×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Wednesday, 06 June 2018

ဖြစ်မှန်းမသိ ဖြစ်နေတဲ့ စိတ်ရောဂါဆိုတာ

ဖြစ်မှန်းမသိ ဖြစ်နေတဲ့ စိတ်ရောဂါဆိုတာ google.com

လူတွေက ကိုယ့်ကိုယ်ကို အသိဆုံးလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို သတိမထားမိတဲ့အချက်တွေ အများကြီး ရှိပါတယ်။ တခါတလေမှာ ကိုယ့်စိတ်ကို သတိမထားမိတတ်ကြပါဘူး။

တချို့လူတွေက သူတို့ဆီမှာ ဖြစ်မှန်းမသိဖြစ်နေတဲ့ စိတ်ရောဂါခံစားနေရတယ်ဆိုတာ မသိကြပါဘူး။

OCD ဆိုတာ အရှည်ကောက်ကတော့ Obsessive Compulsive Disorder မြန်မာလို အနီးစပ်ဆုံး ပြောရရင် စိတ်မှာတနုံ့နုံ့ ဖြစ်တဲ့ရောဂါ လို့ဆိုရမယ် ထင်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တချို့သော OCD ဝေဒနာသည်တွေ ရှိပေမယ့် သူတို့ကိုယ် သူတို့ ဘာဖြစ်မှန်း သတိမထားမိကြပဲ ရှိတတ်ပါတယ်။

 

() သန့်ရှင်းရေး အလွံအကျွံ လုပ်တာ

လူတွေက သူတို့ ခန္ဓာကိုယ်နဲ့ ပတ်ဝန်းကျင်ကို သန့်သန့်ပြန့်ပြန့် ရှိလိုကြတာ သဘာဝပါပဲ ။ ဒါပေမယ့် တချို့ကတော့ သူတို့နေထိုင်ရာ ဝန်းကျင်တစ်ခုလုံးကို စိတ်မသန့်ပဲ အချိန်နဲ့အမျှ သန့်ရှင်းရေးလုပ်လိုတာမျိုးပါ ။ လက်တွေကို ၅ မိနစ်ခြား တစ်ခါလောက်ဆေးလိုတာ ၊ အိပ်နေရင်း အိပ်ယာ ကို စိတ်မသန့်ပဲ ခဏ ခဏ ထသန့်ရှင်းတာ ၊ အိမ်က ပစ္စည်းတွေကို မလိုအပ်ပဲ မကြာခဏ ဆေးကြောသန့်စင်လိုတာတွေဟာ OCD ပါပဲ ။


(
) စိတ်မချ ဖြစ်တာ

ကြုံဖူးကြပါလိမ့်မယ် ၊ အိမ်သော့ မပိတ်ခဲ့ဘူး ထင်ပြီး စိတ်မချပဲ ၃ /၄ ခေါက် သွားပြန်ကြည့်တတ်တဲ့လူတွေ ၊ မီးဖို ပိတ်ထားတာကို ဖွင့်ထားတယ် ထင်ပြီး ခဏ ခဏ သွားကြည့်တဲ့ လူတွေ ။ မလိုအပ်တဲ့ အရာတွေကို အမြဲတမ်း စိတ်ပူပြီး တနုံ့နုံ့ ဖြစ်နေ သူတွေဖြစ်ပါတယ် ။


(
) တစုတစည်း ဖြစ်လိုစိတ်

မြင်သာအောင်ပြောရရင် ပစ္စည်းတွေ ပြန့်ကျဲ နေတာမျိုးကို လုံးဝ နေမထိထိုင်မသာ ဖြစ်တဲ့ စိတ်ကို OCD သမားတွေမှာ တွေ့ရတတ်ပါတယ် ။ ဒါ့အပြင် အရောင်တွေ သေချာ Organize မဖြစ်ပဲ ရောနှောနေတာ ၊ အမျိုးအစား မတူတဲ့ အရာဝတ္ထှု တွေကို စနစ်တကျ ပြန်မစီရရင် မနေနိုင်တာဟာ OCD တစ်မျိုးပါပဲ ။


(
) မလိုအပ်ပဲ ရေတွက်ခြင်း

လှေကားတတ်ရင် ၁ ၂ ၃ ၄ ရေတွက်ပြီး တတ်မိတာ ၊ ကြားရတဲ့ ဘဲလ်သံလိုမျိုးတွေကို အကြိမ်အခါ ရေမိတာ အစရှိတဲ့ Pattern တွေကို မလိုအပ်ပဲ ရေနေတာဟာ စိတ်ရောဂါ OCD ပါပဲ ။


ဒါတွေကတော့ ကျွန်တော် တို့ ပတ်ဝန်းကျင်မှာ အတွေ့များတဲ့ OCD လက္ခဏာ တွေပါ ။ အစာစားရင် မြည်တဲ့ အသံကို မခံစားနိုင်တာ ၊ ပိုက်ဆံရေလို့ ထွက်တဲ့ အသံကို နားမခံနိုင်တာ ၊ အလုပ်တစ်ခုကို ထပ်တလဲလဲ အဆက်မပြတ်လုပ်တာ အစရှိတဲ့ အခြားသော OCD Symptoms တွေလည်း များစွာရှိပါသေးတယ် ။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။ source; Lunge.media

Recommended for you - လူလည်တစ်ယောက်ဖြစ်ကြောင်းဘယ်လိုသိနိုင်မလဲ

Read times Last modified on Wednesday, 08 January 2020 14:12
Rate this articles
(2 votes)