Tuesday, 20 November 2018 15:57

ကိုယ့်ကိုကိုယ် ယုံကြည်မှုပျောက်ဆုံးနေတယ်လို့ ခံစားနေရပြီလား

ကျွန်မတို့တွေဟာ ငယ်ငယ်တုန်းက ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိကြပါတယ်။ အဲဒီတုန်းက ပေါ့ပေါ့ပါးပါး ဆော့ကစားကြတယ်။ ပေါ့ပေါ့ပါးပါးပြေးကြတယ်။

Friday, 16 November 2018 17:00

သင့်ရည်မှန်းချက်ကို ဈေးမဆစ်ပါနဲ့!

အကောင်းဆုံးကို ရည်မှန်းပါ … ပြီးတဲ့ သင့်ရဲ့ အကောင်းဆုံးကိုသာ ပေးပါ … သာမန်လောက် မလုပ်ပါနဲ့ …။

ဘ၀မှာ ကြောက်စရာ အကောင်းဆုံးကိစ္စတစ်ခုက သာမန်လောက်နဲ့ နေပြီး သာမန်လောက်နဲ့ သေသွားရမှာပဲ ဖြစ်တယ် …။

လူတွေ ရလဒ်ကောင်းတွေ မရကြတာဟာ ရည်မှန်းချက်ကို မြင့်မြင့်ထားပြီး မရကြလို့မဟုတ်ဘူး …။

ရည်မှန်းချက် နိမ့်နိမ့်လေးထားပြီး အဲဒါကို ရတာကို အောင်မြင်မှုလို့ ထင်နေကြလို့ ဖြစ်တယ် …။

အဲဒါကြောင့် ရည်မှန်းချက်ကို မြင့်မြင့်ထားဖို့လိုတယ် ...။

ဒါ့အပြင် စဉ်းစားကြည့်ပါ …။

စဉ်းစားကြည့်ပါ …။

အလုပ်တစ်ခုကို လုပ်ပြီဆိုရင် အများနဲ့ နည်းတူလောက်ပဲ ကြိုးစားပြီး လုပ်တာကိုင်တာ ရှိနိုင်တယ် …။

နောက်တစ်မျိုးကတော့ အချိန်၊ ငွေ၊ ရင်းနှီးမြှုပ်နှံမှု၊ အားအင် စတဲ့ ကိုယ်တတ်နိုင်တဲ့အရာတွေ အားလုံးကို ပုံအောပြီး အသားကုန် လုပ်တာ ကိုင်တာရှိနိုင်တယ် …။

အဲဒါကြောင့် အလုပ်တစ်ခုခု လုပ်ပြီဆိုရင် သာမန်လောက်ပဲ လုပ်မှာလား၊ ထူးထူးချွန်ချွန်ဖြစ်အောင် လုပ်မှာလားဆိုတာ သင့်ကိုယ်သင် မေးမှရမယ် …။

လုပ်ငန်းခွင်မှာ နေရာလိုချင်တယ်၊ လစာတိုးချင်တယ်၊ အခွင့်အရေးတွေ လိုချင်တယ် … လုပ်ရင်တော့ တော်ရိရော်ရိပဲဆိုရင် ဒါမဟုတ်ဘူး …။

လုပ်ငန်းလုပ်ရင်လည်း အမြတ်ငွေတော့များချင်တယ် …ထုတ်လုပ်တဲ့နေရာ၊ ၀န်ဆောင်မှုပေးတဲ့နေရာ၊ အရည်အသွေးကို ထိန်းတဲ့နေရာ၊ ၀န်ထမ်းတွေကို လေ့ကျင့်သင်ကြားတဲ့နေရာ စတဲ့ ကဏ္ဍအသီးသီးမှာ ကိုယ်က သာမန်လောက် လုပ်နေလို့ မရဘူး …။

သာမန်လောက် လုပ်ပေးတဲ့သူ၊ သာမန်လောက်လုပ်ပေးတဲ့လုပ်ငန်းကို လူတွေက ရွေးချယ်လေ့ မရှိကြဘူး ...။

ငါဘာကိုပဲ လုပ်ပေး လုပ်ပေး အကောင်းဆုံး ဖြစ်ရမယ် …။

ငါ့အထက်လူကြီးတွေ၊ လုပ်ငန်းရှင်တွေ၊ ဖောက်သည်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ ငါ့ကို ကျေနပ်အားရနေရမယ် …။

ငါဘာကိုပဲ လုပ်လုပ် အဲဒီအချိန်မှာ ရှိတဲ့ ငါ့ရဲ့ ၁၀၀ ရာခိုင်နှုန်း BEST ကို ပေးမယ်ဆိုတာမျိုးဟာ ဦးဆောင်သူဖြစ်ချင်တဲ့သူတိုင်း ထားရှိသင့်တဲ့ ခံယူချက်တွေ ဖြစ်တယ် …။

ထပ်ပြီး ပြောရရင် ဘာကိုပဲ လုပ်လုပ် သာမန်လောက် မရည်မှန်းပါနဲ့ … သာမန်လောက် မလုပ်ပါနဲ့ …။

သာမန်လောက် ရည်မှန်းတဲ့သူ၊ သာမန်လောက် လုပ်ပေးတဲ့သူ၊ သာမန်လောက်လုပ်ပေးတဲ့ လုပ်ငန်းကို လူတွေက တန်ဖိုးကြီးကြီးပေးလေ့ မရှိကြဘူး ...။

အမြဲတမ်း၊ အမြဲတမ်း၊ အမြဲတမ်း အကောင်းဆုံးကို ရည်မှန်းပါ … သင့်ရဲ့ BEST ကိုသာ အမြဲတမ်းပေးပါ ...။

သင့်ရည်မှန်းချက်တွေကို ဘယ်တော့မှ ဈေးမဆစ်မိပါစေနဲ့...။

Credit; naingwinaung