×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 06 April 2020

မြန်မာ့ပညာရေးစနစ်ထဲမှ ဟောလိဝုဒ်ရုပ်ရှင်အညွှန်း

ပညာရေးဟူသည် လူသားများအတွက် လူနေမှုအဆင့်အတန်း နှင့် တွေးခေါ်နိုင်စွမ်း ရင်းမြစ်တို့ကို ဖန်တီးပေးနိုင်သော လူသားများကိုယ်တိုင်ဖန်တီးထားသည့် စနစ်တစ်ခုဖြစ်သည့်အလျောက် ထိုပညာရေးသည် အကျိုးပြုခြင်းမပြုခြင်း...

လူနေမှုတိုးတက်ခြင်း မတိုးတက်ခြင်းတို့ထက် ကောင်းမွန်သောရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းပြီး လွဲမှားခြင်းရှိခဲ့လျှင်ပင် သင်ကြားသူ နှင့် လေ့လာသူကြား အဆင်မပြေမှုကြောင့်ဖြစ်နိုင်ကာ လူသားအကျိုးပြုစနစ်ဖြစ်သဖြင့် ထိုစနစ်ထဲတွင်ပါဝင်သော အကြောင်းအရာ စာပေများမှာ အဟောသိကံ မဖြစ်နိုင်ရာ....

 

ငယ်စဉ် အထက်တန်းကျောင်းသား/သူ ဘဝ ၌ သင်ကြားခဲ့ရသော စာပေများထဲတွင်လည်းလေ့လာသင်ယူစရာများအမှန်တကယ်ပါဝင်နေခဲ့ပြီး ကောင်းမွန်စွာသင်ကြားခံရခွင့် ရခဲ့ကြသည့် တစ်ချိန်က ကျောင်းသား/သူများ ဆရာတဖြစ်ပြန်လည်နေရာယူပြီး ထိုသူများ၏ သင်ကြားခြင်းကို လက်ဆင့်ကမ်း ခံယူကြရသည့်အခါ တစ်ခါတရံ ထိုသင်ရိုးညွှန်းတမ်းစာအုပ်များထဲမှ စာမေးပွဲအတွက် လုပ်ရသောစာထက် ပိုလေးနက်သည့် အကြောင်းအရာတို့ကို သိခွင့် ကြားခွင့်ရခဲ့ကြဖူးလိမ့်မည် ထင်ပါသည်...

 

အထူးသဖြင့် ပဉ္စမတန်း မှ တက္ကသိုလ်ဝင်တန်းထိ အင်္ဂလိပ်ဖတ်စာအုပ်များထဲတွင် အပြည်ပြည်ဆိုင်ရာ စာပေ,ရုပ်ရှင်,ကဗျာ,ဂီတတို့နှင့် ဆိုင်သော ဗဟုသုတများကို စာသင်ချိန်အားလပ်သောအခါတွင်လည်းကောင်း ဗဟုသုတပြည့်ဝသော ဆရာ/ဆရာမတို့ ၏ ကျေးဇူးကြောင့်သော်လည်းကောင်း စိတ်ဝင်စားဖွယ်ရာအဖြစ် နားထဲစွဲနေအောင် လေ့လာမှတ်သားခွင့်ရခဲ့ကြရပြန်ပါသေးသည်...

 

ဒါဖြင့်ရင် မိတ်ဆက်ပေးချင်နေတဲ့ နဝမတန်း အင်္ဂလိပ်စာ ဖတ်စာအုပ်တွင်ပါဝင်သော အကြောင်းအရာပေါ် ရိုက်ကူးထားသည့် ဟောလိဝုဒ် ရုပ်ရှင်တစ်ကားဆီ ဆက်လိုက်ကြရအောင်ပါ...

 

(ဤရုပ်ရှင်အညွှန်းသည် spoilerပါသည်ဟုထင်ရသော်လည်း ရုပ်ရှင်ထဲမှ ထိုခေတ်၏ သရုပ်ဆောင်ပုံ,စကားပြောပုံ,တည်းဖြတ်ပုံ တို့မှာ ဇာတ်လမ်းကြည့်ရာတွင် အနည်းငယ်မျှထောက်နေနိုင်ပါသည်....ထို့ကြောင့် spoilerအား ချုံ့နိုင်သမျှ ချုံ့ပြီး ကြည့်ရှုသူတို့ အဆင်ချောစေရန် ရည်ရွယ်၍ ရေးသားပေးရခြင်း ဖြစ်သည်...ဤ ရုပ်ရှင်အညွှန်းကြောင့် ရုပ်ရှင်ကြည့်ရှုရာမှာ ပေါ့လျော့ခြင်းကိစ္စရပ်တို့ လုံးဝမဖြစ်စေနိုင်ကြောင်း အာမခံအပ်ပါသည်)

 

Image may contain: 1 person

 

မိုးတိမ်သားတို့ ဖုံးအုပ်လျက်ရှိပြီး မှောင်မိုက် တိတ်ဆိတ်ကာ လူသူအသွားအလာနည်းပါးသော ခေါင်လွန်းလှသည့် Wuthering Heightsအရပ်ရှိ ကြီးမားသော ကျောက်တုံးကြီး နားမှ ထန်စွာသော လေပြင်းတို့တိုက်ခတ်နေပြီး ထိုလေပြင်းများအကြား တံလျှပ်ဟူပင် မမြင်ချင်ယောင်ဆောင်နေသင့်သည့် ဝိဉာဉ် နှစ်ခု ပြေးလွှားဆော့ကစားနေကြ၏....

 

ထိုဝိဉာဉ်တို့ကား အဖမဲ့သား Heathcliff နှင့် စံအိမ်တော်ရှင် Catherineတို့၏ ဝိဉာဉ်များပင်ဖြစ်လေသည်....

 

Image may contain: 5 people, people smiling

 

(လွန်ခဲ့သော မိသားစုအပေါ် ဖခင်အာဏာ လွှမ်းမိုးနိုင်ခဲ့စဉ် နှစ်များက.....)
==================================


Liverpool မှ ပြန်လာသော သခင်ကြီး Mr.Earnshawသည် မှိုင်တွေပင်ပန်းသော မျက်နှာပေးနှင့် အိမ်ထဲတွင်ထိုင်ချပြီး သူ၏ထံတွင်လည်း သားဦး Hindley နှင့် သမီးငယ် Cathy တို့မှာလိုက်သော တယောတစ်လက်...ကြာပွတ်တစ်ချောင်း နှင့်အတူ ဆံပင်အနက် ညစ်စုတ်စုတ် နံစော်စော် ကလေကချေပုံစံ ကလေးငယ်တစ်ဦးလည်းပါလာလေ၏....

 

အိမ်အကူတို့အား ကလေးကိုရေမိုးချိုးစေပြီး သားသမီးအရင်း နှစ်ဦးနှင့်အတူ တစ်ခန်းထဲအိပ် ခိုင်းစေသောကြောင့် တစ်အိမ်လုံး စိတ်ဘဝင်မကျပဲ စံအိမ်တော်ရှင်မို့ ဘာတစ်ခွန်းတစ်ဟမှ ပြန်မပြောရဲကြပေမည့် အော်ဟစ်ငြင်းဆိုမိသော သားဖြစ်သူ Hindley အား ဖခင်ဖြစ်သူ Mr.Earnshawကိုယ်တိုင် ဘယ်ပြန် ပါးတစ်ချက် အားပါပါ ရိုက်ခြင်းဖြင့် ဆုံးမပေးလိုက်သည်.....

