Friday, 29 November 2019 10:16

လုပ္ငန္းခြင္မွာျဖစ္ျဖစ္၊ ေက်ာင္းမွပဲျဖစ္ျဖစ္ E-mail ကိုပေရာ္ဖက္ရွင္နယ္က်က် အသံုးျပဳႏိုင္ေအာင္ ဘယ္လိုစကားစုေလးေတြကိုအသံုးျပဳမလဲ??

လုပ္ငန္းခြင္မွာျဖစ္ျဖစ္၊ ေက်ာင္းမွပဲျဖစ္ျဖစ္ E-mail ကိုပေရာ္ဖက္ရွင္နယ္က်က် အသံုးျပဳႏိုင္ေအာင္ ဘယ္လိုစကားစုေလးေတြကိုအသံုးျပဳမလဲ??

Thursday, 18 July 2019 13:29

"ကိုယ့္အလုပ္မွာ ဖြံ႔ျဖိဳးဖို႔အတြက္ လုိက္နာသင့္တဲ့ (၁၀) ခ်က္"

၁၊၊ ကိုယ္ဘယ္ေနရာမွာ ေတာ္လဲဆိုတာကို ခဏေလာက္အခ်ိန္ေပး ဆန္းစစ္ၾကည့္ပါ

Wednesday, 05 June 2019 10:21

"အဂၤလိပ္စကားကြ်မ္းက်င္သူေတြအတြက ္ အြန္လိုင္းေပၚက အလုပ္အကိုင္ (၆) မ်ိဳး"

နည္းပညာေတြတိုးတက္လာတဲ့ေခတ္မွာ ကုိယ့္ကုိယ္ကုိ လြတ္လြတ္လပ္လပ္ ေပါ့ေပါ့ပါးပါးနဲ႕ မနက္ရံဳးသြား ညေနရံုးျပန္ဒီလိုမ်ိဳး ခ်ဳပ္ေႏွာင္ထားတဲ့အလုပ္ေတြမဟုတ္ပဲ အလြတ္တန္းလုပ္ရတဲ့အလုပ္ေတြကို ပိုမို ေရြးခ်ယ္ ခြင့္ရွိလာပါတယ္။

အဂၤလိပ္လိုကြ်မ္းက်င္သူေတြအတြက္ အြန္လိုင္းအလုပ္ေလးေတြ ေဖာ္ျပေပးလုိက္ပါတယ္။
ဒီအလုပ္ကိုလုပ္ဖို႕အတြက္ သင့္မွာ လက္ပ္ေတာ့တစ္လံုးရယ္၊ တည္ျငိမ္တဲ့ အင္တာနက္လိုင္းရယ္၊ အဂၤလိပ္လိုကြ်မ္းက်င္ဖို႔ရယ္ ဒါေလးပဲ လုိပါတယ္။


၁။ အလြတ္တန္း ေၾကာ္ျငာစာသားေရးသူ / Freelance copywriter

Freelancer-confidence-bounces-back-in-final-quarter-of-2015.jpg

 

အလြတ္တန္းေၾကာ္ျငာစာသားေရးသူအလုပ္ကလည္း အဂၤလိပ္စကားေျပာတတ္သူေတြအတြက္ ေရပန္းစားတဲ့အြန္လိုင္းအလုပ္တစ္ခုလို႔ ေျပာလို႔ရပါတယ္။

ဒစ္ဂ်စ္တယ္ေစ်းကြက္ ျမွင့္တင္ေရးနဲ႕ ကုန္အမွတ္တံဆိပ္ေအာင္ျမင္ေရး digital marketing and branding လုိင္းေတြတိုးတက္လာတာက အြန္လိုင္းအလုပ္လုိအပ္ခ်က္ေတြကို ဖန္တီးလိုက္တာပါပဲ။

