×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 07 January 2020

"ႏိုင္ငံျခားသြားခ်င္တဲ့ လူငယ္ေတြ သိထားသင့္တဲ့ ႏိုင္ငံျခားမွာ ၾကံဳေတြ႕ရႏိုင္တဲ့ အခက္အခဲမ်ား"

"ႏိုင္ငံျခားသြားခ်င္တဲ့ လူငယ္ေတြ သိထားသင့္တဲ့ ႏိုင္ငံျခားမွာ ၾကံဳေတြ႕ရႏိုင္တဲ့ အခက္အခဲမ်ား" freepick

ကျွန်တော် အပါအဝင် လူငယ်တော်တော်များျများ ရဲ့ စိတ်ထဲ မှာ နိုင်ငံခြားမှာ ကျောင်းသွားတက်ပြီး ဘဝကိုတိုးတက်အောင် လုပ်ချင်တဲ့ စိတ်တွေရှိကြမှာပါ။

လူငယ်တွေအနေနဲ့ နိုင်ငံခြားမှာ ကျောင်းသွားတတ်တာပဲ ဖြစ်ဖြစ် အလုပ်သွားလုပ်တာပဲ ဖြစ်ဖြစ် အဲ့ဒီအတွက် ပြင်ဆင်ကြတဲ့ အခါ အကြံဉာဏ်ကောင်းတွေ ပေးနိုင်မယ့်သူ ရှိဖို့လိုမယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမဲ့ မိသားစု ထဲမှာ လည်း နိုင်ငံခြားသွားဖူးတဲ့ လူအတွေအကြုံမရှိဘူး၊ သူငယ်ချင်းမိတ်ဆွေတွေ ထဲမှာ လည်း ရှားနေတယ် ဆိုရင် တကယ့် လက်တွေ့မှာ ပိုပြီး အခက်အခဲတွေ တွေ့နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်မိခင် နိုင်ငံမဟုတ်တဲ့ နေရာကိုသွားရတဲ့ အတွက် အခက်အခဲဆိုတာရှိမှာပါပဲ။ ဒါကြေင့် ဖြစ်လာမယ့် အခက်အခဲ တွေကို ဖြေရှင်းနိုင်အောင် ကြိုတင်ပြင်ဆင်သင့်တာ လေးတွေနဲ့ ဖြစ်တတ်တဲ့ အခက်အခဲ အချို့ကိုဖော်ပြပေးလိုက်ပါတယ်။


(၁) ခွဲခြားဆက်ဆံခြင်းခံရတာ
ကိုယ့်အနေ့နဲ့ သူများနိုင်ငံ မှာ လူနည်းစု အနေနဲ့ သွားရောက်တာဖြစ်တဲ့ အတွက် သေချာပါတယ်…. ခွဲ ခြားဆက်ဆံခြင်းခံ ရမှာပါ။ အဓိက ကတော့ လူမျိုးရေးပေါ့။ မြန်မာဆိုရင်ပိုနှိမ်တဲ့ လို့ နိုင်ငံခြားသွားဖူးတဲ့ လူတွေပြောနေကျစကားကိုကြားဖူးမှာပါ။ အမှန်ကတော့ မြန်မာမှ မဟုတ်ပါဘူး .. Asian တွေဆိုရင် အနောက်တိုင်းက လူတွေက ခွဲခြားဆက်ဆံကြပါတယ်။ ပြောချင်တာ က တော့ တခြားနိုင်ငံ မှာ သွားရောက်နေထိုင်ရင်း ခွဲခြားဆက်ဆံ ခံရတဲ့ အခါ.. ကိုယ်တစ်ယောက်တည်းလို့မထင်ပါနဲ့။ နေရာတိုင်းမှာ လူနည်းစုကို ခွဲခြားဆက်ဆံကြပါတယ်။ ကျွန်တော်တို့ သဘောထားပြည့်ဝတဲ့ မြန်မာ လူမျိုးတွေမှာသာ အဲ့ လိုစိတ်မျိုးမရှိတာပါ။ နောက်တပ်တစ်ခုသိထားရမှာ က အဲ့ လို ခွဲခြားဆက်ဆံတဲ့ သူတွေဟာ.. သူတို့ရဲ့ ပြဿနာတွေ.. ကိုယ့်ကိုယ်ကို မကျေနပ်တာတွေကို ကိုယ့် အပေါ် ပုံချကြတာပဲဖြစ်ပါတယ်။ ကိုယ်နဲ့မဆိုင်ပါဘူး။ ကြိုးစားပြီး ကိုယ့်ကိုယ်ကို ကောင်းအောင်နေထိုင်ဖို့သာ အရေးကြီးပါတယ်။ အချိန်ကြာလာတဲ့ အခါ ဒီလိုပြဿနာတွေကြားမှာ အဆင်ပြေနေသားကျသွားပါလိမ့်မယ်။

