"၂၀ရာစု ကမာၻကိုေျပာင္းလဲေစခဲ့ေသာ ထိပ္ဆုံးပုဂၢိဳလ္ ၁၀ ဦး"
"၂၀ရာစု ကမာၻကိုေျပာင္းလဲေစခဲ့ေသာ ထိပ္ဆုံးပုဂၢိဳလ္ ၁၀ ဦး"
၁၉၉၉ ခုႏွစ္တုန္းက ကမာၻေက်ာ္ Time မဂၢဇင္းဟာ ၂၀ရာစုရဲ႕ ကမာၻကိုလႊမ္းမိုးမႈအရွိဆုံး ပုဂၢိဳလ္ ၁၀၀ စာရင္းကို ေ႐ြးခ်ယ္ထုတ္ျပန္ခဲ့ပါတယ္။ အားလုံးဟာ ကမာၻႀကီးကို အေျပာင္းအလဲမ်ားစြာ ဖန္တီးခဲ့ၾကသူေတြျဖစ္ပါတယ္။ အေကာင္းဘက္ကေနေက်ာ္ၾကားတဲ့ သိပၸံပညာရွင္ အိုင္းစတိုင္းလိုလူေတြလည္းဒီစာရင္းမွာပါဝင္ေနၿပီး ဟစ္တလာလို ကမာၻေက်ာ္လူဆိုးေတြလည္း ပါဝင္လာခဲ့တာကိုေတြ႕ရပါတယ္။ ဒီစာရင္းထဲမွာပါဝင္တဲ့ ထိပ္ဆုံးပုဂၢိဳ လ္(၁၀)ဦးရဲ႕အေၾကာင္းကို ထုတ္ႏႈတ္မွ်ေဝလိုက္ပါတယ္။
(၁) Henery Ford
အေမရိကန္လူူမ်ိဳးစက္မႈလုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ Henery Ford ဟာ ကမာၻေက်ာ္ Ford ကားကုမၸဏီကိုတည္ေထာင္ခဲ့သူျဖစ္သလို မ်ားစြာေသာ စက္မႈလုပ္ငန္းနည္းပညာေတြ ဖြံၿဖိဳးဖို႔ ႀကံေဆာင္ေပးခဲ့သူျဖစ္ပါတယ္။ Henery Ford ဟာႏိုင္ငံေရးသမားတစ္ဦးလည္း ျဖစ္ၿပီးေမာ္ေတာ္ကားေလာကကို အေျပာင္းအလဲႀကီးျပဳလုပ္ေပးခဲ့သူပညာရွင္တစ္ေယာက္လည္းျဖစ္တာေၾကာင့္ ကမာၻႀကီးကိုေျပာင္းလဲေစတဲ့ ပညာရွင္စာရင္းမွာ အၿမဲလိုလို ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။
ဒါအျပင္ ဟင္နရီဟာ (၁၉၉၉)ခုႏွစ္က အေမရိကန္ျပည္ေထာင္စုမွာေကာက္ခံတဲ့ လူထုစစ္တမ္းေတြမွာလည္း (၂၀)ရာစုႏွစ္ အတြက္ ကမာၻကိုလႊမ္းမိုးမႈအရွိဆုံး ပုဂၢိဳလ္အေယာက္(၁၀၀)အတြင္းမွာ နံပါတ္(၁၀)ေန ရာကေန ပါဝင္လာႏိုင္ခဲ့တာျဖစ္ပါတယ္။ Henery Ford ဟာအေမရိကန္ ျပည္ေထာင္စုအတြက္ လူမႈဘဝ သက္သာေခ်ာင္ခ်ိေရးကိုဦးစားေပးတဲ့ အရင္းရွင္ဝါဒကိုဖန္တီးခဲ့သူလည္းျဖစ္ပါတယ္။
(၂) Muhammad Ali Jinnah
ယခု ပါကစၥတန္ႏိုင္ငံရဲ႕ဖခင္ႀကီးအျဖစ္သတ္မွတ္ခံထားရသူ Muhammad Ali Jinnah ဟာ မူဆလင္ေတြရဲ႕အက်ိဳးကိုေရွးရႈၿပီး အိႏၵိယႏိုင္ငံကေန ပါကစၥတန္ႏိုင္ငံခြဲထြက္ခြင့္ရႏိုင္ေရးအတြက္ အထူးႀကိဳးပမ္းခဲ့သူျဖစ္ပါတယ္။ နာမည္ေက်ာ္ဝတ္လုံေတာ္ရေရွေနတစ္ ဦးနဲ႔ႏိုင္ငံေရးသမားတစ္ေယာက္ျဖစ္သူ Muhammad Ali Jinnah ဟာအိႏၵိယတစ္ႏိုင္ငံလုံးရဲ႕ မူဆလင္အားလုံးရဲ႕ေခါင္းေဆာင္အျဖစ္ (၁၉၁၃)ခုႏွစ္ကေနစတင္ၿပီး သီးျခားလြတ္ လပ္တဲ့ပါကစၥတန္ႏိုင္ငံျဖစ္လာတဲ့ (၁၉၄၇)ခုႏွစ္၊ၾသဂုတ္လ(၁၄)ရက္ေန႔အထိ တာဝန္ ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။
ယင္းေနာက္မွာေတာ့ ဂ်င္နားဟာပါကစၥတန္ရဲ႕ပထမဆုံး ေသာဘုရင္ခံခ်ဳပ္ျဖစ္လာၿပီး သူေသဆုံးခ်ိန္(၁၉၄၈)ခုႏွစ္အထိတာဝန္ဆက္လက္ယူခဲ့ ပါတယ္။ ပါကစၥတန္ႏိုင္ငံသားေတြကေတာ့ ဂ်င္နားကို Quaid -i-Azam (ႀကီးျမတ္ေသာ ေခါင္းေဆာင္ႀကီး) Baba-i-Qaum (ႏိုင္ငံဖခင္ႀကီး)အျဖစ္လည္း အမႊမ္းတင္ေခၚဆိုၾကပါ တယ္။
(၃) Mao Zedong