အြန္လိုင္းဆိုင္ရာအေရးအသားေတြျဖစ္တဲ့ ဝက္ဘ္ဆိုက္မွာ တင္တဲ့စာေတြ၊ ဘေလာ့ဂ္ေဆာင္းပါးေတြ၊ ျပည္သူ႕ဆက္ဆံေရးေဆာင္းပါးေတြ၊ လူမွဳကြန္ယက္ပို႔စ္ေတြ စသျဖင့္ အြန္လိုင္းမွာ လူေတြဖတ္ေလ့ရွိၾကတဲ့စာ အမ်ိဳးအစားေတြကုိ ေရးသူေတြလည္း ေခတ္စားလာပါတယ္။ သင္ဟာ ဘယ္မွာပဲ အေျခစိုက္ေနထိုင္သည္ျဖစ္ေစ အလုပ္အကိုင္ ရွာေဖြေရၚဝက္ဘ္ဆိုက္ေတြနဲ႕ facebook group ေတြမွာ ဆိုရင္လည္း ေၾကာ္ျငာစာသားေရးသူ copy writer , content writer အလိုရွိသည္ ေၾကာ္ျငာေတြကို အလြယ္တကူေတြ႔နိုင္ပါတယ္။

ဒီထက္ပို ေကာင္းတာကေတာ့ သင့္အေနနဲ႔ ဆြဲေဆာင္မွဳရွိတဲ့ အေၾကာင္းအရာစာသားေတြကုိ အဂၤလိပ္လို ေရးသားနိုင္တယ္ဆိုရင္ ျပီးေတာ့ အဂၤလိပ္ဘာသာကေန ျမန္မာဘာသာကုိ ျပန္ဆိုနိုင္တယ္ဆိုရင္ ပိုမိုက်ယ္ျပန္႔တဲ့အသံုးခ်မွဳနဲ႕ ပရိတ္သတ္ထံေရာက္ရွိႏွဳန္းလည္း ပိုမ်ားနိုင္တဲ့အတြက္ ပံုမွန္ရမယ့္ လုပ္ခႏွုန္းထားလည္း တိုးပြါးနိုင္ပါေသးတယ္။

 


၂။ ဝက္ဘ္ဆိုက္ သုေတသန အကဲျဖတ္သူ / Web research evaluator

search-engine-evaluator-jobs.jpg

 

ဒီအလုပ္ကလည္း ဝက္ဘ္ဆိုက္တစ္ခုဟာ ေကာင္းေကာင္းလည္ပတ္ေနတာ ဟုတ္မဟုတ္၊ သံုးသပ္အကဲျဖတ္နိုင္ဖုိ႔ အတြက္ ေဒတာဆန္းစစ္မွဳ data analysis ၊ ရွာေဖြမွဳ serarching နဲ႕ အသံုးျပဳသူ ေတြရဲ႕ သံုးစြဲပံုကုိ ေလ့လာတဲ့ UX / UI evaluation ေတြနဲ႕ သက္ဆိုင္တဲ့အလုပ္ျဖစ္ပါတယ္။

တာဝန္ပိုင္းေတြကေတာ့ သီးျခားနည္းပညာဆိုင္ရာ အသိဗဟုသုတ လုိအပ္ေပမယ့္ အျပန္အလွန္အားျဖင့္ သင့္ဝင္ေငြက အျခားေသာအလြတ္တန္း freelance အလုပ္ေတြထက္ပိုျပီးေကာင္းပါတယ္။

ကမၻာမွာ လူၾကည့္အမ်ားဆံုး ဝက္ဘ္ဆိုက္ေတြရဲ႕ တစ္ဝက္ေလာက္ကလည္း အဂၤလိပ္လိုေရးထားတာျဖစ္ျပီး အဂၤလိပ္လို ကြ်မ္းက်င္ပိုင္နိုင္မွဳရွိျခင္းကလည္း ဒီေနရာမွာ အလြန္႔အလြန္႔ကို အေရးၾကီးပါတယ္။

