×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 06 March 2020

"Self-study ေတာ့လုပ္ခ်င္တယ္ ဒါေပမဲ့ ဘယ္က စ လုပ္ရမလဲ မသိဘူး" ဆိုရင္

"Self-study ေတာ့လုပ္ခ်င္တယ္ ဒါေပမဲ့ ဘယ္က စ လုပ္ရမလဲ မသိဘူး" ဆိုရင္ freepick

Self-study ဆိုတဲ့စကားလုံးက မြန်မာနိုင်ငံမှာတော့ သိပ်ကြီးမရင်းနှီးကြသေးပါဘူး။ Self-study ကောင်းကောင်းလုပ်နေကြသူတစ်ချို့တော့ ရှိပေမယ့် ဒါလူနည်းစုပါပဲ။

လူငယ်အများစုကတော့ မလုပ်ကြတဲ့ အပြင် Self-study ကဘာကြီးလဲလို့ ပြန်မေးတဲ့သူရှိသလို လုပ်ဖို့မလိုပါဘူး လို့ခံယူကြသူတစ်ချို့လည်း ရှိနေပြန်ပါတယ်။ အါ့တွေ အသာထားဦး ပြဿနာက ဘာလဲဆိုတော့ ဆရာတွေကိုယ်တိုင် အစစအရာရာ သေချာလိုက်လုပ်ပေးပြီး အားလုံးအဆင်သင့် ဒါကိုကြည့်၊ ဒါကိုကျက်၊ ဒါကိုဖတ်၊ ဒါကိုမှတ် ဆိုတာတောင် ခပ်ပေါ့ပေါ့နဲ့ အလေးအနက်လည်းမထား ဘာမှလိုက်မလုပ်ကြတာပါ ပြောရရင် ဆရာတွေက ငှက်ပျောသီးကျွေးတာကို အခွံကအစ နွှာထားပေးပြီးသား ခွံ့တောင်ကျွေးနေပေမယ့် ဝါးစားလိုက်ဖို့လေးကို မစားနိုင် မဝါးနိုင်တွေ ဖြစ်နေကြတဲ့ သဘောပေါ့ ဒါအရှင်းဆုံး ဥပမာပါပဲ။

တခြားနိုင်ငံတွေနဲ့ ကွာခြားနေကြရတဲ့ အချက်တွေထဲမှာ ဒီတစ်ချက်လည်း ပါဝင်ပါတယ်။ “နိုင်ငံခြားက လူတွေက အရမ်းတော်ကြတာပဲ သူတို့ပညာရေးက သိပ်ကောင်းတာကိုး ထောက်ပံ့မှုတွေ အများကြီးလေ” ဆိုပြီး ပညာရေးစနစ်ကိုပဲ လက်ညိုးထိုးနေကြတာ များပါတယ်။ ပညာရေးစနစ်က ယှဉ်ကြည့်ရင်တော့ မှန်ပါတယ် ဒါပေမယ့် ဒါတစ်ခုတည်းကိုပဲ အပြစ်တင်နေလို့ မရဘူးလေ။ ပညာရေးစနစ် ဘယ်လောက်ကောင်းကောင်း လူမကောင်းရင်၊ မကြိုးစားရင် အလကားပါပဲ။ သူတို့နိုင်ငံတွေမှာက ကျောင်းတွေမှာ သင်ယူတာအပြင် ကိုယ့်ဘာသာ self-study အရမ်းလုပ်ကြတာကိုး တော်မှာပေါ့။ စာတွေ အရမ်းဖတ်ကြတာကိုး သိကြမှာပေါ့။ အပေါ်ယံလောက်လေး မကြည့်နဲ့လေ။ သူတို့ဘယ်လို ကြိုးစားတယ် ဆိုတာကိုလည်း အတုယူဖို့ ကြိုးစားကြည့်ပါလား။