Time မဂၢဇင္းကေ႐ြးခ်ယ္တဲ့(၂၀)ရာစုတြင္း ကမာၻကိုလႊမ္းမိုးမႈအရွိဆုံးေခါင္းေဆာင္စာရင္းမွာ ေနာက္ထပ္ပါဝင္လာသူကေတာ့ တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ႕ေခါင္းေဆာင္ႀကီး ေမာ္စီတုံး Mao Zedong ပဲျဖစ္ပါတယ္။ ေမာ္ဝါဒလို႔လူသိမ်ားတဲ့ သီအိုရီေတြ၊မူဝါဒနဲ႔စစ္ေရးဗ်ဴဟာမ်ားကို ေရးသားခဲ့တဲ့ ဥကၠဌႀကီးေမာ္ဟာ မ်က္ေမွာက္ေခတ္တ႐ုတ္ျပည္သူသမၼတႏိုင္ငံကို (၁၉၄၉)ခုႏွစ္ကေန သူကြယ္လြန္ခ်ိန္(၁၉၇၆)ကာလအထိ အုပ္စိုးခဲ့ပါတယ္။
Mao Zedong ဟာတ႐ုတ္ျပည္သူသမၼတႏိုင္ငံနဲ႔တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ႕ဖခင္ႀကီးအျဖစ္ နာမည္ေက်ာ္ေပမဲ့ ယင္းကာလက အဖက္ဖက္ကယိုယြင္းေနတဲ့တ႐ုတ္ႏိုင္ငံကို တည္ေထာင္တဲ့လုပ္ငန္းေတြမွာေတာ့ က်ဆုံးခဲ့သူျဖစ္ေၾကာင္း နဲ႔ တ႐ုတ္လူမ်ိဳးသန္းေပါင္းမ်ားစြာကိုေသေစခဲ့တဲ့သူအျဖစ္ မွတ္တမ္းေတြအရသိရ ပါတယ္။
(၄) The Wright Brothers
လူသားသမိုင္းမွာ ပထမဆုံးေကာင္းကင္ေပၚမွာ ေအာင္ျမင္စြာ ပ်ံသန္းခဲ့သူေတြ၊ ကမာၻလူသားေတြရဲ႕သမိုင္း ကိုအေျပာင္းအလဲႀကီးေျပာင္းလဲေပးႏိုင္ခဲ့တဲ့ Orville Wright နဲ႔ Wilbur Wright ညီေနာင္အဖို႔ေတာ့ ကမာၻကိုအလႊမ္းမိုးႏိုင္ဆုံးစာရင္းမွာပါဝင္လာတာဟာ သိပ္ေတာ့ဆန္းလွတယ္လို႔ေတာ့မဟုတ္ပါဘူး။ မိုင္ရာေပါင္းမ်ားစြာကြာေဝးတဲ့ေနရာေတြကို နာရီပိုင္းအတြင္းေရာက္ႏိုင္ခဲ့တာဟာ သူတို႔ႏွစ္ဦးရဲ႕ ေက်းဇူးေၾကာင့္ျဖစ္ပါတယ္။
(၂၀)ရာစုႏွစ္အတြင္း အထင္ရွားဆုံးနဲ႔အႀကီးက်ယ္ဆုံးေသာ တီထြင္သူ အေမရိကန္လူမ်ိဳးညီေနာင္ႏွစ္ဦးဟာဆိုရင္ တကၠသိုလ္ပညာရပ္ေတြကို ေတာင္သင္ၾကားဖူးျခင္းမရွိပါပဲ သာမန္စက္ဘီးဆိုင္ေလးကိုအရင္းျပဳၿပီး သူတို႔ရဲ႕အိမ္ မက္ေတြကို အေကာင္အထည္ေဖာ္ႏိုင္ခဲ့ၾကသူေတြလည္းျဖစ္ပါတယ္။
https://www.facebook.com/759065447529161/posts/2019717254797301/
(၅) Adolf Hitler
ၾသစတီးယားႏိုင္ငံဖြား ဂ်ာမန္တစ္ေယာက္ျဖစ္တဲ့ ဟစ္တလာကိုေတာ့ အထူးတလည္ မိတ္ဆက္စရာေတာ့လိုမယ္မထင္ပါဘူး။ နာဇီပါတီေခါင္းေဆာင္ႀကီးဟစ္တလာဟာဆို ရင္ (၁၉၃၃)ခုႏွစ္ကေန (၁၉၄၅)ကာလအတြင္းမွာပဲ ျပာပုံထဲကဂ်ာမနီကို လက္နက္ႏိုင္ငံ၊စက္မႈထိပ္တန္းႏိုင္ငံအျဖစ္ အလွ်င္အျမန္ကူးေျပာင္းျပၿပီး ဒုတိယကမာၻစစ္မီးကိုေမႊးခဲ့သူလည္းျဖစ္ပါတယ္။ Holocaust လိုလူသန္းနဲ႔ခ်ီသတ္ျပတဲ့လူသတ္ပြဲေတြဟာ သူရဲ႕ဆႏၵ အရသာျဖစ္ေပၚခဲ့တာျဖစ္ၿပီး ကမာၻတစ္ခုလုံးကိုေတာင္သိမ္းမယ္ဆိုတဲ့ မဟာအႀကံႀကီးရွိ ခဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။
အျခားတစ္ဖက္မွာေတာ့ စက္မႈလုပ္ငန္းနည္းပညာေတြ၊ေဆးဘက္ဆိုင္ရာကုထုံးအသစ္ေတြဟာလည္း သူရဲ႕စနက္နဲ႔ျဖစ္ေပၚခဲ့တာကိုေတြ႕ရ မွာျဖစ္ၿပီး ကမာၻအႀကီးက်ယ္ဆုံးေသာအာဏာရွင္ဆိုရင္လည္း သူကိုပဲလက္ညိဳးထိုးရပါ လိမ့္မယ္။ သူရဲ႕ေနာင္ေတာ္စစ္ဘုရင္နပိုလီယံလိုပဲ ဟစ္တလာဟာ႐ုရွားကိုသိမ္းပိုက္ဖို႔ အားထုတ္ခ်ိန္မွာေတာ့ ဟစ္တလာရဲ႕ေနဝင္ခ်ိန္ေတြဟာ က်ေရာက္လာပါေတာ့တယ္။ (၁၉၄၅) ဧၿပီ(၃၀)ရက္ေန႔မွာေတာ့ ဂ်ာမန္ေတြစစ္ရႈံးၿပီဆိုတာနားလည္သြားခဲ့တဲ့ ဟစ္တလာဟာ ေသနတ္ကိုအသုံးျပဳၿပီး ကိုယ့္ကိုကိုယ္အဆုံးစီရင္သြားခဲ့ပါတယ္။ (၂၀) ရာစုအတြင္းလႊမ္းမိုးမႈအရွိဆုံးေခါင္းေဆာင္စာရင္းမွာပါဝင္လာတဲ့ ဟစ္တလာအတြက္ ေဝဖန္မႈေတြရွိေနခဲ့တာမွန္ေပမဲ့ သူဟာ မေကာင္းတဲ့ေနရာကေနပဲ ကမာၻလူသားေတြကို လႊမ္းမိုးခဲ့တယ္ဆိုတဲ့အခ်က္ကေတာ့ ျငင္းရခတ္ပါတယ္။