ဒါေၾကာင့္ သင့္အေနနဲ႕ ေနာက္ဆံုးရသတ္ငးအခ်က္အလက္အတြက္ အဂၤလိပ္ဘာသာစကားကိုေတာ့ ကြ်မ္းက်င္ထားဖို႔ လိုပါတယ္။

 


၃။ စာရင္းအင္းစစ္ေဆးသူ / Accounting coordinator

ten-famous-accountants.jpg

 

လူေတာ္ေတာ္မ်ားမ်ားက စာရင္းအင္းစစ္ေဆးသူ Accounting coordinator အလုပ္ကို အဂၤလိပ္ စကားေျပာတတ္သူေတြအတြက္ အြန္လိုင္းကလုပ္လို႕ရတဲ့ အလုပ္လို႕ သိပ္ျပီး မထင္ၾကပါဘူး။

CRM ( Customer relation-ship management) လို႔ေခၚတဲ့ စားသံုးသူမ်ားနဲ႕ ဆက္ဆံေရးနည္းနာေတြ၊ အထူး ေဆာ့ဖ္ဝဲေတြ တိုးတက္လာတာနဲ႕အမွ် ဒီအလုပ္ကလည္း အေဝးကေန အလုပ္လုပ္ခ်င္တဲ့သူေတြၾကား ေခတ္စားလာတဲ့ အလုပ္တစ္ခုလည္း ျဖစ္ပါတယ္။

ထူေထာင္ကာစ Start-up နဲ႕အျခားကုမၸဏီငယ္ေလး ေတြက ရံုးပိုင္းနဲ႕ စာရင္းအင္းပိုင္းဆိုင္ရာ ကိစၥေတြကို ကိုင္တြယ္ႏိုင္မယ့္လူ လံုေလာက္စြာ မရွိတတ္ၾကပါဘူး။

ဒါေၾကာင့္အလြတ္တန္း စာရင္းကုိင္ေတြကို ငွားျပီး လစာထုတ္ေပးေရးကိစၥေတြ၊ ေပးရန္ ရရန္ရွိေသာစာရင္းေတြကို စီစဥ္လုပ္ကိုင္ၾကရတာဟာ သူတို႔အတြက္ပိုျပီးလက္ေတြ႕က်ျပီး၊ အကုန္အက်ေခြ်တာတဲ့ ေျဖရွင္းခ်က္လည္း ျဖစ္လာပါေတာ့တယ္။


၄။ ဒစ္ဂ်စ္တယ္ ေစ်းကြက္ျမွင့္တင္ေရးသမား / Digital Marketer

What-Does-Digital-Marketer-Do.jpg


ဒစ္ဂ်စ္တယ္ေစ်းကြက္ ျမွင့္တင္ေရးသမားေတြက အေျခခံအားျဖင့္ လူမွဳကြန္ယက္ေတြ၊ ဝက္ဘ္ဆိုက္ေတြ၊ ဖိုရမ္ေတြအစရွိသျဖင့္ ဒစ္ဂ်စ္တယ္ပလက္ေဖာင္းေတြမွာ လုပ္ကိုင္ရတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ကုမၸဏီေတြ ေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕ အမွတ္တံဆိပ္ေတြအတြက္ အြန္လိုင္းမွာ အျမဲရွိေနဖို႔၊ အျပန္အလွန္ တုန္႔ျပန္ ေျဖၾကားမွုေတြ လုပ္ဖို႔ အေဝးကေန လုပ္ေပးမယ့္သူေတြကို ေရြးခ်ယ္လာၾကတယ္ဆိုတာ နားလည္လြယ္ၾက မွာပါ။