ကိုယ်သင်ထားတဲ့ဟာတွေကို review ပြန်လုပ်လား၊ ဘယ်လောက်ထိများ ပြန်လေ့လာလဲ၊ သက်ဆိုင်တဲ့ ဗဟုသုတတွေ ရှိလား စာတွေဖတ်လား။ Self-study ဆိုတာက ဥပမာ ကိုယ်က Business သင်နေတယ် ဆိုရင် Business ကဘာလဲ ပြောနိုင်ရမယ် ရှင်းပြနိုင်ရမယ်။ Business နဲ့ ပက်သက်တဲ့စာတွေ အများကြီး ဖတ်ရမယ် လေ့လာရမယ် online ကနေ ရှာရမယ် သင်ထားတဲ့ Theory တွေကို ဘယ်လို လက်တွေ့မှာ အသုံးချရမလဲ လေ့လာရမယ် ဒီလိုဖြစ်နေရမှာပါ။ ဒါမှ ကိုယ်သင်ယူနေတဲ့အရာအပေါ်မှာ တကယ် ကျွမ်းကျင်မှုတွေ ဗဟုသုတတွေ ရှိလာမှာပေါ့။ ဒီလိုမဟုတ်ပဲ self-study လုပ်ဖို့မပြောနဲ့ ဆရာအိမ်စာ ပေးထားတာလေးတောင် မလုပ်ဘူး မကြည့်ဘူး ဆိုရင်တော့ ဘယ်ဖြစ်မလဲ။

ဒါဆိုရင် Self-study ဆိုတာက ဘယ်လောက်အရေးကြီးလဲ၊ အကျိုးသက်ရောက်မှု ဘယ်လောက်ရှိလဲ သိလောက်ပြီ ထင်ပါတယ်။ “Self-study တော့လုပ်ချင်တယ် ဒါပေမယ့် ဘယ်လိုလုပ်ရမှာလဲ” ဆိုရင် Self-study လုပ်ဖို့အတွက် အရေးကြီးတဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

၁. သီးသန့်အချိန်ပေးပါ
တစ်ခုခုလုပ်တော့မယ်ဆို အချိန်ပေးဖို့ လိုတယ်လေ ဒီလိုပါပဲ Self-study လုပ်ဖို့လည်း သီးသန့်အချိန်ပေးဖို့ လိုပါတယ်။ တခြားတစ်ခုခုလုပ်ရင်းနဲ့ study လုပ်လို့မရဘူးလားဆိုတော့ ရပါတယ် ဒါပေမယ့် အဲ့လောက်ကြီးတော့ effective မဖြစ်ဘူးပေါ့။ ကိုယ့်ဘာသာ လေ့လာဖို့ကို သီးသန့်အချိန်လေး သတ်မှတ်ထားတယ်၊ ပေးထားတယ်ဆိုရင် ပိုပြီးလည်း ထဲထဝင်ဝင်လေ့လာနိုင်တယ်၊ ပိုလည်း မှတ်သားနိုင်မယ် ပြောရရင်တော့ အကျိုးသက်ရောက်မှု ပိုရှိတာပေါ့။

 

 

၂. နယ်ပယ်အစုံက လေ့လာပါ
Self-study ဆိုတာနဲ့ ကျောင်းစာအုပ်ကြီးဖွင့်ပြီး အခေါက်ခေါက်အခါခါ ဖတ်နေဖို့ ပြောတာမဟုတ်ပါဘူး။ လေ့လာစရာ သင်ယူစရာတွေက အများကြီးပါ Articles၊ Journals၊ Novels တွေဖတ်မလား ဒါမှမဟုတ် video တွေကနေတစ်ဆင့် လေ့လာမလား၊ online course တွေ တက်မလား၊ Google ပဲသုံးမလား ကိုယ့်ဘက်က လေ့လာချင်ရင် study လုပ်ချင်ရင်တော့ နယ်ပယ်တွေက အစုံပါပဲ။

Sayar Guice banner design 2 3

 

၃. Note မှတ်ထားပါ
Note မှတ်တယ် ဆိုတာကလည်း အရမ်းကောင်းတဲ့ အကျင့်တစ်ခုပါပဲ။ ကိုယ်က online ကနေ စာတွေ ဖတ်လိုက်တယ် video တွေ ကြည့်လိုက်တယ် ဆိုတာနဲ့ မပြီးသေးပါဘူး။ ကိုယ့်ဦးနှောက်က ဘယ်လောက်ကြာကြာမှတ်ထားနိုင်မှာ မို့လို့လဲ တစ်ခေါက်ကြည့်ပြီး တစ်သက်လုံး မမေ့တော့ဘူး ဆိုရင်တော့ တစ်မျိုးပေါ့နော်။ ဒီလိုမှမဟုတ်ရင်တော့ ကိုယ်ဖတ်ထားတာ လေ့လာထားတာတွေကို note လေးလိုက်မှတ်ထားတာ အရမ်းအကျိုးရှိပါတယ်။ နောက်လိုအပ်တဲ့အခါ မမှတ်မိတဲ့အခါ ဒါမှမဟုတ် ပြန်ဖတ်ချင်တဲ့အခါမျိုးဆို ကိုယ်မှတ်ထားတဲ့ note လေး လွယ်လွယ်ပြန်ကြည့်လိုက်လို့ ရတယ်လေ။