(၆) Winston Churchill
ၿဗိတိန္ႏိုင္ငံေရးသမား၊စစ္ဘက္ဆိုင္ရာေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္တဲ့ ခ်ာခ်ီ ကိုဒုတိယကမာၻစစ္တစ္ေလွ်ာက္ ၿဗိတိန္နဲ႔မဟာမိတ္တပ္ေတြကို အေကာင္းဆုံးဦးေဆာင္ ေပးႏိုင္ခဲ့သူအျဖစ္ လူသိမ်ားပါတယ္။ သူဟာ အဂၤလန္ရဲ႕ဝန္ႀကီးခ်ဳပ္တာဝန္ကိုထမ္းေဆာင္ၿပီး စစ္အတြင္းႏိုင္ငံေတာ္ကိုအေကာင္းဆုံးဦးေဆာင္ေပးႏိုင္ခဲ့သလို စာေပဘက္ မွာဆိုရင္လည္း ႏိုဗယ္ဆုခ်ီးျမႇင္ခံရတဲ့အထိ ကေလာင္သြားထက္ခဲ့သူလည္းျဖစ္ပါတယ္။
အထူးသျဖင့္ဂ်ာမန္တပ္ေတြရဲ႕လက္ေအာက္ကို ဥေရာပက်မသြားရန္အတြက္ ခ်ာခ်ီရဲ႕ ဦးေဆာင္မႈေတြဟာ အေရးပါခဲ့ၿပီး ဥေရာပတစ္တိုက္လုံးရဲ႕သမိုင္းတစ္ေကြ႕ကို အဆိုးဘက္မေရာက္ေအာင္ထိန္းသိမ္းႏိုင္ခဲ့သူလည္းျဖစ္ပါတာေၾကာင့္ (၂၀)ရာစုအတြက္ ကမာၻကိုလႊမ္းမိုးႏိုင္မႈအရွိဆုံးေခါင္းေဆာင္စာရင္းမွာ ေထာက္ခံမဲမ်ားစြာရရွိခဲ့တာျဖစ္ပါ တယ္။
(၇) Franklin D. Roosevelt
အေမရိကန္ျပည္ေထာင္စုရဲ႕ (၃၂)ဦးေျမာက္သမၼတျဖစ္ခဲ့တဲ့ Franklin D. Roodevelt ဆိုရင္ အေမရိကန္ႏိုင္ငံရဲ႕အဆိုး႐ြားဆုံးစီးပြားေရးကပ္ဆိုက္မႈကိုသာမက ကမာၻစစ္ႀကီး (၂)ခုအတြင္းမွာလည္း အေမရိကန္ျပည္ေထာင္စုကိုအေကာင္းဆုံးဦးေဆာင္ႏိုင္ခဲ့သူျဖစ္ပါတယ္။
သူဟာ အေမရိကန္သမၼတရာထူးကို (၄)ႀကိမ္အထိတာဝန္ယူခဲ့တဲ့ သက္တမ္း ရွည္သမၼတႀကီးလည္းျဖစ္ၿပီး ဒီမိုကေရစီျပဳျပင္ေျပာင္းလဲမႈမ်ားစြာ၊ ႏိုင္ငံေရး စီးပြားေရး ျပဳျပင္ေျပာင္းလဲမႈမ်ားစြာျပဳလုပ္ၿပီး ယေန႔လိုအေမရိကန္ျပည္ေထာင္စုကို အေျခခိုင္ခိုင္ တည္ေဆာက္ေပးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။
(၈) Mahatma Gandhi
လက္နက္မကိုင္ အၾကမ္းမဖက္တဲ့နည္းနဲ႔ အမိေျမလြတ္လပ္ေရးတိုက္ပြဲဝင္ခဲ့တဲ့ Mahatma Gandhi ဟာ အိႏၵိယႏိုင္ငံရဲ႕သမိုင္းမွာသာမက ကမာၻသမိုင္းမွာပါစံထားရတဲ့ ေခါင္းေဆာင္တစ္ေယာက္ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံသားေတြကေတာ့ သူရဲ႕လြတ္လပ္ေရး ႀကိဳးပမ္းခဲ့မႈ လုပ္ရပ္ေတြေၾကာင့္ သူကိုႏိုင္ငံေတာ္ ရဲ႕ဖခင္ႀကီးအျဖစ္ အသိအမွတ္ျပဳခဲ့ၾကပါတယ္။
Mahatma Gandhi ရဲ႕လမ္းစဥ္ျဖစ္တဲ့ အၾကမ္းမဖက္တဲ့ လမ္းစဥ္နဲ႔ အိႏၵိယဟာ (၁၉၄၇)ခုႏွစ္မွာလြတ္လပ္ေရးရယူႏိုင္ခဲ့ၿပီး သူကိုယ္တိုင္လည္း ကမာ့ၻလြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္းမွာ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ရယူႏိုင္ခဲ့တဲ့ ပထမဆုံးေသာ သမိုင္းမွတ္တိုင္ကိုလည္းစိုက္ထူထားႏိုင္ခဲ့ပါတယ္။
(၉) Nelson Mandela