ဒါေၾကာင့္ ဒီအခ်က္ကပဲ အဂၤလိပ္လိုေျပာဆိုတတ္တဲ့ဒီဇိုင္နာ၊ Google Adwords specialists ေတြ၊ လူမွဳကြန္ယက္စာမ်က္နွာကို ကိုင္တြယ္ၾကီးၾကပ္ေပးသူ social media administrators ေတြအတြက္ အျခားေသာ အလားအလာရွိတဲ့ အြန္လိုင္းအလုပ္ေတြကို ျဖစ္ေပၚလာေစပါေတာ့တယ္။

ဒီအေလ့အက်င့္က အမ်ားစုလုပ္ေနက်လိုျဖစ္လာျပီး ႏိုင္ငံေပါင္း ၂ နိုင္ငံ သို႔မဟုတ္ ၃ ႏိုင္ငံေလာက္မွာ အေျခစိုက္ေနထိုင္သူ ေတြနဲ႕ ဖြဲ႕စည္းထားတဲ့ ဒစ္ဂ်စ္တယ္ေစ်းကြက္ျမွင့္တင္ေရးအဖြဲ႕ေတြကို ရွာေတြ႕နိုင္ပါတယ္။

 

၅။ ပရိုဂရမ္မာ Programmer /  ေဆာ့ဖ္ဝဲေရးသားသူ Developer

shutterstock_407112565.width-800.jpg


အိမ္မွာေနရင္းနဲ႕ လုပ္နိုင္တဲ့ နည္းပညာဆိုင္ရာ အလုပ္တစ္ခုကေတာ့ programmer or software developer အလုပ္ပဲ ျဖစ္ပါတယ္။

ဒီအလုပ္ေတြက ပေရာဂ်က္ေတြကို အေျခခံျပီး လုပ္ရတာျဖစ္လုိ႔ သင့္အေနနဲ႕ အခ်ိန္ျပည့္ရံုးသြားမလိုေတာ့ပါဘူး။ အမွန္ကေတာ့ ေဆာဖ္ဝဲေရးသားသူေတာ္ေတာ္မ်ားမ်ားက အြန္လိုင္းကေနပဲ အလုပ္လုပ္ဖို႔ ေရြးခ်ယ္လာၾကပါတယ္။ ဒါေၾကာင့္ သူတို႔က အျခားနယ္ပယ္မ်ားစြာမွ ေဖာက္သည္ Client ေတြနဲ႕ နယ္ပယ္စံုက ပေရာဂ်က္ေတြကို ေတြ႔ၾကံဳလုပ္ကိုင္နိုင္ပါတယ္။

အင္တာနက္ ဆက္အသံုးျပဳျပီးလုပ္တဲ့အခါ အင္တာေနရွင္နယ္ ေဖာက္သည္ေတြနဲ႕လည္း အဆက္အသြယ္ရနိုင္ပါတယ္။ ဒီအလုပ္အကိုင္အတြက္ဆိုရင္ေတာ့ သင္ဆီမွာ programming language တစ္ခုခုတတ္ေျမာက္ထားဖို႔ျပီး နည္းပညာဗဟုသုတရွိဖို႔လိုအပ္ပါတယ္။ အဂၤလိပ္စာပါ ကြ်မ္းက်င္မယ္ဆိုရင္ေတာ့ အတိုင္းထက္အလြန္ေပါ့။ သင့္ဝင္ေငြကိုလည္း အတိုင္းအဆမရွိ ပိုမိုတိုးတက္လာေစမွာ ျဖစ္ပါတယ္။

 

၆။ ဘာသာျပန္ / Translator

translate-2.png


အဂၤလိပ္လိုေျပာနိုင္တဲ့သူေတြအတြက္ မည္သည့္အြန္လိုင္းအလုပ္မွာ မဆိုမပါမျဖစ္ ေရြးခ်ယ္ရမယ့္ အလုပ္တစ္ခုကေတာ့ ဘာသာျပန္ေတြပါပဲ။

