×
Warning
JUser: :_load: Unable to load user with ID: 723
Language
Print this page
Thursday, 12 April 2018
English Language လေ့လာနေတဲ့သူတိုင်း ကြည့်သင့်တဲ့ ရုပ်ရှင် (၁၀) ကား
English Language လေ့လာနေတဲ့သူတိုင်း ကြည့်သင့်တဲ့ ရုပ်ရှင် (၁၀) ကား google.com
English Language လေ့လာနေတဲ့သူတိုင်း ကြည့်သင့်တဲ့ ရုပ်ရှင် (၁၀)ကား (သို့) ရုပ်ရှင်ကြည့်ရင်း English Language လေ့လာမယ်။
အချို့ ရုပ်ရှင်တွေကို သင်ကြည့်ဖူးကောင်းကြည့်ဖူးပါလိမ့်မယ်။ အဲ့ဒီအချိန်တုန်းကတော့ ရုပ်ရှင်တစ်ခုအနေနဲ့ သာ ကြည့်တာ ဖြစ်လျှင်ဖြစ်ပါလိမ့်မယ်။ အခုအခါမှာတော့ သင်ဟာ English Language ကို လေ့လာနေတဲ့သူဖြစ်တယ်ဆိုလျှင် ဒီရုပ်ရှင်တွေကိုပြန်ရှာပြီးကြည့်ရှု့ သင့်ပါတယ်။
၁။ Jurassic Park (1993)
တော်တော်များများရင်းနှီးမယ့် ရုပ်ရှင်ပါ။ သင်မသိဘူးဆိုလျှင်တော့ သင့်ရဲ့ ကလေးဘ၀ ဟာ ပျင်းစရာကြီးဖြစ်နေမလားပဲ။ အနည်းငယ်ရှုပ်ထွေးမှုရှိတဲ့ သိပ္ဗံအသုံးအနှူန်းတွေ ကို နားလည်နိုင်စေမယ့် ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်
၂။ Notting Hill (1999)
British English ရော American English ရောလေ့လာဖို့ သင့်တော်တဲ့ရုပ်ရှင်ကားကောင်းတစ်ခုပါ။ ဘာလို့ သင့်တော်လဲဆိုတော့ London က အူကြောင်ကြောင် စာအုပ်ဆိုင်ပိုင်ရှင်လေးတစ်ယောက်ဟာ America movie star တစ်ယောက်ကို မေတ္တာရှိသွားတဲ့ဇာတ်လမ်းလေးမို့ လို့ British English ရော US English ပါ လေ့လာနိုင်မယ့် ဇာတ်ကားဖြစ်နေပါတယ်။
၃။ Clueless (1995)
၎။ The Hunger Games (2012)
အထူးတလည်မပြောတော့ပါဘူး။ တော်တော်များများရင်းနှီးမယ့်ရုပ်ရှင်ပါ။ US English ကို အလွယ်တကူနားလည်နိုင်စေမည့် Sci-fi Adventures ရုပ်ရှင်တစ်ခုပါ။
 Recommended for you - တိုးဂိုက်လုပ်ဖို့ စိတ်ကူးထားသူများ ....
၅။ The King’s Speech (2010)
England ဘုရင် King Gorge အကြောင်းရိုက်ထားတဲ့ ဇာတ်ကားပါ။ တစ်ကားလုံး စကားပြောတာတွေနဲ့ပဲပြည့်နှက်နေတဲ့ အတွက် Language လေ့လာဖို့ လွန်စွာအထောက်အကူပြုပါတယ်။ စကားပြောတွေနဲ့ ပဲပြည့်နေတယ်ဆိုလို့ ပျင်းစရာကောင်းတယ်လို့ မထင်လိုက်နဲ့ နော်။အရမ်းကောင်းပါတယ်။ ရုပ်ရှင်ကျောရိုးကိုက စကားပြောကောင်းအောင်သင်ပေးတဲ့ ဇာတ်လမ်းဖြစ်လို့ English language လေ့လာဖို့ အထူးကောင်းမွန်ပါတယ်။
၆။ The Queen (2006)
England တော်ဝင်မိသားစုအကြောင်းနဲ့ မင်းသမီး ဒိုင်ယာနာအကြောင်းရိုက်ထားတဲ့ Drama ကားကောင်းတစ်ခုပါ။
၇။ The Wizard of Oz (1939)
ရုပ်ရှင်သမိုင်းမှာတော်တော်နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ မျက်လှည့်ကမ္ဘာကိုရောက်သွားတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပါ။ သီချင်းတွေလည်းပါပါတယ်။
၈။ Men In Black (1997)
၉။ The BabaDook (2014)
သရဲကားကြောက်တတ်လျှင်တော့ ဒီရုပ်ရှင်ကိုကျော်လိုက်ပါ။ The Babadook ဆိုတဲ့စာအုပ်ကို ရှာတွေ့သွားတဲ့ သားအမိနှစ်ယောက် အကြောင်းဇာတ်အိမ်တည်ထားတာပါ။ Australian accents သုံးထားတဲ့ English ကိုလေ့လာလိုလျှင်အဆင်ပြေပါတယ်။
၁၀။ Black Sheep (2006)
အင်္ဂလိပ်စာကို အခြေခံမှ ကျွမ်းကျင်စွာ တတ်မြောက်သည်အထိ သင်ယူချင်ပါသလား။ IELTS စာမေးပွဲဖြေဖို့ ပြင်ဆင်နေပါသလား။ ကျွန်တော်တို့ sayar.com.mm တွင် ရှိသော ဆရာ ဆရာမများနှင့် ဆက်သွယ်လိုက်ပါ။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဆိုပါက sayar.com.mm နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။
 Credit: LearnEnglishToday
Recommended for you - သင့်ရဲ့မှတ်ဥာဏ်စွမ်းရည်တွေ ထိခိုက်နေပြီလား ?
Read times Last modified on Wednesday, 08 January 2020 11:20
Rate this articles
(1 Vote)