×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Print this page
Tuesday, 13 February 2018

ေအာင္ဆန္း႐ွင္ၿပီး ကြ်န္ေတာ္တို႔ ေသခဲ့တယ္

ေအာင္ဆန္း႐ွင္ၿပီး ကြ်န္ေတာ္တို႔ ေသခဲ့တယ္ facebook

ဒီေန႔…. ကြ်န္ေတာ္တို႔အားလံုးရဲ႕ ရင္ထဲမွာ လူတစ္ေယာက္အတြက္ ေမြးေန႔ဆုမြန္ေကာင္းေတာင္းေပး မိမယ္ဆိုတာ ေသခ်ာပါတယ္။

ကိုယ့္ေျမကုိယ္ေရ မွာ သူမ်ားမ်က္နွာၾကည့္စရာမလို ရင္ကိုေကာ့ ေခါင္းကုိေမာ့ျပီး ေနထိုင္နိုင္ေအာင္ ဘဝတစ္ခုလံုးကို ေပးဆပ္ကာ လြတ္လပ္ေရးအရယူျပီး အသက္သံုးဆယ္ဝန္းက်င္အရြယ္ေကာင္းတြင္ ကြ်န္ေတာ္တုိ႔အား နွဳတ္ဆက္ထြက္ခြာသြားခဲ့သူ….

ဒီေန႔ ကြ်န္ေတာ္တုိ႔တိုင္းျပည္ကို ရဲ႕ဝင့္စြာကာကြယ္ေစာင့္ေရွာက္ေပးမယ့္ ကြ်န္ေတာ္တုိ႕ရဲ႕ သူရဲေကာင္းၾကီး ကြ်န္ေတာ္တို႔နိုင္ငံကို ေရာက္လာတာ ၁၀၃ နွစ္ျပည့္ေျမာက္ခဲ့ျပီေလ။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ၁၀၃ နွစ္ျပည့္ေမြးေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ ခရမး္ျပာထက္လူ ေရးသားေသာ ေအာင္ဆန္း႐ွင္ၿပီး ကြ်န္ေတာ္တို႔ ေသခဲ့တယ္ ကဗ်ာျဖင့္ ဂုဏ္ျပဳတင္ဆက္လုိက္ပါတယ္။

က်ဳပ္နံပါတ္ ၁ ေနရာ ေရာက္ေနေပမဲ့
က်ဳပ္တတ္ႏုိင္သေလာက္ လုပ္ေပးမယ္
.........
..................
က်ဳပ္ ဘုိးဘုိးေအာင္နဲ႔ အဆက္အသြယ္မရွိဘူး....တဲ့။

နိဗၺာန္ေရာက္ခ်င္ရင္ 
နိဗၺာန္ေရာက္ေၾကာင္း တရားကိုက်င့္
လြတ္လပ္ေရးလုိခ်င္ရင္ 
လြတ္လပ္ေရးရရာရေၾကာင္းကို က်င့္....တဲ့။

က်ဳပ္ကို အဂၤလိပ္က 
ကားအစုတ္ႀကီးေပးသြားတယ္
ဒီကားစုတ္ႀကီးကို ဆီေရေလ၀ိုင္ စစ္ေဆးၿပီးရင္
က်ဳပ္ဆီမွာရွိတဲ့ ဓာတ္ႀကီးေလးပါးကို ညီညြတ္ေအာင္ ညိွ 
ရေအာင္ ေမာင္းထြက္ရမွာပဲ....။

လြတ္လပ္ေရးရဲ႕ အရသာကို 
ခံစားခ်င္ စံစားခ်င္တယ္ဆုိရင္
အက်င့္ဆုိးေတြ အက်င့္ေဟာင္းေတြ
ခင္ဗ်ားတို႔ရဲ႕ ေစာက္က်င့္ေတြကို ျပင္ၾကတဲ့.....။

ကမၻာ့ရာဇ၀င္ကိုလည္း လွန္ၾကည့္
ဘယ္ႏုိင္ငံမွာပဲျဖစ္ျဖစ္ 
အနယ္ကေတာ့ ထစၿမဲပဲတဲ့.....။

ေခတ္ေျပာင္းေနတာကို မသိ
မင္းစိတ္စိုးစိတ္ေတြနဲ႔ သြားေနတုန္း 
ခင္ဗ်ားတို႔က....
အနိစၥေတြ 
ဒုကၡေတြကို သေဘာမေပါက္
အစုိးမရတဲ့ အစုိးရတဲ့ သေဘာကိုလည္း မေပါက္....။

