×

Warning

JUser: :_load: Unable to load user with ID: 723


Student

Tuesday, 05 June 2018

ဂျပန်နိုင်ငံသို့ ပညာသွားရောက်သင်ကြားမည့်သူများအတွက် ပညာရေးဆွေးနွေးပွဲ

ဂျပန်နိုင်ငံသို့ ပညာသွားရောက်သင်ကြားမည့်သူများအတွက် ပညာရေးဆွေးနွေးပွဲ google.com

ယခုဆိုလျှင် အင်္ဂလိပ်ဘာသာစကားပြီးလျှင် ဂျပန်ဘာသာစကားက အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပြီး ဒုတိယသင်ယူမှုအများဆုံး ဘာသာစကားလည်း ဖြစ်သည်။ ဂျပန်ဘာသာစကားသင်ယူသူအများစုသည် ဂျပန်ကုမ္ပဏီတွင် လုပ်ကိုင်ရန်ဖြစ်သည်။

ဂျပန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီအများစု ဝင်ရောက်လာသည့်အတွက် ဂျပန်ဘာသာစကားကျွမ်းကျင်သူတို့သည် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရွေးချယ်နိုင်သည်။

နောက်တစ်ချက်ကတော့ ဂျပန်နိုင်ငံပညာရေးကို စိတ်ဝင်စားပြီး ဂျပန်တွင်ကျောင်းသွားတက်ချင်သည့် လူငယ်များလည်း သင်ယူကြသည်။ 

ဂျပန်မှာ ကျောင်းတက်ပြီး အလုပ်လုပ်ချင်သူများအတွက် ဂျပန်သံရုံးမှ ကြီးမှူးကျင်းပပေးမည့် ပညာတော်သင်ဆုဆွေးနွေးပွဲ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီဆွေးနွေးပွဲလေးကို လစဉ်ဒုတိယပတ်ဗုဒ္ဓဟူးနေ့တိုင်းတွင် နေ့လည် ၂နာရီ မှ ၄နာရီအထိ၊ ဂျပန်သံရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။

ဒီလအတွက် ဆွေးနွေးပွဲလေးကို ဇွန်လ ၁၃ ရက်နေ့ ဂျပန်သံရုံးရှိ အစည်းအဝေးခန်းမတွင် နေ့လည် ၂နာရီ မှ ၄နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။မန်မာဘာသာစကားဖြင့် အခမဲ့ ဆွေးနွေးပေးသွားမှာပါ။

လူဦးရေ အကန့်အသတ်ရှိလို့ 01-549644 - 48(Ext: 412) ဒီဖုန်းနံပါတ်ကို ဆက်သွယ်ပြီး မြန်မြန်လေး register လုပ်ပေးပါခင်ဗျှာ။


ဂျပန်နိုင်ငံမှာ ပညာသင်ကြားဖို့ စိတ်ပါဝင်စားသူ မည်သူမဆိုလာရောက်ဆွေးနွေးကြည့်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။ 

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။

source; embassy of japan in myanmar

Recommended for you - Engineer လောင်းလေးတွေ ဂျပန်မှာ အလုပ်သွားလုပ်မယ်ဆိုရင်

Read times Last modified on Wednesday, 08 January 2020 14:10
Rate this articles
(1 Vote)