းႏွစ္လုံး ပါၿပီးေတာ့ ေလတစ္ခုထဲကိုပဲ ရႉရႈိက္ေနၾကတာဆိုၿပီးေတာ့ ေျပာေကာင္းေျပာလာႏိုင္ပါတယ္။

အခုေျပာျပခ်င္တဲ့ လူသားႏွစ္မ်ိဳးဆိုတာကေတာ့ ေအာင္ျမင္မႈကို ဆြတ္ခူးထားသူေတြနဲ႔ ေအာင္ျမင္မႈကို လိုခ်င္တပ္မက္လို႔ ႀကိဳးစားေနၾကဆဲသူေတြပါပဲ။


ေအာင္ျမင္မႈကို ဆြတ္ခူးထားသူေတြအေနနဲ႔လည္း ဒီအတိုင္း စိတ္ထဲရွိတိုင္း ျဖစ္လာတာမဟုတ္ပါဘူး။ သူမ်ားေတြနည္းတူ ကိုယ္ကလည္း ေအာင္ျမင္မႈကို ပိုင္ဆိုင္ခ်င္သူတစ္ဦးဆိုရင္ လက္ရွိေလာကမွာ ေအာင္ျမင္ေနတဲ့ စီအီးအိုေတြနဲ႔ ကုမၼဏီဥကၠဌေတြေျပာျပထားတဲ့ လွ်ိဳ႕ဝွက္ခ်က္ေလးေတြကို သိထားဖို႔ေတာ့ လိုပါလိမ့္မယ္။

 

၁။ မနက္ေစာေစာ အိပ္ရာထတယ္

Apple, Starbucks, Disney ရဲ႕ စီအီးအိုတို႔ဟာဆိုရင္ မနက္ေစာေစာ အိပ္ရာထေလ့ရွိၾကသူေတြထဲမွာ အပါအဝင္ျဖစ္ၾကပါတယ္။ မနက္ခင္းအခ်ိန္မွာ ကြၽန္မတို႔ရဲ႕ ဦးေႏွာက္ေတြက ထက္ျမက္ေနတဲ့အျပင္ ေစာေစာအိပ္ရာထတာေၾကာင့္ ေနဖင္ထိုးေအာင္အိပ္ေနသူေတြထက္ ေျခတစ္လွမ္းသာေနပါလိမ့္မယ္။

 


၂။ ဦးစားေပးသတ္မွတ္တတ္တယ္

ေအာင္ျမင္ၿပီးသား လူအမ်ားစုဟာ သူတို႔လုပ္ရမယ့္စာရင္းထဲက အေရးႀကီးဆုံး အရာတစ္ခုကို ေ႐ြးခ်ယ္ၿပီး အီးေမးလ္ေတြနဲ႔ ဖုန္းမက္ေဆ့ခ်္ေတြမၾကည့္ခင္ ဦးဆုံးလုပ္တတ္ၾကပါတယ္။ လုပ္စရာရွိတာကို အၿပီးသတ္မလုပ္ဘူးဆိုရင္ေတာ့ တစ္ေန႔တာလုံးမွာ တျခားအလုပ္ေတြမလုပ္ႏိုင္ေအာင္ အဟန႔္အတားျဖစ္လာေစႏိုင္ပါတယ္။

 


၃။ ေလ့က်င့္ခန္းလုပ္တယ္

နာမည္ေက်ာ္ အႏုပညာရွင္ေတြကေန ေအာင္ျမင္ေက်ာ္ၾကားတဲ့ စီးပြားေရးသမားေတြအထိ တူညီတဲ့အရာတစ္ခုကေတာ့ ေလ့က်င့္ခန္းမွန္မွန္လုပ္ၾကျခင္းပါပဲ။ ေျပးတာ၊ ေယာဂက်င့္တာ၊ ဇြန္ဘာကတာ စတဲ့ ကိုယ္ႏွစ္သက္ရာ ေလ့က်င့္ခန္းတစ္ခုခုကိုေ႐ြးခ်ယ္ၿပီး ျပဳလုပ္ေပးျခင္းက သင့္ကိုအားအင္ျဖစ္ေစကာ အာ႐ုံစူးစိုက္မႈအားလည္း ေကာင္းလာပါေစလိမ့္မယ္။

Recommended For You >>> အျငင္းခံရတဲ့အခါ မေအာင္ျမင္ႏိုင္ေတာ့ဘူးလား?