သင္ဘာသာျပန္မယ့္အရာေတြကေတာ့ စာအုပ္ေတြ၊ စာခ်ဳပ္စာတမ္းေတြ၊ ရုပ္သံစီးရီးေတြနဲ႕ ေစ်းကြက္ျမွင့္တင္ေရးဆိုင္ရာ အေရာင္းစားရင္းဇယား၊ အျခားစာရြက္စာတမ္းေတြစသျဖင့္ ရွိပါမယ္။

ရုပ္သံစီးရီးေတြ ရုပ္ရွင္ေတြမွာ ဘာသာျပန္စာတန္း ထိုးေပးတဲ့ အလုပ္ေတြဆိုရင္ ပိုေတာင္စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ ရုပ္ရွင္လည္းၾကည့္ရတယ္ အဂၤလိပ္စာလည္း ေလ့လာျပီးသားျဖစ္တယ္။

အဂၤလိပ္စာကြ်မ္းက်င္မွဳရွိျခင္းက ကမၻာတစ္ဝန္းမွာ အေရးၾကီးတဲ့ဘာသာစကား တစ္ခုပါ။ ဒါအျပင္သင့္အေနနဲ႕ ဘာသာစကားေတြကို ပိုျပီးကြ်မ္းက်င္မွဳရွိေလ၊ အြန္လိုင္းဘာသာျပန္သူ တစ္ဦးအေနနဲ႕ပိုျပီး ဝင္ေငြေကာင္းေကာင္းရွာေဖြနိုင္ေလ ျဖစ္မွာပါ။


Sources : wallstreetenglish

<<<Unicode>>>

နည်းပညာတွေတိုးတက်လာတဲ့ခေတ်မှာ ကိုယ့်ကိုယ်ကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ မနက်ရုံးသွား ညနေရုံးပြန်ဒီလိုမျိုး ချုပ်နှောင်ထားတဲ့အလုပ်တွေမဟုတ်ပဲ အလွတ်တန်းလုပ်ရတဲ့အလုပ်တွေကို ပိုမို ရွေးချယ် ခွင့်ရှိလာပါတယ်။
အင်္ဂလိပ်လိုကျွမ်းကျင်သူတွေအတွက် အွန်လိုင်းအလုပ်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။
ဒီအလုပ်ကိုလုပ်ဖို့အတွက် သင့်မှာ လက်ပ်တော့တစ်လုံးရယ်၊ တည်ငြိမ်တဲ့ အင်တာနက်လိုင်းရယ်၊ အင်္ဂလိပ်လိုကျွမ်းကျင်ဖို့ရယ် ဒါလေးပဲ လိုပါတယ်။


၁။ အလွတ်တန်း ကြော်ငြာစာသားရေးသူ / Freelance copywriter

Freelancer-confidence-bounces-back-in-final-quarter-of-2015.jpg

 

အလွတ်တန်းကြော်ငြာစာသားရေးသူအလုပ်ကလည်း အင်္ဂလိပ်စကားပြောတတ်သူတွေအတွက် ရေပန်းစားတဲ့အွန်လိုင်းအလုပ်တစ်ခုလို့ ပြောလို့ရပါတယ်။

ဒစ်ဂျစ်တယ်ဈေးကွက် မြှင့်တင်ရေးနဲ့ ကုန်အမှတ်တံဆိပ်အောင်မြင်ရေး digital marketing and branding လိုင်းတွေတိုးတက်လာတာက အွန်လိုင်းအလုပ်လိုအပ်ချက်တွေကို ဖန်တီးလိုက်တာပါပဲ။
အွန်လိုင်းဆိုင်ရာအရေးအသားတွေဖြစ်တဲ့ ဝက်ဘ်ဆိုက်မှာ တင်တဲ့စာတွေ၊ ဘလော့ဂ်ဆောင်းပါးတွေ၊ ပြည်သူ့ဆက်ဆံရေးဆောင်းပါးတွေ၊ လူမှုကွန်ယက်ပို့စ်တွေ စသဖြင့် အွန်လိုင်းမှာ လူတွေဖတ်လေ့ရှိကြတဲ့စာ အမျိုးအစားတွေကို ရေးသူတွေလည်း ခေတ်စားလာပါတယ်။

