×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Thursday, 21 April 2022

မြန်မာနိုင်ငံရှိ အသက် (၁၀)နှစ်မှ (၁၇)နှစ်ကြား ပါဝင်ယှဉ်ပြိုင်နိုင်မည့် Hub & Hack နည်းပညာပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံရှိ အသက် (၁၀)နှစ်မှ (၁၇)နှစ်ကြား ပါဝင်ယှဉ်ပြိုင်နိုင်မည့် Hub & Hack နည်းပညာပြိုင်ပွဲ ကျင်းပမည်

 

သိပ္ပံ Hub Project နှင့် သိပ္ပံ Institute တို့မှ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်းရှိ အသက် (၁၀)နှစ်မှ (၁၇)နှစ်ကြား - Computer Science နှင့်ပတ်သက်သည့် အခြေခံရှိသူတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်သော နည်းပညာပြိုင်ပွဲကြီး - Hub & Hack ပြိုင်ပွဲကို ဧပြီလ (၂၇)ရက်နေ့မှ မေလ (၁)ရက်နေ့အထိ ငါးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။

 

Hub & Hack ပြိုင်ပွဲစီစဉ်အဖွဲ့မှ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာများကို စိစစ်ပြီး နောက်ဆုံးအဆင့် ရွေးချယ်ခံရသော အဖွဲ့များအနေဖြင့် တစ်ဖွဲ့လျှင် Commitment fees ငွေကျပ် (၂ သောင်း) ပေးသွင်းရမည်ဖြစ်ပြီး ပွဲစဉ်တစ်လျှောက်လုံး နှုတ်ထွက်ခြင်းမရှိဘဲ အဆုံးထိ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အဆုံးထိ ပါဝင်ယှဉ်ပြိုင်သူများအား ပွဲစဉ်ပြီးဆုံးချိန်တွင် ထို ငွေကျပ် (၂)သောင်းအား အပြည့်အ၀ ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

ပြိုင်ပွဲတွင် Coding ပိုင်းကို အဓိကထားပြီး ကလေးငယ်များ၏ ဆန်းသစ်တီထွင်နိုင်စွမ်းနှှု့် ဖန်တီးနိုင်စွမ်းများကို အသုံးချယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ ပြိုင်ပွဲဝင် ကလေးငယ်များသည် Computer Science ဆိုင်သည့် အခြေခံဗဟုသုတများ၊ အခြေခံ coding များ ကို သိရှိရမည်။ ပြိုင်ပွဲတွင် အသက် (၁၀)နှစ်မှ (၁၃)နှစ်အထိ ကို Junior Level, အသက် (၁၄)နှစ်မှ (၁၇)နှစ်ထိကို Senior Level ဟု Level (2)ခု ခွဲခြားသတ်မှတ်ထားသည်။ ပြိုင်ပွဲနှင့်သက်ဆိုင်သည့် အချက်အလက်များကို Training အဖြစ် (၂)ရက် ပို့ချပေးမည်ဖြစ်သည်။ လာမည့်နှစ်များတွင်လည်း အဆိုပါပြိုင်ပွဲကို နှစ်စဉ်ကျင်းပသွားမည်ဖြစ်သည်။

 

ပေးအပ်မည့်ဆုများမှာ
Junior Level အတွက် Winner Price - ၄ သိန်း၊ 1st Runner - ၂သိန်း၊ 2nd Runner - ၁သိန်း
Senior Level အတွက် Winner Price - ၅ သိန်း၊ 1st Runner - ၃သိန်း၊ 2nd Runner - ၂သိန်း
ထိုဆုများအပြင် အခြားသော ဆုများနှင့် လက်ဆောင်ပစ္စည်းများကိုလည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ ဆုပေးပွဲကို ရန်ကုန်မြို့ရှိ Impact Hub တွင် ကျင်းပသွားမည်ဖြစ်သည်။

 

စိတ်ပါဝင်စားသူများအနေဖြင့် - https://www.facebook.com/thatepanhub တွင် ဝင်ရောက် လေ့လာနိုင်သည်။

Read times
Rate this articles
(0 votes)