 

ထိုမွေးစားထားသော မိဘမဲ့ကလေးကိုလည်း Earnshawမောင်နှံ၏ သားသမီးများဖြစ်ကြသည့် Hindley နှင့် Cathyတို့၏ ကြား ဒုတိယမြောက်မွေးဖွားပြီးသေဆုံးသွားခဲ့သည့် ကလေး၏ နာမည်ကိုပေးစေ၏.....ထိုနာမည်ကား Heathcliff ပင်ဖြစ်လေသည်....

 

Mr.Earnshaw၏ ဂရုဏာသက်မှုမှ Heathcliffမရရှိခဲ့သော ဖခင်မေတ္တာ နှင့် မိခင်မေတ္တာတို့ကိုပေးစွမ်းခြင်းတို့သည် ကျန် Earnshawမိသားစုဝင်တိုင်းအတွက်ဘဝင်မကျစရာပေမည့် Heathcliff နှင့်ရွယ်တူဖြစ်သည့်အလျောက် ရင်းနှီး ကျွမ်းဝင်မှု မြန်ဆန်သွားသော Cathy မှာတော့ Heathcliffကို လွင်ပြင်ခေါင်ခေါင် Wuthering Heightsအရပ်တွင် Londonမြို့တော်ကြီးမှလာရောက်ဖွင့်လှစ်သော ရေခဲမုန့်ဆိုင်သဖွယ် ချစ်ခင်မြတ်နိုးနေခဲ့လေ၏....

 

နှစ်ပေါင်း ၂၀၀ ကျော် တည်တံ့လာခဲ့သော Wuthering Heights မှ အိမ်တော်ကြီး၏ သက်တမ်းနှင့် တူညီသော အရှေ့ဖက်အရပ် တည့်တည့်တွင် တည်ရှိသည့် ကြီးမားသော ကျောက်တုံးကြီးမှာ Heathcliff နှင့် Cathy တို့၏ ကစားကွင်းသဖွယ်ဖြစ်လာပြီး နှစ်ရှည်လများစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြသည့် သူတို့နှစ်ဦးမှာ တစ်ဦးကိုယ်တစ်ဦး မောင်နှမ သံယောဇဉ်ထက် မသိမသာကျော်လွန်လာသည်ကိုတော့ စိတ်သဘောထဲတွင် သိပေမည့် မည်သို့မည်ပုံ ဖော်ပြ သတ်မှတ်ရမည်ကို မသိကြရှာပဲ သဘာဝတရားကိုကျောခိုင်းထားကာ နှစ်ဦးသား ကျေနပ်ပျော်ရွှင်စွာ ဆော့ကစား နေခဲ့ကြလေသည်...

 

ခေါင်လှသော အရပ်ဖြစ်သည့်အပြင် ပညာရေးမထွန်းကား သဖြင့် Cathy လေးမှာ အနည်းငယ် အရိုင်းဆန်၏...Heathcliff နဲ့ဆော့ကစားရာတွင်လည်း အသတ်အပုတ် အရိုက်အနှက်ဖြင့် ရွှံ့ပေတလူလူ ဆော့ကစားတတ်သည်.....Heathcliff နှင့် Cathy တို့ကြား နောက်ပြောင်ရာမှ အရေးတကြီးစကားပြောဆိုပြီး သေချာနားထောင်စေလိုလျှင် ပါးရိုက် သတိပေးခြင်းမှာ အလေ့အထတစ်ခုလိုပင်.....

 

အရေးအဖတ် မှလွဲ၍ ကျန်ပညာရေးများကို သားသမီးတို့အား သင်ကြားစေခွင့်မပြုခဲ့သော Earnshaw မိသားစုအတွက် ကံကြမ္မာခြားရဟတ် တစ်ပတ်လည်ပြီး တိတ်ဆိတ်အေးချမ်းခဲ့သော Wuthering Heights အရပ်သည် ငိုကြွေးပူဆွေးသံတို့စတင်လွှမ်းခြုံလာခဲ့လေသည်....

 

Earnshaw မိသားစု၏ အိမ်တော်ကြီးသည် ခြောက်ကပ်တိတ်ဆိတ်လျက်ရှိနေသည်....အကြောင်းမူကား သခင်မကြီး Mrs.Earnshaw သေဆုံးသွားခြင်းကြောင့်ပင်....

 

မိသားစုဝင်နည်းပါးပြီး အခြေမခိုင်လှသော အိမ်တော်ကြီးအကြောင်း တွေးရင်း Mr.Earnshawတစ်ယောက် ညဖက်အိပ်မပျော်သည့် ရက်ပေါင်းလည်းများလာခဲ့၏....

 

တိုင်ပင်နှီးနှောစကားများအရ မိတ်ဆွေများမှလည်း သားဦး Hindley ကို ကောလိပ်တက်ကာ ပညာသင်ကြားခွင့် ပေးသင့်ကြောင်း တိုက်တွန်းနေကြလေသည်....

 

"Mr.Earnshaw...ဒီနေ့ခေတ်မှာ လူမှန်ရင် အတန်းပညာကို တတ်ကိုတတ်ရမယ်ဗျာ့"

"နေပါကွာ....လူဆိုတာ လူပီသ ဖို့ပဲလိုတာပါ"

 

မိမိ၏ အတ္တတစ်ခုကို တင်းခံ၍ ဤသို့ပြောဆိုခဲ့ရပေမည့် သားဦးအတွက်ပြန် လည်စဉ်းစား ပေးပြန်ရာတွင် မိဘဝတ္တရားကျေပွန်ရေးကို ရှေုးရှုပြီး ကောလိပ် တက်ခွင့်ပြုရန် ဆုံးဖြတ်ချက်ချမှတ်လိုက်၏....

 

Hindly တစ်ယောက်သည်လည်း ကောလိပ်တက်ရန် အိမ်မှ ထွက်ခွာသွားလေတော့သည်...

 

Image may contain: 1 person, smiling

 

(Heathcliff အား Wuthering Heightsဆီသို့ခေါ်ဆောင်မလာသေးခင် ၉ နှစ်အလို)
=================================

 

ခေါင်စွာသော Wuthering Heights ကုန်းမြင့်ကြီးဆီမှ လေးမိုင်အကွာ ရာသီဥတု သာယာစိုပြေသည့် ဒေသရှိ Thrushcross Grange အိမ်တော်တွင် Lintonမိသားစုမှ Edger Linton နှင့် Isabella Lintonဟူသောကလေးနှစ်ဦးတို့ ၂ နှစ်ခြားစီမွေဖွားလာကြလေ၏...

 

Linton မိသားစုသည် ဂုဏ်သရည်ရှိ သူကြွယ် အမျိုးအနွယ် ဖြစ်သဖြင့် ထို Edger နှင့် Isabellaတို့ မောင်နှမ မှာ အရေးအဖတ်စာပေပညာအပြင် အတီးအက နှင့် အခြားအတတ်ပညာတို့ သင်ကြားခဲ့ရပြီး အသက်အရွယ်ကြီးရင့် လာကြသော် သားအကြီးဖြစ်သူ Edger မှာ ဥပဒေလမ်းကြောင်းပေါ်လျှောက်လှမ်းကာ ရာဇဝတ်တရားသူကြီး ဖြစ်လာခဲ့လေသည်....

 

No photo description available.

