Friday, 18 October 2019 15:33


ZAWGYI






















အလွန်ဆုံးပြောရရင် သင်သာ skill တစ်ခုကိုတကယ်ရှိချင်တဲ့ချိန်မှာ ပြီးတော့ အဲ့ဒီ skill က သင့်ဘဝအတွက် တကယ်အသုံးဝင်ပြီးလိုအပ်နေတယ်ဆိုရင် သင်အဲ့ဒီိ skill ရဖို့အတွက်

















 

UNICODE

"Online လောကမှာ ချမ်းသာနိုင် မယ့် Skill (၇) ခု"

(1) Website လုပ်နိုင်တဲ့ Skill

(2) Online Media ဝယ်တတ်တဲ့ Skill ( ဥပမာ- FB Ads , Google Adword , Advertorial etc.)

(3) Creative Content လုပ်နိုင်တဲ့ Skill

(4) ဓာတ်ပုံရိုက်တတ်တဲ့ ၊ photoshop လုပ်တတ်တဲ့ Skill

(5) video ရိုက်ပြီး ၊ edit လုပ်တတ်တဲ့ skill

(6) selling နဲ marketing skill

(7) လူတွေကိုဆွဲဆောင်ပြီး ၊ စိတ်ဝင်စားအောင်လုပ်နိုင်တဲ့ Skill

Recommended For You >>>> လူငယ်တွေအနေနဲ့တက္ကသိုလ်ကျောင်းပိတ်ရက်တွေမှာ ဘယ်လိုသင်တန်းတွေတက်ထားသင့်လဲ…?


သင့်ဆီမှာလဲ ဒီ skill တွေရှိထားသင့်ပါတယ် ။

အကယ်၍ Online လောကမှာစီးပွားရေးလုပ်နေတယ်ဆိုရင် သင်ဒီ skill 7 ခုလုံးမတတ်လဲရပါတယ် ။

( ဘာဖြစ်လို့လဲဆိုတော့ တချို့ skill ကသူများကိုပိုက်ဆံပေးပြီး ခိုင်းလို့ရလို့ပါ)

ဒါပေမဲ့ ဒီ skill တွေရဲ့အခြေခံအားလုံးကို နားလည်ထားသင့်ပါတယ်။

ပြီးတော့ ဒီ skill 7 ခုထဲမှာ ကိုယ်တကယ်ကျွမ်းကျင်တဲ့ skill ရှိသင့်ပါတယ်။

(အဲ့ဒါမှ သင့်ကို သူများတွေခိုင်းဖို့အတွက် ဝင်ငွေရအောင်လုပ်နိုင်မှာမို့လို့ပါ)


“Skill = လေ့ကျင့်လို့ရပါတယ်”

အကယ်၍ ဒီကမ္ဘာပေါ်မှာ ဘယ်အရာမဆို ကိုယ်က skill လို့သတ်မှတ်လိုက်တယ်ဆိုရင် ၊

အဲ့ဒီ အရာကို အမြဲတမ်း ပိုတော်အောင် လေ့ကျင့်လို့ရပါတယ်။

“လေ့ကျင့်လို့အရမ်းခက်တဲ့ skill ဆိုတာမရှိပါဘူး ၊ သင်တကယ်မလိုချင်တဲ့ skill ပဲရှိပါတယ်”

အလွန်ဆုံးပြောရရင် သင်သာ skill တစ်ခုကိုတကယ်ရှိချင်တဲ့ချိန်မှာ ပြီးတော့ အဲ့ဒီ skill က သင့်ဘဝအတွက် တကယ်အသုံးဝင်ပြီးလိုအပ်နေတယ်ဆိုရင် သင်အဲ့ဒီ skill ရဖို့အတွက်

သင်ကရတဲ့နည်းလမ်းကိုရှာမှာပါ ။

သင်အတတ်နိုင်ဆုံးသည်းခံမှာပါ ။

လေ့ကျင့်တဲ့နေရာမှာ ဝီရိယရှိနေမှာပါ ။

သင်ဖြစ်ချင်တဲ့ပန်းတိုင်ကိုမရရအောင်ကြိုးစားမှာပါ ။

ကျွန်တော် အရမ်းကြိုက်တဲ့ စာရေးဆရာတစ်ယောက်ပြောထားတဲ့ စကားတစ်ခွန်းရှိပါတယ်။

“Every Next Level Of Your Life Will Demand A New You”

ဆိုလိုတဲ့သဘောက အကယ်၍ သင်ဒီနေ့ဘဝထက်ကောင်းတဲ့ဘဝကိုလိုချင်တယ်ဆိုရင် ၊

ဒီထက်မြင့်တဲ့ဘဝကိုလိုချင်တယ်ဆိုရင် ၊ သင်ပေးဆပ်ရမယ့်အချက်ကတော့ အခုထက်မြင့်တဲ့ level မှာရှိနေတဲ့သင်ကိုလိုအပ်ပါတယ် ။

ဒီနေ့ထက်တော်တဲ့ သင့်ကိုလိုအပ်ပါတယ်။ ဒီထက်ပိုမြင့်တဲ့ version ကို update လုပ်ရပါမယ်။

သင်လိုချင်တဲ့ဘဝနဲ့ သင့်တော်ကိုက်ညီတဲ့ သင် ဖြစ်ရပါမယ် ။

အကယ်၍ သင်ဒီထက် version ပိုမြင့်ချင်တယ်ဆိုရင် သင့်ဆီမှာ skill ပိုရှိရပါမယ်။

အရင်တုန်းက မလုပ်နိုင်တဲ့အလုပ်ကိုသင်လုပ်ရပါမယ်။

အသစ်အဆန်းကိုသင်လုပ်ရမှာပါ ။ မလုပ်ဖူးတဲ့အရာကို သင်လုပ်ရမှာပါ။

သင်မရဖူးတဲ့အရာကို သင်လိုချင်တယ်ဆိုရင် ၊ သင်မလုပ်ဖူးတဲ့အရာကို သင်လုပ်ရပါလိမ့်မယ်။

“ဒီကမ္ဘာပေါ်မှာရှိတဲ့ skill တိုင်းက လေ့ကျင့်လို့ရတဲ့အရာလေးတွေဖြစ်ပါတယ်၊ သင်မတတ်နိုင်တဲ့ skill ဆိုတာမရှိပါဘူး၊ မနိုင်တဲ့စိတ်ပဲရှိပါတယ်”

သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့် https://www.sayar.com.mm/subjects.html မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။

 

Sources :  blackbin