က်ဳပ္သိတယ္
သူႀကီးနဲ႔ ရြာသား ဘယ္လိုစကားမ်ားတတ္တယ္
ေတာင္ေက်ာင္းနဲ႔ ေျမာက္ေက်ာင္း ဂိုဏ္းကဲြတဲ့ကိစၥ
က်ဳပ္သိတယ္ 
က်ဳပ္က ေတာသားပဲ
က်ဳပ္႐ုပ္က ခပ္ခ်ာခ်ာမွန္း က်ဳပ္သိတယ္
ဒါေပမဲ့ က်ဳပ္အေတြးအေခၚကိုေတာ့ အခ်ာမခံခဲ့ဘူး....။

က်ဳပ္က အေရျပားေပၚက ကိစၥထက္
အေရျပားေအာက္က သယံဇာတကို ပိုဂ႐ုစိုက္ခဲ့တယ္။

က်ဳပ္ အစာငတ္တာကို ခံႏုိင္ေပမဲ့
လြတ္လပ္ေရးငတ္တာကိုေတာ့ မခံႏုိင္ခဲ့ဘူး။

က်ဳပ္က 
လူထုထဲက ထြက္လာတဲ့သူ
လူထုထဲက ထြက္လာတဲ့သူကသာ 
လူထုအေၾကာင္းကို သိတယ္
လူထုရဲ႕ ၇၀ % စကားဟာ အမွန္ပဲ....။

ဘယ္သူေတြ ဘယ္ေလာက္ ပါ၀ါႀကီးႀကီး
(ေဗဒါႀကီး ျပက္လုံးထုတ္သလို)
ရွင္ဘုရင္ဆုိတာလည္း လူပါပဲတဲ့ ဗိုလ္ခ်ဳပ္က....။

မေမးနဲ႔ 
လြတ္လပ္ေရးရမယ္
မေမးနဲ႔ ဘုိးဘိုးေအာင္ သြားမေမးနဲ႔ 
လြတ္လပ္ေရးရမယ္
ဒီမွာ ဒုန္းေျပးေနတယ္။

ေခတ္ေျပးသေလာက္
လြတ္လပ္ေရး ေျပးသေလာက္ 
လုိက္ေျပးႏုိင္ရင္
ဒီမွာ လြတ္လပ္ေရး....။

ငါးတစ္ေကာင္ ဖမ္းမိထားသလုိ တဆတ္ဆတ္
အရွင္လတ္လတ္ လြတ္လပ္ေရး
မေငးနဲ႔ 
ေငးမေနနဲ႔ တက္ညီလက္ညီ သြက္သြက္ခ်ီထား
လြတ္လပ္ေရးဆုိတာ
တစ္ပါးသူဆီကပဲျဖစ္ျဖစ္ ကိုယ့္အခ်င္းခ်င္း
ကိုယ္နဲ႔ ကိုယ့္အတြင္းထဲကျဖစ္ျဖစ္ 
အလစ္မေပးနဲ႔ အလဲမခံနဲ႔
အလံေတြ လြင့္ေနသလို စိတ္ေတြလႊင့္ထား
သတင္းၾကား႐ုံနဲ႔ ကူးစက္မယ့္ စိတ္ကေလးေဆာင္ထား
ဒီမွာ လြတ္လပ္ေရးေတြ ရမယ္ ရမယ္ဆုိတဲ့
ေအာင္သေျပပန္းေတြ ၀ယ္ထား....။

သခင္ဖုိးလွႀကီးက ေျပာတယ္
‘လူစြမ္းေကာင္း ရွာေတြ႕ၿပီ အဲဒါေအာင္ဆန္းပဲ’တဲ့....။

ကမၻာႀကီးေရ ....
ေအာင္ဆန္းရွင္ၿပီး
ကြၽန္ေတာ္တို႔အားလုံး ေသခဲ့ရတာပါဗ်ာ.....။ ။

Recommended for you - အသက္ ၁၁ ႏွစ္အရြယ္ကတည္းက လုပ္ငန္းရွင္တစ္ေယာက္ျဖစ္လာသူ

သားသားမီးမီးေလးေတြအတြက္ အိမ္မွာအနီးကပ္စာျပေပးနိုင္မယ့္ ဆရာတစ္ေယာက္ကို အလိုရွိေနပါ သလား။ sayar.com.mm တြင္ အေတြ႕အၾကံဳရွိေသာ ဆရာမ်ားနွင့္ မိတ္ဆက္ထားေပး ပါတယ္။ ဆရာ ေတြရဲ႕ profile တြင္ ပါရွိေသာ ဖုန္းနံပါတ္သို႔တိုက္ရိုက္ဆက္သြယ္ျပီး စံုစမ္းနိုင္ပါတယ္ခင္ဗ်။