 

(Present)ယခုအချိန်
=============


အရွယ်ရောက်လာကြပေမည့် ကလေးစိတ်မပျောက်သေးပဲ Heathcliff နှင့် Cathyတို့မှာ စားချိန်တန်စား ကစားချိန်တန်ကစား နှင့် ဘဝ၏အချိန်တော်တော်များများကို Wuthering Heights ကုန်းအမြင့်ရှိ ကျောက်တုံးကြီးဆီ တွင်အချိန်ဖြုန်းနေခဲ့ကြသည်......

 

ကျန်းမာရေးတစ်နေ့တခြား လွန်စွာထိခိုက်လာသော Mr.Earnshawမှာ ဟိုးယခင်က သားသမီးတို့အတွက် အစီအစဉ်အတည်တကျမချမှတ်ခဲ့ရခြင်းကြောင့် ကိုယ့်ကိုကိုယ်သာ ဒေါသနောင်တ မီးပုံထဲ ဆွဲနစ်နေလေသည်....သားဦးမှာ ကောလိပ်တက်နေပြီး စိတ်ချရနေသော်လည်း သမီးငယ်ဖို့ စီစဉ်ဆောင်ရွက်ခဲ့မှု မရှိလေရာ ကြံရာမရဖြစ်နေသည်....

 

တစ်ညသော လေပြင်းများအလွန်အကျွံတိုက်ခတ်သည့် နေ့တစ်နေ့တွင် Earnshawမိသားစုဝင် သုံးယောက် အိမ်အတွင်း တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေကြ၏.....

 

လေပြင်းများတိုက်ခတ်သဖြင့် အိမ်တံခါးများပိတ်ထားရပြီး အတွင်းတွင် လေတိုးသံများကို သဲ့သဲ့ကြားနေရသည်....

 

Mr.Earnshawမှ ထိုင်ခုံပေါ် မှီထိုင်လျက်ရှိပြီး ရောဂါကြောင့် မိန်းမောနေလေ၏...ကြမ်းပြင်တွင်ထိုင်လျက် Mr.Earnshaw ၏ ဘယ်ဖက်ပေါင်ပေါ်တွင် Heathcliff၏ ခေါင်းမှာ မှေးတင်ထားပြီး ညာဖက်ပေါင်ပေါ်တွင် Cathy က မှေးတင်ကာ သုံးယောက် ကျစ်လျစ်စွာထွေးပွေ့ထားလျက်ရှိသည်.....

 

ထိုကျစ်လျစ်စွာ ဖက်ထားကြသော လက်တို့ကြားမှ လက်တစ်စုံသည် ရုတ်တရက်လျှောကျ အားပြယ်သွားလေ၏....

 

ထိုလက်တစ်စုံကား Mr.Earnshaw၏ လက်ပင်....

Mr.Earnshaw ၏ စိတ်ဝိဉာဉ်မှာ ငြိမ်းချမ်းသော တမလွန်ဘဝသို့ ရွေ့လျားကူးပြောင်း၍သွားလေတော့သည်....

 

ဖခင်သေဆုံးသည့်သတင်းကို ကြားကြားချင်း ကောလိပ်သို့ ပညာတော်သင်သွားသော သားဦး Hindley သည် ကောလိပ်တွင် ညားသော အမျိုးသမီးတစ်ဦးနှင့်အတူ Wuthering Heightsသို့ရုတ်ချည်းရောက်ရှိလာပြီး အိမ်တော်အား သူ့စိတ်တိုင်းကျ စီစဉ်စေ၏....

 

ထိုစီစဉ်မှုများတွင် ဖခင်အပေါ် မကျေနပ်ချက်နှင့် ဒေါသများကို Heathcliffအပေါ် ပုံချ နှိပ်စက်ရန် လည်း အပါအဝင်.....

 

သောက်ဖော် သောက်ဖက် များနှင့် အဖျော်ယမကာ လောင်းကစားများအပြင် ဇိမ်မယ်များကိုလည်း Earnshawမိသားစုအိမ်ပေါ်တွင် ခေါ်ယူကာ သောက်စားပျော်ပါးလျက်ရှိသည်....

 

တစ်ခုသောနေ့လည်ခင်း၌ ဖြစ်၏...


Wuthering Heightsတွင် လေပြေလေညှင်းဖွဲဖွဲ တိုက်ခတ်နေပြီး Heathcliff နှင့် Cathy တို့ ကွင်းပြင်ထဲနှင့် ကျောက်တုံးကြီးနား ဆော့ကစားရာမှ ငြီးငွေ့လာကြပြီး Wuthering Heightsမှ လေးမိုင်နီးပါး ဝေးကွာသော Thrushcross Grange စံအိမ်တော်သို့ ခြေလျင်ဖြင့် ရောက်ရှိသွားခဲ့ကြသည်....

 

Thrushcross Grangeဆီ ရောက်ရာ မှောင်ရီအတော်ပျိုးနေလေပြီ....

 

Thrushcross Grange၏ ပြတင်းပေါက် မှန်ဘောင်မှ Heathcliffတို့ ချောင်းမြောင်းကြည့်ရာ Linton မိသားစု၏ မျိုးဆက်သစ် Cathy တို့နှင့် ရွယ်တူဖြစ်ကြသော Edger နှင့် Isabellaတို့ စန္ဒယားတီးခတ်နေကြသည်ကို တွေ့ရသည်....

 

Heathcliffတို့မှာ ပြတင်းပေါက်မှ ခြောက်လန့် စနောက်လိုက်သဖြင့် လန့်သွားသော Isabellaမှ အော်ဟစ်ကာ အစောင့်များ ဝိုင်းဝန်းဖမ်းဆီးခြင်းကိုခံရပြီး အိမ်ထဲသို့ ဆွဲခေါ်ခံကြရ၏...

 

Linton မိသားစုမှ Cathyကို သေချာကြည့်ရင်း...


"ဟင်...ဒါ Wuthering Heightsက Catherine လေး မလား?"

"ဟုတ်သားပဲဟေ့!"

 

နောက်...Heathcliff ဖက်ပြန်လှည့်ရင်း...
"ဟာ...ဒီကောင်က မွေစားသား အပေအတေ Heathcliffပဲဖြစ်ရမယ်..."

 

"ညစ်ပေနေတာပဲ ခုချက်ချင်း အိမ်ထဲက ဆွဲထုတ်ကြစမ်း..."

Heathcliffမှာ အတင်းရုန်းကန်ပြီး အိမ်ထဲသို့ပြေးဝင်ရန်ကြိုးစားနေ၏....

 

Linton မိသားစုအားရန်ပြုလိုခြင်းမဟုတ်...Cathyအား တစ်ညမျှထားခဲ့ရန် သူစိတ်မချနိုင်ပဲ အတူအိမ်ပြန်လိုသောကြောင့်ဖြစ်သည်....

 

/////////////////////////////////////////////////

ထို့နောက် Wuthering Heightsသို့ Cathy ပြန်လည်ရောက်ရှိလာ၏...

 

ဆံပင်စုတ်ဖွား ညစ်ပတ် ပေကျံနေသော ပုံစံနှင့်တော့မဟုတ်ပေ....

 

အထက်တန်းစား အမျိုးသမီး ဝတ်စုံနှင့် အတော်လိုက်ဖက်သော အထက်တန်းစားအမျိုးသမီးတစ်ယောက် အဖြစ် မြင်တွေ့ရ၏....

 

Lintonမိသားစုမှ Edger သည် Cathyကို လွန်စွာမြတ်နိုး ပိုင်ဆိုင်လိုစိတ်ပြင်းပြလာ၏....

 

သားဦး Hindley မှလည်း Heathcliff အား အိမ်ပေါ်မှ နှင်ချရန် စီစဉ်နေလေပြီ....

