×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Monday, 04 June 2018

လူလည်တစ်ယောက်ဖြစ်ကြောင်းဘယ်လိုသိနိုင်မလဲ

လူလည်တစ်ယောက်ဖြစ်ကြောင်းဘယ်လိုသိနိုင်မလဲ google.com

လူတစ်ကိုယ် စိတ်တစ်မျိုးဆိုသလို လူအမျိုးမျိုးရှိပါတယ်။ နုံနုံအအနဲ့ လူတွေရှိသလို အရမ်းလည်ဝယ်ပြီး သူများအပေါ်မှာ ယုတ်မာတဲ့သူတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းရမှာပါ။ ဒါပေမယ့် လူလည်တွေကိုတော့ သတိရှိရှိနဲ့ ပေါင်းသင်းဖို့  လိုပါတယ်။


(
) များသောအားဖြင့် လူလည်တွေဟာ တချိန်လုံးနီးပါး လိမ်ပြောကြပါတယ်။ သူတို့ဟာ လိမ်လည်ပြောဆိုခြင်းရဲ့ အပြစ်တွေကို မကြောက်သလို လိမ်တာကို အပြစ်လို့တောင် မခံယူထားတဲ့ သူတွေပါ။


(
) သူတို့တွေဟာ အရမ်းမြှောက်ပင့်ပြောဆိုတတ်ကြပါတယ်။ သူတို့ဟာ လောကဝတ် စကားတွေကို ရွှန်းရွှန်းဝေအောင် ပြောတတ်ကြပါတယ်။


(
) သူတို့တွေဟာ အခြေအနေအရပ်ရပ်ကို သုံးသပ်နိုင်စွမ်း အပြည့်အဝရှိပြီး လူတန်းစားပေါင်းစုံနဲ့ လိုက်လျောညီထွေ နေတတ်ကြပါတယ်။


(
) သူတို့ဟာ တစ်ကိုယ်ကောင်းလည်း အလွန်ဆန်ကြပါသေးတယ်။ ဒါကြောင့်သူတို့ဟာ သူတို့အတွက် အကျိုးအမြတ် မရဘူးထင်ရင် ဘယ်သူ့ကိုမှ မကူညီတတ်ကြပါဘူး။

recommended for you - ပီးပြည့်စုံတဲ့အချိန်ကို ကိုယ်တိုင်ဖန်တီးပါ


(
) သူတို့ဟာ လူတစ်ယောက်ကို ချီးကျူးသလိုနဲ့ စကားလုံးလုံးလှလှတွေသုံးပြီး တစ်ဖက်လူခံရခက်အောင် ပျစ်ပျစ်နှစ်နှစ်ဝေဖန်ကြပါသေးတယ်။


(
) သူတို့တွေဟာ အရမ်းမျက်နှာလိုက်တတ်သူ တွေဖြစ်ပြီး သူတို့အတွက် အသုံးဝင်နိုင်ချေ မရှိတဲ့သူတွေကို လုံးဝအခေါ်မပြောမလုပ်ဘဲ လှလှပပနဲ့ ရှောင်ဖယ်တတ်ကြပါတယ်။


(
) သူတို့ဟာ လူအများရှေ့ရောက်ရင် သူတို့ဘယ်လောက် စေတနာကြီးကြောင်း၊ ရက်ရောတတ်ကြောင်း၊ သည်းခံတတ်ကြောင်းကို ဖော်ပြပြီး သူတော်ကောင်းယောင် ဆောင်တတ်ကြပါတယ်။


(
) သူတို့ဟာ လူတွေရဲ့စိတ်ကို ကောင်းစွာ ခန့်မှန်းနိုင်ပြီး လူတစ်ယောက်အရှေ့ရောက်ရင် အဲဒီလူရဲ့ အကြိုက်အတိုင်း ရေလိုက်ငါးလိုက် ပြောဆိုနေထိုင်တတ်ကြပါတယ်။

ဂီတသင်တန်းအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဂီတသင်တန်းအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။ 

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။

source; Lunge.media

 

 

 

 

Read times Last modified on Wednesday, 08 January 2020 14:19
Rate this articles
(1 Vote)