 

 

၄. Review ပြန်လုပ်ပါ
Self-study တော့လုပ်ပါရဲ့ အများကြီးလည်း ဖတ်တယ်၊ လေ့လာတယ် ဒါတင်ပဲလား မဟုတ်ဘူးနော် review ပြန်လုပ်ဖို့ လိုပါတယ်။ ကိုယ်ဘာတွေ လေ့လာထားလဲ၊ ဖတ်ထားလဲ ကိုယ်လေ့လာထားတာတွေ ဖတ်ထားတာတွေ ကိုယ်မှတ်မိရဲ့လား၊ နားလည်ရဲ့လား၊ တကယ်အသုံးချရဲ့လား၊ ဘယ်နေရာတွေမှာ အသုံးချလို့ရလဲ၊ ဘာတွေအကျိုးရှိလဲ၊ ဘာတွေထပ်လေ့လာဖို့ လိုသေးလဲ ဆိုတာ သေချာပြန်သုံးသပ် ရပါမယ်နော်။

 

 

၅. ကျွမ်းကျင်သူတွေနဲ့ ပြောပါ
တစ်ခုခုကို သိချင်ရင် ကျွမ်းကျင်တဲ့သူတွေ သေချာနားလည်တဲ့သူတွေဆီ သွားတတ်ကြတာက သဘာဝပဲမဟုတ်လား။ ဆိုတော့ ကိုယ်သင်ယူနေတဲ့ အရာနဲ့ပက်သက်ပြီး ကျွမ်းကျင်တဲ့သူတွေ၊ စီနီယာတွေ၊ ဆရာတွေကို အကြံဉာဏ်တောင်းတာ၊ မေးတာတွေကလည်း Self-study လုပ်တာပါပဲ။ ပြီးတော့ ပိုကောင်းတဲ့ အကြံတွေ၊ အမြင်တွေကိုလည်း သူတို့ဆီကနေ ရနိုင်ပါတယ်။ ဒါ့ကြောင့် self-study လုပ်မယ်ဆို ကျွမ်းကျင်သူတွေကို မေ့ထားလို့မရပါဘူးနော်။

ဒီအချက်လေးတွေက အခြေခံလိုအပ်တာလေးတွေပါ။ Self-study လုပ်ဖို့ တခြားလုပ်သင့်တဲ့ အချက်တွေမှ အများကြီးပါပဲ။ ကိုယ်သင်ယူနေတဲ့အရာအပေါ် တကယ်ကျွမ်းကျင်ချင်ရင် တကယ်နားလည်ချင်ရင် Self-study ကိုလုပ်ပေးသင့်ပါတယ်။ တကယ်ဆို လူငယ်တိုင်း သေချာပေါက် လုပ်ကိုလုပ်သင့်တာပါ။ ကိုယ့်မှာ self-study လုပ်ကျင့်လေး ရှိသွားရင် နောက်ပိုင်းကျ သူ့အလိုလိုနဲ့ လုပ်ဖြစ်သွားပါလိမ့်မယ်။

Self-study ကတကယ်ကို အရေးကြီးတဲ့အရာမို့ သေချာအလေးအနက်ထားပြီး လုပ်ကြည့်ဖို့ တိုက်တွန်းပါတယ်နော်။ လုပ်ကြည့်လိုက်ပြီးရင် မလုပ်ခင်နဲ့ လုပ်ပြီး ကွာခြားချက်ကို သိလာမှာပါ။ အားလုံးပဲ Self-study ကောင်းကောင်းလုပ်နိုင်ကြပါစေ။

 

 