သင္ကိုယ္တိုင္က သင့္ရဲ႕အားလပ္ခ်ိန္မ်ားတြင္ အခ်ိန္ပိုင္း tutor အျဖစ္လုပ္ေဆာင္ရန္ စိတ္ဝင္စားပါက ကြ်န္ေတာ္တို႔ sayar.com.mm နွင့္ လက္တြဲဖို႔ဖိတ္ေခၚလိုက္ပါေစ။ အခုပဲ အခမဲ့ register လုပ္လိုက္ပါ။

[Unicode Version]

ဒီနေ့…. ကျွန်တော်တို့အားလုံးရဲ့ ရင်ထဲမှာ လူတစ်ယောက်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေး မိမယ်ဆိုတာ သေချာပါတယ်။ ကိုယ့်မြေကိုယ်ရေ မှာ သူများမျက်နှာကြည့်စရာမလို ရင်ကိုကော့ ခေါင်းကိုမော့ပြီး နေထိုင်နိုင်အောင် ဘဝတစ်ခုလုံးကို ပေးဆပ်ကာ လွတ်လပ်ရေးအရယူပြီး အသက်သုံးဆယ်ဝန်းကျင်အရွယ်ကောင်းတွင် ကျွန်တော်တို့အား နှုတ်ဆက်ထွက်ခွာသွားခဲ့သူ….

ဒီနေ့ ကျွန်တော်တို့တိုင်းပြည်ကို ရဲ့ဝင့်စွာကာကွယ်စောင့်ရှောက်ပေးမယ့် ကျွန်တော်တို့ရဲ့ သူရဲကောင်းကြီး ကျွန်တော်တို့နိုင်ငံကို ရောက်လာတာ ၁၀၃ နှစ်ပြည့်မြောက်ခဲ့ပြီလေ။

ဗိုလ်ချုပ်အောင်ဆန်း ၁၀၃ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ခရမး်ပြာထက်လူ ရေးသားသော အောင်ဆန်းရှင်ပြီး ကျွန်တော်တို့ သေခဲ့တယ် ကဗျာဖြင့် ဂုဏ်ပြုတင်ဆက်လိုက်ပါတယ်။

ကျုပ်နံပါတ် ၁ နေရာ ရောက်နေပေမဲ့
ကျုပ်တတ်နိုင်သလောက် လုပ်ပေးမယ်
.........
..................
ကျုပ် ဘိုးဘိုးအောင်နဲ့ အဆက်အသွယ်မရှိဘူး....တဲ့။

နိဗ္ဗာန်ရောက်ချင်ရင်
နိဗ္ဗာန်ရောက်ကြောင်း တရားကိုကျင့်
လွတ်လပ်ရေးလိုချင်ရင်
လွတ်လပ်ရေးရရာရကြောင်းကို ကျင့်....တဲ့။

ကျုပ်ကို အင်္ဂလိပ်က
ကားအစုတ်ကြီးပေးသွားတယ်
ဒီကားစုတ်ကြီးကို ဆီရေလေဝိုင် စစ်ဆေးပြီးရင်
ကျုပ်ဆီမှာရှိတဲ့ ဓာတ်ကြီးလေးပါးကို ညီညွတ်အောင် ညှိ
ရအောင် မောင်းထွက်ရမှာပဲ....။

လွတ်လပ်ရေးရဲ့ အရသာကို
ခံစားချင် စံစားချင်တယ်ဆိုရင်
အကျင့်ဆိုးတွေ အကျင့်ဟောင်းတွေ
ခင်ဗျားတို့ရဲ့ စောက်ကျင့်တွေကို ပြင်ကြတဲ့.....။

ကမ္ဘာ့ရာဇဝင်ကိုလည်း လှန်ကြည့်
ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်
အနယ်ကတော့ ထစမြဲပဲတဲ့.....။

ခေတ်ပြောင်းနေတာကို မသိ
မင်းစိတ်စိုးစိတ်တွေနဲ့ သွားနေတုန်း
ခင်ဗျားတို့က....
အနိစ္စတွေ
ဒုက္ခတွေကို သဘောမပေါက်
အစိုးမရတဲ့ အစိုးရတဲ့ သဘောကိုလည်း မပေါက်....။