 


၄။ စာဖတ္တယ္

Bill Gates နဲ႔ Emma Watson တို႔ဟာဆိုရင္ စာအရမ္းဖတ္ၾကတဲ့ ေအာင္ျမင္သူမ်ားထဲမွာ အပါအဝင္ျဖစ္ပါတယ္။ စာအုပ္ေတြ၊ ေဆာင္းပါးေတြ၊ ကဗ်ာေတြ၊ ရွိသမွ် ဖတ္လို႔ရတာေတြအကုန္လုံးက သင့္ကို ဗဟုသုတျဖစ္ေစပါတယ္။

 


၅။ ျပင္ဆင္မႈရွိတယ္

ေအာင္ျမင္တဲ့လူမ်ားဟာ မနက္ခင္းေရာက္တာနဲ႔ ခ်က္ခ်င္းထသြားႏိုင္ဖို႔အတြက္ အဝတ္အစားေ႐ြးတာကေန အထုပ္အပိုးေတြျပင္ဆင္တာ၊ ညကတည္းက ဟင္းေတြႀကိဳခ်က္ထားတာ စသျဖင့္ မတိုင္ခင္ညကတည္းက ႀကိဳတင္ၿပီး ျပင္ဆင္ေလ့ရွိၾကပါတယ္။

 


၆။ အကူအညီေတာင္းခံတယ္

ေအာင္ျမင္မႈကို ပိုင္ဆိုင္ဖို႔ဆိုတာ တစ္ေယာက္တည္းဘယ္လိုမွမျဖစ္ႏိုင္ပါဘူး။ ကိုယ့္အတြက္ ဥာဏ္ပညာ၊ အသိပညာနဲ႔ ဗဟုသုတေတြကို ေပးစြမ္းႏိုင္တဲ့ အေကာင္းဆုံးေသာအရင္းအျမစ္ကေတာ့ ကိုယ့္အနီးအနားကလူေတြပါပဲ။ ကိုယ္မထင္မွတ္ထားတဲ့ ပုံစံေတြနဲ႔လည္း ကိုယ့္ကိုကူညီေပးႏိုင္ပါတယ္။

ဤWebsite တြင္ ေက်ာင္းပညာအေထာက္အကူျပဳဘာသာ၊ ႏိုင္ငံျခားဘာသာ၊ ဂီတ၊ ကြန္ပ်ဴတာ၊ ဒီဇိုင္းပညာ၊ အႏုပညာ၊သက္ေမြးဝမ္းေက်ာင္းမွဳပညာစသည့္ဘာသာရပ္အမ်ဳိးမ်ဳိးကိုအနီးကပ္သင္ျပေပးသည့္ ဆရာ/ဆရာမမ်ားကို လြယ္ကူ စြာ႐ွာေဖြႏိုင္ပါသည္။
ဝင္ေရာက္ရွာေဖြလိုပါက ဤလင့္ခ္ https://www.sayar.com.mm/subjects.html တြင္ အခမဲ့ ဝင္ေရာက္ရ်ာေဖြႏို္င္ပါသည္။


Thinzar (Lifestyle_Myanmar)

 

UNICODE

"ယနေ့ကမ္ဘာပေါ်မှာ အောင်မြင်ကျော်ကြားနေသူတို့ နေ့စဉ်ပြုလုပ်လေ့ရှိတဲ့ အရိုးရှင်းဆုံးအရာများ"
လောကမှာ လူနှစ်မျိုးနှစ်စားရှိပါတယ်။ အခုလိုပြောလို့ ဘာကွာလို့လဲ ခြေနှစ်ချောင်း၊ လက်နှစ်ချောင်း၊ ခေါင်းနှစ်လုံး ပါပြီးတော့ လေတစ်ခုထဲကိုပဲ ရှူရှိုက်နေကြတာဆိုပြီးတော့ ပြောကောင်းပြောလာနိုင်ပါတယ်။ အခုပြောပြချင်တဲ့ လူသားနှစ်မျိုးဆိုတာကတော့ အောင်မြင်မှုကို ဆွတ်ခူးထားသူတွေနဲ့ အောင်မြင်မှုကို လိုချင်တပ်မက်လို့ ကြိုးစားနေကြဆဲသူတွေပါပဲ။


အောင်မြင်မှုကို ဆွတ်ခူးထားသူတွေအနေနဲ့လည်း ဒီအတိုင်း စိတ်ထဲရှိတိုင်း ဖြစ်လာတာမဟုတ်ပါဘူး။ သူများတွေနည်းတူ ကိုယ်ကလည်း အောင်မြင်မှုကို ပိုင်ဆိုင်ချင်သူတစ်ဦးဆိုရင် လက်ရှိလောကမှာ အောင်မြင်နေတဲ့ စီအီးအိုတွေနဲ့ ကုမ္မဏီဥက္ကဌတွေပြောပြထားတဲ့ လျှို့ဝှက်ချက်လေးတွေကို သိထားဖို့တော့ လိုပါလိမ့်မယ်။

၁။ မနက်စောစော အိပ်ရာထတယ်

Apple, Starbucks, Disney ရဲ့ စီအီးအိုတို့ဟာဆိုရင် မနက်စောစော အိပ်ရာထလေ့ရှိကြသူတွေထဲမှာ အပါအဝင်ဖြစ်ကြပါတယ်။ မနက်ခင်းအချိန်မှာ ကျွန်မတို့ရဲ့ ဦးနှောက်တွေက ထက်မြက်နေတဲ့အပြင် စောစောအိပ်ရာထတာကြောင့် နေဖင်ထိုးအောင်အိပ်နေသူတွေထက် ခြေတစ်လှမ်းသာနေပါလိမ့်မယ်။