ေတာင္အာဖရိကႏိုင္ငံရဲ႕ သမၼတေဟာင္းျဖစ္တဲ့ Nelson Mandela ဟာ အသားအေရာင္ ခြဲျခားမႈဆန႔္က်င္ေရးကို တက္ႂကြစြာေဆာင္႐ြက္ခဲ့သူျဖစ္သလို ေတာင္အာဖရိကႏိုင္ငံရဲ႕ ဒီမိုကေရစီစနစ္ျဖင့္ အျပည့္အဝေ႐ြးခ်ယ္ျခင္းခံရတဲ့ ပထမဆုံးေသာသမၼတလည္းျဖစ္ပါ တယ္။ သူရဲ႕ဒီမိုကေရစီေဖာ္ေဆာင္ေရးႀကိဳးပမ္းမႈေတြေၾကာင့္ (၁၉၉၃)ခုႏွစ္အတြက္ ၿငိမ္းခ်မ္းေရးႏိုဗယ္ဆုအျပင္ ကမာၻတစ္ဝွမ္းကဂုဏ္ျပဳဆုတံဆိပ္ေပါင္း(၁၀၀)ေက်ာ္ ေလာက္ခ်ီးျမႇင့္ဂုဏ္ျပဳခံရသူလည္းျဖစ္ပါတယ္။
Nelson Mandela ဟာ ယုံၾကည္မႈနဲ႔ လူအခြင့္အေရးအတြက္ အက်ဥ္းေထာင္အတြင္းမွာ(၂၈)ႏွစ္ၾကာေအာင္ေနထိုင္ခဲ့ရၿပီး လြတ္ေျမာက္လာခ်ိန္မွာလည္း ေတာင္အာဖရိကရဲ႕သမၼတအျဖစ္ (ANC) ပါတီကို ကိုယ္ စားျပဳၿပီး (၁၉၉၄) ကေန (၁၉၉၉)ခုႏွစ္အထိတာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ ဒါအျပင္ အာဖရိကမွာ ပထမဆုံးက်င္းပတဲ့ (၂၀၁၀)ကမာၻဖလားၿပိဳင္ပြဲက်င္းပႏိုင္ခြင့္ရႏိုင္ရာမွာ လည္း Nelson Mandelaဟာ ႏိုင္ငံရဲ႕အဓိကပုံရိပ္အျဖစ္ပါဝင္ခဲ့တာကိုေတြ႕ရမွာပါ။ (၂၀၁၃)ခုႏွစ္၊ဒီဇင္ဘာ(၅)ရက္ေန႔မွာေတာ့ Nelson Mandela ဟာ ကာလၾကာခံစားခံရ တဲ့ ကင္ဆာေရာဂါနဲ႔ကြယ္လြန္သြားခဲ့ရၿပီး ကြယ္လြန္ခ်ိန္မွာေတာ့ အသက္ (၉၅)ႏွစ္ အ႐ြယ္ရွိေနၿပီျဖစ္ပါတယ္။
https://www.facebook.com/759065447529161/posts/2019717254797301/
(၁၀) Albert Einstein
(၂၀)ရာစုရဲ႕ကမာၻကိုအလႊမ္းမိုးအရွိဆုံး လူပုဂၢိဳလ္စာရင္းမွာ နံပါတ္(၁)ေနရာကေနပါဝင္ လာခဲ့သူကေတာ့ ကမာၻေက်ာ္သိပၸံပညာရွင္ႀကီး Albert Einstein ျဖစ္ပါတယ္။ မ်က္ေမွာက္ေခတ္ ႐ူပေဗဒဘာသာရပ္နယ္ပယ္ရဲ႕ ဖခင္ႀကီးအျဖစ္သတ္မွတ္ခံခဲ့ရတဲ့ အိုင္းစတိုင္းရဲ႕ေတြ႕ရွိခ်က္ေတြဟာ ကမာၻႀကီးကိုအလုံးစုံကိုေျပာင္းလဲသြားခဲ့တာျဖစ္ၿပီး သူရဲ႕ေတြ႕ရွိမႈ သီအိုရီေတြသာမရွိခဲ့ဖူးဆိုရင္ ယေန႔လွ်မ္းလွ်မ္းေတာက္ျပည့္စုံေနတဲ့ သိပၸံနည္းပညာနယ္ပယ္ဟာ က်ိန္းေသကိုအခက္ေတြ႕ေနရဦးမွာျဖစ္ပါတယ္။
သူရဲ႕ဘဝအခ်ိန္ ေတာ္ေတာ္မ်ားမ်ားဟာ ေတြးေခၚမႈေတြ၊စမ္းသပ္ခ်က္ေတြနဲ႔ပဲအခ်ိန္ကုန္ခဲ့ရၿပီး ညစ္ႏြမ္းတဲ့အဝတ္အစား နဲ႔တစ္ကိုယ္ေရသန႔္ရွင္းေရးကိုေတာင္ ပုံမွန္ျပဳလုပ္ဖို႔ အခ်ိန္မေပးႏိုင္ခဲ့တဲ့ အိုက္စတိုင္းဟာ ကမာၻေက်းဇူးရွင္စာရင္းမွာ မျဖစ္မေနကိုထည့္သြင္းရမဲ့ မဟာသိပၸံ ပညာေက်ာ္တစ္ဦးျဖစ္ပါတယ္။ နာမည္ေက်ာ္ျဒပ္ထုစြမ္းညီမွ်ျခင္း E=Mc2 ကေန န်ဴးကလီးယားလက္နက္ေတြထုတ္လုပ္ႏိုင္ဖို႔ ပထမဆုံးေသာတံခါးေပါက္ကိုဖြင့္ေပးႏိုင္ခဲ့သူကလည္း အိုက္စတိုင္းသာျဖစ္ၿပီး (၁၉၂၁)ခုႏွစ္မွာေတာ့ ႐ူပေဗဒနယ္ပယ္အတြက္ ႏိုဗယ္ဆုကိုလက္ခံရရွိခဲ့ပါတယ္။ ထိုဆုကို သူ၏ ေက်ာ္ၾကားလွေသာ ရီေလတီဗတီ သီအိုရီအတြက္ မဟုတ္ဘဲ အလင္းလွ်ပ္စစ္အက်ိဳး (ဖိုတြန္သေဘာတရား) အတြက္ ရရွိျခင္းျဖစ္ပါတယ္။
Credit : Thutazone
UNICODE
"၂၀ရာစု ကမ္ဘာကိုပြောင်းလဲစေခဲ့သော ထိပ်ဆုံးပုဂ္ဂိုလ် ၁၀ ဦး"