 


(၂) အစားအသောက်ပြဿနာ
ကျွန်တော် တို့မြန်မာ နိုင်ငံမှာ လို အိမ်မှာ ထမင်းမချက်တဲ့ အခါ အပြင်မှာ သွားစားလို့ရတဲ့ မြန်မာထမင်းဟင်းဆိုတာ ရှိတော့ရှိတယ် ဒါပေမဲ့ရှားပါတယ်။ မြန်မာထမင်းဟင်းမကြိုက်တဲ့ သူတွေအတွက်ကတော့ တစ်မျိုးပေါ့။ ပြီးတော့ ဈေးအရမ်းကြီးပါတယ်။ ဒါကြောင့် ဒီမှာ တည်း က ထမင်းဟင်းချက်တတ်အောင်လေ့လာသင်ယူသွားပါ။ စစရောက်ခြင်း ကိုယ်သွားတဲ့ နိုင်ငံရဲ့ အစားအသောက်တွေနဲ့ အဆင်ပြေနိုင်ပေမယ့် ကြာလာတဲ့အခါ မြန်မာထမင်းဟင်းကို သတိမရတဲ့ လူမရှိနိုင် ဘူးဆိုတာ ငြင်းလို့မရပါဘူး။

 


(၃) ယဉ်ကျေးမှုပြဿနာ
ဘယ်နိုင်ငံပဲသွားသွား ကိုယ့်မိခင်နိုင်ငံနဲ့ ယဉ်ကျေးမှုတူမှာ မဟုတ်ပါဘူး။ လုံးဝကွဲပြားပါတယ်။ တခြားနိုင်ငံတွေမှာ က Thank you, please, sorry ကို နေရတိုင်းမှာ သုံးရပါတယ်။ မသုံးရင် ယဉ်ကျေးမှုမရှိဘူး ရိုင်းတယ်လို့ထင်ကြပါတယ်။ ပြီးတော့ လည်း အားနာတယ်ဆိုတာ မရှိပါဘူး။ လိုရင်းကို တည့်တိုးပဲပြောတတ်ကြပါတယ်။ အဲ့အချက်ကိုလည်းသိထားဖို့လိုပါတယ်။ သူတို့မကြိုက်တဲ့ အချက်တွေ ရှိရင် တည့်တိုးပြောတတ်ကြပါတယ်။ အဲ့လိုပြောတဲ့ အပေါ်မှာ အရမ်းကြီးခံစား မနေပါနဲ့။ သူတို့ပြောတဲ့ မကြိုက်တဲ့ အချက်ကို ကိုယ့် ဘက်ကအတတ်နိုင်ဆုံးပြင်ပေးလိုက်ပါ။

 