 

Cathy၏ အချစ်သည် Heathcliff ဖြစ်၏....ထို့ထက် Cathy ၏ ဘဝသည် Heathcliffပင်ဖြစ်သည်....သို့သော် Heathcliifအား Wuthering Heightsမှာ နှင်ထုတ်တော့မည် အစီအစဉ် ဆောင်ရွက်နေသူ အစ်ကို Hindley အား နှုတ်ပိတ်ရပ်တန့်စေရန်မှာ Linton မိသားစုမှ Eadgerကို လက်ထပ်ရန်မှ တစ်ပါး တတ်နိုင်သော နည်းလမ်းမရှိတော့.....

 

မိဘတို့ အစီအစဉ်မရှိခဲ့ခြင်းသည် သားသမီးတို့၏ ဘဝပျက်စီးခြင်း နှင့် မိဘတို့ချမှတ်ပေးသည့် အစီအစဉ်မရှိသော်လည်း မိမိ ကြိုးစားခြင်းဖြင့် ဘဝအောင်မြင်ခြင်း ရရှိနိုင်ကြောင်းတို့ကို ပူးတွဲတင်ပြထားသော ဇာတ်ကားကောင်းဖြစ်၏.....

 

ချစ်သက်မုန်းရက်ခြင်းခံရတော့မယ့် Cathy...

 

စိတ်နာခြင်း...နုံချာသော ဘဝပေးအား တိုက်ထုတ်မည့် အတွေးနှင့် Wuthering Heightsမှ ထွက်ပြေးသွားသော Heathcliff.....

 

စွဲလမ်းခြင်းကြာရှည်မခံမှုကြောင့် အိမ်ထောင်ရေးကို စိတ်မရှည်တော့တဲ့ Edger....

 

မမျှော်လင့်တဲ့ အချစ်ရေးနဲ့ ကြုံတွေ့တော့မယ့် Isabella နှင့်...

 

ဘဝပျက်ကိန်းတို့ ဆက်တိုက်ဖန်တီးချင်နေသော အမုန်းဓာတ်ခံ သားဦး Hindley တို့၏ ကြားမှ...

 

အရိုင်းငယ်ချစ် သံယောဇဉ် တွယ်ငြိမိသော Heathcliff နှင့် Cathy တို့၏ ဇာတ်သိမ်း ကောင်းမကောင်းကိုတော့ ရုပ်ရှင်ကို ဆက်လက်ကြည့်ရှုပြီး ခံစားစေချင်မိပါတယ်.....

 

No photo description available.

 

EMILY BRONTËရေးသားသော Wuthering Heights ဝတ္ထုသည် အလွန်အောင်မြင်ခဲ့ရုံတင်မကပဲ ရုပ်ရှင် adaptation ပေါင်းများစွာဟာလည်း အထိုက်အလျောက်အောင်မြင်မှုရရှိပြီး လူကြိုက်များခဲ့သည်....

 

ဥရောပတခွင်တွင်သာမက အာရှမှလည်း တဖန်ဆန်းသစ်ရိုက်ကူးခြင်းကို ခံရ၏....

 

1920မှစတင်၍ ရုပ်ရှင်အဖြစ် စတင်ရိုက်ကူးခြင်းခံခဲ့ရပြီး ထိုရုပ်ရှင်များထဲမှ အောင်မြင်သော ရုပ်ရှင် adaptation များကို ဖော်ပြပေးချင်ပါသေးသည်....

Wuthering Heights (1939)
Wuthering Heights (1970)
Wuthering Heights (1992)
Wuthering Heights (2009) နှင့်
Wuthering Heights (2011)
တို့မှာအလွန်ကြည့်ပျော်၏....

 

Wuthering Heights (2009)မှာ Tv Seriesဖြစ်ပြီး Tom Hardy နှင့် Charlotte Rileyတို့ ဇနီးမောင်နှံ နှစ်ဦးက Heathcliff နှင့် Cathy အဖြစ် ပါဝင်သရုပ်ဆောင်ပေးထားသည်....

 

နောက်ဆုံးအနေနှင့် ပြောရလျှင် ပညာရေးစနစ်လည်ပတ်ပုံ မကောင်းဘူး ဟုထင်မြင်နေစေကာမူ စာသင်သူနှင့် စာသင်သား တို့လက်စွဲ ဖတ်စာအုပ်များမှာ မခေသော အနုပညာရသ နှင့် အနှစ် ဗဟုသုတ များအားစုစည်း တင်ပြပေးထားသည့် စာအုပ်များပင်ဖြစ်သည်....

 

အဆုံးထိဖတ်ရှုပေးခဲ့သည်ကိုလည်း အထူးကျေးဇူးတင်ရှိသောအားဖြင့် နဝမတန်း နှင့် ဒသမတန်း အင်္ဂလိပ်စာသင်ရိုးတွင်ပါဝင်သည့် အကြောင်းအရာများအပေါ် အခြေခံရိုက်ကူးထားတဲ့ အခြား ကြည့််သင့်ကြည့်ထိုက်သော ရုပ်ရှင်ဇာတ်ကားကောင်းများကို ဖော်ပြပေးလိုက်ပါတယ် ...

 

အဆိုပါဇာတ်ကားများမှာ - Wuthering Heights ( 1970 ) ,Treasure Island ( 1950 ) ,Helen Keller In Her Story ( 1953 ) နှင့် The Last Leaf ( 1983 ) စတဲ့ ဇာတ်ကားများဖြစ်ပါတယ် အင်္ဂလိပ်စာတိုးတက် ချင်သော ကျောင်းသားလူငယ်များနှင့် သင်ကြားရေးလွယ်ကူ စေရန် ဆရာ / ဆရာမ များ ကြည့်ရှု့ နိုင်ရန် တန်ဖိုးရှိ ဇာတ်ကားကောင်းများကို ညွှန်းပေးလိုက်ရပါတယ်။

 

<<< Zawgyi >>>

 

ျမန္မာ့ပညာေရးစနစ္ထဲမွ ေဟာလိဝုဒ္ရုပ္ရွင္အညႊန္း
=============================

 

ပညာေရးဟူသည္ လူသားမ်ားအတြက္ လူေနမႈအဆင့္အတန္း နွင့္ ေတြးေခၚနိုင္စြမ္း ရင္းျမစ္တို႕ကို ဖန္တီးေပးနိုင္ေသာ လူသားမ်ားကိုယ္တိုင္ဖန္တီးထားသည့္ စနစ္တစ္ခုျဖစ္သည့္အေလ်ာက္ ထိုပညာေရးသည္ အက်ိဳးျပဳျခင္းမျပဳျခင္း...လူေနမႈတိုးတက္ျခင္း မတိုးတက္ျခင္းတို႔ထက္ ေကာင္းမြန္ေသာရည္ရြယ္ခ်က္ျဖင့္ဖြဲ႕စည္းျပီး လြဲမွားျခင္းရွိခဲ႕လ်ွင္ပင္ သင္ႀကားသူ နွင့္ ေလ့လာသူႀကား အဆင္မေျပမႈေႀကာင့္ျဖစ္နိုင္ကာ လူသားအက်ိဳးျပဳစနစ္ျဖစ္သျဖင့္ ထိုစနစ္ထဲတြင္ပါဝင္ေသာ အေႀကာင္းအရာ စာေပမ်ားမွာ အေဟာသိကံ မျဖစ္နိုင္ရာ....