၁၉၉၉ ခုနှစ်တုန်းက ကမ္ဘာကျော် Time မဂ္ဂဇင်းဟာ ၂၀ရာစုရဲ့ ကမ္ဘာကိုလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းကို ရွေးချယ်ထုတ်ပြန်ခဲ့ပါတယ်။ အားလုံးဟာ ကမ္ဘာကြီးကို အပြောင်းအလဲများစွာ ဖန်တီးခဲ့ကြသူတွေဖြစ်ပါတယ်။ အကောင်းဘက်ကနေကျော်ကြားတဲ့ သိပ္ပံပညာရှင် အိုင်းစတိုင်းလိုလူတွေလည်းဒီစာရင်းမှာပါဝင်နေပြီး ဟစ်တလာလို ကမ္ဘာကျော်လူဆိုးတွေလည်း ပါဝင်လာခဲ့တာကိုတွေ့ရပါတယ်။ ဒီစာရင်းထဲမှာပါဝင်တဲ့ ထိပ်ဆုံးပုဂ္ဂို လ်(၁၀)ဦးရဲ့အကြောင်းကို ထုတ်နှုတ်မျှဝေလိုက်ပါတယ်။
(၁) Henery Ford
အမေရိကန်လူူမျိုးစက်မှုလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Henery Ford ဟာ ကမ္ဘာကျော် Ford ကားကုမ္ပဏီကိုတည်ထောင်ခဲ့သူဖြစ်သလို များစွာသော စက်မှုလုပ်ငန်းနည်းပညာတွေ ဖွံဖြိုးဖို့ ကြံဆောင်ပေးခဲ့သူဖြစ်ပါတယ်။ Henery Ford ဟာနိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်ပြီးမော်တော်ကားလောကကို အပြောင်းအလဲကြီးပြုလုပ်ပေးခဲ့သူပညာရှင်တစ်ယောက်လည်းဖြစ်တာကြောင့် ကမ္ဘာကြီးကိုပြောင်းလဲစေတဲ့ ပညာရှင်စာရင်းမှာ အမြဲလိုလို ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
ဒါအပြင် ဟင်နရီဟာ (၁၉၉၉)ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာကောက်ခံတဲ့ လူထုစစ်တမ်းတွေမှာလည်း (၂၀)ရာစုနှစ် အတွက် ကမ္ဘာကိုလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်အယောက်(၁၀၀)အတွင်းမှာ နံပါတ်(၁၀)နေ ရာကနေ ပါဝင်လာနိုင်ခဲ့တာဖြစ်ပါတယ်။ Henery Ford ဟာအမေရိကန် ပြည်ထောင်စုအတွက် လူမှုဘဝ သက်သာချောင်ချိရေးကိုဦးစားပေးတဲ့ အရင်းရှင်ဝါဒကိုဖန်တီးခဲ့သူလည်းဖြစ်ပါတယ်။
(၂) Muhammad Ali Jinnah
ယခု ပါကစ္စတန်နိုင်ငံရဲ့ဖခင်ကြီးအဖြစ်သတ်မှတ်ခံထားရသူ Muhammad Ali Jinnah ဟာ မူဆလင်တွေရဲ့အကျိုးကိုရှေးရှုပြီး အိန္ဒိယနိုင်ငံကနေ ပါကစ္စတန်နိုင်ငံခွဲထွက်ခွင့်ရနိုင်ရေးအတွက် အထူးကြိုးပမ်းခဲ့သူဖြစ်ပါတယ်။ နာမည်ကျော်ဝတ်လုံတော်ရရှေနေတစ် ဦးနဲ့နိုင်ငံရေးသမားတစ်ယောက်ဖြစ်သူ Muhammad Ali Jinnah ဟာအိန္ဒိယတစ်နိုင်ငံလုံးရဲ့ မူဆလင်အားလုံးရဲ့ခေါင်းဆောင်အဖြစ် (၁၉၁၃)ခုနှစ်ကနေစတင်ပြီး သီးခြားလွတ် လပ်တဲ့ပါကစ္စတန်နိုင်ငံဖြစ်လာတဲ့ (၁၉၄၇)ခုနှစ်၊သြဂုတ်လ(၁၄)ရက်နေ့အထိ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
ယင်းနောက်မှာတော့ ဂျင်နားဟာပါကစ္စတန်ရဲ့ပထမဆုံး သောဘုရင်ခံချုပ်ဖြစ်လာပြီး သူသေဆုံးချိန်(၁၉၄၈)ခုနှစ်အထိတာဝန်ဆက်လက်ယူခဲ့ ပါတယ်။ ပါကစ္စတန်နိုင်ငံသားတွေကတော့ ဂျင်နားကို Quaid -i-Azam (ကြီးမြတ်သော ခေါင်းဆောင်ကြီး) Baba-i-Qaum (နိုင်ငံဖခင်ကြီး)အဖြစ်လည်း အမွှမ်းတင်ခေါ်ဆိုကြပါ တယ်။
(၃) Mao Zedong
