×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 09 February 2022

မြန်မာနိုင်ငံများ ကျောင်းသားများအတွက် (Australia Awards Scholarship-AAS - 2023)

မြန်မာနိုင်ငံများ ကျောင်းသားများအတွက် သြစတေးလျအစိုးရမှ ပေးအပ်တဲ့ (Australia Awards Scholarship-AAS) ကို 2023 အတွက် လျှောက်လို့ရနေပါပြီ။

2023 ခုနှစ်တွင် စတင်မည့် Australia Awards Scholarships အတွက် လျှောက်လွှာများကို ယခုအချိန်မှ စတင်လျှောက်ထားနိုင်ပြီး 29 April 2022 မှာ လျှောက်လွှာများ ပိတ်မှာဖြစ်ပါတယ်။

လျှောက်ထားဖို့ရာအတွက် လိုအပ်တဲ့အချက်အလက်များကို၊ အရည်အချင်းသတ်မှတ်ချက်များကို 
>>> https://bit.ly/34nn6Mq မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Australia Awards Scholarships (AAS) ကနှစ်စဉ်နှစ်တိုင်း ပေးအပ်တဲ့ Full Scholarship  မြန်မာကျောင်းသားတွေတွက် Master တန်းလျှောက်ထားလို့ရပါတယ်။ 

လျှောက်ထားသူတွေက
- မြန်မာနိုင်ငံသားဖြစ်ရပါမယ်
-29.4.2022 မှာ အနည်းဆုံး အသက် (25)နှစ်ပြည့်ပြီးသူ ဖြစ်ရပါမယ်။
- ဘွဲ့ရပြီးသားဖြစ်ရမည်
- လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၂) နှစ်ရှိရမည်။
-အဂလိပ်စာအရည်အချင်းကောင်းမွန် (အတင့်အသင့်)  (သို့မဟုတ်) အနိမ့်ဆုံး IELTS 6.5 ရရှိသူဖြစ်ရမည်။ 

တစ်ခြားပညာသင်ဆုများထက် အားသာချက်များ
အခြားပညာသင်ဆုများနှင့်မတူတဲ့အချက်များထဲက တစ်ခုကတော့ ပညာသင်ဆုလျှောက်တဲ့အချိန်မှာ IELTS အမှတ်မလိုသေးပါဘူး၊ ပဏာမရွေးချယ်ခြင်းခံပါက သင်တန်းတက်ဖို့ နှင့် စာမေးပွဲအတွက် ထောက်ပံ့ကြေးပါ ပေးပါတယ်။ မြန်မာကျောင်းသားတွေကိုပေးတဲ့ပညာသင်ဆုထဲမှာ သင်တန်းကြေးအတွက်ပေးတာ ဒီတစ်ခုပဲရှိပါတယ်။ တစ်ခြားပညာသင်ဆုတွေက ပေးရင် IELTS ဖြေဖို့ စာမေးပွဲကြေးပဲပေးလေ့ရှိပါတယ်။

နောက်ထူးခြားချက်ကတော့ စာသင်ရင်း အချိန် ပိုင်းအလုပ်လုပ်နိုင်ခြင်းပဲဖြစ်ပါတယ်။ စာမနိုင်ဘဲနှင့် အလုပ်လုပ်ခြင်းအားမပေးပေမဲ့ နိုင်ငံခြားအတွေ့အကြုံရယူလိုသူများအတွက် ခွင့်ပြုပေးတာဖြစ်တဲ့အတွက် အရမ်းကောင်းပါတယ်။

နောက်ဆုံးအချက်ကတော့ တစ်နှစ်မှာ လူအများကြီးခေါ်ပါတယ်။ ၂၀၂၀ ပညာသင်နှစ်မှာဆိုရင် သုံးဆယ်ကျော် (၄၀)နီးပါးခေါ်ပါတယ်။

လိုအပ်တဲ့စာရွက်စာတမ်းများ
- ထောက်ခံစာ နှစ်စောင်(https://bit.ly/338mt8P)