 

ငယ္စဥ္ အထက္တန္းေက်ာင္းသား/သူ ဘဝ ၌ သင္ႀကားခဲ႔ရေသာ စာေပမ်ားထဲတြင္လည္းေလ့လာသင္ယူစရာမ်ားအမွန္တကယ္ပါဝင္ေနခဲ႔ျပီး ေကာင္းမြန္စြာသင္ႀကားခံရခြင့္ ရခဲ႕ႀကသည့္ တစ္ခ်ိန္က ေက်ာင္းသား/သူမ်ား ဆရာတျဖစ္ျပန္လည္ေနရာယူျပီး ထိုသူမ်ား၏ သင္ႀကားျခင္းကို လက္ဆင့္ကမ္း ခံယူႀကရသည့္အခါ တစ္ခါတရံ ထိုသင္ရိုးညႊန္းတမ္းစာအုပ္မ်ားထဲမွ စာေမးပြဲအတြက္ လုပ္ရေသာစာထက္ ပိုေလးနက္သည့္ အေႀကာင္းအရာတို႔ကို သိခြင့္ ႀကားခြင့္ရခဲ႕ႀကဖူးလိမ့္မည္ ထင္ပါသည္...

 

အထူးသျဖင့္ ပဥၥမတန္း မွ တကၠသိုလ္ဝင္တန္းထိ အဂၤလိပ္ဖတ္စာအုပ္မ်ားထဲတြင္ အျပည္ျပည္ဆိုင္ရာ စာေပ,ရုပ္ရွင္,ကဗ်ာ,ဂီတတို႔နွင့္ ဆိုင္ေသာ ဗဟုသုတမ်ားကို စာသင္ခ်ိန္အားလပ္ေသာအခါတြင္လည္းေကာင္း ဗဟုသုတျပည့္ဝေသာ ဆရာ/ဆရာမတို႔ ၏ ေက်းဇူးေႀကာင့္ေသာ္လည္းေကာင္း စိတ္ဝင္စားဖြယ္ရာအျဖစ္ နားထဲစြဲေနေအာင္ ေလ့လာမွတ္သားခြင့္ရခဲ႕ႀကရျပန္ပါေသးသည္...

 

ဒါျဖင့္ရင္ မိတ္ဆက္ေပးခ်င္ေနတဲ႕ နဝမတန္း အဂၤလိပ္စာ ဖတ္စာအုပ္တြင္ပါဝင္ေသာ အေႀကာင္းအရာေပၚ ရိုက္ကူးထားသည့္ ေဟာလိဝုဒ္ ရုပ္ရွင္တစ္ကားဆီ ဆက္လိုက္ႀကရေအာင္္ပါ...

 

(ဤရုပ္ရွင္အညႊန္းသည္ spoilerပါသည္ဟုထင္ရေသာ္လည္း ရုပ္ရွင္ထဲမွ ထိုေခတ္၏ သရုပ္ေဆာင္ပံု,စကားေျပာပံု,တည္းျဖတ္ပံု တို႕မွာ ဇာတ္လမ္းႀကည့္ရာတြင္ အနည္းငယ္မ်ွေထာက္ေနနိုင္ပါသည္....ထို႕ေႀကာင့္ spoilerအား ခ်ံဳ႕နိုင္သမ်ွ ခ်ံဳ႕ျပီး ႀကည့္ရႈသူတို႕ အဆင္ေခ်ာေစရန္ ရည္ရြယ္၍ ေရးသားေပးရျခင္း ျဖစ္္သည္...ဤ ရုပ္ရွင္အညႊန္းေႀကာင့္ ရုပ္ရွင္ႀကည့္ရႈရာမွာ ေပါ့ေလ်ာ့ျခင္းကိစၥရပ္တို႕ လံုးဝမျဖစ္ေစနိုင္ေႀကာင္း အာမခံအပ္ပါသည္)

 

Image may contain: 1 person

 

မိုးတိမ္သားတို႔ ဖံုးအုပ္လ်က္ရွိျပီး ေမွာင္မိုက္ တိတ္ဆိတ္ကာ လူသူအသြားအလာနည္းပါးေသာ ေခါင္လြန္းလွသည့္ Wuthering Heightsအရပ္ရွိ ႀကီးမားေသာ ေက်ာက္တံုးႀကီး နားမွ ထန္စြာေသာ ေလျပင္းတို႔တိုက္ခတ္ေနျပီး ထိုေလျပင္းမ်ားအႀကား တံလ်ွပ္ဟူပင္ မျမင္ခ်င္ေယာင္ေဆာင္ေနသင့္သည့္ ဝိဥာဥ္ နွစ္ခု ေျပးလႊားေဆာ့ကစားေနႀက၏....

 

ထိုဝိဥာဥ္တို႔ကား အဖမဲ႕သား Heathcliff နွင့္ စံအိမ္ေတာ္ရွင္ Catherineတို႔၏ ဝိဥာဥ္မ်ားပင္ျဖစ္ေလသည္....

 

Image may contain: 5 people, people smiling

 

(လြန္ခဲ႕ေသာ မိသားစုအေပၚ ဖခင္အာဏာ လႊမ္းမိုးနိုင္ခဲ႕စဥ္ နွစ္မ်ားက.....)
==================================


Liverpool မွ ျပန္လာေသာ သခင္ႀကီး Mr.Earnshawသည္ မိႈင္ေတြပင္ပန္းေသာ မ်က္နွာေပးနွင့္ အိမ္ထဲတြင္ထိုင္ခ်ျပီး သူ၏ထံတြင္လည္း သားဦး Hindley နွင့္ သမီးငယ္ Cathy တို႔မွာလိုက္ေသာ တေယာတစ္လက္...ႀကာပြတ္တစ္ေခ်ာင္း နွင့္အတူ ဆံပင္အနက္ ညစ္စုတ္စုတ္ နံေစာ္ေစာ္ ကေလကေခ်ပံုစံ ကေလးငယ္တစ္ဦးလည္းပါလာေလ၏....

 

အိမ္အကူတို႔အား ကေလးကိုေရမိုးခ်ိဳးေစျပီး သားသမီးအရင္း နွစ္ဦးနွင့္အတူ တစ္ခန္းထဲအိပ္ ခိုင္းေစေသာေႀကာင့္ တစ္အိမ္လံုး စိတ္ဘဝင္မက်ပဲ စံအိမ္ေတာ္ရွင္မို႔ ဘာတစ္ခြန္းတစ္ဟမွ ျပန္မေျပာရဲႀကေပမည့္ ေအာ္ဟစ္ျငင္းဆိုမိေသာ သားျဖစ္သူ Hindley အား ဖခင္ျဖစ္သူ Mr.Earnshawကိုယ္တိုင္ ဘယ္ျပန္ ပါးတစ္ခ်က္ အားပါပါ ရိုက္ျခင္းျဖင့္ ဆံုးမေပးလိုက္သည္.....

 

ထိုေမြးစားထားေသာ မိဘမဲ႔ကေလးကိုလည္း Earnshawေမာင္နွံ၏ သားသမီးမ်ားျဖစ္ႀကသည့္ Hindley နွင့္ Cathyတို႔၏ ႀကား ဒုတိယေျမာက္ေမြးဖြားျပီးေသဆံုးသြားခဲ႔သည့္ ကေလး၏ နာမည္ကိုေပးေစ၏.....ထိုနာမည္ကား Heathcliff ပင္ျဖစ္ေလသည္....