Zawgyi ျဖင့္ဖတ္ရန္

"Self-study ေတာ့လုပ္ခ်င္တယ္ ဒါေပမဲ့ ဘယ္က စ လုပ္ရမလဲ မသိဘူး" ဆိုရင္
Self-study ဆိုတဲ့စကားလုံးက ျမန္မာႏိုင္ငံမွာေတာ့ သိပ္ႀကီးမရင္းႏွီးၾကေသးပါဘူး။ Self-study ေကာင္းေကာင္းလုပ္ေနၾကသူတစ္ခ်ိဳ႕ေတာ့ ရွိေပမယ့္ ဒါလူနည္းစုပါပဲ။ လူငယ္အမ်ားစုကေတာ့ မလုပ္ၾကတဲ့ အျပင္ Self-study ကဘာႀကီးလဲလို႔ ျပန္ေမးတဲ့သူရွိသလို လုပ္ဖို႔မလိုပါဘူး လို႔ခံယူၾကသူတစ္ခ်ိဳ႕လည္း ရွိေနျပန္ပါတယ္။ အါ့ေတြ အသာထားဦး ျပႆနာက ဘာလဲဆိုေတာ့ ဆရာေတြကိုယ္တိုင္ အစစအရာရာ ေသခ်ာလိုက္လုပ္ေပးၿပီး အားလုံးအဆင္သင့္ ဒါကိုၾကည့္၊ ဒါကိုက်က္၊ ဒါကိုဖတ္၊ ဒါကိုမွတ္ ဆိုတာေတာင္ ခပ္ေပါ့ေပါ့နဲ႔ အေလးအနက္လည္းမထား ဘာမွလိုက္မလုပ္ၾကတာပါ ေျပာရရင္ ဆရာေတြက ငွက္ေပ်ာသီးေကြၽးတာကို အခြံကအစ ႏႊာထားေပးၿပီးသား ခြံ႕ေတာင္ေကြၽးေနေပမယ့္ ဝါးစားလိုက္ဖို႔ေလးကို မစားႏိုင္ မဝါးႏိုင္ေတြ ျဖစ္ေနၾကတဲ့ သေဘာေပါ့ ဒါအရွင္းဆုံး ဥပမာပါပဲ။

တျခားႏိုင္ငံေတြနဲ႔ ကြာျခားေနၾကရတဲ့ အခ်က္ေတြထဲမွာ ဒီတစ္ခ်က္လည္း ပါဝင္ပါတယ္။ “ႏိုင္ငံျခားက လူေတြက အရမ္းေတာ္ၾကတာပဲ သူတို႔ပညာေရးက သိပ္ေကာင္းတာကိုး ေထာက္ပံ့မႈေတြ အမ်ားႀကီးေလ” ဆိုၿပီး ပညာေရးစနစ္ကိုပဲ လက္ညိဳးထိုးေနၾကတာ မ်ားပါတယ္။ ပညာေရးစနစ္က ယွဥ္ၾကည့္ရင္ေတာ့ မွန္ပါတယ္ ဒါေပမယ့္ ဒါတစ္ခုတည္းကိုပဲ အျပစ္တင္ေနလို႔ မရဘူးေလ။ ပညာေရးစနစ္ ဘယ္ေလာက္ေကာင္းေကာင္း လူမေကာင္းရင္၊ မႀကိဳးစားရင္ အလကားပါပဲ။ သူတို႔ႏိုင္ငံေတြမွာက ေက်ာင္းေတြမွာ သင္ယူတာအျပင္ ကိုယ့္ဘာသာ self-study အရမ္းလုပ္ၾကတာကိုး ေတာ္မွာေပါ့။ စာေတြ အရမ္းဖတ္ၾကတာကိုး သိၾကမွာေပါ့။ အေပၚယံေလာက္ေလး မၾကည့္နဲ႔ေလ။ သူတို႔ဘယ္လို ႀကိဳးစားတယ္ ဆိုတာကိုလည္း အတုယူဖို႔ ႀကိဳးစားၾကည့္ပါလား။

ကိုယ္သင္ထားတဲ့ဟာေတြကို review ျပန္လုပ္လား၊ ဘယ္ေလာက္ထိမ်ား ျပန္ေလ့လာလဲ၊ သက္ဆိုင္တဲ့ ဗဟုသုတေတြ ရွိလား စာေတြဖတ္လား။ Self-study ဆိုတာက ဥပမာ ကိုယ္က Business သင္ေနတယ္ ဆိုရင္ Business ကဘာလဲ ေျပာႏိုင္ရမယ္ ရွင္းျပႏိုင္ရမယ္။ Business နဲ႔ ပက္သက္တဲ့စာေတြ အမ်ားႀကီး ဖတ္ရမယ္ ေလ့လာရမယ္ online ကေန ရွာရမယ္ သင္ထားတဲ့ Theory ေတြကို ဘယ္လို လက္ေတြ႕မွာ အသုံးခ်ရမလဲ ေလ့လာရမယ္ ဒီလိုျဖစ္ေနရမွာပါ။ ဒါမွ ကိုယ္သင္ယူေနတဲ့အရာအေပၚမွာ တကယ္ ကြၽမ္းက်င္မႈေတြ ဗဟုသုတေတြ ရွိလာမွာေပါ့။ ဒီလိုမဟုတ္ပဲ self-study လုပ္ဖို႔မေျပာနဲ႔ ဆရာအိမ္စာ ေပးထားတာေလးေတာင္ မလုပ္ဘူး မၾကည့္ဘူး ဆိုရင္ေတာ့ ဘယ္ျဖစ္မလဲ။