သင်ဟာ ဘယ်မှာပဲ အခြေစိုက်နေထိုင်သည်ဖြစ်စေ အလုပ်အကိုင် ရှာဖွေရေါ်ဝက်ဘ်ဆိုက်တွေနဲ့ facebook group တွေမှာ ဆိုရင်လည်း ကြော်ငြာစာသားရေးသူ copy writer , content writer အလိုရှိသည် ကြော်ငြာတွေကို အလွယ်တကူတွေ့နိုင်ပါတယ်။

ဒီထက်ပို ကောင်းတာကတော့ သင့်အနေနဲ့ ဆွဲဆောင်မှုရှိတဲ့ အကြောင်းအရာစာသားတွေကို အင်္ဂလိပ်လို ရေးသားနိုင်တယ်ဆိုရင် ပြီးတော့ အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာကို ပြန်ဆိုနိုင်တယ်ဆိုရင် ပိုမိုကျယ်ပြန့်တဲ့အသုံးချမှုနဲ့ ပရိတ်သတ်ထံရောက်ရှိနှုန်းလည်း ပိုများနိုင်တဲ့အတွက် ပုံမှန်ရမယ့် လုပ်ခနှုန်းထားလည်း တိုးပွါးနိုင်ပါသေးတယ်။


၂။ ဝက်ဘ်ဆိုက် သုတေသန အကဲဖြတ်သူ / Web research evaluator

search-engine-evaluator-jobs.jpg

 

ဒီအလုပ်ကလည်း ဝက်ဘ်ဆိုက်တစ်ခုဟာ ကောင်းကောင်းလည်ပတ်နေတာ ဟုတ်မဟုတ်၊ သုံးသပ်အကဲဖြတ်နိုင်ဖို့ အတွက် ဒေတာဆန်းစစ်မှု data analysis ၊ ရှာဖွေမှု serarching နဲ့ အသုံးပြုသူ တွေရဲ့ သုံးစွဲပုံကို လေ့လာတဲ့ UX / UI evaluation တွေနဲ့ သက်ဆိုင်တဲ့အလုပ်ဖြစ်ပါတယ်။

တာဝန်ပိုင်းတွေကတော့ သီးခြားနည်းပညာဆိုင်ရာ အသိဗဟုသုတ လိုအပ်ပေမယ့် အပြန်အလှန်အားဖြင့် သင့်ဝင်ငွေက အခြားသောအလွတ်တန်း freelance အလုပ်တွေထက်ပိုပြီးကောင်းပါတယ်။

ကမ္ဘာမှာ လူကြည့်အများဆုံး ဝက်ဘ်ဆိုက်တွေရဲ့ တစ်ဝက်လောက်ကလည်း အင်္ဂလိပ်လိုရေးထားတာဖြစ်ပြီး အင်္ဂလိပ်လို ကျွမ်းကျင်ပိုင်နိုင်မှုရှိခြင်းကလည်း ဒီနေရာမှာ အလွန့်အလွန့်ကို အရေးကြီးပါတယ်။
ဒါကြောင့် သင့်အနေနဲ့ နောက်ဆုံးရသတ်ငးအချက်အလက်အတွက် အင်္ဂလိပ်ဘာသာစကားကိုတော့ ကျွမ်းကျင်ထားဖို့ လိုပါတယ်။


၃။ စာရင်းအင်းစစ်ဆေးသူ / Accounting coordinator

ten-famous-accountants.jpg

 

လူတော်တော်များများက စာရင်းအင်းစစ်ဆေးသူ Accounting coordinator အလုပ်ကို အင်္ဂလိပ် စကားပြောတတ်သူတွေအတွက် အွန်လိုင်းကလုပ်လို့ရတဲ့ အလုပ်လို့ သိပ်ပြီး မထင်ကြပါဘူး။

