×

Warning

JUser: :_load: Unable to load user with ID: 723


Student

Print this page
Friday, 12 January 2018

ဂ်ပန္နိုင္ငံမွ ေပးအပ္သည့္ ပညာသင္ဆုမ်ား

ဂ်ပန္နိုင္ငံမွ ေပးအပ္သည့္ ပညာသင္ဆုမ်ား google.com

ဂ်ပန္ႏိုင္ငံ International University of Japan ရွိ Graduate School of International Relations (GSIR) ႏွင့္ Graduate School of International Management (GSIM) တို႔မွ Master Degree ပညာသင္ဆု အစီအစဥ္အျဖစ္

Master Degree Programs in International Relations, International Development, Public Management and Policy Analysis, Public Policy, Business Administration, E-Business Management တို႔ကိုလည္းေကာင္း၊ Ph.D Program ပညာသင္ဆုအျဖစ္ Graduate School of International Relations (GSIR) ဘာသာရပ္မ်ားကိုလည္းေကာင္း ၂၀၁၈ ပညာသင္ႏွစ္အတြက္ ေပးအပ္သြားမွာ ျဖစ္တယ္လို႔ ကုန္သည္ စက္မႈအသင္းခ်ဳပ္က သိရပါတယ္။

ပညာသင္ဆုမ်ားကို ကုန္သည္စက္မႈအသင္းခ်ဳပ္ ၀န္ထမ္းမ်ား၊ အသင္းခ်ဳပ္ အသင္းဝင္ ကုမၸဏီမ်ား၏ အဖြဲ႕ဝင္မ်ား (သို႔) ဝန္ထမ္းမ်ား၊ ညီေနာင္အသင္းမ်ားမွ ဝန္ထမ္းမ်ားႏွင့္ CEC/EC မ်ားက ေလွ်ာက္ထားႏိုင္မွာ ျဖစ္ပါတယ္။ ပညာသင္ဆုေလ်ွာက္ထားလိုသူေတြအေနနဲ႔ အသင္းခ်ဳပ္၏ ခြင့္ျပဳခ်က္ ရယူလိုပါက အမႈေဆာင္အရာရွိ ခ်ဳပ္ထံလိပ္မူ၍ ကိုယ္တိုင္ေရးေလွ်ာက္လႊာတစ္ေစာင္၊ ေလွ်ာက္ထားသူ၏ CV၊ ဓာတ္ပံု၊ အသင္းခ်ဳပ္ အသင္း၀င္ကဒ္ မိတၱဴ၊ မွတ္ပံုတင္မိတၱဴတို႔ကို ပူးတြဲ၍ အသင္းခ်ဳပ္ႏွင့္ ညီေနာင္အသင္းမ်ားမွ အမႈေဆာင္/ဝန္ထမ္း၊ အသင္းခ်ဳပ္၊ အသင္းဝင္ ကုမၸဏီမ်ားမွ အဖြဲ႕ဝင္ (သို႔) ဝန္ထမ္းျဖစ္ေၾကာင္း ေထာက္ခံစာတို႔ႏွင့္အတူ ေပးပို႔ေလ်ွာက္ထားရမွာျဖစ္တယ္ လို႔သိရပါတယ္။

Recommended for you - ဂ်ပန္၊ ကိုရီးယား ဘာသာစကားေလ့လာေနသူမ်ားအတြက္ android app မ်ား