 

Mr.Earnshaw၏ ဂရုဏာသက္မႈမွ Heathcliffမရရွိခဲ႕ေသာ ဖခင္ေမတၱာ နွင့္ မိခင္ေမတၱာတို႔ကိုေပးစြမ္းျခင္းတို႔သည္ က်န္ Earnshawမိသားစုဝင္တိုင္းအတြက္ဘဝင္မက်စရာေပမည့္ Heathcliff နွင့္ရြယ္တူျဖစ္သည့္အေလ်ာက္ ရင္းနွီး က်ြမ္းဝင္မႈ ျမန္ဆန္သြားေသာ Cathy မွာေတာ့ Heathcliffကို လြင္ျပင္ေခါင္ေခါင္ Wuthering Heightsအရပ္တြင္ Londonျမိဳ႔ေတာ္ႀကီးမွလာေရာက္ဖြင့္လွစ္ေသာ ေရခဲမုန္႔ဆိုင္သဖြယ္ ခ်စ္ခင္ျမတ္နိုးေနခဲ႕ေလ၏....

 

နွစ္ေပါင္း ၂၀၀ ေက်ာ္ တည္တံ႔လာခဲ႔ေသာ Wuthering Heights မွ အိမ္ေတာ္ႀကီး၏ သက္တမ္းနွင့္ တူညီေသာ အေရွ႕ဖက္အရပ္ တည့္တည့္တြင္ တည္ရွိသည့္ ႀကီးမားေသာ ေက်ာက္တံုးႀကီးမွာ Heathcliff နွင့္ Cathy တို႔၏ ကစားကြင္းသဖြယ္ျဖစ္လာျပီး နွစ္ရွည္လမ်ားစြာ အတူယွဥ္တြဲေနထိုင္ခဲ႕ႀကသည့္ သူတို႔နွစ္ဦးမွာ တစ္ဦးကိုယ္တစ္ဦး ေမာင္နွမ သံေယာဇဥ္ထက္ မသိမသာေက်ာ္လြန္လာသည္ကိုေတာ့ စိတ္သေဘာထဲတြင္ သိေပမည့္ မည္သို႔မည္ပံု ေဖာ္ျပ သတ္မွတ္ရမည္ကို မသိႀကရွာပဲ သဘာဝတရားကိုေက်ာခိုင္းထားကာ နွစ္ဦးသား ေက်နပ္ေပ်ာ္ရႊင္စြာ ေဆာ့ကစား ေနခဲ႔ႀကေလသည္...

 

ေခါင္လွေသာ အရပ္ျဖစ္သည့္အျပင္ ပညာေရးမထြန္းကား သျဖင့္ Cathy ေလးမွာ အနည္းငယ္ အရိုင္းဆန္၏...Heathcliff နဲ႕ေဆာ့ကစားရာတြင္လည္း အသတ္အပုတ္ အရိုက္အနွက္ျဖင့္ ရႊံ႕ေပတလူလူ ေဆာ့ကစားတတ္သည္.....Heathcliff နွင့္ Cathy တို႔ႀကား ေနာက္ေျပာင္ရာမွ အေရးတႀကီးစကားေျပာဆိုျပီး ေသခ်ာနားေထာင္ေစလိုလ်ွင္ ပါးရိုက္ သတိေပးျခင္းမွာ အေလ့အထတစ္ခုလိုပင္.....

 

အေရးအဖတ္ မွလြဲ၍ က်န္ပညာေရးမ်ားကို သားသမီးတို႔အား သင္ႀကားေစခြင့္မျပဳခဲ႔ေသာ Earnshaw မိသားစုအတြက္ ကံႀကမၼာျခားရဟတ္ တစ္ပတ္လည္ျပီး တိတ္ဆိတ္ေအးခ်မ္းခဲ႔ေသာ Wuthering Heights အရပ္သည္ ငိုေႀကြးပူေဆြးသံတို႔စတင္လႊမ္းျခံဳလာခဲ႔ေလသည္....

 

Earnshaw မိသားစု၏ အိမ္ေတာ္ႀကီးသည္ ေျခာက္ကပ္တိတ္ဆိတ္လ်က္ရွိေနသည္....အေႀကာင္းမူကား သခင္မႀကီး Mrs.Earnshaw ေသဆံုးသြားျခင္းေႀကာင့္ပင္....

 

မိသားစုဝင္နည္းပါးျပီး အေျခမခိုင္လွေသာ အိမ္ေတာ္ႀကီးအေႀကာင္း ေတြးရင္း Mr.Earnshawတစ္ေယာက္ ညဖက္အိပ္မေပ်ာ္သည့္ ရက္ေပါင္းလည္းမ်ားလာခဲ႔၏....

 

တိုင္ပင္နွီးေနွာစကားမ်ားအရ မိတ္ေဆြမ်ားမွလည္း သားဦး Hindley ကို ေကာလိပ္တက္ကာ ပညာသင္ႀကားခြင့္ ေပးသင့္ေႀကာင္း တိုက္တြန္းေနႀကေလသည္....

 

"Mr.Earnshaw...ဒီေန႕ေခတ္မွာ လူမွန္ရင္ အတန္းပညာကို တတ္ကိုတတ္ရမယ္ဗ်ာ့"

 

"ေနပါကြာ....လူဆိုတာ လူပီသ ဖို႔ပဲလိုတာပါ"

 

မိမိ၏ အတၱတစ္ခုကို တင္းခံ၍ ဤသို႔ေျပာဆိုခဲ႔ရေပမည့္ သားဦးအတြက္ျပန္ လည္စဥ္းစား ေပးျပန္ရာတြင္ မိဘဝတၱရားေက်ပြန္ေရးကို ေရႈးရႈျပီး ေကာလိပ္ တက္ခြင့္ျပဳရန္ ဆံုးျဖတ္ခ်က္ခ်မွတ္လိုက္၏....

 

Hindly တစ္ေယာက္သည္လည္း ေကာလိပ္တက္ရန္ အိမ္မွ ထြက္ခြာသြားေလေတာ့သည္...

 

Image may contain: 1 person, smiling

 

(Heathcliff အား Wuthering Heightsဆီသို႔ေခၚေဆာင္မလာေသးခင္ ၉ နွစ္အလို)
=================================

 

ေခါင္စြာေသာ Wuthering Heights ကုန္းျမင့္ႀကီးဆီမွ ေလးမိုင္အကြာ ရာသီဥတု သာယာစိုေျပသည့္ ေဒသရွိ Thrushcross Grange အိမ္ေတာ္တြင္ Lintonမိသားစုမွ Edger Linton နွင့္ Isabella Lintonဟူေသာကေလးနွစ္ဦးတို႕ ၂ နွစ္ျခားစီေမြဖြားလာႀကေလ၏...

 

Linton မိသားစုသည္ ဂုဏ္သရည္ရွိ သူႀကြယ္ အမ်ိဳးအႏြယ္ ျဖစ္သျဖင့္ ထို Edger နွင့္ Isabellaတို႔ ေမာင္နွမ မွာ အေရးအဖတ္စာေပပညာအျပင္ အတီးအက နွင့္ အျခားအတတ္ပညာတို႔ သင္ႀကားခဲ႕ရျပီး အသက္အရြယ္ႀကီးရင့္ လာႀကေသာ္ သားအႀကီးျဖစ္သူ Edger မွာ ဥပေဒလမ္းေႀကာင္းေပၚေလ်ွာက္လွမ္းကာ ရာဇဝတ္တရားသူႀကီး ျဖစ္လာခဲ့ေလသည္....

 

No photo description available.