Time မဂ္ဂဇင်းကရွေးချယ်တဲ့(၂၀)ရာစုတွင်း ကမ္ဘာကိုလွှမ်းမိုးမှုအရှိဆုံးခေါင်းဆောင်စာရင်းမှာ နောက်ထပ်ပါဝင်လာသူကတော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်ကြီး မော်စီတုံး Mao Zedong ပဲဖြစ်ပါတယ်။ မော်ဝါဒလို့လူသိများတဲ့ သီအိုရီတွေ၊မူဝါဒနဲ့စစ်ရေးဗျူဟာများကို ရေးသားခဲ့တဲ့ ဥက္ကဌကြီးမော်ဟာ မျက်မှောက်ခေတ်တရုတ်ပြည်သူသမ္မတနိုင်ငံကို (၁၉၄၉)ခုနှစ်ကနေ သူကွယ်လွန်ချိန်(၁၉၇၆)ကာလအထိ အုပ်စိုးခဲ့ပါတယ်။
Mao Zedong ဟာတရုတ်ပြည်သူသမ္မတနိုင်ငံနဲ့တရုတ်ကွန်မြူနစ်ပါတီရဲ့ဖခင်ကြီးအဖြစ် နာမည်ကျော်ပေမဲ့ ယင်းကာလက အဖက်ဖက်ကယိုယွင်းနေတဲ့တရုတ်နိုင်ငံကို တည်ထောင်တဲ့လုပ်ငန်းတွေမှာတော့ ကျဆုံးခဲ့သူဖြစ်ကြောင်း နဲ့ တရုတ်လူမျိုးသန်းပေါင်းများစွာကိုသေစေခဲ့တဲ့သူအဖြစ် မှတ်တမ်းတွေအရသိရ ပါတယ်။
(၄) The Wright Brothers
လူသားသမိုင်းမှာ ပထမဆုံးကောင်းကင်ပေါ်မှာ အောင်မြင်စွာ ပျံသန်းခဲ့သူတွေ၊ ကမ္ဘာလူသားတွေရဲ့သမိုင်း ကိုအပြောင်းအလဲကြီးပြောင်းလဲပေးနိုင်ခဲ့တဲ့ Orville Wright နဲ့ Wilbur Wright ညီနောင်အဖို့တော့ ကမ္ဘာကိုအလွှမ်းမိုးနိုင်ဆုံးစာရင်းမှာပါဝင်လာတာဟာ သိပ်တော့ဆန်းလှတယ်လို့တော့မဟုတ်ပါဘူး။ မိုင်ရာပေါင်းများစွာကွာဝေးတဲ့နေရာတွေကို နာရီပိုင်းအတွင်းရောက်နိုင်ခဲ့တာဟာ သူတို့နှစ်ဦးရဲ့ ကျေးဇူးကြောင့်ဖြစ်ပါတယ်။
(၂၀)ရာစုနှစ်အတွင်း အထင်ရှားဆုံးနဲ့အကြီးကျယ်ဆုံးသော တီထွင်သူ အမေရိကန်လူမျိုးညီနောင်နှစ်ဦးဟာဆိုရင် တက္ကသိုလ်ပညာရပ်တွေကို တောင်သင်ကြားဖူးခြင်းမရှိပါပဲ သာမန်စက်ဘီးဆိုင်လေးကိုအရင်းပြုပြီး သူတို့ရဲ့အိမ် မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ကြသူတွေလည်းဖြစ်ပါတယ်။
(၅) Adolf Hitler
သြစတီးယားနိုင်ငံဖွား ဂျာမန်တစ်ယောက်ဖြစ်တဲ့ ဟစ်တလာကိုတော့ အထူးတလည် မိတ်ဆက်စရာတော့လိုမယ်မထင်ပါဘူး။ နာဇီပါတီခေါင်းဆောင်ကြီးဟစ်တလာဟာဆို ရင် (၁၉၃၃)ခုနှစ်ကနေ (၁၉၄၅)ကာလအတွင်းမှာပဲ ပြာပုံထဲကဂျာမနီကို လက်နက်နိုင်ငံ၊စက်မှုထိပ်တန်းနိုင်ငံအဖြစ် အလျှင်အမြန်ကူးပြောင်းပြပြီး ဒုတိယကမ္ဘာစစ်မီးကိုမွှေးခဲ့သူလည်းဖြစ်ပါတယ်။ Holocaust လိုလူသန်းနဲ့ချီသတ်ပြတဲ့လူသတ်ပွဲတွေဟာ သူရဲ့ဆန္ဒ အရသာဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ခုလုံးကိုတောင်သိမ်းမယ်ဆိုတဲ့ မဟာအကြံကြီးရှိ ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။
အခြားတစ်ဖက်မှာတော့ စက်မှုလုပ်ငန်းနည်းပညာတွေ၊ဆေးဘက်ဆိုင်ရာကုထုံးအသစ်တွေဟာလည်း သူရဲ့စနက်နဲ့ဖြစ်ပေါ်ခဲ့တာကိုတွေ့ရ မှာဖြစ်ပြီး ကမ္ဘာအကြီးကျယ်ဆုံးသောအာဏာရှင်ဆိုရင်လည်း သူကိုပဲလက်ညိုးထိုးရပါ လိမ့်မယ်။ သူရဲ့နောင်တော်စစ်ဘုရင်နပိုလီယံလိုပဲ ဟစ်တလာဟာရုရှားကိုသိမ်းပိုက်ဖို့ အားထုတ်ချိန်မှာတော့ ဟစ်တလာရဲ့နေဝင်ချိန်တွေဟာ ကျရောက်လာပါတော့တယ်။ (၁၉၄၅) ဧပြီ(၃၀)ရက်နေ့မှာတော့ ဂျာမန်တွေစစ်ရှုံးပြီဆိုတာနားလည်သွားခဲ့တဲ့ ဟစ်တလာဟာ သေနတ်ကိုအသုံးပြုပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့ပါတယ်။ (၂၀) ရာစုအတွင်းလွှမ်းမိုးမှုအရှိဆုံးခေါင်းဆောင်စာရင်းမှာပါဝင်လာတဲ့ ဟစ်တလာအတွက် ဝေဖန်မှုတွေရှိနေခဲ့တာမှန်ပေမဲ့ သူဟာ မကောင်းတဲ့နေရာကနေပဲ ကမ္ဘာလူသားတွေကို လွှမ်းမိုးခဲ့တယ်ဆိုတဲ့အချက်ကတော့ ငြင်းရခတ်ပါတယ်။