၂။ ဦးစားပေးသတ်မှတ်တတ်တယ်

အောင်မြင်ပြီးသား လူအများစုဟာ သူတို့လုပ်ရမယ့်စာရင်းထဲက အရေးကြီးဆုံး အရာတစ်ခုကို ရွေးချယ်ပြီး အီးမေးလ်တွေနဲ့ ဖုန်းမက်ဆေ့ချ်တွေမကြည့်ခင် ဦးဆုံးလုပ်တတ်ကြပါတယ်။ လုပ်စရာရှိတာကို အပြီးသတ်မလုပ်ဘူးဆိုရင်တော့ တစ်နေ့တာလုံးမှာ တခြားအလုပ်တွေမလုပ်နိုင်အောင် အဟန့်အတားဖြစ်လာစေနိုင်ပါတယ်။


၃။ လေ့ကျင့်ခန်းလုပ်တယ်

နာမည်ကျော် အနုပညာရှင်တွေကနေ အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးသမားတွေအထိ တူညီတဲ့အရာတစ်ခုကတော့ လေ့ကျင့်ခန်းမှန်မှန်လုပ်ကြခြင်းပါပဲ။ ပြေးတာ၊ ယောဂကျင့်တာ၊ ဇွန်ဘာကတာ စတဲ့ ကိုယ်နှစ်သက်ရာ လေ့ကျင့်ခန်းတစ်ခုခုကိုရွေးချယ်ပြီး ပြုလုပ်ပေးခြင်းက သင့်ကိုအားအင်ဖြစ်စေကာ အာရုံစူးစိုက်မှုအားလည်း ကောင်းလာပါစေလိမ့်မယ်။

Recommended For You >>> အငြင်းခံရတဲ့အခါ မအောင်မြင်နိုင်တော့ဘူးလား?


၄။ စာဖတ်တယ်

Bill Gates နဲ့ Emma Watson တို့ဟာဆိုရင် စာအရမ်းဖတ်ကြတဲ့ အောင်မြင်သူများထဲမှာ အပါအဝင်ဖြစ်ပါတယ်။ စာအုပ်တွေ၊ ဆောင်းပါးတွေ၊ ကဗျာတွေ၊ ရှိသမျှ ဖတ်လို့ရတာတွေအကုန်လုံးက သင့်ကို ဗဟုသုတဖြစ်စေပါတယ်။


၅။ ပြင်ဆင်မှုရှိတယ်

အောင်မြင်တဲ့လူများဟာ မနက်ခင်းရောက်တာနဲ့ ချက်ချင်းထသွားနိုင်ဖို့အတွက် အဝတ်အစားရွေးတာကနေ အထုပ်အပိုးတွေပြင်ဆင်တာ၊ ညကတည်းက ဟင်းတွေကြိုချက်ထားတာ စသဖြင့် မတိုင်ခင်ညကတည်းက ကြိုတင်ပြီး ပြင်ဆင်လေ့ရှိကြပါတယ်။


၆။ အကူအညီတောင်းခံတယ်

အောင်မြင်မှုကို ပိုင်ဆိုင်ဖို့ဆိုတာ တစ်ယောက်တည်းဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ကိုယ့်အတွက် ဉာဏ်ပညာ၊ အသိပညာနဲ့ ဗဟုသုတတွေကို ပေးစွမ်းနိုင်တဲ့ အကောင်းဆုံးသောအရင်းအမြစ်ကတော့ ကိုယ့်အနီးအနားကလူတွေပါပဲ။ ကိုယ်မထင်မှတ်ထားတဲ့ ပုံစံတွေနဲ့လည်း ကိုယ့်ကိုကူညီပေးနိုင်ပါတယ်။

ဤWebsite တွင် ကျောင်းပညာအထောက်အကူပြုဘာသာ၊ နိုင်ငံခြားဘာသာ၊ ဂီတ၊ ကွန်ပျူတာ၊ ဒီဇိုင်းပညာ၊ အနုပညာ၊သက်မွေးဝမ်းကျောင်းမှုပညာစသည့်ဘာသာရပ်အမျိုးမျိုးကိုအနီးကပ်သင်ပြပေးသည့် ဆရာ/ဆရာမများကို လွယ်ကူ စွာရှာဖွေနိုင်ပါသည်။
ဝင်ရောက်ရှာဖွေလိုပါက ဤလင့်ခ် https://www.sayar.com.mm/subjects.html တွင် အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။


Thinzar (Lifestyle_Myanmar)

 

 

Read times
Rate this articles
(0 votes)