 

(Present)ယခုအခ်ိန္
=============


အရြယ္ေရာက္လာႀကေပမည့္ ကေလးစိတ္မေပ်ာက္ေသးပဲ Heathcliff နွင့္ Cathyတို႔မွာ စားခ်ိန္တန္စား ကစားခ်ိန္တန္ကစား နွင့္ ဘဝ၏အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို Wuthering Heights ကုန္းအျမင့္ရွိ ေက်ာက္တံုးႀကီးဆီ တြင္အခ်ိန္ျဖဳန္းေနခဲ႕ႀကသည္......

 

က်န္းမာေရးတစ္ေန႔တျခား လြန္စြာထိခိုက္လာေသာ Mr.Earnshawမွာ ဟိုးယခင္က သားသမီးတို႔အတြက္ အစီအစဥ္အတည္တက်မခ်မွတ္ခဲ႔ရျခင္းေႀကာင့္ ကိုယ့္ကိုကိုယ္သာ ေဒါသေနာင္တ မီးပံုထဲ ဆြဲနစ္ေနေလသည္....သားဦးမွာ ေကာလိပ္တက္ေနျပီး စိတ္ခ်ရေနေသာ္လည္း သမီးငယ္ဖို႔ စီစဥ္ေဆာင္ရြက္ခဲ႔မႈ မရွိေလရာ ႀကံရာမရျဖစ္ေနသည္....

 

တစ္ညေသာ ေလျပင္းမ်ားအလြန္အက်ြံတိုက္ခတ္သည့္ ေန႕တစ္ေန႕တြင္ Earnshawမိသားစုဝင္ သံုးေယာက္ အိမ္အတြင္း တိတ္ဆိတ္ျငိမ္သက္စြာထိုင္ေနႀက၏.....

 

ေလျပင္းမ်ားတိုက္ခတ္သျဖင့္ အိမ္တံခါးမ်ားပိတ္ထားရျပီး အတြင္းတြင္ ေလတိုးသံမ်ားကို သဲ႕သဲ႔ႀကားေနရသည္....

 

Mr.Earnshawမွ ထိုင္ခံုေပၚ မွီထိုင္လ်က္ရွိျပီး ေရာဂါေႀကာင့္ မိန္းေမာေနေလ၏...ႀကမ္းျပင္တြင္ထိုင္လ်က္ Mr.Earnshaw ၏ ဘယ္ဖက္ေပါင္ေပၚတြင္ Heathcliff၏ ေခါင္းမွာ ေမွးတင္ထားျပီး ညာဖက္ေပါင္ေပၚတြင္ Cathy က ေမွးတင္ကာ သံုးေယာက္ က်စ္လ်စ္စြာေထြးေပြ႕ထားလ်က္ရွိသည္.....

 

ထိုက်စ္လ်စ္စြာ ဖက္ထားႀကေသာ လက္တို႔ႀကားမွ လက္တစ္စံုသည္ ရုတ္တရက္ေလွ်ာက် အားျပယ္သြားေလ၏....

 

ထိုလက္တစ္စံုကား Mr.Earnshaw၏ လက္ပင္....

 

Mr.Earnshaw ၏ စိတ္ဝိဥာဥ္မွာ ျငိမ္းခ်မ္းေသာ တမလြန္ဘဝသို႔ ေရြ႕လ်ားကူးေျပာင္း၍သြားေလေတာ့သည္....

 

ဖခင္ေသဆံုးသည့္သတင္းကို ႀကားႀကားခ်င္း ေကာလိပ္သို႔ ပညာေတာ္သင္သြားေသာ သားဦး Hindley သည္ ေကာလိပ္တြင္ ညားေသာ အမ်ိဳးသမီးတစ္ဦးနွင့္အတူ Wuthering Heightsသို႕ရုတ္ခ်ည္းေရာက္ရွိလာျပီး အိမ္ေတာ္အား သူ႕စိတ္တိုင္းက် စီစဥ္ေစ၏....

 

ထိုစီစဥ္မႈမ်ားတြင္ ဖခင္အေပၚ မေက်နပ္ခ်က္နွင့္ ေဒါသမ်ားကို Heathcliffအေပၚ ပံုခ် နိွပ္စက္ရန္ လည္း အပါအဝင္.....

 

ေသာက္ေဖာ္ ေသာက္ဖက္ မ်ားနွင့္ အေဖ်ာ္ယမကာ ေလာင္းကစားမ်ားအျပင္ ဇိမ္မယ္မ်ားကိုလည္း Earnshawမိသားစုအိမ္ေပၚတြင္ ေခၚယူကာ ေသာက္စားေပ်ာ္ပါးလ်က္ရွိသည္....

တစ္ခုေသာေန႕လည္ခင္း၌ ျဖစ္၏...


Wuthering Heightsတြင္ ေလေျပေလညွင္းဖြဲဖြဲ တိုက္ခတ္ေနျပီး Heathcliff နွင့္ Cathy တို႕ ကြင္းျပင္ထဲနွင့္ ေက်ာက္တံုးႀကီးနား ေဆာ့ကစားရာမွ ျငီးေငြ႕လာႀကျပီး Wuthering Heightsမွ ေလးမိုင္နီးပါး ေဝးကြာေသာ Thrushcross Grange စံအိမ္ေတာ္သို႔ ေျခလ်င္ျဖင့္ ေရာက္ရွိသြားခဲ႕ႀကသည္....

 

Thrushcross Grangeဆီ ေရာက္ရာ ေမွာင္ရီအေတာ္ပ်ိဳးေနေလျပီ....

 

Thrushcross Grange၏ ျပတင္းေပါက္ မွန္ေဘာင္မွ Heathcliffတို႔ ေခ်ာင္းေျမာင္းႀကည့္ရာ Linton မိသားစု၏ မ်ိဳးဆက္သစ္ Cathy တို႕နွင့္ ရြယ္တူျဖစ္ႀကေသာ Edger နွင့္ Isabellaတို႕ စႏၵယားတီးခတ္ေနႀကသည္ကို ေတြ႕ရသည္....

 

Heathcliffတို႕မွာ ျပတင္းေပါက္မွ ေျခာက္လန္႕ စေနာက္လိုက္သျဖင့္ လန္႕သြားေသာ Isabellaမွ ေအာ္ဟစ္ကာ အေစာင့္မ်ား ဝိုင္းဝန္းဖမ္းဆီးျခင္းကိုခံရျပီး အိမ္ထဲသို႕ ဆြဲေခၚခံႀကရ၏...

 

Linton မိသားစုမွ Cathyကို ေသခ်ာႀကည့္ရင္း...
"ဟင္...ဒါ Wuthering Heightsက Catherine ေလး မလား?"

 

"ဟုတ္သားပဲေဟ့!"

ေနာက္...Heathcliff ဖက္ျပန္လွည့္ရင္း...
"ဟာ...ဒီေကာင္က ေမြစားသား အေပအေတ Heathcliffပဲျဖစ္ရမယ္..."

 

"ညစ္ေပေနတာပဲ ခုခ်က္ခ်င္း အိမ္ထဲက ဆြဲထုတ္ႀကစမ္း..."

 

Heathcliffမွာ အတင္းရုန္းကန္ျပီး အိမ္ထဲသို႔ေျပးဝင္ရန္ႀကိဳးစားေန၏....

 

Linton မိသားစုအားရန္ျပဳလိုျခင္းမဟုတ္...Cathyအား တစ္ညမ်ွထားခဲ႔ရန္ သူစိတ္မခ်နိုင္ပဲ အတူအိမ္ျပန္လိုေသာေႀကာင့္ျဖစ္သည္....