https://www.facebook.com/759065447529161/posts/2019717254797301/
(၆) Winston Churchill
ဗြိတိန်နိုင်ငံရေးသမား၊စစ်ဘက်ဆိုင်ရာခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့ ချာချီ ကိုဒုတိယကမ္ဘာစစ်တစ်လျှောက် ဗြိတိန်နဲ့မဟာမိတ်တပ်တွေကို အကောင်းဆုံးဦးဆောင် ပေးနိုင်ခဲ့သူအဖြစ် လူသိများပါတယ်။ သူဟာ အင်္ဂလန်ရဲ့ဝန်ကြီးချုပ်တာဝန်ကိုထမ်းဆောင်ပြီး စစ်အတွင်းနိုင်ငံတော်ကိုအကောင်းဆုံးဦးဆောင်ပေးနိုင်ခဲ့သလို စာပေဘက် မှာဆိုရင်လည်း နိုဗယ်ဆုချီးမြှင်ခံရတဲ့အထိ ကလောင်သွားထက်ခဲ့သူလည်းဖြစ်ပါတယ်။
အထူးသဖြင့်ဂျာမန်တပ်တွေရဲ့လက်အောက်ကို ဥရောပကျမသွားရန်အတွက် ချာချီရဲ့ ဦးဆောင်မှုတွေဟာ အရေးပါခဲ့ပြီး ဥရောပတစ်တိုက်လုံးရဲ့သမိုင်းတစ်ကွေ့ကို အဆိုးဘက်မရောက်အောင်ထိန်းသိမ်းနိုင်ခဲ့သူလည်းဖြစ်ပါတာကြောင့် (၂၀)ရာစုအတွက် ကမ္ဘာကိုလွှမ်းမိုးနိုင်မှုအရှိဆုံးခေါင်းဆောင်စာရင်းမှာ ထောက်ခံမဲများစွာရရှိခဲ့တာဖြစ်ပါ တယ်။
(၇) Franklin D. Roosevelt
အမေရိကန်ပြည်ထောင်စုရဲ့ (၃၂)ဦးမြောက်သမ္မတဖြစ်ခဲ့တဲ့ Franklin D. Roodevelt ဆိုရင် အမေရိကန်နိုင်ငံရဲ့အဆိုးရွားဆုံးစီးပွားရေးကပ်ဆိုက်မှုကိုသာမက ကမ္ဘာစစ်ကြီး (၂)ခုအတွင်းမှာလည်း အမေရိကန်ပြည်ထောင်စုကိုအကောင်းဆုံးဦးဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။
သူဟာ အမေရိကန်သမ္မတရာထူးကို (၄)ကြိမ်အထိတာဝန်ယူခဲ့တဲ့ သက်တမ်း ရှည်သမ္မတကြီးလည်းဖြစ်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများစွာ၊ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ပြီး ယနေ့လိုအမေရိကန်ပြည်ထောင်စုကို အခြေခိုင်ခိုင် တည်ဆောက်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
(၈) Mahatma Gandhi
လက်နက်မကိုင် အကြမ်းမဖက်တဲ့နည်းနဲ့ အမိမြေလွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့ Mahatma Gandhi ဟာ အိန္ဒိယနိုင်ငံရဲ့သမိုင်းမှာသာမက ကမ္ဘာသမိုင်းမှာပါစံထားရတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံသားတွေကတော့ သူရဲ့လွတ်လပ်ရေး ကြိုးပမ်းခဲ့မှု လုပ်ရပ်တွေကြောင့် သူကိုနိုင်ငံတော် ရဲ့ဖခင်ကြီးအဖြစ် အသိအမှတ်ပြုခဲ့ကြပါတယ်။
Mahatma Gandhi ရဲ့လမ်းစဉ်ဖြစ်တဲ့ အကြမ်းမဖက်တဲ့ လမ်းစဉ်နဲ့ အိန္ဒိယဟာ (၁၉၄၇)ခုနှစ်မှာလွတ်လပ်ရေးရယူနိုင်ခဲ့ပြီး သူကိုယ်တိုင်လည်း ကမာ့္ဘလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ငြိမ်းချမ်းတဲ့နည်းနဲ့ရယူနိုင်ခဲ့တဲ့ ပထမဆုံးသော သမိုင်းမှတ်တိုင်ကိုလည်းစိုက်ထူထားနိုင်ခဲ့ပါတယ်။
(၉) Nelson Mandela