(၄) ဘာသာစကားပြဿနာ
ဆိုကြပါစို့.. အင်္ဂလိပ်ဘာသာစကားကို မြန်မာနိုင်ငံမှာ တည်းက သေချာလေ့လာသွားရင်တောင် ဟိုရောက်တဲ့ အခါ..ပြဿနာလေးတွေရှိနိုင်ပါတယ်။ စစရောက်ခြင်းမှာ ကိုယ်ပြောတာ သူနားမလည် သူပြောကိုယ်နားမလည်ဖြစ်တတ်ပါတယ်။ စွံအ နားမကြားလိုဖြစ်သွားတတ်တာပေါ့။ အဲ့ဒီအခါ ကိုယ်ပြောချင်တာတွေလည်း မပြောရ၊ မဆိုရ နှုတ်ဆိတ်နေရတဲ့ အတွက် ကိုယ့်ရဲ့ လူမှုရေးတွေ၊ ကိုယ့်ရဲ့ပုံစံတွေပျောက်ဆုံးတတ်ပါတယ်။ အဲ့လိုဖြစ်တဲ့အတွက် အခက်အခဲတွေဖြစ်လာနိုင်ပါတယ်။

 


(၅) အကုန်လုံးကို တာဝန်ယူရတာ
လူတိုင်း ကိုတော့ ပြောတာ မဟုတ်ပါဘူး။ ကိုယ့်အိမ်မှာကျတော့ ကိုယ့်အမေ၊ အဖေရှိတယ်..တော်ရုံကိစ္စတွေ လှည့်ကြည့်စရာမလိုဘူး။ နိုင်ငံခြားရောက်တဲ့ အခါ အကုန်လုံး သေသေးမွှားမွှား ကိစ္စလေးတွေကစ ကိုယ်ပဲ တာဝန်ယူရတာပါ။ အဝတ်လျော်၊ ပန်းကန်ဆေး စတဲ့ သေးသေး မွှား မွှား ကိစ္စလေးတွေကစလို့ အရမ်းအရေးကြီးတဲ့ ကိစ္စအကြီးကြီးတွေအထိကိုယ်ပဲတာ ဝန်ယူရတာပါ။ အဲ့လိုကိစ္စတွေနဲ့ နေသားမကျတဲ့ သူတွေ ဆို အခက်အခဲဖြစ်နိုင်ပါတယ်။
ဒါကြောင့် မြန်မာ ပြည်မှာ တည်းက အဲ့ဒီလို ကိစ္စတွေနဲ့ နေသားကျအောင် လုပ်ပါ၊ စီမံခန့်ခွဲပါ။

အခုဖော်ပြပေးခဲ့တာကတော့ လူငယ်တွေနိုင်ငံခြား သွားတဲ့ အခါ တွေကြုံရတတ်တဲ့ အခက်အခဲလေးတွေပဲဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်ငံခြား သွားပြီးဆိုတာနဲ့ ကြိုးစားပါ၊ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။

 

Ref : https://www.youtube.com/watch?v=5P1zDzdtHag&list=PLnx-88-wALrkR7ZKN6GfHXmF_9wLK1Kb4&index=16&t=0s


ဘာသာစကားတွေကို သင်ယူချင်ရင်တော့ sayar.com.mm မှာ ဘာသာစကားသင်ကြားပေးသော ကိုယ်ပိုင် study guide များကို မိမိစိတ်တိုင်းကျ လွယ်လွယ်ကူကူ၊ လျင်လျင်မြန်မြန်ရှာဖွေလို ့ရနိုင်ပါတယ်။
ရှာဖွေချင်ရင်တော့ ဤလင့်ခ် https://www.sayar.com.mm/subjects.html မှာ အခမဲ့ဝင်ရောက်ရှာဖွေလို့ရနိုင်ပါပြီ။

 