ပညာသင္ဆုေတြနဲ႔ ပတ္သက္ၿပီး တကၠသိုလ္၏ သက္ဆိုင္ရာဝက္ဘ္ဆိုက္ျဖစ္တဲ့       http://www.iuj.ac.jp/admis/ မွာ ဝင္ေရာက္ေလ့လာၿပီး အသင္းခ်ဳပ္ရဲ႕ ခြင့္ျပဳခ်က္စာကို ပူးတြဲကာ ဝက္ဘ္ဆိုက္မွာ သတ္မွတ္ထားတဲ့ ရက္ထက္ေနာက္မက်ဘဲ ယွဥ္ၿပိဳင္ေလွ်ာက္ထားႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ အေသးစိတ္သိ႐ွိလိုပါက HRD ဌာန၊ ဖုန္း ၀၁-၂၃၁၄၃၄၄ ~ ၄၉(လိုင္းခြဲ ၁၃၃၊ ၁၃၄) ႏွင့္ Email: This email address is being protected from spambots. You need JavaScript enabled to view it. သို႔ ဆက္သြယ္စံုစမ္းႏိုင္ပါတယ္။

Source: internetjournal

[Unicode Version]

ဂျပန်နိုင်ငံ International University of Japan ရှိ Graduate School of International Relations (GSIR) နှင့် Graduate School of International Management (GSIM) တို့မှ Master Degree ပညာသင်ဆု အစီအစဉ်အဖြစ် Master Degree Programs in International Relations, International Development, Public Management and Policy Analysis, Public Policy, Business Administration, E-Business Management တို့ကိုလည်းကောင်း၊ Ph.D Program ပညာသင်ဆုအဖြစ် Graduate School of International Relations (GSIR) ဘာသာရပ်များကိုလည်းကောင်း ၂၀၁၈ ပညာသင်နှစ်အတွက် ပေးအပ်သွားမှာ ဖြစ်တယ်လို့ ကုန်သည် စက်မှုအသင်းချုပ်က သိရပါတယ်။ 


ပညာသင်ဆုများကို ကုန်သည်စက်မှုအသင်းချုပ် ၀န်ထမ်းများ၊ အသင်းချုပ် အသင်းဝင် ကုမ္ပဏီများ၏ အဖွဲ့ဝင်များ (သို့) ဝန်ထမ်းများ၊ ညီနောင်အသင်းများမှ ဝန်ထမ်းများနှင့် CEC/EC များက လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ပညာသင်ဆုလျှောက်ထားလိုသူတွေအနေနဲ့ အသင်းချုပ်၏ ခွင့်ပြုချက် ရယူလိုပါက အမှုဆောင်အရာရှိ ချုပ်ထံလိပ်မူ၍ ကိုယ်တိုင်ရေးလျှောက်လွှာတစ်စောင်၊ လျှောက်ထားသူ၏ CV၊ ဓာတ်ပုံ၊ အသင်းချုပ် အသင်းဝင်ကဒ် မိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့ကို ပူးတွဲ၍ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်/ဝန်ထမ်း၊ အသင်းချုပ်၊ အသင်းဝင် ကုမ္ပဏီများမှ အဖွဲ့ဝင် (သို့) ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာတို့နှင့်အတူ ပေးပို့လျှောက်ထားရမှာဖြစ်တယ် လို့သိရပါတယ်။

Recommended for you - ဂျပန်၊ ကိုရီးယား ဘာသာစကားလေ့လာနေသူများအတွက် android app များ
ပညာသင်ဆုတွေနဲ့ ပတ်သက်ပြီး တက္ကသိုလ်၏ သက်ဆိုင်ရာဝက်ဘ်ဆိုက်ဖြစ်တဲ့ http://www.iuj.ac.jp/admis/ မှာ ဝင်ရောက်လေ့လာပြီး အသင်းချုပ်ရဲ့ ခွင့်ပြုချက်စာကို ပူးတွဲကာ ဝက်ဘ်ဆိုက်မှာ သတ်မှတ်ထားတဲ့ ရက်ထက်နောက်မကျဘဲ ယှဉ်ပြိုင်လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုပါက HRD ဌာန၊ ဖုန်း ၀၁-၂၃၁၄၃၄၄ ~ ၄၉(လိုင်းခွဲ ၁၃၃၊ ၁၃၄) နှင့် Email: This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Source: internetjournal

 

Read times Last modified on Friday, 03 January 2020 10:45
Rate this articles
(0 votes)