တောင်အာဖရိကနိုင်ငံရဲ့ သမ္မတဟောင်းဖြစ်တဲ့ Nelson Mandela ဟာ အသားအရောင် ခွဲခြားမှုဆန့်ကျင်ရေးကို တက်ကြွစွာဆောင်ရွက်ခဲ့သူဖြစ်သလို တောင်အာဖရိကနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ဖြင့် အပြည့်အဝရွေးချယ်ခြင်းခံရတဲ့ ပထမဆုံးသောသမ္မတလည်းဖြစ်ပါ တယ်။ သူရဲ့ဒီမိုကရေစီဖော်ဆောင်ရေးကြိုးပမ်းမှုတွေကြောင့် (၁၉၉၃)ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုအပြင် ကမ္ဘာတစ်ဝှမ်းကဂုဏ်ပြုဆုတံဆိပ်ပေါင်း(၁၀၀)ကျော် လောက်ချီးမြှင့်ဂုဏ်ပြုခံရသူလည်းဖြစ်ပါတယ်။
Nelson Mandela ဟာ ယုံကြည်မှုနဲ့ လူအခွင့်အရေးအတွက် အကျဉ်းထောင်အတွင်းမှာ(၂၈)နှစ်ကြာအောင်နေထိုင်ခဲ့ရပြီး လွတ်မြောက်လာချိန်မှာလည်း တောင်အာဖရိကရဲ့သမ္မတအဖြစ် (ANC) ပါတီကို ကိုယ် စားပြုပြီး (၁၉၉၄) ကနေ (၁၉၉၉)ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါအပြင် အာဖရိကမှာ ပထမဆုံးကျင်းပတဲ့ (၂၀၁၀)ကမ္ဘာဖလားပြိုင်ပွဲကျင်းပနိုင်ခွင့်ရနိုင်ရာမှာ လည်း Nelson Mandelaဟာ နိုင်ငံရဲ့အဓိကပုံရိပ်အဖြစ်ပါဝင်ခဲ့တာကိုတွေ့ရမှာပါ။ (၂၀၁၃)ခုနှစ်၊ဒီဇင်ဘာ(၅)ရက်နေ့မှာတော့ Nelson Mandela ဟာ ကာလကြာခံစားခံရ တဲ့ ကင်ဆာရောဂါနဲ့ကွယ်လွန်သွားခဲ့ရပြီး ကွယ်လွန်ချိန်မှာတော့ အသက် (၉၅)နှစ် အရွယ်ရှိနေပြီဖြစ်ပါတယ်။
(၁၀) Albert Einstein
(၂၀)ရာစုရဲ့ကမ္ဘာကိုအလွှမ်းမိုးအရှိဆုံး လူပုဂ္ဂိုလ်စာရင်းမှာ နံပါတ်(၁)နေရာကနေပါဝင် လာခဲ့သူကတော့ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး Albert Einstein ဖြစ်ပါတယ်။ မျက်မှောက်ခေတ် ရူပဗေဒဘာသာရပ်နယ်ပယ်ရဲ့ ဖခင်ကြီးအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ အိုင်းစတိုင်းရဲ့တွေ့ရှိချက်တွေဟာ ကမ္ဘာကြီးကိုအလုံးစုံကိုပြောင်းလဲသွားခဲ့တာဖြစ်ပြီး သူရဲ့တွေ့ရှိမှု သီအိုရီတွေသာမရှိခဲ့ဖူးဆိုရင် ယနေ့လျှမ်းလျှမ်းတောက်ပြည့်စုံနေတဲ့ သိပ္ပံနည်းပညာနယ်ပယ်ဟာ ကျိန်းသေကိုအခက်တွေ့နေရဦးမှာဖြစ်ပါတယ်။
သူရဲ့ဘဝအချိန် တော်တော်များများဟာ တွေးခေါ်မှုတွေ၊စမ်းသပ်ချက်တွေနဲ့ပဲအချိန်ကုန်ခဲ့ရပြီး ညစ်နွမ်းတဲ့အဝတ်အစား နဲ့တစ်ကိုယ်ရေသန့်ရှင်းရေးကိုတောင် ပုံမှန်ပြုလုပ်ဖို့ အချိန်မပေးနိုင်ခဲ့တဲ့ အိုက်စတိုင်းဟာ ကမ္ဘာကျေးဇူးရှင်စာရင်းမှာ မဖြစ်မနေကိုထည့်သွင်းရမဲ့ မဟာသိပ္ပံ ပညာကျော်တစ်ဦးဖြစ်ပါတယ်။ နာမည်ကျော်ဒြပ်ထုစွမ်းညီမျှခြင်း E=Mc2 ကနေ နျူးကလီးယားလက်နက်တွေထုတ်လုပ်နိုင်ဖို့ ပထမဆုံးသောတံခါးပေါက်ကိုဖွင့်ပေးနိုင်ခဲ့သူကလည်း အိုက်စတိုင်းသာဖြစ်ပြီး (၁၉၂၁)ခုနှစ်မှာတော့ ရူပဗေဒနယ်ပယ်အတွက် နိုဗယ်ဆုကိုလက်ခံရရှိခဲ့ပါတယ်။ ထိုဆုကို သူ၏ ကျော်ကြားလှသော ရီလေတီဗတီ သီအိုရီအတွက် မဟုတ်ဘဲ အလင်းလျှပ်စစ်အကျိုး (ဖိုတွန်သဘောတရား) အတွက် ရရှိခြင်းဖြစ်ပါတယ်။
https://www.facebook.com/759065447529161/posts/2019717254797301/
Credit : Thutazone