ZAWGYI

"ႏိုင္ငံျခားသြားခ်င္တဲ့ လူငယ္ေတြ သိထားသင့္တဲ့ ႏိူင္ငံျခားမွာ ၾကံဳေတြ႕ရႏိုင္တဲ့ အခက္အခဲမ်ား"
ကၽြန္ေတာ္ အပါအဝင္ လူငယ္ေတာ္ေတာ္မ်ား်မ်ား ရဲ႕ စိတ္ထဲ မွာ ႏိုင္ငံျခားမွာ ေက်ာင္းသြားတက္ျပီး ဘဝကိုတိုးတက္ေအာင္ လုပ္ခ်င္တဲ့ စိတ္ေတြရွိၾကမွာပါ။ လူငယ္ေတြအေနနဲ႕ ႏိုင္ငံျခားမွာ ေက်ာင္းသြားတတ္တာပဲ ျဖစ္ျဖစ္ အလုပ္သြားလုပ္တာပဲ ျဖစ္ျဖစ္ အဲ့ဒီအတြက္ ျပင္ဆင္ၾကတဲ့ အခါ အၾကံဥာဏ္ေကာင္းေတြ ေပးႏိုင္မယ့္သူ ရွိဖို႕လိုမယ္ဆိုတာ ျငငး္လို႕မရပါဘူး။ ဒါေပမဲ့ မိသားစု ထဲမွာ လည္း ႏိုင္ငံျခားသြားဖူးတဲ့ လူအေတြအၾကံဳမရွိဘူး၊ သူငယ္ခ်င္းမိတ္ေဆြေတြ ထဲမွာ လည္း ရွားေနတယ္ ဆိုရင္ တကယ့္ လက္ေတြ႕မွာ ပိုျပီး အခက္အခဲေတြ ေတြ႕ႏိုင္ပါတယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ ကိုယ့္မိခင္ ႏိုင္ငံမဟုတ္တဲ့ ေနရာကိုသြားရတဲ့ အတြက္ အခက္အခဲဆိုတာရွိမွာပါပဲ။ ဒါေၾကင့္ ျဖစ္လာမယ့္ အခက္အခဲ ေတြကို ေျဖရွင္းႏိုင္ေအာင္ ၾကိဳတင္ျပင္ဆင္သင့္တာ ေလးေတြနဲ႕ ျဖစ္တတ္တဲ့ အခက္အခဲ အခ်ိဳ႕ကိုေဖာ္ျပေပးလိုက္ပါတယ္။


(၁) ခြဲျခားဆက္ဆံျခင္းခံရတာ
ကိုယ့္အေန႕နဲ႔ သူမ်ားႏိုင္ငံ မွာ လူနည္းစု အေနနဲ ့ သြားေရာက္တာျဖစ္တဲ့ အတြက္ ေသခ်ာပါတယ္…. ခြဲ ျခားဆက္ဆံျခင္းခံ ရမွာပါ။ အဓိက ကေတာ့ လူမ်ိဳးေရးေပါ့။ ျမန္မာဆိုရင္ပိုႏွိမ္တဲ့ လို႕ ႏိုင္ငံျခားသြားဖူးတဲ့ လူေတြေျပာေနက်စကားကိုၾကားဖူးမွာပါ။ အမွန္ကေတာ့ ျမန္မာမွ မဟုတ္ပါဘူး .. Asian ေတြဆိုရင္ အေနာက္တိုင္းက လူေတြက ခြဲျခားဆက္ဆံၾကပါတယ္။ ေျပာခ်င္တာ က ေတာ့ တျခားႏိုင္ငံ မွာ သြားေရာက္ေနထိုင္ရင္း ခြဲျခားဆက္ဆံ ခံရတဲ့ အခါ.. ကိုယ္တစ္ေယာက္တည္းလို႕မထင္ပါနဲ႕။ ေနရာတိုင္းမွာ လူနည္းစုကို ခြဲျခားဆက္ဆံၾကပါတယ္။ ကၽြန္ေတာ္တို႕ သေဘာထားျပည့္ဝတဲ့ ျမန္မာ လူမ်ိဳးေတြမွာသာ အဲ့ လိုစိတ္မ်ိဳးမရွိတာပါ။ ေနာက္တပ္တစ္ခုသိထားရမွာ က အဲ့ လို ခြဲျခားဆက္ဆံတဲ့ သူေတြဟာ.. သူတို႕ရဲ႕ ျပႆနာေတြ.. ကိုယ့္ကိုယ္ကို မေက်နပ္တာေတြကို ကိုယ့္ အေပၚ ပံုခ်ၾကတာပဲျဖစ္ပါတယ္။ ကိုယ္နဲ႕မဆိုင္ပါဘူး။ ၾကိဳးစားျပီး ကိုယ့္ကုိယ္ကို ေကာင္းေအာင္ေနထိုင္ဖို႕သာ အေရးၾကီးပါတယ္။ အခ်ိန္ၾကာလာတဲ့ အခါ ဒီလိုျပႆနာေတြၾကားမွာ အဆင္ေျပေနသားက်သြားပါလိမ့္မယ္။

