×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 25 February 2021

ကိုယ့်ကိုကိုယ်စိန်ခေါ် ပါ

ကိုယ့်ကိုကိုယ်စိန်ခေါ် ပါ

"မြင့်မြင့်ကြံ
အသစ်တွေ စမ်းသပ်
အမြဲတမ်း ကြိုးစား
ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်"

လူတိုင်း လူတိုင်းမှာ ရည်ရွယ်ချက်တစ်ခု ရှိနေဖို့ လိုအပ်ပါတယ်။ ဒီရည်ရွယ်ချက်ကို စိန်ခေါ်မှုလို့ ခေါ်ချင်ခေါ်၊ ပန်းတိုင်လို့ ခေါ်ချင်ခေါ် ကြိုက်တာခေါ်ပါ။ ဒီလိုပန်းတိုင် စိန်ခေါ်ချက်ရှိခြင်းဟာ ကျွန်တော်တို့ကို လူသားဖြစ်စေတာပါပဲ။ လူသားတွေကို ကျောက်ဂူတွေထဲက ဆွဲထုတ်ပြီး အာကာသအထိ ပို့ပေးတာဟာ အဲဒီစိန်ခေါ်ချက်တွေပါပဲ။

ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ရင် တိုးတက်ကြီးပွားမှုရလာမယ်။ ဘဝပြောင်းသွားမယ်။ အမြင်တွေပြောင်းသွားကောင်း ပြောင်းသွားမယ်။ ရည်ရွယ်ရာကို မှန်းတိုင်းပေါက်ဖို့ဆိုတာ လုပ်တိုင်းဖြစ်မယ့်လွယ်လွယ်ကိစ္စတော့ မဟုတ်ဘူး။ သို့သော် ဒီလိုသဘောရှိနေလို့ဆိုပြီး လက်လျှော့ပစ်ရဖို့လည်းမဟုတ်ဘူး။ သေစကား မပြောပါနဲ့။ ရှုံးစကားမပြောပါနဲ့။

ငါ လုပ်နိုင်တယ်၊ မအောင်မချင်း ငါကြိုးစားနေမယ် ဆိုတာမျိုးပဲ ပြောပါ။ကျွန်တော့်သဘောအရတော့ စိန်ခေါ်မှုဆိုတာ နှစ်မျိုးရှိတယ်။ တစ်ခုက လုပ်နေဆဲကို အကောင်းဆုံးဖြစ်အောင် လုပ်ဖို့။ နောက်တစ်ခုက စွန့်စားစရာ ရှာဖွေဖို့။

တောင်တက်သမား စာရေးဆရာ ဂျိမ်းစ်အူးလ်မန်းက ဒီလိုရေးဖူးပါတယ်။ "လူတွေရဲ့ ရှင်သန် လှုပ်ရှားမှုအားလုံးမှာ စိန်ခေါ်မှုက အဓိက အင်အားပဲ။သမုဒ္ဒရာရှိရင် ကူးဖြတ်မယ်။ ရောဂါတစ်ခုတွေ့လာရင် ကုမယ်။ မှားတာတွေရှိလာရင် မှန်အောင်လုပ်မယ်။ စံချိန်တင်ထားတာရှိရင် စံချိန် ချိုးမယ်။တောင်တွေ့ရင် တက်မယ်" တဲ့။ သူ ပြောတာကျွန်တော် လုံးဝလက်ခံပါတယ်။ ကိုယ့်ကိုယ်ကိုယ်အဆက်မပြတ် စိန်ခေါ်နေရမယ်ဆိုတာ ကျွန်တော့်ယုံကြည်ချက်ပါပဲ။

အောင်မြင်မှုတွေ ရရှိဖို့ ကိုယ့်ကိုကိုယ် စိန်ခေါ်ကြပါစို့။

Credit : Kyi Min (သုတပဒေသာ - အောက်တာဘာ 2019)

ကိုယ့္ကိုကိုယ္စိန္ေခၚ ပါ

"ျမင့္ျမင့္ႀကံ
အသစ္ေတြ စမ္းသပ္
အၿမဲတမ္း ႀကိဳးစား
ကိုယ့္ကိုယ္ကိုယ္ စိန္ေခၚ"