CRM ( Customer relation-ship management) လို့ခေါ်တဲ့ စားသုံးသူများနဲ့ ဆက်ဆံရေးနည်းနာတွေ၊ အထူး ဆော့ဖ်ဝဲတွေ တိုးတက်လာတာနဲ့အမျှ ဒီအလုပ်ကလည်း အဝေးကနေ အလုပ်လုပ်ချင်တဲ့သူတွေကြား ခေတ်စားလာတဲ့ အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။

ထူထောင်ကာစ Start-up နဲ့အခြားကုမ္ပဏီငယ်လေး တွေက ရုံးပိုင်းနဲ့ စာရင်းအင်းပိုင်းဆိုင်ရာ ကိစ္စတွေကို ကိုင်တွယ်နိုင်မယ့်လူ လုံလောက်စွာ မရှိတတ်ကြပါဘူး။

ဒါကြောင့်အလွတ်တန်း စာရင်းကိုင်တွေကို ငှားပြီး လစာထုတ်ပေးရေးကိစ္စတွေ၊ ပေးရန် ရရန်ရှိသောစာရင်းတွေကို စီစဉ်လုပ်ကိုင်ကြရတာဟာ သူတို့အတွက်ပိုပြီးလက်တွေ့ကျပြီး၊ အကုန်အကျချွေတာတဲ့ ဖြေရှင်းချက်လည်း ဖြစ်လာပါတော့တယ်။


၄။ ဒစ်ဂျစ်တယ် ဈေးကွက်မြှင့်တင်ရေးသမား / Digital Marketer

What-Does-Digital-Marketer-Do.jpg


ဒစ်ဂျစ်တယ်ဈေးကွက် မြှင့်တင်ရေးသမားတွေက အခြေခံအားဖြင့် လူမှုကွန်ယက်တွေ၊ ဝက်ဘ်ဆိုက်တွေ၊ ဖိုရမ်တွေအစရှိသဖြင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေမှာ လုပ်ကိုင်ရတာ ဖြစ်ပါတယ်။

ဒါကြောင့် ကုမ္ပဏီတွေ တော်တော်များများက သူတို့ရဲ့ အမှတ်တံဆိပ်တွေအတွက် အွန်လိုင်းမှာ အမြဲရှိနေဖို့၊ အပြန်အလှန် တုန့်ပြန် ဖြေကြားမှုတွေ လုပ်ဖို့ အဝေးကနေ လုပ်ပေးမယ့်သူတွေကို ရွေးချယ်လာကြတယ်ဆိုတာ နားလည်လွယ်ကြ မှာပါ။

ဒါကြောင့် ဒီအချက်ကပဲ အင်္ဂလိပ်လိုပြောဆိုတတ်တဲ့ဒီဇိုင်နာ၊ Google Adwords specialists တွေ၊ လူမှုကွန်ယက်စာမျက်နှာကို ကိုင်တွယ်ကြီးကြပ်ပေးသူ social media administrators တွေအတွက် အခြားသော အလားအလာရှိတဲ့ အွန်လိုင်းအလုပ်တွေကို ဖြစ်ပေါ်လာစေပါတော့တယ်။

ဒီအလေ့အကျင့်က အများစုလုပ်နေကျလိုဖြစ်လာပြီး နိုင်ငံပေါင်း ၂ နိုင်ငံ သို့မဟုတ် ၃ နိုင်ငံလောက်မှာ အခြေစိုက်နေထိုင်သူ တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒစ်ဂျစ်တယ်ဈေးကွက်မြှင့်တင်ရေးအဖွဲ့တွေကို ရှာတွေ့နိုင်ပါတယ်။

 

