ဘာသာစကားအသစ်တခုကို လေ့လာခြင်းသည် ပန်းခြံထဲတွင်လမ်းလျှောက်သလောက်မလွယ်ကူပါဘူး။ သို့ပေမယ့် သင်တကယ်လုပ်ဆောင်မည်ဟုစိတ်ဆုံးဖြတ်ထားလျှင် အခက်အခဲများကို ကျော်လွှားနိုင်ပါလိမ့်မည်။
၁။ ဘာသာစကားအသစ်တစ်ခုကို သင်ယူလေ့လာခြင်းဖြင့် ပိုမိုမြန်ဆန်ပြီး ထိရောက်မှုရှိသော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန်ကူညီပေးပါသည်။ စကားပြောလေ့ကျင့်သောအချိန်တွင် သင်ပြောချင်သော အကြောင်းအရာများကို ဖော်ပြနိုင်ဖို့အတွက် ဘယ်လိုစကားလုံးမျိုး နဲ့ ဘယ်လိုစာကြောင်းတွေကို ရွေးချယ်သင့်သလဲဆိုတာကို လျင်လျင်မြန်မြန်ဆုံးဖြတ်ဖို့သင့် ဦးနှောက်ကို တွန်းအားပေးနေပါလိမ့်မယ်။ ထို့ကြောင့်ဘာသာစကားလေ့လာခြင်းဖြင့် သင့်ဦးနှောက်၏တွေးခေါ်နိုင်မှုစွမ်းရည်ကို တိုးတက်စေပါတယ်။
၂။ ဘာသာစကားအသစ်တခုကို သင်ယူခြင်းဖြင့် သင့်ရဲ့အတွေးအခေါ်တွေကို ပိုမိုကျယ်ပြန့်လာစေပါတယ်။ ထို့ပြင် သင်ရဲ့ အလုပ်အကိုင် (career) အခွင့်အလမ်းကို ရွေးချယ်ရာတွင်လည်းပိုမိုများပြားသော အခွင့်အရေးကို ရရှိစေမှာဖြစ်ပါတယ်။
၃။ လူအများစုသည် သူတို့နှင့်မရင်းနှီးသော ယဉ်ကျေးမှုအသစ် ဘာသာစကားအသစ် တို့ကိုလေ့လာရခြင်းကို နှစ်သက်ကြပါတယ်။ အခြားလူများနှင့်စကားပြောဆိုရာတွင် ပိုမိုဆွဲဆောင်မှုရှိသောလူတစ်ယောက်အဖြစ် သင်အပေါ်၌ စိတ်ဝင်စားမှုရှိစေပါတယ်။
၎။ ဘာသာစကားခြားနားမှုကိုသာ ဖယ်ရှားနိုင်မည်ဆိုလျှင် သင်သည် ကမ္ဘာကြီးနှင့် ပိုမိုဆက်သွယ်နိုင်ပြီး ခရီးသွားသည့်အခါတွင်လည်း ဒေသခံလူများနှင့်အဆက်အသွယ်ပြုလုပ်နိုင်ပြီး မတူညီသော အတွေ့အကြုံများကို ရရှိစေနိုင်ပါတယ်။
READ - အင်္ဂလိပ်စကားပြောစွမ်းရည်ကို တိုးတက်စေဖို့ နည်းလမ်းများ
၅။ သင်ဘာသာစကားအသစ်တစ်ခုတတ်မြောက်ပြီးသွားပါက ထိုသို့တတ်မြောက်ရန် လေ့လာရမည့်နည်းလမ်းများကို သင်သိမြင်သွားသောကြောင့် အခြားသော တိတယ၊ စတုတ္ထဘာသာစကားတို့ကို ထပ်မံလေ့လာရာတွင် လွယ်ကူသွားပါလိမ့်မည်။ ဘာသာစကားအသစ်တစ်ခု တတ်မြောက်ပြီးတိုင်း ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမိုရရှိစေပါတယ်။
၆။ သိပ္ပံပညာရှင်များနှင့် သုတေသီများသည် ဦးနှောက်ကို ကြွက်သားများနှင့်တူသည်ဟု မကြာခဏ ရည်ညွှန်းလေ့ရှိပါတယ်။ ကျွန်ုပ်တို့၏ဦးနှောက်သည် စကားလုံးအသစ်များ အကြောင်းအရာအသစ်များကို မှတ်မိရန် လေ့ကျင့်ပေးရပါတယ်။ ထိုသို့လေ့ကျင့်ပေးခြင်းဖြင့် သင့်ရဲ့ဦးနှောက်သည် ကြွက်သားများကဲ့သို့ ပိုမိုသန်မာလာစေပါတယ်။ မှတ်ဥာဏ်စွမ်းရည်လည်း တိုးတက်လာစေပါတယ်။
၇။ သင် သင်ယူတတ်မြောက်ထားသော ဘာသာစကားအသစ်တစ်ခုမှ ယဉ်ကျေးမှုအမွေအနှစ်များ နှင့်သင့်၏ကိုယ်ပိုင် ယဉ်ကျေးမှုအကြားခြားနားမှုတို့ကို လေ့လာမိစေပါတယ်။ ထိုအခါသင့်ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာရေးနှင့် နိုင်ငံသမိုင်းကြောင်းတွေကိုပါ သိရှိနိုင်စေပါတယ်။
READ - ဥာဏ်ကြီးရှင်တစ်ယောက်ဖြစ်လာအောင် ဘယ်လိုလုပ်မလဲ
Source ; Lifehack