ဒါဆိုရင္ Self-study ဆိုတာက ဘယ္ေလာက္အေရးႀကီးလဲ၊ အက်ိဳးသက္ေရာက္မႈ ဘယ္ေလာက္ရွိလဲ သိေလာက္ၿပီ ထင္ပါတယ္။ “Self-study ေတာ့လုပ္ခ်င္တယ္ ဒါေပမယ့္ ဘယ္လိုလုပ္ရမွာလဲ” ဆိုရင္ Self-study လုပ္ဖို႔အတြက္ အေရးႀကီးတဲ့ အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

 

၁. သီးသန႔္အခ်ိန္ေပးပါ
တစ္ခုခုလုပ္ေတာ့မယ္ဆို အခ်ိန္ေပးဖို႔ လိုတယ္ေလ ဒီလိုပါပဲ Self-study လုပ္ဖို႔လည္း သီးသန႔္အခ်ိန္ေပးဖို႔ လိုပါတယ္။ တျခားတစ္ခုခုလုပ္ရင္းနဲ႔ study လုပ္လို႔မရဘူးလားဆိုေတာ့ ရပါတယ္ ဒါေပမယ့္ အဲ့ေလာက္ႀကီးေတာ့ effective မျဖစ္ဘူးေပါ့။ ကိုယ့္ဘာသာ ေလ့လာဖို႔ကို သီးသန႔္အခ်ိန္ေလး သတ္မွတ္ထားတယ္၊ ေပးထားတယ္ဆိုရင္ ပိုၿပီးလည္း ထဲထဝင္ဝင္ေလ့လာႏိုင္တယ္၊ ပိုလည္း မွတ္သားႏိုင္မယ္ ေျပာရရင္ေတာ့ အက်ိဳးသက္ေရာက္မႈ ပိုရွိတာေပါ့။

 

 

၂. နယ္ပယ္အစုံက ေလ့လာပါ
Self-study ဆိုတာနဲ႔ ေက်ာင္းစာအုပ္ႀကီးဖြင့္ၿပီး အေခါက္ေခါက္အခါခါ ဖတ္ေနဖို႔ ေျပာတာမဟုတ္ပါဘူး။ ေလ့လာစရာ သင္ယူစရာေတြက အမ်ားႀကီးပါ Articles၊ Journals၊ Novels ေတြဖတ္မလား ဒါမွမဟုတ္ video ေတြကေနတစ္ဆင့္ ေလ့လာမလား၊ online course ေတြ တက္မလား၊ Google ပဲသုံးမလား ကိုယ့္ဘက္က ေလ့လာခ်င္ရင္ study လုပ္ခ်င္ရင္ေတာ့ နယ္ပယ္ေတြက အစုံပါပဲ။

Sayar Guice banner design 2 3

 

၃. Note မွတ္ထားပါ
Note မွတ္တယ္ ဆိုတာကလည္း အရမ္းေကာင္းတဲ့ အက်င့္တစ္ခုပါပဲ။ ကိုယ္က online ကေန စာေတြ ဖတ္လိုက္တယ္ video ေတြ ၾကည့္လိုက္တယ္ ဆိုတာနဲ႔ မၿပီးေသးပါဘူး။ ကိုယ့္ဦးေႏွာက္က ဘယ္ေလာက္ၾကာၾကာမွတ္ထားႏိုင္မွာ မို႔လို႔လဲ တစ္ေခါက္ၾကည့္ၿပီး တစ္သက္လုံး မေမ့ေတာ့ဘူး ဆိုရင္ေတာ့ တစ္မ်ိဳးေပါ့ေနာ္။ ဒီလိုမွမဟုတ္ရင္ေတာ့ ကိုယ္ဖတ္ထားတာ ေလ့လာထားတာေတြကို note ေလးလိုက္မွတ္ထားတာ အရမ္းအက်ိဳးရွိပါတယ္။ ေနာက္လိုအပ္တဲ့အခါ မမွတ္မိတဲ့အခါ ဒါမွမဟုတ္ ျပန္ဖတ္ခ်င္တဲ့အခါမ်ိဳးဆို ကိုယ္မွတ္ထားတဲ့ note ေလး လြယ္လြယ္ျပန္ၾကည့္လိုက္လို႔ ရတယ္ေလ။