 


(၂) အစားအေသာက္ျပႆနာ
ကၽြန္ေတာ္ တို႕ျမန္မာ ႏိုင္ငံမွာ လို အိမ္မွာ ထမင္းမခ်က္တဲ့ အခါ အျပင္မွာ သြားစားလို႕ရတဲ့ ျမန္မာထမင္းဟင္းဆိုတာ ရွိေတာ့ရွိတယ္ ဒါေပမဲ့ရွားပါတယ္။ ျမန္မာထမင္းဟင္းမၾကိဳက္တဲ့ သူေတြအတြက္ကေတာ့ တစ္မ်ိဳးေပါ့။ ျပီးေတာ့ ေစ်းအရမ္းၾကီးပါတယ္။ ဒါေၾကာင့္ ဒီမွာ တည္း က ထမင္းဟင္းခ်က္တတ္ေအာင္ေလ့လာသင္ယူသြားပါ။ စစေရာက္ျခင္း ကိုယ္သြားတဲ့ ႏိုင္ငံရဲ႕ အစားအေသာက္ေတြနဲ႔ အဆင္ေျပႏိုင္ေပမယ့္ ၾကာလာတဲ့အခါ ျမန္မာထမင္းဟင္းကို သတိမရတဲ့ လူမရွိႏိုင္ ဘူးဆိုတာ ျငင္းလို႕မရပါဘူး။

 


(၃) ယဥ္ေက်းမႈျပႆနာ
ဘယ္ႏိုင္ငံပဲသြားသြား ကိုယ့္မိခင္ႏိုင္ငံနဲ႕ ယဥ္ေက်းမႈတူမွာ မဟုတ္ပါဘူး။ လံုးဝကြဲျပားပါတယ္။ တျခားႏိုင္ငံေတြမွာ က Thank you, please, sorry ကို ေနရတိုင္းမွာ သံုးရပါတယ္။ မသံုးရင္ ယဥ္ေက်းမႈမရွိဘူး ရိုင္းတယ္လို႕ထင္ၾကပါတယ္။ ျပီးေတာ့ လည္း အားနာတယ္ဆိုတာ မရွိပါဘူး။ လိုရင္းကို တည့္တိုးပဲေျပာတတ္ၾကပါတယ္။ အဲ့အခ်က္ကိုလည္းသိထားဖို႕လိုပါတယ္။ သူတို႕မၾကိဳက္တဲ့ အခ်က္ေတြ ရွိရင္ တည့္တိုးေျပာတတ္ၾကပါတယ္။ အဲ့လိုေျပာတဲ့ အေပၚမွာ အရမ္းၾကီးခံစား မေနပါနဲ႕။ သူတို႕ေျပာတဲ့ မၾကိဳက္တဲ့ အခ်က္ကို ကိုယ့္ ဘက္ကအတတ္ႏုိုင္ဆံုးျပင္ေပးလိုက္ပါ။

 