>>> သူတို့ template အတိုင်းရေးရပါတယ် (အရင် ကျောင်းတက်ခဲ့တဲ့တက္ကသိုလ်ကဆရာ၊ ပါမောက္ခများဆီကတစ်စောင် (သူတို့ဆီကနေ နှစ်ဆောင်ယူလဲရတယ်) နှင့် 
>>> လက်ရှိလုပ်ငန်းခွင်က အကြီးအကဲ (သို့) ကြီးကြပ်သူများ (Supervisors)ဆီကတစ်စောင်)

-Essay လေးစောင်ရေးရပါတယ်၊ 
>>> [ပထမတစ်စောင်က ဘာကြောင့် ဒီတက္ကသိုလ်မှာ ဒီဘာသာရပ်ကိုသင်ချင်တာလဲ။ 
 ဒီပညာသင်ဆုက သင့်အနာဂတ်အတွက် ဘယ်လိုအထောက်အကူပြုမလဲ။ 
မိမိအစွမ်းအစ (ညဏ်ပညာ နှင့် ကွန်ရက်ကျယ်ပြန့်မှုကြောင့်) နဲ့ရင်ဆိုင်ဖြေရှင်းခဲ့တဲ့ပြဿနာကို ရေးသားပါ။
ပြန်လာရင်ဘာလုပ်မှာလဲ။ တစ်စောင်ကို အများဆုံး ၄၀၀ words ထိရေးလို့ရပါတယ်။]

-အမှတ်စာရင်း
-ဘွဲ့လက်မှတ် 
-ပတ်စ်ပိုစ့်
-CV/ Resume တစ်စောင် (https://bit.ly/3B8QUIj)
- ကျောင်းဝင်ခွင့်အတွက်  ထောက်ခံစာနှစ်စောင် နှင့် (Statement of Purpose) personal Statement (as requirement)
-Research သမားများအတွက် research proposal

သက်ကြားနိုင်တဲ့ဘာသာရပ်များကို အောက်မှာကြည့်လို့ရပါတယ်။ 
https://bit.ly/34IXN78

အပေါ်ကရေးတဲ့အချက်အလက်များပြည့်စုံအောင်ကြိုးစားပါ။ ကိုက်ညီမှုရှိပါက အခုပဲလျှောက်ပါ။ ပဏာမရွေးချယ်ထားခြင်းခံရပါက အခြားသော ဘာသာရပ်ရွေးချယ်မှု၊ တက္ကသိုလ်ရွေးချယ်မှုများကို အသေးစိတ်လေ့လာလို့ရပါတယ် လောလောဆယ်တော့ လိုအပ်တဲ့စာရွက်စာတမ်းများကြိုတင်စုဆောင်းလို့ရအောင်ရေးသားရခြင်းဖြစ်ပါတယ်။

ဘယ်သူတွေရတတ်လဲ?
-အပေါ်ကအချက်အလက်များပြည့်စုံတဲ့အပြင် မိမိလေ့လာချင်တဲ့ဘာသာရပ်ကို သေသေချာချာဖော်ပြနိုင်သူ (ဘာသာရပ်ဆိုင်ရာဇေဘုယျဗဟုသုတရှိသူ) 
-Essay များကို ရိုးရိုးသားသားဖြေဆိုသူများ (အကုန်လုံးတတ်သလိုရေးမိရင် ဘာကြောင့် ကျောင်းတက်ဖို့လိသေးလဲ ဆိုပြီးတွေးမိလိမ့်မယ်)
-လုပ်ငန်းအတွေ့အကြုံနှင့် ဆက်စပ်ပြီး လေ့လာသင်ယူချင်သူများ (ဥပမာ- တက္ကသိုလ်ဆရာ/မ များက Master of Educational leadership, Curriculum Development , Teaching, လူ့အခွင့်အရေးလှုပ်ရှားသူများက Master of Human Rights Studies စသဖြင့်ပေါ့)
- နောက်ဆုံး Essay မှာတော့ ပြန်လာရင် ဘာလုပ်မယ်ဆိုပြီး လက်တွေ့ကျကျရေးသားဖော်နိုင်သူများ

လျှောက်လိုပါက https://www.australiaawardsmyanmar.org/how-to-apply-2023/

Refer : #Thang Deih Tuang, #AAS

Read times
Rate this articles
(1 Vote)