 

 

၄. Review ျပန္လုပ္ပါ
Self-study ေတာ့လုပ္ပါရဲ႕ အမ်ားႀကီးလည္း ဖတ္တယ္၊ ေလ့လာတယ္ ဒါတင္ပဲလား မဟုတ္ဘူးေနာ္ review ျပန္လုပ္ဖို႔ လိုပါတယ္။ ကိုယ္ဘာေတြ ေလ့လာထားလဲ၊ ဖတ္ထားလဲ ကိုယ္ေလ့လာထားတာေတြ ဖတ္ထားတာေတြ ကိုယ္မွတ္မိရဲ႕လား၊ နားလည္ရဲ႕လား၊ တကယ္အသုံးခ်ရဲ႕လား၊ ဘယ္ေနရာေတြမွာ အသုံးခ်လို႔ရလဲ၊ ဘာေတြအက်ိဳးရွိလဲ၊ ဘာေတြထပ္ေလ့လာဖို႔ လိုေသးလဲ ဆိုတာ ေသခ်ာျပန္သုံးသပ္ ရပါမယ္ေနာ္။

 

 

၅. ကြၽမ္းက်င္သူေတြနဲ႔ ေျပာပါ
တစ္ခုခုကို သိခ်င္ရင္ ကြၽမ္းက်င္တဲ့သူေတြ ေသခ်ာနားလည္တဲ့သူေတြဆီ သြားတတ္ၾကတာက သဘာဝပဲမဟုတ္လား။ ဆိုေတာ့ ကိုယ္သင္ယူေနတဲ့ အရာနဲ႔ပက္သက္ၿပီး ကြၽမ္းက်င္တဲ့သူေတြ၊ စီနီယာေတြ၊ ဆရာေတြကို အႀကံဉာဏ္ေတာင္းတာ၊ ေမးတာေတြကလည္း Self-study လုပ္တာပါပဲ။ ၿပီးေတာ့ ပိုေကာင္းတဲ့ အႀကံေတြ၊ အျမင္ေတြကိုလည္း သူတို႔ဆီကေန ရႏိုင္ပါတယ္။ ဒါ့ေၾကာင့္ self-study လုပ္မယ္ဆို ကြၽမ္းက်င္သူေတြကို ေမ့ထားလို႔မရပါဘူးေနာ္။

ဒီအခ်က္ေလးေတြက အေျခခံလိုအပ္တာေလးေတြပါ။ Self-study လုပ္ဖို႔ တျခားလုပ္သင့္တဲ့ အခ်က္ေတြမွ အမ်ားႀကီးပါပဲ။ ကိုယ္သင္ယူေနတဲ့အရာအေပၚ တကယ္ကြၽမ္းက်င္ခ်င္ရင္ တကယ္နားလည္ခ်င္ရင္ Self-study ကိုလုပ္ေပးသင့္ပါတယ္။ တကယ္ဆို လူငယ္တိုင္း ေသခ်ာေပါက္ လုပ္ကိုလုပ္သင့္တာပါ။ ကိုယ့္မွာ self-study လုပ္က်င့္ေလး ရွိသြားရင္ ေနာက္ပိုင္းက် သူ႔အလိုလိုနဲ႔ လုပ္ျဖစ္သြားပါလိမ့္မယ္။

Self-study ကတကယ္ကို အေရးႀကီးတဲ့အရာမို႔ ေသခ်ာအေလးအနက္ထားၿပီး လုပ္ၾကည့္ဖို႔ တိုက္တြန္းပါတယ္ေနာ္။ လုပ္ၾကည့္လိုက္ၿပီးရင္ မလုပ္ခင္နဲ႔ လုပ္ၿပီး ကြာျခားခ်က္ကို သိလာမွာပါ။ အားလုံးပဲ Self-study ေကာင္းေကာင္းလုပ္ႏိုင္ၾကပါေစ။

 

 

Credit : Live The Dream

Read times
Rate this articles
(5 votes)