၅။ ပရိုဂရမ်မာ Programmer / ဆော့ဖ်ဝဲရေးသားသူ Developer

shutterstock_407112565.width-800.jpg


အိမ်မှာနေရင်းနဲ့ လုပ်နိုင်တဲ့ နည်းပညာဆိုင်ရာ အလုပ်တစ်ခုကတော့ programmer or software developer အလုပ်ပဲ ဖြစ်ပါတယ်။

ဒီအလုပ်တွေက ပရောဂျက်တွေကို အခြေခံပြီး လုပ်ရတာဖြစ်လို့ သင့်အနေနဲ့ အချိန်ပြည့်ရုံးသွားမလိုတော့ပါဘူး။ အမှန်ကတော့ ဆောဖ်ဝဲရေးသားသူတော်တော်များများက အွန်လိုင်းကနေပဲ အလုပ်လုပ်ဖို့ ရွေးချယ်လာကြပါတယ်။ ဒါကြောင့် သူတို့က အခြားနယ်ပယ်များစွာမှ ဖောက်သည် Client တွေနဲ့ နယ်ပယ်စုံက ပရောဂျက်တွေကို တွေ့ကြုံလုပ်ကိုင်နိုင်ပါတယ်။

အင်တာနက် ဆက်အသုံးပြုပြီးလုပ်တဲ့အခါ အင်တာနေရှင်နယ် ဖောက်သည်တွေနဲ့လည်း အဆက်အသွယ်ရနိုင်ပါတယ်။ ဒီအလုပ်အကိုင်အတွက်ဆိုရင်တော့ သင်ဆီမှာ programming language တစ်ခုခုတတ်မြောက်ထားဖို့ပြီး နည်းပညာဗဟုသုတရှိဖို့လိုအပ်ပါတယ်။ အင်္ဂလိပ်စာပါ ကျွမ်းကျင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ သင့်ဝင်ငွေကိုလည်း အတိုင်းအဆမရှိ ပိုမိုတိုးတက်လာစေမှာ ဖြစ်ပါတယ်။


၆။ ဘာသာပြန် / Translator

translate-2.png


အင်္ဂလိပ်လိုပြောနိုင်တဲ့သူတွေအတွက် မည်သည့်အွန်လိုင်းအလုပ်မှာ မဆိုမပါမဖြစ် ရွေးချယ်ရမယ့် အလုပ်တစ်ခုကတော့ ဘာသာပြန်တွေပါပဲ။

သင်ဘာသာပြန်မယ့်အရာတွေကတော့ စာအုပ်တွေ၊ စာချုပ်စာတမ်းတွေ၊ ရုပ်သံစီးရီးတွေနဲ့ ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အရောင်းစားရင်းဇယား၊ အခြားစာရွက်စာတမ်းတွေစသဖြင့် ရှိပါမယ်။

ရုပ်သံစီးရီးတွေ ရုပ်ရှင်တွေမှာ ဘာသာပြန်စာတန်း ထိုးပေးတဲ့ အလုပ်တွေဆိုရင် ပိုတောင်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ရုပ်ရှင်လည်းကြည့်ရတယ် အင်္ဂလိပ်စာလည်း လေ့လာပြီးသားဖြစ်တယ်။

အင်္ဂလိပ်စာကျွမ်းကျင်မှုရှိခြင်းက ကမ္ဘာတစ်ဝန်းမှာ အရေးကြီးတဲ့ဘာသာစကား တစ်ခုပါ။ ဒါအပြင်သင့်အနေနဲ့ ဘာသာစကားတွေကို ပိုပြီးကျွမ်းကျင်မှုရှိလေ၊ အွန်လိုင်းဘာသာပြန်သူ တစ်ဦးအနေနဲ့ပိုပြီး ဝင်ငွေကောင်းကောင်းရှာဖွေနိုင်လေ ဖြစ်မှာပါ။

 


Sources : wallstreetenglish

sayar.com.mm