/////////////////////////////////////////////////

 

ထို႕ေနာက္ Wuthering Heightsသို႔ Cathy ျပန္လည္ေရာက္ရွိလာ၏...

 

ဆံပင္စုတ္ဖြား ညစ္ပတ္ ေပက်ံေနေသာ ပံုစံနွင့္ေတာ့မဟုတ္ေပ....

 

အထက္တန္းစား အမ်ိဳးသမီး ဝတ္စံုနွင့္ အေတာ္လိုက္ဖက္ေသာ အထက္တန္းစားအမ်ိဳးသမီးတစ္ေယာက္ အျဖစ္ ျမင္ေတြ႕ရ၏....

 

Lintonမိသားစုမွ Edger သည္ Cathyကို လြန္စြာျမတ္နိုး ပိုင္ဆိုင္လိုစိတ္ျပင္းျပလာ၏....

 

သားဦး Hindley မွလည္း Heathcliff အား အိမ္ေပၚမွ နွင္ခ်ရန္ စီစဥ္ေနေလျပီ....

 

Cathy၏ အခ်စ္သည္ Heathcliff ျဖစ္၏....ထို႕ထက္ Cathy ၏ ဘဝသည္ Heathcliffပင္ျဖစ္သည္....သို႕ေသာ္ Heathcliifအား Wuthering Heightsမွာ နွင္ထုတ္ေတာ့မည္ အစီအစဥ္ ေဆာင္ရြက္ေနသူ အစ္ကို Hindley အား နႈတ္ပိတ္ရပ္တန္႕ေစရန္မွာ Linton မိသားစုမွ Eadgerကို လက္ထပ္ရန္မွ တစ္ပါး တတ္နိုင္ေသာ နည္းလမ္းမရွိေတာ့.....

 

မိဘတို႕ အစီအစဥ္မရွိခဲ႕ျခင္းသည္ သားသမီးတို႕၏ ဘဝပ်က္စီးျခင္း နွင့္ မိဘတို႕ခ်မွတ္ေပးသည့္ အစီအစဥ္မရွိေသာ္လည္း မိမိ ႀကိဳးစားျခင္းျဖင့္ ဘဝေအာင္ျမင္ျခင္း ရရွိနိုင္ေႀကာင္းတို႕ကို ပူးတြဲတင္ျပထားေသာ ဇာတ္ကားေကာင္းျဖစ္၏.....

 

ခ်စ္သက္မုန္းရက္ျခင္းခံရေတာ့မယ့္ Cathy...

 

စိတ္နာျခင္း...နံုခ်ာေသာ ဘဝေပးအား တိုက္ထုတ္မည့္ အေတြးနွင့္ Wuthering Heightsမွ ထြက္ေျပးသြားေသာ Heathcliff.....

 

စြဲလမ္းျခင္းႀကာရွည္မခံမႈေႀကာင့္ အိမ္ေထာင္ေရးကို စိတ္မရွည္ေတာ့တဲ႕ Edger....

 

မေမ်ွာ္လင့္တဲ႕ အခ်စ္ေရးနဲ႕ ႀကံဳေတြ႕ေတာ့မယ့္ Isabella နွင့္...

 

ဘဝပ်က္ကိန္းတို႕ ဆက္တိုက္ဖန္တီးခ်င္ေနေသာ အမုန္းဓာတ္ခံ သားဦး Hindley တို႕၏ ႀကားမွ...

 

အရိုင္းငယ္ခ်စ္ သံေယာဇဥ္ တြယ္ျငိမိေသာ Heathcliff နွင့္ Cathy တို႕၏ ဇာတ္သိမ္း ေကာင္းမေကာင္းကိုေတာ့ ရုပ္ရွင္ကို ဆက္လက္ႀကည့္ရႈျပီး ခံစားေစခ်င္မိပါတယ္.....

 

No photo description available.

 

EMILY BRONTËေရးသားေသာ Wuthering Heights ဝတၳဳသည္ အလြန္ေအာင္ျမင္ခဲ့ရံုတင္မကပဲ ရုပ္ရွင္ adaptation ေပါင္းမ်ားစြာဟာလည္း အထိုက္အေလ်ာက္ေအာင္ျမင္မႈရရွိျပီး လူႀကိဳက္မ်ားခဲ႔သည္....

 

ဥေရာပတခြင္တြင္သာမက အာရွမွလည္း တဖန္ဆန္းသစ္ရိုက္ကူးျခင္းကို ခံရ၏....

 

1920မွစတင္၍ ရုပ္ရွင္အျဖစ္ စတင္ရိုက္ကူးျခင္းခံခဲ႔ရျပီး ထိုရုပ္ရွင္မ်ားထဲမွ ေအာင္ျမင္ေသာ ရုပ္ရွင္ adaptation မ်ားကို ေဖာ္ျပေပးခ်င္ပါေသးသည္....

 

Wuthering Heights (1939)
Wuthering Heights (1970)
Wuthering Heights (1992)
Wuthering Heights (2009) နွင့္
Wuthering Heights (2011)
တို႕မွာအလြန္ႀကည့္ေပ်ာ္၏....

 

Image may contain: 2 people

 

Wuthering Heights (2009)မွာ Tv Seriesျဖစ္ျပီး Tom Hardy နွင့္ Charlotte Rileyတို႕ ဇနီးေမာင္နွံ နွစ္ဦးက Heathcliff နွင့္ Cathy အျဖစ္ ပါဝင္သရုပ္ေဆာင္ေပးထားသည္....

 

ေနာက္ဆံုးအေနနွင့္ ေျပာရလ်ွင္ ပညာေရးစနစ္လည္ပတ္ပံု မေကာင္းဘူး ဟုထင္ျမင္ေနေစကာမူ စာသင္သူနွင့္ စာသင္သား တို႕လက္စြဲ ဖတ္စာအုပ္မ်ားမွာ မေခေသာ အနုပညာရသ နွင့္ အနွစ္ ဗဟုသုတ မ်ားအားစုစည္း တင္ျပေပးထားသည့္ စာအုပ္မ်ားပင္ျဖစ္သည္....

 

အဆံုးထိဖတ္ရႈေပးခဲ႕သည္ကိုလည္း အထူးေက်းဇူးတင္ရွိေသာအားျဖင့္ နဝမတန္း နွင့္ ဒသမတန္း အဂၤလိပ္စာသင္ရိုးတြင္ပါဝင္သည့္ အေႀကာင္းအရာမ်ားအေပၚ အေျခခံရိုက္ကူးထားတဲ့ အျခား ႀကည့္္သင့္ႀကည့္ထိုက္ေသာ ရုပ္ရွင္ဇာတ္ကားေကာင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္ ...

 

အဆိုပါဇာတ္ကားမ်ားမွာ - Wuthering Heights ( 1970 ) ,Treasure Island ( 1950 ) ,Helen Keller In Her Story ( 1953 ) ႏွင့္ The Last Leaf ( 1983 ) စတဲ့ ဇာတ္ကားမ်ားျဖစ္ပါတယ္ အဂၤလိပ္စာတိုးတက္ ခ်င္ေသာ ေက်ာင္းသားလူငယ္မ်ားႏွင့္ သင္ၾကားေရးလြယ္ကူ ေစရန္ ဆရာ / ဆရာမ မ်ား ၾကည့္ရႈ႔ ႏိုင္ရန္ တန္ဖိုးရွိ ဇာတ္ကားေကာင္းမ်ားကို ၫႊန္းေပးလိုက္ရပါတယ္။

 

Read times
Rate this articles
(1 Vote)