လူတိုင္း လူတိုင္းမွာ ရည္႐ြယ္ခ်က္တစ္ခု ရွိေနဖို႔ လိုအပ္ပါတယ္။ ဒီရည္႐ြယ္ခ်က္ကို စိန္ေခၚမႈလို႔ ေခၚခ်င္ေခၚ၊ ပန္းတိုင္လို႔ ေခၚခ်င္ေခၚ ႀကိဳက္တာေခၚပါ။ ဒီလိုပန္းတိုင္ စိန္ေခၚခ်က္ရွိျခင္းဟာ ကြၽန္ေတာ္တို႔ကို လူသားျဖစ္ေစတာပါပဲ။ လူသားေတြကို ေက်ာက္ဂူေတြထဲက ဆြဲထုတ္ၿပီး အာကာသအထိ ပို႔ေပးတာဟာ အဲဒီစိန္ေခၚခ်က္ေတြပါပဲ။

ကိုယ့္ကိုယ္ကိုယ္ စိန္ေခၚရင္ တိုးတက္ႀကီးပြားမႈရလာမယ္။ ဘဝေျပာင္းသြားမယ္။ အျမင္ေတြေျပာင္းသြားေကာင္း ေျပာင္းသြားမယ္။ ရည္႐ြယ္ရာကို မွန္းတိုင္းေပါက္ဖို႔ဆိုတာ လုပ္တိုင္းျဖစ္မယ့္လြယ္လြယ္ကိစၥေတာ့ မဟုတ္ဘူး။ သို႔ေသာ္ ဒီလိုသေဘာရွိေနလို႔ဆိုၿပီး လက္ေလွ်ာ့ပစ္ရဖို႔လည္းမဟုတ္ဘူး။ ေသစကား မေျပာပါနဲ႔။ ရႈံးစကားမေျပာပါနဲ႔။

ငါ လုပ္ႏိုင္တယ္၊ မေအာင္မခ်င္း ငါႀကိဳးစားေနမယ္ ဆိုတာမ်ိဳးပဲ ေျပာပါ။ကြၽန္ေတာ့္သေဘာအရေတာ့ စိန္ေခၚမႈဆိုတာ ႏွစ္မ်ိဳးရွိတယ္။ တစ္ခုက လုပ္ေနဆဲကို အေကာင္းဆုံးျဖစ္ေအာင္ လုပ္ဖို႔။ ေနာက္တစ္ခုက စြန႔္စားစရာ ရွာေဖြဖို႔။

ေတာင္တက္သမား စာေရးဆရာ ဂ်ိမ္းစ္အူးလ္မန္းက ဒီလိုေရးဖူးပါတယ္။ "လူေတြရဲ႕ ရွင္သန္ လႈပ္ရွားမႈအားလုံးမွာ စိန္ေခၚမႈက အဓိက အင္အားပဲ။သမုဒၵရာရွိရင္ ကူးျဖတ္မယ္။ ေရာဂါတစ္ခုေတြ႕လာရင္ ကုမယ္။ မွားတာေတြရွိလာရင္ မွန္ေအာင္လုပ္မယ္။ စံခ်ိန္တင္ထားတာရွိရင္ စံခ်ိန္ ခ်ိဳးမယ္။ေတာင္ေတြ႕ရင္ တက္မယ္" တဲ့။ သူ ေျပာတာကြၽန္ေတာ္ လုံးဝလက္ခံပါတယ္။ ကိုယ့္ကိုယ္ကိုယ္အဆက္မျပတ္ စိန္ေခၚေနရမယ္ဆိုတာ ကြၽန္ေတာ့္ယုံၾကည္ခ်က္ပါပဲ။

ေအာင္ျမင္မႈေတြ ရရွိဖို႔ ကိုယ့္ကိုကိုယ္ စိန္ေခၚၾကပါစို႔။

Credit : Kyi Min (သုတပေဒသာ - ေအာက္တာဘာ 2019)

Read times Last modified on Thursday, 25 February 2021 11:55
Rate this articles
(1 Vote)