×

Warning

JUser: :_load: Unable to load user with ID: 723
JUser: :_load: Unable to load user with ID: 81428


Motivate

Print this page
Tuesday, 13 March 2018

ကျွန်တော် အလုပ်မနားရဲဘူး ....

ကျွန်တော် အလုပ်မနားရဲဘူး .... google.com

ကျွန်တော် အလုပ်မနားရဲဘူး ။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့မှာစုထားတဲ့ငွေမရှိလို့ပဲ ။

ကျွန်တော်ပင်ပန်းတယ်လို့ မပြောရဲဘူး
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် လုပ်လက်စ အလုပ်တွေမပြီးသေးလို့ပဲ ။

ကျွန်တော် အပျင်းမကြီးရဲဘူး ။
ဘကြောင့်လဲဆိုတော့ ကျွန်တော် ထက်သာတဲ့သူတွေတောင် ကြိုးစားနေကြဆဲမို့ပါ ။

ကျွန်တော်မှာ ရွေးစရာလမ်းတွေ အများကြီး
ဒါပေမဲ့ ရွေးပြီးသားလမ်းကိုတော့ ဘယ်တော့မှ မပစ်ဘူး ။

ဘယ်သူဘယ်လောက်ပဲ ကိုယ့်ကိုမကောင်းဘူးပြောပြော အချိန်တန်တော့ သူ့ဖာသာသူ  နားလည်သွားပါလိမ့်မယ်။ စိတ်ထဲမှာ လာထည့်ထားနေစရာမလိုပါဘူး။ ကိုယ်ဘယ်သူ့အပေါ်မှာမှ အကြွေးမတင်ရင်တော်ပါပြီ ။

စိတ်အေးအေး ထားတက်အောင်ကြိုးစားပါ ။
လူ့ဘဝဆိုတာ အတက်ရှိသလို အဆင်းလဲရှိ တတ်ပါတယ် ။

သူများတွေကို လိုက်ပြီး ကဲ့ရဲ့နေစရာလဲ မလိုပါဘူး ။
ဘဝကပေးတဲ့သင်ခန်းစာတွေကို ကြေညက်လေလေ ကိုယ်က ကံကောင်းလေလေပါပဲ။ 

လူ့လောကကြီးမှာ ဘယ်အလုပ်မှ မပင်ပန်းဘူးဆိုတာ မရှိပါဘူး။ မရှုပ်ထွေးတဲ့ မိသားစု အသိုင်းဝိုင်း ဆိုတာလဲ မရှိပါဘူး။ ကျွန်တော်ရွေးချယ်တဲ့လမ်းကတော့ လုံးလ ဝိရိယ ဇွဲ ဆိုတဲ့ လမ်းကိုပါပဲ။ ဘယ်သူကိုမှ မနာလို မဖြစ်ပါဘူး။ ဒီအခြေအနေထိရောက်ဖို့ ဘယ်လောက်ထိ နေ့မနားညမနားလုပ်ခဲ့လဲ ဆိုတာပဲ မေးကြည့် လိုက်ပါ ။

လူတိုင်း လူတိုင်းလည်း လွတ်လပ်မှု့ကို လိုချင်ကြမှာပါပဲ။ အလုပ်မလုပ်ပဲ အိမ်မှာထိုင်စားနေတဲ့သူကို တောင်မေးကြည့် လိုက်ပါ ။သူတို့လည်း သူတို့အပူနဲသူတို့ပါ ။

ပစ္စည်းဥစ္စာ ကိုယ်ပိုင်လုပ်ငန်းနဲ့ ကိုယ်ရဲ့ ခန္ဓာကိုယ် ဘယ်အရာမဆို တန်ဖိုးရှိအောင်သုံးပါ။
ဒါကြောင့်ဘယ်သူ့ကိုမှ မနာလိုစရာအကြောင်းမရှိဘူး ။

လူဘဝက တိုတိုလေးပါ ဘာမှပြိုင်စရာမရှိပါဘူး ။ ကိုယ်ဘယ်လောက် ကုသိုလ်တွေလုပ်ပြီးပြီလဲ ?
ဆိုတာပြန်ဆန်းစစ်ကြည့်လိုက်ပါ ။

လူတိုင်းဟာ သူလိုကိုယ်လိုပဲ… ။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက်နဲ့ တစ်ယောက် သဘောထား ကြီးကြီးထားပါ။ မောင်နှမလို ဆက်ဆံပါ။ အားပေးအပြုံးလေးတွေ ပေးပါ။

ဒီလို ဆိုရင်တော့ လောကကြီးက ပျော်စရာကြီးပါ။

Change your brain ,Change your life.

သားသားမီးမီးလေးတွေအတွက် အိမ်မှာအနီးကပ်စာပြပေးနိုင်မယ့် ဆရာတစ်ယောက်ကို အလိုရှိနေပါ သလား။ sayar.com.mm တွင် အတွေ့အကြုံရှိသော ဆရာများနှင့် မိတ်ဆက်ထားပေး ပါတယ်။ ဆရာ တွေရဲ့ profile တွင် ပါရှိသော ဖုန်းနံပါတ်သို့တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ခင်ဗျ။

သင်ကိုယ်တိုင်က သင့်ရဲ့အားလပ်ချိန်များတွင် အချိန်ပိုင်း tutor အဖြစ်လုပ်ဆောင်ရန် စိတ်ဝင်စားပါက ကျွန်တော်တို့ sayar.com.mm နှင့် လက်တွဲဖို့ဖိတ်ခေါ်လိုက်ပါစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။

Credit:  မင်္ဂလာပါ သူဌေးမင်းကြီး

Read times Last modified on Friday, 03 January 2020 14:37
Rate this articles
(7 votes)