(၄) ဘာသာစကားျပႆနာ
ဆိုၾကပါစို႕.. အဂၤလိပ္ဘာသာစကားကို ျမန္မာႏိုင္ငံမွာ တည္းက ေသခ်ာေလ့လာသြားရင္ေတာင္ ဟိုေရာက္တဲ့ အခါ..ျပႆနာေလးေတြရွိႏိုင္ပါတယ္။ စစေရာက္ျခင္းမွာ ကိုယ္ေျပာတာ သူနားမလည္ သူေျပာကိုယ္နားမလည္ျဖစ္တတ္ပါတယ္။ စြံအ နားမၾကားလိုျဖစ္သြားတတ္တာေပါ့။ အဲ့ဒီအခါ ကိုယ္ေျပာခ်င္တာေတြလည္း မေျပာရ၊ မဆိုရ ႏႈတ္ဆိတ္ေနရတဲ့ အတြက္ ကိုယ့္ရဲ႕ လူမႈေရးေတြ၊ ကိုယ့္ရဲ႕ပံုစံေတြေပ်ာက္ဆံုးတတ္ပါတယ္။ အဲ့လိုျဖစ္တဲ့အတြက္ အခက္အခဲေတြျဖစ္လာႏိုင္ပါတယ္။

 


(၅) အကုန္လံုးကို တာဝန္ယူရတာ
လူတိုင္း ကိုေတာ့ ေျပာတာ မဟုတ္ပါဘူး။ ကိုယ့္အိမ္မွာက်ေတာ့ ကိုယ့္အေမ၊ အေဖရွိတယ္..ေတာ္ရံုကိစၥေတြ လွည့္ၾကည့္စရာမလိုဘူး။ ႏိုင္ငံျခားေရာက္တဲ့ အခါ အကုန္လံုး ေသေသးမႊားမႊား ကိစၥေလးေတြကစ ကိုယ္ပဲ တာဝန္ယူရတာပါ။ အဝတ္ေလ်ာ္၊ ပန္းကန္ေဆး စတဲ့ ေသးေသး မႊား မႊား ကိစၥေလးေတြကစလို႕ အရမ္းအေရးၾကီးတဲ့ ကိစၥအၾကီးၾကီးေတြအထိကုိယ္ပဲတာ ဝန္ယူရတာပါ။ အဲ့လိုကိစၥေတြနဲ႕ ေနသားမက်တဲ့ သူေတြ ဆို အခက္အခဲျဖစ္ႏိုင္ပါတယ္။
ဒါေၾကာင့္ ျမန္မာ ျပည္မွာ တည္းက အဲ့ဒီလို ကိစၥေတြနဲ႕ ေနသားက်ေအာင္ လုပ္ပါ၊ စီမံခန္႕ခြဲပါ။

အခုေဖာ္ျပေပးခဲ့တာကေတာ့ လူငယ္ေတြႏိုင္ငံျခား သြားတဲ့ အခါ ေတြၾကံဳရတတ္တဲ့ အခက္အခဲေလးေတြပဲျဖစ္ပါတယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ ႏိုင္ငံျခား သြားျပီးဆိုတာနဲ႕ ၾကိဳးစားပါ၊ ကိုယ့္ကိုယ္ကို တိုးတက္ေအာင္လုပ္ပါလို႔ တိုက္တြန္းခ်င္ပါတယ္။

 

Ref : https://www.youtube.com/watch?v=5P1zDzdtHag&list=PLnx-88-wALrkR7ZKN6GfHXmF_9wLK1Kb4&index=16&t=0s

ဘာသာစကားေတြကို သင္ယူခ်င္ရင္ေတာ့ sayar.com.mm မွာ ဘာသာစကားသင္ၾကားေပးေသာ ကိုယ္ပိုင္ study guide မ်ားကို မိမိစိတ္တိုင္းက် လြယ္လြယ္ကူကူ၊ လ်င္လ်င္ျမန္ျမန္ရွာေဖြလို ့ရနိုင္ပါတယ္။
ရွာေဖြခ်င္ရင္ေတာ့ ဤလင့္ခ္ https://www.sayar.com.mm/subjects.html မွာ အခမဲ့ဝင္ေရာက္ရွာေဖြလို ့ရႏိုင္ပါျပီ။

Read times Last modified on Thursday, 09 January 2020 10:16
Rate this articles
(2 votes)