ကျုပ်သိတယ်
သူကြီးနဲ့ ရွာသား ဘယ်လိုစကားများတတ်တယ်
တောင်ကျောင်းနဲ့ မြောက်ကျောင်း ဂိုဏ်းကွဲတဲ့ကိစ္စ
ကျုပ်သိတယ်
ကျုပ်က တောသားပဲ
ကျုပ်ရုပ်က ခပ်ချာချာမှန်း ကျုပ်သိတယ်
ဒါပေမဲ့ ကျုပ်အတွေးအခေါ်ကိုတော့ အချာမခံခဲ့ဘူး....။

ကျုပ်က အရေပြားပေါ်က ကိစ္စထက်
အရေပြားအောက်က သယံဇာတကို ပိုဂရုစိုက်ခဲ့တယ်။

ကျုပ် အစာငတ်တာကို ခံနိုင်ပေမဲ့
လွတ်လပ်ရေးငတ်တာကိုတော့ မခံနိုင်ခဲ့ဘူး။

ကျုပ်က
လူထုထဲက ထွက်လာတဲ့သူ
လူထုထဲက ထွက်လာတဲ့သူကသာ
လူထုအကြောင်းကို သိတယ်
လူထုရဲ့ ရ၀ % စကားဟာ အမှန်ပဲ....။

ဘယ်သူတွေ ဘယ်လောက် ပါ၀ါကြီးကြီး
(ဗေဒါကြီး ပြက်လုံးထုတ်သလို)
ရှင်ဘုရင်ဆိုတာလည်း လူပါပဲတဲ့ ဗိုလ်ချုပ်က....။

မမေးနဲ့
လွတ်လပ်ရေးရမယ်
မမေးနဲ့ ဘိုးဘိုးအောင် သွားမမေးနဲ့
လွတ်လပ်ရေးရမယ်
ဒီမှာ ဒုန်းပြေးနေတယ်။

ခေတ်ပြေးသလောက်
လွတ်လပ်ရေး ပြေးသလောက်
လိုက်ပြေးနိုင်ရင်
ဒီမှာ လွတ်လပ်ရေး....။

ငါးတစ်ကောင် ဖမ်းမိထားသလို တဆတ်ဆတ်
အရှင်လတ်လတ် လွတ်လပ်ရေး
မငေးနဲ့
ငေးမနေနဲ့ တက်ညီလက်ညီ သွက်သွက်ချီထား
လွတ်လပ်ရေးဆိုတာ
တစ်ပါးသူဆီကပဲဖြစ်ဖြစ် ကိုယ့်အချင်းချင်း
ကိုယ်နဲ့ ကိုယ့်အတွင်းထဲကဖြစ်ဖြစ်
အလစ်မပေးနဲ့ အလဲမခံနဲ့
အလံတွေ လွင့်နေသလို စိတ်တွေလွှင့်ထား
သတင်းကြားရုံနဲ့ ကူးစက်မယ့် စိတ်ကလေးဆောင်ထား
ဒီမှာ လွတ်လပ်ရေးတွေ ရမယ် ရမယ်ဆိုတဲ့
အောင်သပြေပန်းတွေ ၀ယ်ထား....။

သခင်ဖိုးလှကြီးက ပြောတယ်
‘လူစွမ်းကောင်း ရှာတွေ့ပြီ အဲဒါအောင်ဆန်းပဲ’တဲ့....။

ကမ္ဘာကြီးရေ ....
အောင်ဆန်းရှင်ပြီး
ကျွန်တော်တို့အားလုံး သေခဲ့ရတာပါဗျာ.....။ ။

Recommended for you - အသက် ၁၁ နှစ်အရွယ်ကတည်းက လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာသူ

သားသားမီးမီးလေးတွေအတွက် အိမ်မှာအနီးကပ်စာပြပေးနိုင်မယ့် ဆရာတစ်ယောက်ကို အလိုရှိနေပါ သလား။ sayar.com.mm တွင် အတွေ့အကြုံရှိသော ဆရာများနှင့် မိတ်ဆက်ထားပေး ပါတယ်။ ဆရာ တွေရဲ့ profile တွင် ပါရှိသော ဖုန်းနံပါတ်သို့တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ခင်ဗျ။

သင်ကိုယ်တိုင်က သင့်ရဲ့အားလပ်ချိန်များတွင် အချိန်ပိုင်း tutor အဖြစ်လုပ်ဆောင်ရန် စိတ်ဝင်စားပါက ကျွန်တော်တို့ sayar.com.mm နှင့် လက်တွဲဖို့ဖိတ်ခေါ်လိုက်ပါစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။

 

Read times Last modified on Monday, 30 December 2019 16:40
Rate this articles
(1 Vote)